နေ့နံမတည့်တဲ့ ဇနီးမောင်နှံ လေးတွေအတွက် အိမ်ထောင်ရေး၊စီးပွားရေး အဆင်ပြေစေဖို့ဒီနည်းလမ်းအတိုင်း လုပ်လိုက်ပါ… ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ အတွဲလေးတွေ လက်ထပ်မိရင် အိမ်ထောင်ရေး အဆင်မပြေတာ၊ စီးပွါးမတက်တာ၊ ကျန်းမာရေး ညံ့ဖျင်းတာတွေ ဖြစ်တတ်တယ်လို့လည်း အယူရှိပါတယ်…။ သမီးရည်းစား ချစ်သူဘဝမှာ ဘာနေ့သား၊ ဘာနေ့သမီး ဆိုတာတွေက သိပ်အရေးမကြီးပေမယ့် အိမ်ထောင်ရေးအတွက်ကတော့ နေ့နံတွေက အရေးကြီးလှပါတယ်။ မြန်မာ အယူအဆမှာတော့ ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ ဆိုပြီးလက်တွဲဖို့ မသင့်တော်တဲ့ မောင်နှံလေးတွေ သတ်မှတ်ထားပါတယ်။ ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ အတွဲလေးတွေ လက်ထပ်မိရင် အိမ်ထောင်ရေး အဆင်မပြေတာ၊ စီးပွါးမတက်တာ၊ ကျန်းမာရေး ညံ့ဖျင်းတာတွေ ဖြစ်တတ်တယ်လို့လည်း အယူရှိပါတယ်။ ဒါပေမယ့် အစွမ်းထက်တဲ့ ယတြာတွေနဲ့ ကာကွယ်လို့ […]
အချစ်နှင့်ဘဝ
အနှိပ်စက်ခံ အိမ်ထောင်ရေး(သို့)အချစ်ရေးထဲ ကျရောက်နေပြီလားဆိုတာ သိနိုင်မယ့်အချက်များ….
အနှိပ်စက်ခံ အိမ်ထောင်ရေး(သို့)အချစ်ရေးထဲ ကျရောက်နေပြီလားဆိုတာ သိနိုင်မယ့်အချက်များ အချစ်ရေး၊ အိမ်ထောင်ရေးတွေနဲ့ ပတ်သက်လို့ မိန်းကလေးအများစု လိုချင်ကြတာက ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်ကြင်နာမှုနဲ့ ကာကွယ်အုပ်မိုးပေးနိုင်တဲ့ လုံခြုံနွေးထွေးမှုမျိုးပါ။ သို့ပေမယ့် တစ်ခါတစ်ရံမှာ ကိုယ်မျှော်လင့်ထားတဲ့ အချစ်ရေး၊ အိမ်ထောင်ရေးမျိုးမဟုတ်ဘဲ စိတ်ထဲက မလိုချင်ဆုံး အခြေအနေတစ်ခုကို ရောက်မှန်းမသိ ရောက်နေတတ်ကြပါတယ်။ ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်က ကိုယ့်အပေါ် အကောင်းဆုံး၊ အနွေးထွေးဆုံး ချစ်ခင်ဆက်ဆံတာကို အလိုရှိကြပေမယ့် လက်တွေ့ဘဝမှာတော့ မှောင်မိုက်တဲ့ ချောက်နက်ကြီးထဲ ရောက်နေသလို ခါးသီးမှုတွေကို တစ်ယောက်တည်း ကြိတ်မှိတ်မျိုသိပ် ခံစားနေရတာမျိုး ကြုံတွေ့ရတတ်ပါတယ်။ အနှိပ်စက်ခံ၊ အရက်စက်ခံ အိမ်ထောင်ရေး (သို့မဟုတ်) အချစ်ရေးထဲမှာ ကျရောက်နေပြီလားဆိုတာ ကိုယ်တိုင်ပြန်ဆန်းစစ် ကြည့်နိုင်မယ့် အချက်တွေကတော့ မိန်းကလေးအားလုံး သိကိုသိထားရမယ့် အချက်တွေလည်း ဖြစ်ပါတယ်။ စိုးမိုးချုပ်ကိုင်လွန်းခြင်း အောင်မြင်ပျော်ရွှင်ရတဲ့ အချစ်ရေး၊ […]
စိတ်ရောကိုယ်ပါ ချစ်သူတွေဖြစ်သွားပြီဆိုတာ ပြနေတဲ့ အပြုအမူ (၇) ခု…..
