အခ်စ္ေရး

မိန်းကလေးများ လုံးဝမချစ်သင့်သည့် ယောကျာ်းအမျိုးအစား ( ၅ ) မျိုး

မချစ်သင့်တဲ့သူကို ချစ်တဲ့အခါမှာ သင်မထင်ထားလောက်တဲ့အထိ သင့်ဘဝကို အဆိုးတွေ သယ်ဆောင်လာတတ် ကြပါတယ်။ ဒါကြောင့် မချစ်သင့်တဲ့ ယောကျာ်းအမျိုးအစားတွေကို ဝေးဝေးရှောင်တတ်ဖို့ လိုပါတယ်။ ဒီလိုယောကျ်ားတွေနဲ့ သွားပတ်သက်မိတဲ့အခါ အရှက်တကွဲအကျိုးနည်း၊ စိတ်ရောလူပါ ထိခိုက်နစ်နာတတ်တာကြောင့် ဝေးဝေးကရှောင်စေနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။ (၁) ငါးရံ့နှစ်ကောင်ဖမ်းတတ်တဲ့ယောကျ်ား ယောကျ်ားတွေထဲမှာ ငါးရံ့နှစ်ကောင်ဖမ်းတတ်တဲ့ယောကျ်ားတွေကို ဝေးဝေးရှောင်ပါ။ ဒီလိုယောကျ်ားတွေဟာ တစ်ယောက်ကိုလိုက်နေရင်းမှာလည်း နောက်လူတွေနဲ့လည်း ဇယားတွေရှိနေတတ်တဲ့သူပါ။ သူတို့ရဲ့စိတ်ဓာတ်ဟာ ဘယ်တော့မှအတည်တကျမရှိသလို၊ သင့်ဆီက အကျိုးတစ်ခုခုမလိုလားပဲ တွဲမယ့်သူတွေမဟုတ်ပါဘူး။ နှစ်ယောက်၊ သုံးယောက်ကိုတစ်ပြိုင်တည်း လိုက်တယ်ဆိုကတည်းကိုက သင်ဟာသူ့အချစ်စစ်မဟုတ်သလို၊ ယုံကြည်ထိုက်တဲ့သူလုံးဝမဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုလူမျိုးကို ဝေးဝေးကရှောင်ပါ။ (၂) ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး မျက်နှာများတဲ့ယောကျ်ားတွေကိုလည်း ဝေးဝေးကရှောင်ရပါမယ်။ ဒီလိုလူမျိုးတွေဟာ အရမ်းဟန်ဆောင်ကောင်းတာကြောင့် လူကောင်းတစ်ယောက်လို့ အမှတ်တမဲ့ ထင်မိသွားတတ်ပါတယ်။ လူတွေရှေ့ရောက်ရင် လူကောင်းလိုလို၊ စိတ်ကောင်းရှိသလိုလိုနေပြီးနောက်ကွယ်မှာကျ ကြောက်စရာကောင်းလောက်တဲ့ သရုပ်မှန်တွေရှိနေတယ်၊ […]

အခ်စ္ေရး

ချစ်ခြင်းမေတ္တာဆိုတာ…

ချစ်ခြင်းမေတ္တာဆိုတာ… အရင်တုန်းက ဘယ်သူနဲ့ ချစ်ခဲ့လဲ . . . အချစ်ဦးက ဘယ်သူလဲ ဆိုတာထက် အခုအချိန်မှာ ဘယ်သူနဲ့ ချစ်နေတယ်ဆိုတာက ပိုအရေးကြီးဆုံးပါ ။ ချစ်တတ်အောင် ဘယ်သူက သင်ပေးခဲ့တာလဲ လို့ မေးနေမဲ့အစား ”အဆုံးသတ်မှာ ကိုယ်နဲ့အတူရှိပေးနိုင်မလား ” လို့ မေးတာအကောင်းဆုံးပါပဲ ။ ဘာလို့လဲဆိုတော့ ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လောက်ပဲ နှစ်တွေ အကြာကြီး ချစ်ခဲ့ပါစေ ။ အဆုံးသတ်မှာ ကိုယ်နဲ့အတူတူ ရှိချင်မှ ရှိမှာ ။ ဘယ်လောက်ပဲ ခွဲလို့မရအောင် ချစ်တဲ့ relationship တစိခုဖြစ်နေပါစေ နောက်ဆုံးအချိန်မှာ လက်တွဲရမဲ့သူဟာ တစ်ယောက် ဖြစ်နေတတ်တာမျိူ းပါ ။ ဒါ့ကြောင့် အဆုံးသတ်မှာ ကိုယ်နဲ့အတူတူရှိနေရင်ရပါပြီ။ Crd ခစြျခွငျးမတေ်တာဆိုတာ… အရငျတုနျးက […]

