အချစ်ရေး

ကြိုက်တဲ့ အသည်းလေးရွေးလိုက်ပါ.. သင့်အချစ်ရေးနဲ့ပတ်သတ်ပြီး ပြောပြပေးမယ်..

ကြိုက်တဲ့ အသည်းလေးရွေးလိုက်ပါ.. သင့်အချစ်ရေးနဲ့ပတ်သတ်ပြီး ပြောပြပေးမယ်.. ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးဟာ ဘယ်လောက်တောင်ပျော်ဖို့ကောင်းလိုက်လဲ? ထူးခြားတဲ့နေ့တစ်နေ့မှာ ချစ်ရတဲ့သူနဲ့ဖြတ်သန်းရတာလဲ စိတ်ချမ်းသာရခြင်းတစ်မျိုးပါပဲ။ လာမယ့်ချစ်သူများနေ့အတွက်ရော ရင်ခုန်နေကြပြီလား… စုံတွဲမရှိသေးတဲ့ သူတွေအတွက်လည်း အချိန်တန်ရင်တော့ ဖူးစာဆုံမှာပါလို့ အားပေးချင်ပါတယ်။ အခုတော့ ဒီက ကြိုက်နှစ်သက်ရာ အသည်းလေးတစ်ခုကိုရွေးချယ်ပြီး ချစ်သူရှိတဲ့သူတွေကလည်း ကိုယ့်ရဲ့အချစ်ရေးနဲ့ ချစ်သူမရှိသူတွေကလည်း အပျော်အနေနဲ့ စမ်းကြည့်လို့ရပါတယ်။ ကဲ… စပြီနော် ! ပန်းရောင် ပန်းရောင်အသည်းလေးကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ ချစ်စရာကောင်းတဲ့ ချစ်သူများနေ့လေးကိုပိုင်ဆိုင်ရမှာပါ။ ညစာစား၊ ရုပ်ကြည့်ပြီး ကြည်နူးစရာကောင်တဲ့ စပါယ်ရှယ်ဒိတ်ကိုပြုလုပ်ရမယ့်အပြင် စိတ်အသည်းယားစရာ စကားလေးတွေနဲ့ အချိန်ဖြုန်းကြမယ်။ ချစ်သူများနေ့မှာသင်တို့နှစ်ယောက်ရဲ့စိတ်ချင်းတွေ ပိုမိုနီးစပ်မှုရှိပြီး အရင်ကထက် ပိုချစ်နိုင်သွားမှာပါ။ အစိမ်းရောင် အိုး.. အစိမ်းရောင်ရွေးမိတယ်ဆိုရင်တော့ သင်ဟာချစ်သူများနေ့ကို တစ်ယောက်တည်း အေးဆေးဖြတ်သန်းပြီး သူများအတွဲတွေကို J […]

အချစ်ရေး

သူနဲ့ညားခဲ့ရင် အဆင်ပြေနိုင်၊မပြေနိုင် တွက်ကြည့်နိုင်တဲ့နည်း

သူနဲ့ညားခဲ့ရင် အဆင်ပြေနိုင်၊မပြေနိုင် တွက်ကြည့်နိုင်တဲ့နည်း ကိုယ်နဲ့ သူနဲ့ ဖူးစာကံ ပါမပါ၊ ပြီးတော့ ဘယ်လိုချစ်ခြင်းမျိုးနဲ့ လက်တွဲသွားကြမယ်ဆိုတာကို လွယ်လွယ်လေးတွက်ပြီး သိမြင်နိင်တဲ့ ဗေဒင်တွက်နည်းလေး ဖြစ်ပါတယ် …။ ချစ်သူမွေးနေ့သက္ကရာဇ် အားလုံးပေါင်းကြည့် ၊ နောက်ဆုံး ရလာတဲ့ကိန်းတစ်လုံးက အဖြေပေါ့ …။ ဥပမာ တစ်ခုအနေနဲ့ ကြည့်ကြရအောင် …။ သင်က 23.4.1991 သင့် ချစ်သူက 14.7.1992 ဆိုပါစို့ …။ သင့်မွေးနေ့ + သင့်ချစ်သူမွေးနေ့ = အဖြေ 23 + 4 + 1991 + 14 + 7 + 1992 =4031 မွေးနေ့၂ခုပေါင်းထားတဲ့ အဖြေ 4 + 0 […]