သူနဲ့ ပတ်သက်လို့ အရာရာကို လက်ခံသွားနိုင်ပါပြီ အပေါ်ယံဟန်ဆောင်မှုတွေ လုံးဝကွာကျပြီး ကိုယ်အစစ်အမှန်ကို လက်ခံနိုင်ပြီဆိုတဲ့ အဓိပ္ပာယ်လည်းဖြစ်ပါတယ်။ ၁။ ပြင်ဆင်ထားခြင်းမရှိတဲ့ အနမ်း ချစ်သူနဲ့ တွေ့မှာမို့လို့ သွားသေချာတိုက်၊ ပီကေတွေစား၊ ချိုချဉ်တွေ စားတာမျိုးမဟုတ်ဘဲ တစ်နေကုန် စားချင်တာစားပြီး နမ်းလိုက်တဲ့အနမ်းမျိုး၊ အိပ်ရာထ အနမ်းမျိုးတွေကကတောင် ရင်ခုန်မှုပေးနေဆဲပါပဲ။ ၂။ အော့အန်ချိန်lover ဘယ်လောက်ပဲ ဆွဲဆောင်မှုကောင်းသူပဲဖြစ်ဖြစ် အန်ပြီးစအချိန်မှာတော့ ဘယ်လိုမှ သဘောကျစရာမရှိပါဘူး။ သူနဲ့အတူ သောကြာညအတူစားသောက်ပြီး လူမှန်းသူမှန်းမသိ မူးပြီး …. အော့အန်ပြီးတာတောင် ကိုယ်ဟာ သူ့အတွက် ဆွဲဆောင်မှုရှိတုန်းဖြစ်သလို သူကလည်း ကိုယ့်အတွက် ဆွဲဆောင်မှုရှိနေဆဲ ဖြစ်ဖို့လိုပါတယ်။ ၃။ လေ့ကျင့်ခန်းအတူလုပ်လေးကျင့်ခန်းလုပ် မပြင်မဆင်ထားတဲ့ ပုံစံကို မြင်တွေ့ရတာထက် ချွေးတရွှဲရွှဲနဲ့ ပင်ပန်းနွမ်းနယ်နေပုံကိုလည်း မြင်တွေ့ဖူးတာတောင် ချစ်နေသေးလား စစ်ဆေးဖို့ပါ။ ဒီလိုအချိန်တွေတောင် […]
တစ်သက်လုံး မကွဲနိင်တော့တဲ့ ချစ်သူစုံတွဲများမှာသာ ရှိတတ်တဲ့ အချက် ( ရ ) ချက်…..
ဘယ်သူမဆို ကိုယ့်ချစ်သူနဲ့ ကွဲချင်ကြမှာ မဟုတ်ပါဘူး။ သို့သော်လည်း တစ်ခါတလေ ကိုယ့်ဘက်က အတည်ပေမယ့် သူ့ဘက်က မတည်တဲ့အခါ မကွဲချင်ပေမယ့်လည်း ကွဲသွားရတဲ့ စုံတွဲတွေ ဒုနဲ့ဒေးပါပဲ။ ဒါကြောင့် ယခုလက်ရှိ မိမိဘေးမှာ ရှိနေတဲ့ချစ်သူဟာ ကိုယ်နဲ့ တသက်လုံး မကွဲမကွာ ရှိသွားမလားဆိုတာကို သိသာထင်ရှားစေတဲ့ အချက်တချို့ရှိပါတယ်။ ကြည့်လိုက်ရအောင်။ ၁။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြောင်းအမြဲပြောခြင်း ချစ်တယ်ဆိုတဲ့စကားဟာ relationship အစမှာပဲ ပြောရမယ့်စကားမဟုတ်ပါဘူး။ နေ့တိုင်းလိုလို အမြဲလိုလို ပြောနေရမယ့် စကားပါ။ တစ်ယောက်နဲ့တစ်ယောက် အမှန်တကယ်ချစ်ခင်ကြတဲ့ စုံတွဲတွေအတွက်တော့ ချစ်တယ်ဆိုတာဟာ လုပ်ယူပြီး ပြောယူနေရတာမဟုတ်ဘဲ ကိုယ့်ရဲ့ရင်ထဲကအတိုင်း သူ့အလိုလို ဖွင့်ဟမိပါတယ်။ ဒီလိုမျိုး နေ့တိုင်းလိုလို ချစ်ခြင်းမေတ္တာအကြောင်း ဖွင့်ဟတတ်တဲ့ အတွဲတွေကတော့ မြဲမှာ သေချာပါတယ်။ ၂။ အမြဲနမ်းခြင်း ဟုတ်ပါတယ်။ […]
သစ္စာရှိတဲ့ ချစ်သူကောင်လေးတွေမှာပဲ တွေ့ရတတ်တဲ့ လက္ခဏာရပ်များ…..
