ၾကားသိရသမွ်
သိတဲ့သူ အလွန်နည်း သွားပြီဖြစ်တဲ့ မြန်မာ့ ရိုးရာ ရွှေဝင် ငွေဝင် နိမိတ်များ
သိတဲ့သူ အလွန်နည်း နေသေးတဲ့ မြန်မာ့ ရိုးရာ ရွှေဝင် ငွေဝင် နိမိတ်များ ၁။အိမ်ထဲ ဖားခုန်ဝင်မူ ငွေရအံ့။ ၂။ အိမ်ထဲ ပိတုန်းဝင်မူ ဧည့်သည်လာအံ့။ ၃။ အိမ်ထဲ ဓါးခုတ်ကောင်ဝင်မူ ပေးကမ်းမည့် ဧည့်သည်လာအံ့။ ၄။အလံတင်ရမူ ရည်မှန်းချက် အောင်မြင်အံ့။ ၅။တင်လိုက်သည့်အလံ ပြန်လျှောကျမူ ဘေးတွေ့အံ့။ ၆။ ခွေးလက်ဆောင်ရမူ၊ အိမ်တွင် ခွေးလာနေမူ မိတ်ဆွေ ကောင်းရအံ့။ ၇။ ခွေးမဲလာ‌မူ ဥစ္စာပေးမည့် မိတ်ဆွေရအံ့။ ၈။ ခွေးဝါလာမူ ပျော်ရွှင်စေမည့် မိတ်ဆွေရအံ့။ ၆။ ခွေးဖြူလာနေမူ ချစ်ခင်ဖွယ် မိတ်ဆွေရအံ့။ ၇။ခရီးသွားစဉ် နွားနှင့်တိုးမူ အလုပ်ကိစ္စအဆင်ပြေအံ့။ ၈။အင်္ကျီပြောင်းပြန်ဝတ်မိမူ မထင်မှတ်ပဲ ငွေအမြောက်အမြားရအံ့။ ၉။အိမ်တွင် ကြောင်မဲလာနေမူ မိတ်ဆွေက သစ္စာဖောက်အံ့။ ၁၀။ […]
ၾကားသိရသမွ်
ၾကားသိရသမွ်
အောင်လပွဲ တိုက်ရိုက် Live ကြည့်ရန်
အောင်လပွဲ တိုက်ရိုက် Live ကြည့်ရန် တိုက်ရိုက် live ကိုပို့အောက်ဆုံးမှာကြည့်ပါ မြန်မာစံတော်ချိန် ဧပြီလ (၂၉) ရက်နေ့ နံနက်၇နာရီခွဲအချိန်ကစပြီး ကျင်းပမဲ့ပွဲမှာ မြန်မာ့စပါးအုံး အောင်လအန်ဆန်ဟာ သူ့ရဲ့ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်ကို ယခင် ပြိုင်ဖက်ဟောင်း မစ်ဒယ်ဝိတ်တန်းချန်ပီယံ ရိုင်နီယာဆီက ကာကွယ်ရမှာ ဖြစ်ပါတယ်။ အရင်ကတော့ အောင်လအန်ဆန်ဟာ သူ့ကာကွယ်ပွဲကို ဗစ်ဒက်ရှ်နဲ့ ထိုးသတ်ဖို့ စီစဉ်ထားပေမယ့် ဗစ်ဒက်ရှ်ဟာ Covid positive ဖြစ်သွားတာကြောင့် ၄ ရက်အလိုမှ ပြိုင်ဖက်ချိန်းသွားတာဖြစ်ပါတယ်။ အဲ့ဆိုပြိုင်ပွဲက ဘယ်လိုဖြစ်လာနိုင်လဲ အောင်လဘက်ကတော့ training camp တစ်ခုလုံး ဝင်ထားပေမယ့်လည်း ဗစ်ဒက်ရှ်လို striking သမားအတွက် လေ့ကျင့်ပြင်ဆင်ထားတဲ့ camp မျိုး ဖြစ်ပါတယ်။ ဒါဟာအားသာချက်လည်း ဖြစ်နိုင်သလို အားနည်းချက်လည်းဖြစ်လာနိုင်ပါတယ်။ ရိုင်နီယာလိုလို ဘယ်ကောင်လာလာ […]
ၾကားသိရသမွ်
အောင်ပွဲနဲ့အတူ မြန်မာပြည်သူတွေကို ပျော်စေချင်တဲ့ အောင်လအန်ဆန်
ကြားသိရသမျှ
MPT က Huawei နှင့် ပေါင်းကာ အင်တာနက် အသုံးပြုသူများအားစောင့်ကြည့်ရန် ပြင်ဆင်နေ