အခ်စ္ေရး

အပျော်ရွှင်ဆုံးလို့ သင်မြင်တဲ့စုံတွဲကိုရွေးပါသင့်အချစ်ရေးကိုမှန်အောင်ပြောပြမယ်

အပျော်ရွှင်ဆုံးလို့ သင်မြင်တဲ့စုံတွဲကိုရွေးပါသင့်အချစ်ရေးကိုမှန်အောင်ပြောပြမယ် ခုပြထားတဲ့ ပုံလေးသုံးပုံမှာ အပျော်ရွှင်ဆုံးဖြစ်မယ်လို့ သင်ထင်တဲ့ စုံတွဲတစ်တွဲပုံကို ရွေးချယ်လိုက်ပါ။ ပြီးရင်တော့ သင်ရွေးချယ်လိုက်တဲ့ပုံလေးကနေတစ်ဆင့် သင့်ရဲ့အချစ်ရေးကိုပြောပြပေးပါမယ်။ အဖြေတွေကိုတော့ အောက်မှာကြည့်လိုက်ပါနော်။ ပုံ (၁) ကို ရွေးခဲ့ရရင် ဒီပုံလေးကိုရွေးချယ်လိုက်တဲ့ သင့်အချစ်ရေးကတော့ အေးဆေးတည်ငြိမ်တဲ့ အချစ်မျိုးပါ။ သင့်ချစ်သူနဲ့ဓာတ်ပုံတွေသင့်အချစ်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို Social Media တွေပေါ်မှာ လူသိရှင်ကြားချပြနေစရာမလိုဘူး ဆိုတဲ့အတွေးမျိုးရှိသူပါ။ သင်ဟာ Social Media ပေါ်မှာ လူအများရဲ့အာရုံစိုက်မှုကို ရဖို့ထက် လက်တွေ့ဘဝမှာ လက်တွေ့ကျကျ ချစ်ရတာကိုပဲ နှစ်သက်သူပါ။ ပုံ (၂) ကို ရွေးခဲ့ရင် သင်ဟာ သင့်ရဲ့ခံစားချက်တွေကို လူသိရှင်ကြားထုတ်ပြတတ်ပါတယ်။ သင့်ခံစားချက်ကို ဘယ်သူ့ကိုမဆို ပွင့်ပွင့်လင်းလင်း ထုတ်ပြတတ်သူပါ။ သင်သိထားရမှာက သင့်ချစ်သူဘယ်သူဘယ်ဝါ သင်တို့ပြဿနာ အဝဝကို သူများကိုပြောပြနေစရာမလိုပါဘူး။ ဒီလိုမှမဟုတ်ရင်စနိုက်ကြော်ပြဿနာတွေ စိတ်ညစ်စရာတွေ […]