သစ္စာရှိတဲ့ ချစ်သူကောင်လေးတွေမှာပဲ တွေ့ရတတ်တဲ့ လက္ခဏာရပ်များ သစ္စာရှိတယ်ဆိုတာမျိုးက သာယာတဲ့ အချစ်ရေးတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားတဲ့သူတိုင်းက သစ္စာရှိမှုကိုလည်း မြတ်နိုးကြတာ သဘာဝပါပဲ။ အချစ်ရေးမှာ သစ္စာမရှိသူတွေကြောင့် ဝမ်းနည်းရတဲ့ မိန်းကလေးတွေကလည်း အများအပြား ရှိနေပါတယ်။ ကိုယ့်ချစ်သူကောင်လေးက ကိုယ့်အပေါ် သစ္စာ ရှိသလားဆိုတာကို ဒီအချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်နော်။ (၁) တစ်ကိုယ်ကောင်း မဆန်ဘူး ဖောက်ပြန်တယ်ဆိုတာက တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမူတစ်ခု ဖြစ်ပါတယ်။ သူ့အလိုအတွက် သင်ဘာဖြစ်ဖြစ် ဖြည့်မတွေးထားတာမျိုး ဖြစ်ပါတယ်။ သစ္စာရှိတဲ့သူတွေကတော့ သင် ဘာလိုအပ်လဲဆိုတာကို တွေးပေးပြီး သူ့ကိုယ်သူလည်း သင့်အတွက်ပါလို့ တွေးထားတဲ့သူမျိုး ဖြစ်ကြပါတယ်။ (၂) တခြားမိန်းကလေးတွေကို လှည့်တောင် မကြည့်ဘူး သစ္စာရှိတဲ့ ချစ်သူကောင်လေးတွေက ကိုယ့်ချစ်သူကလွဲရင် တခြားမိန်းကလေးတွေကို မျက်စိမကစားတတ်ကြပါဘူး။ ကိုယ့်ရဲ့ […]
ယောကျာ်းဖြစ်စေ မိန်းမဖြစ်စေ တကယ်ချစ်ကြတယ်ဆိုရင် အတိတ်က အမှားတွေကို လက်ညှိးထိုး ပြောဆိုတာမျိုး မလုပ်ရဘူး
ယောကျာ်းဖြစ်စေ မိန်းမဖြစ်စေ တကယ်ချစ်ကြတယ်ဆိုရင် အတိတ်က အမှားတွေကို လက်ညှိးထိုး ပြောဆိုတာမျိုး မလုပ်ရဘူး တကယ်ချစ်တယ်ဆိုရင် သူမှားနေရင်တောင်မှလက်ခံနားလည် ပေးရမှာပဲ။ ချစ်သူ/ရည်းစားရယ်လို့ ဖြစ်လာပြီဆိုရင်တစ်ယောက်သိက္ခာကို တစ်ယောက်ကကာကွယ်ပေးရမယ်။ အပုပ်မချသင့်ဘူး။ လူတိုင်းဟာ အတ္တသမားချည်းပဲ။သူ့အတ္တကို ထိပါးလာတာ လူတိုင်းမကြိုက်ကြဘူး။ ပေါင်းသင်းဆက်ဆံရေးမှာ ဒီအချက်ကသိပ်အရေးကြီးတယ်။ဆိုပါတော့… ထောင်ကျနေတဲ့ လူတွေကိုခင်ဗျားမှားတယ်လို့ သွားပြောရင်ဘာပြန်ပြောမယ်ထင်လဲ။ “တကယ်က ကျွန်တော် လူမှားပြီး တရားစွဲခံခဲ့ရတာပါ”“တရားသူကြီးက လာဒ်စားလို့ပါ” “ကျွန်တော် ဘုရားမကြိုက်တာ မလုပ်ခဲ့ပါဘူး”ဆိုတဲ့အဖြေပဲ ပေးကြလိမ့်မယ်။လူ၁၀၀မှာ ၈၀လောက်က ဝန်ခံရဲကြမှာ မဟုတ်ဘူး။ ဒါဟာ ဘာလို့လဲဆိုတော့ လူတိုင်းဟာ မိမိအတ္တကို