မြန်မာနိုင်ငံ၏ ကာလကြာ ဆက်သွယ်ရေးလုပ်ငန်းဖြစ်သည့် MPT သည် တရုတ် နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Huawei နှင့် ပူးပေါင်းကာ အင်တာနက်အသုံးပြုသူများအား စောင့်ကြည့်ရန် ပြင်ဆင်နေကြောင်းသတင်းရရှိသည်။   “CDM လုပ်နေတဲ့ MPT ဝန်ထမ်းတွေကို ဖိအားပေးရုံးတက်ခိုင်းပြီးတော့ ဟံသာဝတီ National Gateway မှာ အင်တာနက် အသုံးပြုသူတွေကို စောင့်ကြည့်ထိန်းချုပ်နိုင်တဲ့ စက်တွေ ဆင်နေပါတယ်” ဟု MPT မှ အမည်မဖော်လိုသူ အင်ဂျင်နီယာတစ်ဦးက ပြောသည်။ တရုတ်အခြေစိုက် ကုမ္ပဏီဖြစ်သည့် Huawei သည် MPT အား နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများပေးနေသည့် တယ်လီကွန်း ကုမ္ပဏီတစ်ခုဖြစ်သည်။ ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်တွင်ရှိနေသည့် MPT သည် ၂၀၁၄ ခုနှစ်တွင် ဂျပန် ကုမ္ပဏီများဖြစ်သည့် KDDI, Sumitomo […]
ၾကားသိရသမွ်
မိုင်းဖုန်းဆရာတော်ကြီးရဲ့ မိန့်ကြားချက် (ဆရာတော်ကြီး မိန့်ရင် ကွက်တိမှန်ပါတယ် သေချာလိုက်နာပါ့မယ် အရှင်ဘုရား )
ဆရာတော်ကြီး ပြောရင် ကွက်တိမှန်ပါတယ် မေတ္တာလေး ပွားကြရအောင် ထိုင်းမှာ ကလေးလေးတွေ ဂူပိတ်မိတုန်းကလည်း ဆရာတော်ကြီးက ပြန်တွေ့လိမ့်မယိလို့ ပြောခဲ့တာ မှန်ခဲ့ပါတယ် အခုလည်း ဆရာတော်ကြီး စကားကို သေချာလိုက်နာပါ့မယ် အရှင်ဘုရား မိုင်းဖုန်းဆရာတော်ကြီးရဲ့ မိန့်ကြားချက် သူ့ဘာသာသူ ယတြာဘယ်လောက်ကောင်းကောင်း/အမိန့်ပြန်တမ်းဘယ်လောက်ပြင်းပြင်း စကြာဝတေးမင်းတောင် အမိန့်ပေးလို့မရတဲ့ နတ်မင်းကြီးနှစ်ပါးရှိပါတယ်။ (၁)လောကပါလ နတ်မင်းကြီး (၂)သာသနာစောင့် နတ်မင်းကြီး ဗုဒ္ဓဘာသာဝင်များ မိမိတို့ ဒါန၊သီလ၊ဘာဝနာ တစ်ခုခုပြု ပြီးတိုင်း “လောကပါလနတ်မင်းကြီး နှင့် သာသနာစောင့်နတ်မင်းကြီး ဘေးရန်ကင်းကြပါစေ ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ စိတ်ဆင်းရဲခြင်းကင်းကြပါစေ ကိုယ်/စိတ်နှစ်ဖြာချမ်း သာစွာဖြင့် မိမိတို့ ခန္ဓာ့တာဝန်ကို သာသနာ့ဝန်ကို လွယ်ကူစွာဆောင်ရွက်နိုင်ပါစေ ” လို့ (၃)ခေါက်ရွတ်ပြီး အထူး မေတ္တာပို့ပါ။ ပြီးလျှင် “မိမိဘဝမှာ အထူးပြုခဲ့ဖူးသောကုသိုလ်   ( […]
ကြားသိရသမျှ
ပိုက်ဆံကုန်စရာမလိုတဲ့ စိတ်အပန်းဖြေနည်း (၅) နည်း
