ဘဝမှာ ကိုယ့်အပေါ်ကို ထင်မှတ်မထားလောက်အောင် ရက်စက်သွားတဲ့ သူတွေရှိတတ်ပါတယ်။ ကိုယ့်အပေါ်ကို နာကျင်မှုတွေပေးပြီး ရက်စက်သွားတဲ့သူကို လက်စားချေဖို့ အကောင်းဆုံးနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ် (၁) အရင်ထက်ပိုလှအောင်နေပါ သင်အရင်က လှသည်ဖြစ်စေ၊ မလှသည်ဖြစ်စေ၊ ဒီအချိန်မှာတော့ အလှဆုံးဖြစ်အောင်နေပါ။ သူ့လက်ထဲမှာရှိတုန်းက ကျောက်တုံးလို့ထင်ပြီး လွှင့်ပစ်လိုက်တဲ့ အရာဟာ စိန်ဖြစ်နေတယ်ဆိုတာကို သိသွားအောင် လုပ်ပြလိုက်ပါ။ သင့်ရဲ့ အလှကိုမြင်ပြီး တသသ ပြန်လိုချင်ပေမယ့် ချဉ်းကပ်ရဲမှာမဟုတ်တဲ့ အတွက် သူ့ရင်ထဲ ကလိကလိဖြစ်နေမှာပါ။ (၂) ရောက်နေတဲ့အခြေအနေမှာပိုကောင်းအောင်ကြိုးစားပါ သင်ဟာကျောင်းတက်နေတာဖြစ်ဖြစ်၊ အလုပ်လုပ်နေတာဖြစ်ဖြစ် လုပ်နေတဲ့အလုပ်၊ ရောက်နေတဲ့နေရာမှာ ပိုကောင်းအောင် ကြိုးစားပါ။ သူထားခဲ့လည်း သင့်ဘဝကဘာမှမဖြစ်တဲ့အပြင် ပိုလို့တောင် ကောင်းသွားသေးတယ် ဆိုတာကို လက်တွေ့ပြလိုက်ပါ။ ဒါဆိုရင် သင့်ကို ထားခဲ့ပေမယ့် သင့်အပေါ်မှာ လုံးဝအထင်အမြင်သေးရဲမှာ မဟုတ်ပါဘူး။ (၃) သူ့အရှေ့မှာမပြိုလဲပါနဲ့ […]
အချစ်နှင့်ဘဝ
ဖူးစာရှင်ဆိုတဲ့ စကားလုံးကို ကြားဖူးကြမှာပါ သင့် ဖူးစာရှင်ဆိုတာ ဘယ်လိုလူမျိုးလဲ ….
ဖူးစာရှင်ဆိုတဲ့ စကားလုံးကို ကြားဖူးကြမှာပါ။ ကိုယ့်ရဲ့ဖူးစာရှင်နဲ့ ဘယ်နေရာ ဘယ်အချိန်မှာ တွေ့မလဲဆိုတာကို ဘယ်လိုမှ မှန်းလို့မရပါဘူး။ ဒါပင်မဲ့ ကိုယ့်ရဲ့ဖူးစာရှင်လို့ ထင်သောသူက ကိုယ်နဲ့တူညီချက်တွေကတော့ ရှိနိုင်ပါတယ်။ ဘယ်လိုတူညီချက်လဲ ဆိုရင်တော့ အောက်မှာဖတ်ကြည့်လိုက်ရင် နားလည်သွားပါလိမ့်မယ်။ ၁. လက်ချောင်းလေးတွေက တူနေတယ်။ သူကိုတွေ့တဲ့နေ့မှာ ဘာရယ်လို့မဟုတ်ဘူး သူ့ရဲ့လက်ချောင်းလေးကို ကြည့်လိုက်သောအခါ ကိုယ့်ရဲ့လက်ချောင်းလေးတွေနဲ့ တော်တော်တူနေတယ်။ ကိုယ့်ရဲ့ လက်ချောင်းလေးတွေက ပုံစံကနည်းနည်း ထူးဆန်းနေတာကြောင့် တူတဲ့သူက ရှားပါတယ်။ လက်ချောင်းတင်မက လက်သည်းလေးတွေလည်း တူနေတာပါ။ ၂. စိတ်ထဲကနေရာချင်းလဲ တူနေတယ်။ သူနဲ့စကားပြောနေတဲ့အခါ ဘာရယ်လို့မဟုတ် ငယ်ငယ်တုန်းက သွားခဲ့တဲ့နေရာထဲက အကြိုက်ဆုံးနေရာလေးတွေလည်း တူနေတယ်။ သူနဲ့ ကြီးပြင်းတဲ့နေရာက မတူပင်မဲ့ အကြိုက်ဆုံးနေရာလေးတွေက တူတူပဲ ဖြစ်နေတာဟာ တော်တော် ထူးဆန်းပါတယ်။ ၃. တွေ့တွေ့ချင်း […]