အခ်စ္ေရး

အချိန်တွေ ဘယ်လောက်ကြာကြာ အချစ်ဦးကို လုံး၀ မေ့မရတာ ဒီအချက်တွေကြောင့်ပါ

အချိန်တွေ ဘယ်လောက်ကြာကြာ အချစ်ဦးကို လုံးဝ မေ့မရတာ ဒီအချက်တွေကြောင့်ပါ အချစ်ဦး မြေးဦး ရတဲ့အထိ မမေ့ဘူးဆိုတဲ့ စကား ရှိပါတယ်။ အချစ်ဦးကို မမေ့နိုင်တဲ့ အကြောင်းအရင်းကတော့ ချစ်နေလို့တော့ မဟုတ်တတ်ကြပါဘူး။ ဒါပေမယ့်လည်း အချစ်ဦးကိုဆိုရင် မေ့မရနိုင်တဲ့ လူတွေကတော့ အများကြီးပါပဲ။ အချစ်ဦးကို မေ့မရခြင်းရဲ့ အကြောင်းအရင်းတွေကတော့ (၁) အချစ်ဦး ဖြစ်လို့ အချစ်ဦးဆိုတာက ကိုယ့်ကို ပထမဆုံး အချစ်နဲ့ တွေ့စေခဲ့တဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူ့ကြောင့်သာ အချစ်ကို ပထမဆုံး စတင်ခံစားပြီး သိရှိခဲ့တာပါ။ ဘဝရဲ့ ပထမဆုံး ဖြစ်တဲ့အရာတွေကို မှတ်မိတတ်ကြတာ လူအများ သဘာဝမို့ အချစ်ဦးကို မေ့မသွားတာ ဖြစ်ပါတယ်။ (၂) ချစ်ဖူးခဲ့လို့ ပထမဆုံး အချစ်ကို ခံစားပြီး ပထမဆုံး အချစ်တွေ […]

အချစ်ရေး

ကောင်လေးတွေ ရုန်းမထွက်နိုင်တဲ့ မိန်းကလေးတွေရဲ့ ဆွဲဆောင်မှု (၆) မျိုး

ကောင်လေးတွေ ရုန်းမထွက်နိုင်တဲ့ မိန်းကလေးတွေရဲ့ ဆွဲဆောင်မှု (၆) မျိုး တစ်ယောက်နဲ့ တစ်ယောက်နဲ့ ချစ်မှ စိတ်ဝင်စားမိတယ်ဆိုပေမယ့်လည်း လူ့သဘာဝအရ စိတ်ဝင်စားမိတယ်ဆိုတာမျိုး ဖြစ်စေတဲ့ အချက်တွေလည်း ရှိနေပါသေးတယ်။ အနေနီးရင် ချစ်မိသွားတတ်ကြတယ်ဆိုတာလည်း ဒီသဘောပါပဲ။ ကောင်လေးတွေက ကိုယ့်ကို ကြိုက်အောင် ကြိုးစားအားထုတ်ကြသလို ကောင်မလေးတွေကလည်း ကောင်လေးတွေ ကိုယ့်ကို ကြိုက်အောင် လုပ်တာမျိုးတွေ ရှိနေပါတယ်။ စနှိုက်ကြော်တွေလည်း ပေါများလာတဲ့ ခေတ်ကြီးထဲမှာ မိန်းကလေးတွေရဲ့ ဘယ်လိုဆွဲဆောင်မှုလေးတွေက ကောင်လေးတွေဆီက စိတ်ဝင်စားမှုကို ရသွားစေလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်နော်။ အကြည့်ချင်းဆုံတာ အကြည့်ချင်းဆုံရင် ရင်ခုန်သည်လို့တောင် ဆိုစကားတွေ ရှိထားပါတယ်။ တကယ်လည်း ချစ်မှုရေးရာမှာ အကြည့်တစ်ချက်ကလည်း အရေးပါနေပါတယ်။ ကိုယ့်ကို စိတ်ဝင်စားတယ်ဆိုတဲ့ အဓိပ္ပာယ်ပါနေတဲ့ မျက်လုံးမျိုးကို ဘယ်ယောင်္ကျားလေးမှ မခံနိုင်ကြပါဘူး။ အမြဲလိုလို သူ့ကို စိတ်ဝင်စားနေတယ်ဆိုတဲ့ […]