စိန်ခေါ်မှုနဲ့ စိတ်ဖိစီးမှုတွေများတဲ့ ယနေ့ခေတ် ခေတ်သစ်လူနေမှုဘဝပုံစံတွေထဲမှာ စိတ်အပန်းဖြေစရာ နည်းလမ်းတွေလည်း မျိုးစုံရှိလာပါတယ်။ သို့ပေမယ့် ငွေကြေးကုန်ကျမှုပေါ်မူတည်ပြီး စိတ်အပန်းဖြေနည်းတွေကလည်း အမျိုးမျိုးကွဲပြားသွားပါတယ်။ တကယ်တော့ လူအများစုမေ့ထားတာက ငွေကုန်ကျခံတဲ့အရာတွေကမှ စိတ်အပန်းပြေစေတာ မဟုတ်ဘူးဆိုတာပါပဲ။ ဒါဆို ဘယ်လိုနည်းလမ်းတွေနဲ့ ငွေမကုန်ပဲ စိတ်အပန်းဖြေလို့ရမလဲဆိုတာ ကြည့်လိုက်ရအောင်။ (၁) ရေပန်းအောက်မှာထိုင်ပါ လေ့လာသူတွေရဲ့အကြံပြုချက်အရ ရေပန်းအောက်မှာ ထိုင်နေခြင်းက သင့်ကိုအမှန်တကယ် စိတ်အပန်းပြေစေပြီး တစ်နေ့တာအတွက်လိုအပ်တဲ့ စွမ်းအင်တွေရစေတယ်လို့ ဆိုပါတယ်။ တချို့သော ရုပ်ရှင်ဇာတ်ဝင်ခန်းတွေမှာ ရေချိုးခန်းထဲက ရေပန်းအောက်မှာထိုင်ပြီး ငိုနေတဲ့ဇာတ်ရုပ်တွေကို ကြည့်ဖူးကြမှာပါ။ ရေပန်းအောက်မှာထိုင်နေခြင်းက စိတ်ဖိစီးမှုနဲ့ ဝမ်းနည်းခြင်းတွေကို ပြေလျော့စေပြီး စိတ်ပေါ့ပါးစေတာကြောင့်ဖြစ်ပါတယ်။ (၂) အခန်းကိုရှင်းလင်းပါ သင့်အနီးနားပတ်ဝန်းကျင်ကအရာတွေက သင့်ရဲ့စိတ်အပေါ် လွှမ်းမိုးမှုရှိပါတယ်။ သင့်နေထိုင်တဲ့အခန်းမှာ ရှုပ်ပွညစ်ပေနေမယ်ဆိုရင် သင့်ရဲ့စိတ်ကလည်း ထို့နည်းတူ ရှုပ်ထွေးခြင်းတွေကို ခံစားနေရမှာပါ။ ကိုယ်အချိန်တော်တော်များများနေဖြစ်တဲ့ အိပ်ခန်း […]
ၾကားသိရသမွ်
မှတ်ပုံတင် ပျောက်ဆုံးသွားခဲ့လျှင် ငွေတပြားတစ်ကျပ်မှ မကုန်ဘဲ အခုနည်းအတိုင်း ပြန်လျှောက်လိုက်ပါ
မှတ်ပုံတင် ပျောက်ဆုံးသွားခဲ့လျှင် ငွေတပြားတစ်ကျပ်မှ မကုန်ဘဲ အခုနည်းအတိုင်း ပြန်လျှောက်လိုက်ပါ ” “မှတ်ပုံတင်ပျောက်ရင် ဒီနည်းအတိုင်းသာလုပ်ကြည့် (၁) မှတ်ပုံတင်ပျောက်ပြီး ပြန်မရနိုင်ဘူးဆိုတာနဲ့ ဘာမှဆက်လုပ်မနေပါနဲ့။ တစ်နေရာကိုပဲသွားပါ။ အဲဒါက ကိုယ်နေထိုင်ရာမြို့နယ်ရဲ့လဝကရုံးဖြစ်ပါတယ်။ ညနေစောင်းနေလည်းရုံးမပိတ်သေးဘူးဆိုရင် အမြန်ဆုံးနည်းနဲ့သာသွားပါလေ။ (၂) လဝက ရုံးကိုရောက်တာနဲ့ မှတ်ပုံတင်ပျောက်တဲ့အကြောင်းအကျိုး အကြောင်းပြောပြီး သူတို့ပေးတဲ့ ဖောင်နှစ်စောင် (ထွေ ၄ ဖောင်လို့ခေါ်ပါတယ်) ကို ၅၀၀ ပေးပြီးဝယ်ခဲ့ပါ။ကိုယ်နေထိုင်ရာမြို့နယ်နဲ့သက် ဆိုင်တဲ့ဝန်ထမ်းက ကိုယ့်ကိုအသေးစိတ်လုပ်ပေးပါတယ်။ (၃) လဝကရုံးကပေးလိုက်တဲ့ဖောင်နှစ်စောင်မှာ တစ်စောင်က ဆွေစဉ်မျိုးဆက်ဇယား (အဘိုး၊ အဘွား အထိပဲပါပါတယ်) ဖြစ်ပြီး နောက်တစ်စောင်က ကိုယ်ရေးအချက်အလက်ဖြည့်စွက်ရတာဖြစ်ပါတယ်။ နှစ် စောင်တည်းမို့ အရမ်းမများပါဘူး။ အဲဒါဖြည့်ပြီးရင်တော့ သန်းခေါင်စာရင်းနဲ့အတူ ရပ်ကွက်ရုံးကိုသွားပြီး ထောက်ခံချက်ယူရပါ တယ်။ ရပ်ကွက်ထောက်ခံစာယူသလိုပါပဲ။ (၄) နောက်တစ်နေ့မှာတော့ အလုပ်ကနေ […]