အချစ်ရေး

ပုရိသတွေ မငြင်းဆန်နိုင်တဲ့ မိန်းမမာယာ(၁၂)ခုတဲ့နော် ဘာတွေလဲဆိုတော့…

မိန်းမဖြစ်ပြီး မိန်းမမာယာကို မသိဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ ဟောဒီက မမ ရှင်းပြပေးမှာပေါ့။ အမှန်ကလေ မိန်းကလေးဆိုတာ မွေးကတည်းက မာယာဆိုတာ ကပ်ပါပြီးသား။ မသိသေးလို့ မဖော်ထုတ်တတ်သေးတာ။ မာယာဆိုတဲ့ အဓိပ္ပါယ်က ဆွဲဆောင်ခြင်းပေါ့ကွယ်။ တကယ်က တမင်တကာကြီး သိသိသာသာ ဆွဲဆောင်တာမျိုး မဟုတ်ပါဘူး။ မသိမသာလေးနဲ့ ဆွဲဆောင်လို့ ဆွဲဆောင်မှန်းမသိအောင် ပြုမူနေထိုင်တာမျိုးကို ခေါ်တယ်။ ကဲ…ဘာတွေလည်းဆိုတာဖတ်ကြည့်ပါဦး။ (၁)အမျိုးသားတွေအတွက် ဒိုင်လူကြီးမလိုအပ်ပါဘူး။ ပြောလိုက်တဲ့စကားတိုင်းကိုဆုံးဖြတ်ပေးတာကို မကြိုက်ပါဘူး။အမှန်ပါပဲ နားထောင်ကောင်းသူ တစ်ယောက်ဖြစ်အောင်ပဲ ကြိုးစားစေချင်တယ် ယောင်းတို့ရေ။ကိစ္စတိုင်းက သူတို့ဦးဆောင်မှ ပြီးမှပုံစံက အကောင်းဆုံးပါပဲ။ စိတ်မဝင်စားဘဲ နဲ့လည်း စိတ်ဝင်စားချင်ယောင် မဆောင်သင့်ပြန်ပါဘူး။ (၂)အသေးအဖွဲ့တွေကို ဟန်မဆောင်ပါနှင့်။ ရိုးသားပွင့်လင်းတဲ့ရယ်မောသံတွေဟာ အမျိုးသားတွေအတွက်ဆွဲဆောင်မှုတစ်ခုပါ။ (၃)ချစ်စရာအငြင်းပွားဟန်ပြုပါ။ ယောက်ျားအများစုဟာ အရူံးမပေးတတ်တဲ့စိတ်ကိုသဘောကျတတ်ပါတယ်။စကားနိုင်လုတတ်တဲ့ မိန်းကလေးကို စိတ်ဝင်စားမှုပိုလို့ရှိပါသေးတယ်။ (၄)ပျော်စရာမိန်းကလေးလို ပြုမူနေထိုင်ပါ။ ပြောင်တတ်စနောက်တတ်ပါစေ။သူကချည်း […]

အချစ်ရေး

ယောကျာ်းလေးတွေ အထင်သေးသွားနိုင်တဲ့ မိန်းကလေးတို့ရဲ့မကောင်းတဲ့ အပြုအမူ ( ၄ ) မျိုး

ကိုယ်ရဲ့ချစ်သူပဲဖြစ်ဖြစ်၊ ယောကျာ်းလေးတစ်ယောက်က ကိုယ့်ကိုစိတ်ပျက်စေတဲ့အချက်တွေထဲ ဒီအချက်လေးတွေလဲပါပါတယ်နော်။ ၁။ မကြာခဏဖုန်းဆက်တာ/ ချစ်သူဖြစ်ခါစအချိန်မှာ တစ်ယောက်အသံတစ်ယောက်ကြားရတာ ကြည်နူးစရာအရမ်းကောင်းပါတယ်။ ဒါပေမယ့်လည်း ခဏခဏ မနားမနေဆက်နေရင်တော့ ချစ်သူရဲ့ အမြင်မှာ အထင်သေးစရာကောင်းသွားပါလိမ့်မယ်။ ၂။ အနာဂတ်အကြောင်းတွေပြောတာ/ ချစ်သူနှစ်ယောက်ဟာ အနာဂတ်အကြောင်းတွေ၊ ရည်မှန်းချက်တွေ အတူတူထားရှိကြရမှာ ကောင်းပါတယ်။ ဒါပေမယ့်လည်း ချစ်သူဖြစ်ခါစမှာ အိမ်ထောင်ပြုဖို့၊ ကလေးယူဖို့တွေအထိ ပြောနေရင်တော့ သင့်ကိုအထင်သေးသွားနိုင်ပါတယ်။ ၃။ သူငယ်ချင်းတွေမိသားစုတွေနဲ့တွေ့တာ / အတည်ချစ်ကြိုက်တဲ့ ချစ်သူတွေအနေနဲ့ တစ်ယောက်အကြောင်း တစ်ယောက်ပိုနားလည်ဖို့ သူငယ်ချင်းတွေ၊ မိဘတွေကိုသွားတွေ့တာ သဘာဝကျပါတယ်။ ဒါပေမယ့်လည်း တွဲခါစမှာ သူ့ရဲ့သူငယ်ချင်းတွေ၊ မိသားစုတွေဆီသွားလည်တာကတော့ မဖြစ်သင့်ပါဘူး။ဒီလိုလုပ်ခြင်းက သင့်ကိုအထင်သေးသွားနိုင်ပါတယ်။ SOURCE, celeburma Zawgyi ယောကျာ်းလေးတွေ အထင်သေးသွားနိုင်တဲ့ မိန်းကလေးတို့ရဲ့မကောင်းတဲ့ အပြုအမူ ( ၄ ) မျိုး […]