အချစ်ရေး

ချစ်သူကောင်လေးဆီက မိန်းကလေးတိုင်း တိတ်တခိုး မျှော်လင့်မိတတ်ကြတဲ့ အရာ(၄)ခု

ချစ်သူကောင်လေးဆီက မိန်းကလေးတိုင်း တိတ်တခိုး မျှော်လင့်မိတတ်ကြတဲ့ အရာ(၄)ခု မိန်းကလေးတိုင်းလိုလိုက သူတို့ချစ်သူဆီကနေ လိုချင်တဲ့အရာတွေကို ဖွင့်ဟပြောဆိုလေ့မရှိတတ်ကြပဲ အလိုက်တသိပေးတတ်တာမျိုးလေးကို ပိုလိုချင်မိတတ်ကြပါတယ်။ ဒီလိုပဲ ချစ်သူကောင်လေးတွေဆီကနေ ကောင်မလေးတွေ တိတ်တိတ်လေး မျှော်လင့်မိတတ်ကြတဲ့ အရာလေးတွေ ရှိလို့နေပါတယ်နော်။ ဒီအချက်တွေက relationship တစ်ခုမှာ ကောင်မလေးတွေ လိုချင်တတ်ကြတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ အချစ်ကို ခံစားမိချင်တာ ကမ္ဘာပေါ်မှာရှိတဲ့မိန်းကလေးတိုင်းက အချစ်ဆိုတဲ့အရာကို ခံစားချင်တတ်ကြသူတွေပါ။ လူတိုင်းကတော့ အချစ်ဆိုတဲ့အရာကို တစ်ကြိမ်တစ်ခါတော့ ခံစားဖူးကြမှာပါ။ မိန်းကလေးတွေအတွက် ချစ်မိသွားတဲ့အခါမှာတော့ အရာရာတိုင်းက ပိုလွယ်ကူလာတတ်ပါတယ်။ ဒါကြောင့်ပဲ မိန်းကလေးတစ်ယောက်ကို တကယ်ချစ်မိရင်တော့ သူတို့သိအောင် ပြတတ်ဖို့လိုအပ်ပါတယ်။ မိန်းကလေးတွေက ကိုယ့်ချစ်သူကောင်လေးဆီက သူတို့ကို ချစ်ကြောင်းဖော်ပြတတ်မှုလေးကို အလိုက်တသိပေးတာမျိုး လိုချင်တတ်ကြတာပါ။ အသိအမှတ်ပြုမှု မိန်းကလေးတွေ နောက်ထပ် မျှော်လင့်မိတဲ့အချက်က ကိုယ့်ချစ်တဲ့သူဆီက အသိအမှတ်ပြုမှုလေးပဲ […]

အခ်စ္ေရး

သာယာနေတဲ့ ချစ်သူဘဝလေးက ဒီအမှား(၄)ခုကြောင့် ပျက်ဆီးသွားနိုင်ပါတယ်…

သာယာနေတဲ့ ချစ်သူဘဝလေးက ဒီအမှား(၄)ခုကြောင့် ပျက်ဆီးသွားနိုင်ပါတယ်… တစ်ချို့သော စုံတွဲ တွေဟာ နှစ်ယောက်အတူ ရှိနေရင် ယခင်ကထက် ပိုမိုအောင်မြင်ကြပြီး ပျော်ရွှင်ကြရလေ့ရှိပါတယ်။ ဘာ ပြဿနာ ကို မဆို အတူလက်တွဲဖြေရှင်းနိုင်ပါတယ်။ ဒါပေမယ့် ပြဿနာ တွေကြုံတဲ့အခါမှာ သင်ရော၊ သင့် ချစ်သူ ကောင်လေးပါ အတူတူ မဖြေရှင်းနိုင်ကြဘူးဆိုတာက သင်တို့ နှစ်ယောက် တစ်သားတည်း ကျမနေသေးလို့ပါ …။ သင်တို့ နှစ်ယောက် ဘာကြောင့် တစ်သားတည်း မကျသေးတာလဲ ဆိုတာကို မီးမောင်း ထိုးပြနေတဲ့ အချက်လေးတွေရှိပါတယ် …။ ၁။ သူဟာ သင့်ကို အပြည့်အ၀ မယုံကြည်ဘူးဆိုရင်… ယုံကြည်မှု ဆိုတာဟာ ကျန်းမာ၊ပျော်ရွှင်တဲ့ အချစ်ရေးတိုင်းရဲ့ အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။ သင်နဲ့ အတူရှိနေတဲ့ လက်တွဲဖော်က […]