ၾကားသိရသမွ်
ဒေါ်လာ သင်္ကေတ “ $ ” ဆိုသည်မှာ
ရေးသားသူ – ရန်ကြီးအောင် အမေရိကန် ဒေါ်လာကို ငွေကြေးစံအဖြစ် ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ ၊ မက္ကဆီကို နှင့် အခြားနိုင်ငံများတွင် သုံးစွဲလျှက်ရှိကြသည်။ အမေရိကန်ဒေါ်လာငွေ နှင့် ၎င်းငွေ၏ သင်္ကေတဖြစ် သည့် “ $ ” ၏သမိုင်းကြောင်းမှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ “ ဒေါ်လာ ” ဟူသောဝေါဟာရမှာ ရှေးဟောင်း ဂျာမန်ငွေဒင်္ဂါး ( Thaler ) မှ ဆင်းသက်လာသည်။ Thaler မှာ Joachimsthalar ၏ အတိုကောက်ဖြစ်သည်။ Joachimsthaler သည် ဗိုဟီးမီးယားနိုင်ငံ မှ မြို့ငယ်လေးတစ်မြို့ဖြစ်၍ ၎င်းမြို့အနီး တွင် (၁၆ ) ရာစု နှစ်အစပိုင်းလောက်က အလွန်အောင်မြင် သည့် ငွေသတ္တု […]
ၾကားသိရသမွ်
ပြတ်သွားတဲ့အခါ ပြောတတ်တဲ့ စကားလုံးတွေ
  ပြတ်သွားတဲ့အခါ ပြောတတ်တဲ့ စကားလုံးတွေ ငါတို့မဖြစ်နိုင်တော့ဘူးထင်တယ် ဘာလို့မဖြစ်နိုင်ဘူးလည်းမေးတော့လည်း ရေရေရာရာမရှိဘူး မဖြစ်နိုင်ဘူးဆို အစတည်းကကို မတွဲနဲ့လေခုမှ မဖြစ်နိုင်ဘူးလာလုပ်နေရတဲ့ အကြောင်းပြချက်က ရှင်းပါတယ်နောက်တစ်ယောက်ကြောင့်ပါ ငါမရှိမှနင်ပျော်မယ်မို့လားဆိုပြီးနင်မရှိတာကို ပျော်နေကြေးသာဆို အစတည်းက တွဲကိုတွဲမှာမဟုတ်ဘူး ဒါပေမယ့် သူတို့က နောက်ဆုံးသူတို့မပျော်တာနဲ့ပဲ ငါမရှိမှနင်ပျော်မယ်မို့လားလို့ သင့်ကိုလွဲချပြီး ပြေးထွက်သွားတတ်ကြတယ် မေ့လိုက်ပါတော့ တဲ့သိပ်လွယ်တယ်ပြောတာ လူက Computer မှမဟုတ်တာ Delete လေးနှိပ်ပြီး ပျောက်သွားတာမှမဟုတ်တာတစ်ချို့ဒဏ်ရာတွေဆို သေရာပါပဲ မေ့လိုက်ပါတော့ဆိုတာ သိပ်လွယ်တယ်ထင်နေတာလားတော့မသိဘူး နောက်တစ်ခုက ပြတ်သွားပြီးရင် သူတို့က သင်ဘယ်လိုခံစားနေရ တယ်ဆိုတာကို သိပ်သိချင်ကြတယ် အမှန်ပဲ ပြီးရင်လာမေးမယ် ပျော်နေလား အဆင်ပြေရဲ့လား ဘာညာနဲ့ သင် မပျော်ဘူးဆိုတာ အဆင်မပြေဘူးဆိုတာသိရင် သူတို့ပါးစပ်ကမပြောပေမယ့် စိတ်ထဲက သိပ်ပြီး ကျေနပ်တတ်ကြ တယ်ဒါပေမယ့် သင်က သူမရှိလည်းအေးဆေးပဲဆိုတဲ့ပုံစံကိုပြကြည့် […]