ရှားပါးစာရင်းဝင်ဖြစ်တဲ့ ချစ်သူ လက္ခဏာ (၅) မျိုးကို ဖေော်ပြပေးပါမယ်…
ရှားပါးစာရင်းဝင်ဖြစ်တဲ့ ချစ်သူ လက္ခဏာ (၅) မျိုးကို ဖေော်ပြပေးပါမယ်။ ဒီလိုလူမျိုးတွေ့ရင် လုံးဝ လက်လွတ်မခံပါနဲ့နော် …။ အချစ်စစ် ဆိုတာ တဖြည်းဖြည်း ရှားပါးလာတာနဲ့ အမျှ သင့်ကို စိတ်ရင်းအမှန်နဲ့ ချစ်တဲ့သူ၊ ဘာအကျိုးကိုမှ မမျှော်ကိုးပဲချစ်တဲ့သူ၊ သစ္စာရှိရှိ ချစ်တဲ့သူဆိုတာ တကယ်ကို ရှားပါးလာမှာပဲ ဖြစ်ပါတယ် …။ တကယ်လို့ ခုဖော်ပြတဲ့ အချက်တွေနဲ့ ကိုက်ညီနေတဲ့ ချစ်သူ မျိုးကို ပိုင်ဆိုင်ထားရတယ် ဆိုရင်တော့ သင်ဟာအရမ်းကို ကံကောင်းတာကြောင့် လက်လွှတ်မခံပါနဲ့လို့ ပြောပါရစေ …။ (၁) သင့်ဆီက ဘာမှ မမက်မောဘူး” ဒီလို မိန်းကလေး မျိုးဟာ သင့်ရဲ့ နောက်ကြောင်းတွေ၊ ကျောထောက်နောက်ခံတွေ၊ သင့်ရဲ့ဂုဏ်တွေ၊ ငွေကြေးချမ်းသာမှုတွေကို စိတ်မဝင်စားတဲ့ သူပါ . . […]
တစ်စုံတစ်ယောက်က သင့်ကိုအရမ်းလွမ်းနေမှန်းသိနိုင်မယ့် ထူးထူးခြားခြား လက္ခဏာ (၃) မျိုး
အချစ်မှာ ထူးဆန်းတဲ့ မှော်စွမ်းအင်ရှိတယ်လို့ လူတစ်ချို့ကပြောကြပါတယ် ။ ချစ်တဲ့စိတ်နဲ့ တစ်စုံတစ်ယောက်က ကိုယ့်ကိုလွမ်းတဲ့အခါ သူတို့ကိုယ်တိုင်က ဖွင့်မပြောရင်တောင် သဘာဝတရားကြီးက သူတို့အစား ပြောပေးတတ်ပါတယ် ။ လူတစ်ယောက်က သင့်ကို ဖွင့်မပြောပဲ တိတ်တိတ်လေးအရမ်းလွမ်းနေတယ်ဆိုတာကို သိနိုင်မယ့်လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်နော် ။ (၁) အိပ်မက်မက်တယ် အိပ်မက်ဆိုတာ စိတ်ဝိညာဉ်မှာဖြစ်နေတဲ့ အရာတစ်ခုပါ။ တစ်စုံတစ်ယောက်ရဲ့အကြောင်းကို မပြောမိ၊ မတွေးမိပေမယ့် အိပ်မက်ထဲမှာ သူ့ကို တွေ့တယ်ဆိုရင်တော့ သင့်ကို သူအရမ်းလွမ်းပြီး သတိရနေလို့ပါပဲ ။ သင့်အကြောင်းကို ထပ်ခါထပ်ခါတွေးလွန်းပြီး သူ့ရဲ့စိတ်က သင့်အနားမှာပဲ တဝဲလည်လည်ဖြစ်နေလို့ပါပဲနော် .။ (၂) မထင်မှတ်ပဲတွေ့တယ် သင့်ကို တစ်စုံတစ်ယောက်က အရမ်းလွမ်းတဲ့အခါ မမျှော်လင့်ပဲ သူနဲ့ဆုံတာမျိုး၊ မချိန်းထားပဲနဲ့ တစ်နေရာတည်းကို အတူတူရောက်နေတာမျိုးတွေ ဖြစ်တတ်ပါတယ် ။ သင့်ဖက်ကတိုက်ဆိုင်မှုလို့ […]