အချစ်ရေး

လူကြိုက်အများဆုံး အနမ်း(၁၈) မျိုး

အနမ်းအမျိုးအစားပေါင်း ၁၀၀ ကျော်ရှိပြီး တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ခံစားချက်တွေကို အနမ်းပုံစံတွေက ဖော်ပြနေပါတယ်။ ချစ်သူနှစ်ဦးနမ်းနေတဲ့ ပုံစံကိုကြည့်ပြီးတော့လည်း သူတို့ရဲ့ relationship အခြေအနေနဲ့ လူတစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာနဲ့ အမူအကျင့်ကို ခန့်မှန်းနိုင်ကြောင်းလည်း သိရပါတယ်။ ဒီလိုအနမ်းတွေနဲ့ ပတ်သတ်ပြီး လှို့ဝှက်ချက်တွေကို Sheril Kirshenbaum ရဲ့ The science of kissing ဆိုတဲ့ စာအုပ်မှာ အသေအချာရှင်ပြထားပြီး ပေါ်ပြူလာအဖြစ်ဆုံး အနမ်း ၁၈ မျိုးနဲ့ ၎င်းတို့ရဲ့ အဓိပ္ပာယ်ကို ဖော်ပြပေးလိုက်ပါတယ်။ သင်အကြိုက်ဆုံး အနမ်းကဘယ်တစ်ခုဖြစ်မလဲ။ ၁။ The French kiss French kiss ဟာ အနမ်းတွေအားလုံးထဲမှာ ရေပန်းအစားဆုံးနဲ့ စုံတွဲတွေအကြိုက်ဆုံး အနမ်းတစ်မျိုးဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ French kiss ဟာအနုပညာဖြစ်ပြီးတော့ လူတိုင်း […]

အချစ်ရေး

အကြီးဆုံးသမီးကို ချစ်မိပီဆိုရင် ခင်ဗျားဒါတွေသိထားပါ

အကြီးဆုံးသမီးကို ချစ်မိပီဆိုရင် ခင်ဗျားဒါတွေသိထားပါ အကြီးဆုံး သမီးကို ချစ်မိပီ ဆိုရင် ခင်ဗျားသေဖို့ပြင်ထား အိမ်မှာ အလို လိုက်မခံ ရသမျှ အလျှော့ပေးရသမျှဒေ ခင်ဗျား ဆီက အကုန် ယူ လိမ့် မယ်… အကြီးဆုံးပီပီ ဆရာ လုပ်မယ် ဗိုလ်ကျမယ် အနိုင်ယူမယ် အလိုက်ကန်း ဆိုးမသိ ပူဆာမယ်…. ဘယ်အရာ မဆို ဦးစားပေးမှ ကြိုက်မယ် သက်ဦး အရူးဆို သလိုပဲ ငိုမယ် ပြီးတာနဲ့ ချက်ချင်း ရယ်မယ်… အကောင်းကြီး ကနေ ရုတ်တရက် ဆူ ပူ မယ်… ရန်ဖြစ် ရင်လည်း မောင်ဒေ သဲဒေ ပျောက် နင်ဒေ ငါဒေ တခြား နာမ်စားဒေ နဲ့ ခက် […]