အခ်စ္ေရး

လက်ရှိချစ်သူနဲ့ ရေစက်ပါ ၊ မပါ သိနိုင်တဲ့ အချက် (၄) ချက်

ရေစက်သာပါလာရင် ကြံဖန်ပြီးဆုံရသလိုပဲ။ ရေစက် မပါရင် ကြံဖန်ပြီးလွဲတယ်ဆိုတဲ့စကားလေး ကြားဖူးကြမှာပါ။ ၁။ ပထမဆုံးဆုံတဲ့အခါ ရင်းနှီးနေတဲ့ ခံစားချက်မျိုး သူနဲ့ပထမဆုံးစတွေ့တဲ့အချိန်မှာ အရင်ထဲကတွေ့ခဲ့ဖူးသလို၊ တစ်နေရာမှာမြင်ဖူးခဲ့သလို စိတ်ထဲမှာရင်းနှီးနေတဲ့ခံစားချက်မျိုးရလိုက်တာပါ။ မြင်မြင်ချင်းချစ်မိတာမျိုးမဟုတ်ရင်တောင် ခဏလေးအတွင်းမှာ အနှစ်နှစ်အလလကခင်မင်ခဲ့ဖူးသလိုမျိုး သံယောဇဉ်တွယ်ပြီး ချစ်မိသွားတာမျိုးပါ။ တကယ်ရှေးရေစက်သာဆိုရင် စိတ်ချပါ။ သင့်အချစ်ကတစ်ဖက်သက်လုံး၀ မဟုတ်ပါဘူး၊ သူဘက်ကလည်း သင့်လိုတစ်ထပ်တည်းခံစားရမှာပါ။ ၂။ အကြောင်းအရင်း မတိုက်ဆိုင်ပါပဲ သူနဲ့ဆုံတွေ့ရတာမျိုး အစမှာပြောခဲ့သလိုပါပဲ ရေစက်ပါလာရင် ရှောင်လွဲလို့မရပါဘူး။ ကြံဖန်ပြီးကိုဆုံရမှာပါ။ ပထမဆုံးတွေ့ရုံနဲ့ ရင်းနှီးတဲ့ခံစားချက်မျိုးထက် သူက ကိုယ့်ရှေ့ကိုအကြောင်းအရင်းမတိုက်ဆိုင် ပါပဲ ခဏ ခဏရောက်လာတာမျိုးပါ။ မျက်လုံးချင်းဆုံတွေ့တဲ့အခါမျိုးမှာလည်း စကားသာမပြောဖူး ရင်မပြောဖူးမယ် တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးပြီးသားဖြစ်နေပါပြီ။ ၃။ Telepathy လို့ခေါ်တဲ့ စိတ်ချင်းဆက်နွယ်နေမှုမျိုး ဒီအဆင့်ကတော့ ချစ်သူတွေဖြစ်ပြီးမှကြုံတွေ့ရတဲ့အဆင့်ပါ။ မက်ဆေ့ပို့နေရင်း တူညီတဲ့စာ ကြောင်းလေးတွေပို့မိတာမျိုး၊ ကိုယ်ကသူ့ကိုဖုန်းဆက်ဖို့ဖုန်းဖွင့်လိုက်တဲ့အချိန် သူ့ဆီကဖုန်းလာတာ […]

အချစ်ရေး

လူပျိုကြီး၊ အပျိုကြီး ကျိန်းသေ ဖြစ်လာမယ့်သူတွေမှာသာ မြင်တွေ့ရမယ့် စရိုက်လက္ခဏာများ….