ချစ်သူစုံတွဲတွေသာမက အိမ်ထောင်သည်တွေပါ မြဲစေဖို့အတွက် သိထားရမယ့် အချက် (၅) ချက်/
တကယ်တော့ သမီးရည်းစားဆက်ဆံရေးကနေ အိမ်ထောင်ရေးအထိ တစ်ဦးနဲ့တစ်ဦး အပေးအယူညီညီလေးနဲ့ နားလည်မှုရှိဖို့ဟာ တကယ်ကို အရေးပါလွန်းပါတယ်။ ဒါ့အပြင် အိမ်ထောင်မြဲဖို့ နဲ့ အချစ်ရေး မှာ ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့ သိထားရမယ့် အချက် (၅) ချက်ကတော့ ၁။ တစ်ဖက်လူပြောတာကို သေချာ နားထောင်ပေးပါ။ ပြီးပြီးရော မဟုတ်ပဲ၊ ပြီးတော့ ပြောနေချိန် စကားဖြတ်မပြောပဲ တစ်ဖက်လူပြောတာကို သေချာအာရုံစိုက်ပြီး နားထောင်တတ်ပါစေ။ သူအားလုံးပြောပြီးသွားတဲ့အခါမှသာ သင့်ရဲ့ထင်မြင်ချက်၊ အကြံပေးတာ၊ အယူအဆ စတာတွေကို ဖွင့်ဟပါ။ ၂။သင်လိုချင်တဲ့အရာကို တောင်းဆိုတတ်ပါစေ။ ချစ်သူစုံတွဲတွေဟာ များသောအားဖြင့် ကိုယ်လိုချင်တာ ဘာဆိုတာ မပြောပဲ ရေငုံနှုတ်ပိတ်နေတတ်ကြပါတယ်။ စုံတွဲတစ်တွဲမှာ တစ်ယောက်ကတော့ များသောအားဖြင့် အဲ့ဒီလို နေတတ်တာများပါတယ်။ ဒါ့ကြောင့် သင်လိုချင်တာဟာ ဘယ်လိုမျိုး၊ သင်ဖြစ်ချင်တဲ့အရာက ဘယ်လိုမျိုး […]
ယောင်္ကျားတွေ လက်မလွှတ်နိုင်သော မိန်းကလေးဆိုတာ
ယောင်္ကျားတွေ လက်မလွှတ်နိုင်သော မိန်းကလေးဆိုတာ လောကကြီးမှာရှိပါတယ်။ ဒီစာလေးကို ယောင်္ကျားလေးတွေရော၊ မိန်းကလေးတွေကိုပါ ဖတ်စေချင်ပါတယ်။ ၀၁. ဥာဏ်ထက်ပြီး သူနဲ့နေရင် ဥာဏ်ရည်တက်လာတယ်လို့ ခံစားရတယ်။ ဥာဏ်ကောင်းတဲ့ မိန်းကလေးဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ ကိုယ့်ထက်ဥာဏ်ကောင်းလို့ မနာလိုမဖြစ်ပါနဲ့။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ အားသာချက်တွေ တူညီမှုမရှိပါ။ ကိုယ့်ကို တိုးတက်စေမဲ့သူက ဘေးနားမှာ ရှိတယ်ဆိုတာ ဝမ်းသာစရာပါ။ ၀၂. ဘယ်အချိန်မဆိုဘေးမှာရှိပြီး အားပေးနေသူ။ ဘယ်အချိန်မဆိုဘေးနားကနေ အားပေးနေပြီး သူရှိတော့ စိတ်ထဲမှာ တကယ်ကို အေးချမ်းစေပါတယ်။ ၀၃. ကိုယ့်ရဲ့အားသာချက်ဆိုတာ ဘယ်လဲဆိုတာကို ရှင်းပြပေးသူ။ အမှားလုပ်မိချိန်၊ အလုပ်ကအဆင်မပြေဖြစ်ချိန်၊ အလုပ်သစ်ကို ကြိုးပမ်းနေချိန်၊ သူက ကိုယ့်ကို အမြဲအားပေးနေတယ်။ အားပေးတာတစ်ခုထဲမဟုတ်ပဲ ကိုယ့်ရဲ့အားသာချက်က ဘာလဲဆိုတာကိုပါ သင်ပြပေးသူပါ။ ကမ္ဘာပေါ်မှာ မင်းကအတော်ဆုံးပဲလို့ သူကပြောနေမှာပါ။ ၀၄. ဘယ်နေရာမှာ […]