မိမိကာကွယ်ချင်တဲ့စိတ်ရှိလို့ပဲပေါ့။ချစ်သူ/ ရည်းစား အချင်းချင်း ကွယ်ရာမှာတစ်ယောက်ကိုတစ်ယောက် မကောင်းကြောင်းပြောဆိုနေရင် ဒါဟာ တကယ်ချစ်တာမဟုတ်ဘူးလို့ယူဆလို့ရပါတယ်။ ချစ်နေဆဲအချိန်မှာမြုံထားကြပေမယ့် ပြဿနာဖြစ်ကြတဲ့အခါအချင်းချင်း ငယ်ကျိုးငယ်နာတွေ ဖော်ကြမယ်ဆိုရင်ဘယ်မှာ ငြိမ်းအေးမှု ရှိပါတော့မလဲ။အမှားကင်းတဲ့ လူရယ်လို့ ဒီလောကမှာ […]
သင်တို့နှစ်ယောက် လမ်းခွဲသင့်ပြီ ဆိုတာပြနေတဲ့ အချက်များ…
သင်တို့နှစ်ယောက် လမ်းခွဲသင့်ပြီ ဆိုတာပြနေတဲ့ အချက်များ… တစ်ခါတစ်လေမှာ ဘယ်လောက်ပဲ ချစ်ခဲ့ကြတယ် ပြောပြော စိတ်သဘောထား တိုက်ဆိုင်မှုတွေ၊ နားလည်မှုတွေ မရှိတော့ရင် အဲ့ဒီဆက်ဆံရေးကို ဒီနေရာမှာ အခုပဲ ရပ်တန့်လိုက်သင့်ပါပြီ။ ဒီလိုမျိုး မပြေလည်တာတွေကို အတင်း အဆင်ပြေအောင် ကြိုးစားမိတဲ့အခါ နှစ်ယောက်လုံးမှာ ဒဏ်ရာဒဏ်ချက်တွေပဲ များလာတတ်ပါတယ်။ အခုဖော်ပြပေးမယ့် အချက်တွေကို သင်တို့နှစ်ယောက် ကြုံနေရပြီဆိုရင်တော့ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အခုပဲရပ်တန့်သင့်ပါပြီနော် …။ စိတ်သဘောထားချင်း မတိုက်ဆိုင်တော့ဘူး… အရင်ကတော့ ကိုယ်မကြိုက်ပေမယ့် သူကြိုက်တဲ့အတွက် သူစိတ်ချမ်းသာအောင် လိုက်လျောပေးခဲ့ရတဲ့ အချိန်လေးတွေရှိဖူးကြပါလိမ့်မယ်။ ဒါပေမယ့် အချိန်ကြာလာတဲ့အခါ သူ့အကြိုက်၊ ကိုယ်အကြိုက် မတူညီတာတွေ များလာပြီး ပြသနာသေးသေးလေး ကနေ အကြီးကြီးထိ ဖြစ်လာတတ်ပါတယ်။ နောက်ဆုံး တစ်ယောက်နဲ့တစ်ယောက် ညှိမရတော့ပဲ လုံးဝကို သဘောထား […]
ယခုခေတ် လူငယ် ကျား/မ မရွေး ပြီးဆုံးအောင်ဖတ်ပေးကြစေလိုပါတယ်နော်…
” ဟျောင့် ငါ့စော်ဆီကအဖြေရပြီကွ ” …. ” ဟုတ်လား ” Congrats သားကြီး တစ်ဝိုင်းတော့လုပ်လိုက်တော့ လအန ည်းငယ်အကြာ……။ ဟျောင့် မင်းစော်နဲ့ ဘယ်အခြေအနေ ရောက်နေပြီလဲ ” ပြောစမ်းပါဦး ” …. ဒီလိုပါပဲကွာ ” အဆင်ပြေပါတယ် ” ငါမေးတာက ဟိုဟာဒီဟာလုပ်ပြီးပြီလား ….. ” ဟာ ” မဖြစ်ရသေးပါဘူးကွာ ဒီတိုင်း ရိုးရိုးသားသားပဲချစ်ကြတာပါကွ..။ မင်းကလဲ ညံ့လိုက်တာကွာ ဒီခေတ်က ကိုယ်မစားရင် ” သူများစားတဲ့ခေတ်ကွ ” …. ” ဟင် ” ဟျောင့် ဘာဆိုင် လို့လဲကွ… ” အေးမှတ်ထား ” ဒီခေတ်က အပျိုရှားသွားပီ ကိုယ်မလုပ်လဲ ကိုယ်နဲ့ပြတ်ရင်လဲ […]