လူပျိုကြီး၊ အပျိုကြီး ကျိန်းသေ ဖြစ်လာမယ့်သူတွေမှာသာ မြင်တွေ့ရမယ့် စရိုက်လက္ခဏာများ…. အပျိုကြီး၊ လူပျိုကြီးဆိုတာ လွယ်လွယ်လေး ဖြစ်သွားကြတာတော့ မဟုတ်ပါဘူး သူတို့တွေမှာ တခြားသူတွေထက် ထူြး ခားနေတတ်တဲ့ အရာတွေ ရှိနေတတ်ပါတယ် ဒီအချက်တွေကပဲ သူတို့ကို လူပျိုကြီး၊ အပျိုကြီးတွေ ဖြစ်သွားစေတာ ဖြစ်ပါ တယ် ဒါကြောင့် လူပျိုကြီး၊ အပျိုကြီး ဖြစ်လာမယ့် သူတွေမှာ ဒီလို အချက်တွေ တွေ့ရမှာ ဖြစ်ပါတယ်နော်… ၁- ဇီဇာကြောင်တယ် ဒါကတော့ အဓိက အချက် ဖြစ်ပါတယ် ဇီဇာကြောင်တတ်တဲ့ အကျင့်ကတော့ တနည်းနည်းနဲ့ ရှိနေတတ်ပါတယ် သန့်ရှင်းမှု အပိုင်းမှာ ဇီဇာကြောင်တာ၊ လူတွေနဲ့ ဆုံရင် ဇီဇာကြောင်တာ၊ အစားအသောက်နဲ့ ပတ်သတ်ရင် ဇီဇာကြောင်တာ စသဖြင့် တစ်ခုခုမှာ ပုံမှန်ထက် […]

ကြားသိရသမျှ အချစ်ရေး

တစ်ယောက်တည်း သီးသန့်နေလိုတဲ့အချိန်ဆိုတာ ရှိပါတယ်…

တစ်ယောက်တည်း သီးသန့်နေလိုတဲ့အချိန်ဆိုတာ ရှိပါတယ်…. တစ်စုံတစ်ယောက်နဲ့ချစ်နေရင်းက ဘယ်သူ့ကိုမှ မချစ်ချင်တော့တဲ့စိတ်တွေ ဖြစ်လာတတ်တယ် .. အဲ့ဒီအချိန်ကို တစ်ယောက်တည်း သီးသန့်နေလိုတဲ့အချိန်လို့ပဲ သတ်မှတ်ရတော့မှာပေါ့ ဘယ်သူ့ကိုမှ မလွမ်းချင်တော့ဘူး ဘယ်သူ့ကိုမှ မချစ်ချင်တော့ဘူး.. တခြားတစ်ယောက်ကို လိုချင်လို့ ဒီလူ့ကိုခွာတယ်ဆိုတာမျိုးမဟုတ်ပဲ ချစ်တယ်ဆိုတဲ့စကားတွေ လွမ်းတယ်ဆိုတဲ့စကားတွေကို ကိုယ်ကိုယ်တိုင်လဲ မပြောချင်လာတော့သလို ကိုယ့်ကိုပြောလာတဲ့အခါလဲ မပျော်လာတော့ဘူး .. ကိုယ်တစ်ယောက်တည်းပဲ နေနေချင်လာတယ်.. အရင်ကဆို သူဖုန်းမဆက်မှာ သိပ်ကြောက်တယ် အခုတော့ ကိုယ့်ဆီဖုန်းတွေမဆက်ရင် ကိုယ့်စိတ်တွေက ပိုပြီးအဆင်ပြေနေသလိုပါပဲ သူ့ကို စိတ်ကုန်လာတာလားဆိုတဲ့မေးခွန်းတွေတော့ မမေးပါနဲ့တော့ သူ့ကို စိတ်ကုန်တယ် ဆိုတာထက် ချစ်ရခြင်း လွမ်းရခြင်းတွေကို စိတ်ကုန်လာခဲ့တာပါ.. အပြောင်းအလဲမြန်လိုက်တာတဲ့ မဟုတ်ဘူး ကိုယ်ခံစားနေရတဲ့အတိုင်း ကိုယ် ဝန်ခံပြောပြရုံပါ လူတိုင်းမှာ တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ဒီလိုနေချင်တဲ့ အချိန်တွေဆိုတာ ရှိပါတယ်ကျွန်မတော့ […]

အချစ်ရေး

နီးလွန်းလို့များ မမြင်ခဲ့တာလား …အဝေးပြေးထွက်မသွားနိုင်သေးတာလဲ ကိုယ့်အားနည်းချက်ပေါ့…..