အခ်စ္ေရး

ချစ်သူကို ကောင်းစေချင်တဲ့ သူတွေတိုင်းမှာရှိတဲ့ အတ္တ ( ၅ ) ခု

ချစ်သူကို ကောင်းစေချင်တဲ့ သူတွေတိုင်းမှာရှိတဲ့ အတ္တ ( ၅ ) ခု ချစ်သူကို ကောင်း စေချင်တာ ၊ အဆင့်မြင့်မြင့် နေစေချင်တာ တ ကယ်ချစ်တဲ့ သူတိုင်းမှာ ရှိတဲ့ဆန္ဒ တစ်ခုပါ ။ ချစ်သူကို ကောင်းစေချင် စိတ်တွေများလာတဲ့အခါကိုယ့်ရဲ့ ဆန္ဒတွေ အတ္တတွေဖြစ်သွား တတ်ပါတယ် ။ ခု ဖော်ပြပေးမှာ ကတော့ချစ်သူကို ကောင်းစေချင်တဲ့ သူတိုင်းမှာရှိ တဲ့အတ္တတွေပဲ ဖြစ်ပါတယ် ….. ။ ( ၁ ) ဆူ တယ် ချစ်သူကိုကောင်းစေ ချင်တဲ့စိတ်နဲ့ တစ်ခါတလေမှာ ဆူပူမိတတ်ပါတယ် ။ ဒါပေမယ့်လည်း တစ်ခါတလေ မှာ စကားလုံးတွေ ကကြမ်းသွားတာ မျိုး ၊လွန် သွား တာမျိုးတွေ […]

အခ်စ္ေရး

ချစ်သူကို ဂရုစိုက်လွန်းလို့ စိုးရိမ်စိတ်လွန်နေတတ်တဲ့ ချစ်သူမိန်းကလေးတွေဆိုတာ ဒီလိုပါ

ချစ်သူကို ဂရုစိုက်လွန်းလို့ စိုးရိမ်စိတ်လွန်နေတတ်တဲ့ ချစ်သူမိန်းကလေးတွေဆိုတာ ဒီလိုပါ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ်ကိုပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်ကို ချစ်မိသွားပြီဆိုရင် စိုးရိမ်စိတ်လေးတွေ၊ ပေးဆပ်ချင်စိတ်တွေနဲ့ အနစ်နာခံချင်စိတ်တွေက အလိုလိုဖြစ်ပေါ်လာပြီး ဒါကိုတားလို့လည်း မရသလို၊ ထိန်းချုပ်ဖို့လည်း ခက်ခဲပါတယ်။ ချစ်သူကိုအရမ်းဂရုစိုက်ပြီး စိုးရိမ်စိတ်လွန်ကဲနေတတ်တဲ့ ချစ်သူမိန်းကလေးတွေရဲ့အကြောင်းလေးတွေကို ကိုယ်ချင်းစာ နားလည်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ (၁) အမြဲတမ်းဆက်သွယ်နေမယ် ချစ်သူကို အရမ်းဂရုစိုက်ပြီး စိတ်ပူတတ်တဲ့သူတွေဆိုတာ အမြဲလိုလို ချစ်သူနဲ့ အတူရှိချင်တဲ့သူတွေပါ။ ဝေးနေတဲ့အခါမှာလည်း တစ်ချိန်လုံးစာတွေပို့၊ ဖုန်းတွေဆက်ပြီး ဆက်သွယ်နေတတ်တဲ့သူတွေဖြစ်ပါတယ်။ အကြောင်းကတော့ ချစ်သူအဆင်မှပြေရဲ့လား၊ နေလို့မှကောင်းရဲ့လားဆိုတာကို အမြဲတမ်းစိတ်ပူနေကြလို့ပါ။ (၂) မေးပြီးသားကို ထပ်တလဲလဲပြန်မေးတယ် ချစ်သူကိုအရမ်းဂရုစိုက်ပြီး ချစ်တဲ့မိန်းကလေးတွေဆိုတာ မေးပြီးသားမေးခွန်းတွေကို ခဏခဏ ပြန်ပြန်မေးတတ်တဲ့သူတွေ ဖြစ်ပါတယ်။ မသိရင် အရစ်သန်တယ်လို့ ထင်တတ်ကြပေမယ့် […]