မိန်းကလေးတွေ ရည်ရွယ်သော ဘဝလက်တွဲဖော်ဆိုတာ…/
မိန်းကလေးတွေက ဘဝလက်တွဲဖော်အနေဖြင့် လိုက်ခံဖို့အတွက် စာမေးပွဲမရှိပင်မဲ့ အရည်အချင်းစစ် စာမေးပွဲတော့ရှိမယ် ထင်ပါတယ်။ ဘာအချက်တွေ လိုအပ်သလဲဆိုတာကိုကြည့်ကြည့်ရအောင်နော်။ ၀၁. ကြင်နာပြီး ဂရုစိုက်တတ်တဲ့သူ အကိုတစ်ယောက်လို အားကိုးအားထားရသူဖြစ်ပါလိမ့်မယ်။ ၀၂. မသိသေးသောအကြောင်းတွေကိုလည်း သင်ပေးတဲ့သူ ကိုယ်ကမသိသေးတဲ့လောကအကြောင်း ဗဟုသုတ စာပေတွေကို မမောမပမ်း သင်ပေးနိုင်သောသူပါ။ ၀၃. ပျော်ရွှင်နေသော စိတ်ဓာတ်ပိုင်ရှင် ဘယ်နေရာမှာပဲဖြစ်ဖြစ် စိတ်ဓာတ်က ကြံ့ခိုင်ပြီး ပျော်အောင်နေတတ်သူပါ။ ၀၄. ယုံကြည်ချက်အပြည့်ရှိသူ ယုံကြည်မှုရှိသော ယောင်္ကျားလေးဆိုတာ ဘာမဆို အားတတ်သရော လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ရှိပါလိမ့်မယ်။ ၀၅. ပတ်ဝန်းကျင်မှာ သူရှိတယ်ဆိုတာကို အချက်ပေးနေသလို ဆွဲဆောင်မူရှိသူ ခေါင်းဆောင်ကောင်းဖြစ်မယ်လို့ ထင်ရသော ယောင်္ကျားကောင်းတစ်ယောက်ဖြစ်မှာပါ။ ၀၆. အလုပ်တွေ ဘယ်လောက်ပဲရှုပ်ရှုပ် ကိုယ့်အတွက် အချိန်ပေးနိုင်သူ အလုပ်ချိန်နဲ့ အလုပ်ပြီးသွားရင် မိသားစုအတွက် […]
ချစ်သူရည်းစားမရှိတာက ပိုပြီး ပျော်စရာကောင်းတာကို သက်သေပြနေတဲ့ အချက်မျာ
အရွယ်ရောက်သူတိုင်း ရည်းစားတွေ ထားပြီး ပျော်ရွှင်နေကြတာ မြင်လို့ ရည်းစားမရှိတဲ့ ကိုယ့်ဘဝကြီးက ပျော်စရာ မကောင်းဘူးလို့ မထင်လိုက်စေချင်ပါဘူး။ တကယ်တမ်းက ရည်းစား မရှိတဲ့သူတွေကတောင်မှ သူတို့ထက် ပိုပြီး ပျော်စရာကောင်းနေတာကို အခုလို အချက်တွေအရ သိနိုင်ပါတယ်နော်။ (၁) တွေးပူစရာ မလိုဘူး အချစ်ဆိုတာ ပူလောင်တတ်ပါတယ်။ ချစ်သူထားတဲ့သူတွေက သူတို့ကိစ္စတွေမှာ ပူလောင်နေတာ၊ သဝန်တိုနေတာ၊ ထားသွားခံရမှာ စိုးထိတ်တာ၊ အချိန်မပေးမှာကို စိတ်ပူတာ စသဖြင့် ပူပင်သောက ရောက်နေတတ်ပါတယ်။ ရည်းစား မရှိသူကတော့ ဒီအပူအပင် မရှိလို့ ပို စိတ်ချမ်းသာရပါတယ်။ Photo by Maksim Goncharenok from Pexels(၂) ရန်ဖြစ်ရတာ မရှိဘူး ချစ်သူတွေက အခန့်မသင့်တာ၊ ရန်ဖြစ်တာ၊ စိတ်ကောက်တာတွေနဲ့ စုံနေတဲ့ အကြောင်းပြချက်နဲ့ […]