ပထမဆုံးချိန်းတွေ့ချိန် အမျိုးသားတွေပြောတဲ့စကားလုံးတွေထဲက သတိပြုစရာ လက္ခဏာများ……
ပထမဆုံး ချိန်းတွေ့မှု ဆိုတာ အလုပ် အင်တာဗျူး တစ်ခုကို သွားဖြေရတာနဲ့တူပါတယ်။ သင့်ရဲ့အနာဂတ် မှာ အဆင်ပြေတဲ့ အချစ်ရေး တစ်ခုကိုပိုင်ဆိုင်ချင်လျှင် အိမ်ထောင်ဖက် အကြောင်းကို သေချာစေဖို့ ပိုပြီးလေ့လာဖို့ကြိုးစားပါ။ သင်သည် သူပြောတာကို ဂရုတစိုက် နားထောင် ဖို့နဲ့လိုအပ်တဲ့ အသေးစိတ် အချက်အလက် များကို အာရုံစိုက်ပေးနိုင်လျှင်ဘယ်မေးခွန်းမှ မလိုအပ်ပါဘူး။ အမျိုးသား တစ်ယောက်ရဲ့ စကား ပြောဆိုမှုမှာ မကြာခဏ ထပ်တလဲလဲ အများဆုံးပြောတဲ့ အကြောင်းအရာများကို သတိပြုပါ။ သူ့ရဲ့စကားပြောဆိုမှုမှတဆင့် သူ့အကြောင်းများကိုလေ့လာအကဲခတ်နိုင်ပါတယ်။ အဲ့ဒီမှာမှ ဒီသတိပြုစရာလက္ခဏာများက မှားယွင်းတဲ့ အိမ်ထောင်ဖက် ဖြစ်တယ်ဆိုတာကို ညွန်ပြပေးနေပါတယ်။ ၁။ သူ့ ရည်းစားဟောင်း အကြောင်း ကိုယ်နဲ့ ချိန်းတွေ့တဲ့အချိန်မှာ သူ့ ရည်းစားဟောင်း အကြောင်းကို ပြောနေပြီဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။ ချိန်းတွေ့မှုမှတဆင့် […]
ချစ်ပြီဆိုရင် အမျိုးသားတွေ လိုချင်တဲ့ အရာ (၆) ခု
အစပိုင်းမှာ မသိသာပေမဲ့ နောက်ပိုင်းမှာတော့ ဒီအရာတွေ မရတာကြောင့် ပြဿနာ ဖြစ်လာနိုင်ပါတယ်။နှစ်ဦးသားချစ်မိပြီဆိုရင် အမျိုးသား တွေ လက်တွဲဖော် ဆီက မျှော်လင့်တဲ့အရာမျိုးတွေ ရှိပါတယ်။ စစတွဲချင်းမှာ ဒီအရာတွေမရလို့ ဘာမှ မဖြစ်ပေမဲ့ အချိန်ကြာလာရင်တော့ ပြဿနာ ရှိလာနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်မဝေးနိုင်တဲ့အခါ နှစ်ဦးသား ပြဿနာ က တအုံ့နွေးနွေး ဖြစ်နေတတ်ပါတယ်။ ဒီ့အတွက် ယေဘုယျအားဖြင့် ယောကျာ်း တစ်ယောက် မျှော်လင့်တတ်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ( ၁ ) လေးစားမှု လေးစားမှု နဲ့ လူ အထင်ကြီးခံချင်တာမျိုးမဟုတ်ပါဘူး။ အမျိုးသား တွေဟာ သူတို့ လက်တွဲဖော် က လေးစားတဲ့အပြုအမူမျိုးပြတဲ့အခါ အဆိုပါ လေးစားမှု ကို လေးနက်တဲ့အချစ်အဖြစ် မှတ်ယူလေ့ရှိကြတာ ဖြစ်ပါတယ်။ ဒီလိုလေးစားမှု မပြနိုင်ရင်တောင် […]