နီးလွန်းလို့များ မမြင်ခဲ့တာလား … ကိုယ်ပေးနေပေမယ့် အကောင်းမမြင်နိုင်တဲ့ မျက်လုံးတွေကြားမှာ တစ်ခါတစ်ခါရပ်နေရင်းက ပင်ပန်းလာတတ်တယ် အကောင်းတကာ့အကောင်းတွေမဟုတ်ရင်တောင် သေချာတစ်ခုကတော့ ကိုယ်ပေးခဲ့တဲ့အရာဟာ ကိုယ်အကောင်းဆုံးကြိုးစားပြီးပေးခဲ့ဖူးတာပါ ရောင်ပြန်တွေဆိုတာဝေးပါသေးတယ် တန်ပြန်သက်ရောက်မှုတွေဆိုတာလဲ မမျှော်ပဲ ပေးပါတယ် ဒါပေမယ့် အသိအမှတ်ပြုမှုလေးတောင် မရခဲ့တဲ့ ကိုယ့်မှာ တစ်ခါတစ်လေကျတော့ ဝမ်းလည်းဝမ်းနည်းမိသလို ဘာကြောင့်များလဲလို့တွေးနေမိတယ် နီးလွန်းလို့များ မမြင်ခဲ့တာလား ကိုယ်ပေးခဲ့တာအချစ်ပါ ပြန်ရလာခဲ့တာကတော့ တန်ဖိုးမထားခြင်းတွေပေါ့ ကိုယ်ပေးခဲ့တာ ဂရုစိုက်မှုတွေပါ ပြန်ရလာခဲ့တာကတော့ လျစ်လျူရှုခံရခြင်းတွေပေါ့ ကိုယ်ပေးခဲ့တာစေတနာပါ ပြန်ရလာခဲ့တာတော့ ဝေဒနာပေါ့ တန်ပြန်သက်ရောက်မှုတွေရှိပေမယ့် ဆန့်ကျင်ဖက်တွေဖြစ်နေတာဟာ ရင်နာစရာ အဝေးထွက်သွားတဲ့တစ်နေ့မှ တန်ဖိုးတွေသိလာမယ်ဆိုရင်တော့ သိပ်နောက်ကျသွားလိမ့်မယ်လို့ပဲ ထင်ပါတယ် ဘေးနားမှာရပ်နေရင်းက ကိုယ့်ကို ဘယ်သူ့မှမမြင်တဲ့အဖြစ်တွေကလဲ ဆက်ပြီးရပ်နေဖို့အတွက် အင်အားတွေမဲ့လာတယ် ဖြစ်နိုင်ရင် မမြင်နိုင်တဲ့ မျက်လုံးတွေကို တစ်ခါတစ်လေကျတော့ ကိုယ့်ကို ပြန်ကြည့်စေချင်တယ် အဝေးပြေးထွက်မသွားနိုင်သေးတာလဲ ကိုယ့်အားနည်းချက်ပေါ့ […]

အချစ်ရေး

အချစ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး တခြားတစ်ယောက်ကို မနာကျင်စေပါနဲ့ …

အချစ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး တခြားတစ်ယောက်ကို မနာကျင်စေပါနဲ့ … အချစ်တဲ့ … တကယ်သိပ်ချစ်တတ်သွားရင် ဖြတ်ရခက်တယ် ဒါကြောင့် တကယ်မှ မချစ်ရင် ချစ်တယ် ဆိုတဲ့စကားလုံး တွေ ယောင်လို့တောင် မသုံးမိပါစေနဲ့ ။ တစ်ခါတစ်လေမှာ စိတ်ကစားတာနဲ့ ချစ်တာကို မှားတတ်ကြတယ်လေ … တကယ်ချစ်မှန်းမသေချာသေးပါနဲ့ သိပ်ချစ်တာပဲ ဆိုတဲ့ စကားကို သုံးတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ လမ်းခွဲခြင်းတွေ ဆီ ဦးတည်သွားတတ်တယ်လေ ။ တချို့ကတော့ တကယ်ကို မချစ်မှန်းသိသိရဲ့နဲ့ သေသေချာချာကို ချစ်တယ်ပြောပြီး လှည့်စားတတ်ကြသေးတယ် … ဂရုစိုက်သလို အပြုအမူတွေ ပြရင်းနဲ့ ချည်နှောင်တတ်သေးတာလေ … တကယ်မှ မချစ်ရင် အစကတည်းက မချစ်ခဲ့ သလို နေခဲ့တာပဲ ကောင်းပါတယ် တစ်ဖက်မှာ တကယ်ချစ်တယ်အထင်နဲ့ တကယ်ကြီး […]