စိတ်ထားကောင်းတဲ့ မိန်းကလေးတွေက အချစ်ကံခေကြတာ များပါတယ်။သင်က စိတ်ထားကောင်းတော့ သင်ချစ်ခဲ့သူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ ဒါပေမဲ့ သူတို့ကကျတော့ သင့်အပေါ် ဘာလို့ မကောင်းရတာလဲ။ ဒါပေမဲ့ ကမ္ဘာကြီးမှာ ဆိုးတဲ့ယောက်ျားတွေချည်းပဲ ရှိတာမဟုတ်ပါဘူး။ သင့်ရဲ့ ဝေဒနာတွေ လျော့ပါးသက်သာစေဖို့ ဒီအချက်လေးတွေကို သိထားဖို့ လိုပါတယ်။ သင့်မှာ ပြဿဿနာရှိနေတာ မဟုတ်ဘူး အချစ်ကံခေတဲ့အတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှု မပျောက်ပါနဲ့။ ရွေးချယ်မှု မှားခဲ့တာကလွဲလို့ သင်ဘာအများမှ မလုပ်ခဲ့ပါဘူး။ သူ သင့်ကို ထားမသွားခင်တုန်းကလိုပဲ သင်ဟာ လှနေတုန်း၊ ထက်မြက်နေတုန်းပါ။ အဲဒီတော့ ကိုယ့်ကိုကိုယ် သံသယမဖြစ်ပါနဲ့။ လူတိုင်း အသည်းကွဲဖူးတယ် အသည်းကွဲတဲ့ ဝေဒနာကို သင်မခံစားချင်လို့ မရဘူး။ အဲဒီတော့ ခံစားစရာရှိတာ ခံစားလိုက်ပါ။ လူတိုင်း အသည်းခွဲခံရဖူးတယ်။ သင့်ကို အသည်းခွဲသွားသူလည်း […]
ရိုးမြေကျ ပေါင်းသင်းနေထိုင်သွားရမယ့် ဖူးစာရှင် ဟုတ်၊ မဟုတ် သိနိုင်မယ့်အချက်(၅)ချက်
ဖူးစာ ဆိုတာ တကယ့်ကို ဆန်းကြယ်ပါတယ်။ ဒါကြောင့်လည်း ညားတိုင်းမချစ်၊ ချစ်တိုင်းမညားဆိုတဲ့ စကားပုံပေါ်လာတာပါ။ တကယ်လို့ သင်ချစ်တဲ့သူနဲ့ သင့်ကိုချစ်တဲ့သူ တစ်ထပ်တည်းကျခဲ့ရင် သင်ဟာ ကံအကောင်းဆုံး လူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီလူဟာ သင်နဲ့ ရိုးမြေကျ ပေါင်းသင်းနေထိုင်သွားရမယ့် ဖူးစာရှင် ဟုတ်၊ မဟုတ် ဆိုတာကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ (၁) ပြည့်စုံတယ်လို့ခံစားရတယ် လူတိုင်းဟာ အားနည်းချက်ကိုယ်စီနဲ့မို့လို့ ဘယ်တော့မှ ပြီးပြည့်စုံခြင်းဆိုတာ မရှိပါဘူး။ ဒါပေမယ့် ထူးဆန်းတာ တစ်ခုက သင့်ချစ်သူနဲ့ သင်နဲ့ ယှဉ်တွဲလိုက်တိုင်း ပြီးပြည့်စုံတယ်လို့ ခံစားရမှာပါ။ သူအနားမှာ ရှိနေရင် အရာရာကို စိတ်တိုင်းကျပြီး ကြည်နူးပျော်ရွှင်နေမှာပါ။ ဒါဆိုရင် သူဟာ သင့်ရဲ့ဖူးစာရှင်ဖြစ်ကြောင်း ဖော်ပြနေတဲ့ အထဲက တစ်ခုပါ။ (၂) စိတ်ထဲကနေ အလိုလိုသိနေတယ် သူ့ကိုသင် […]









