အကယ်ဒမီကျော်သူကတော့ တစ်ခေတ်တစ်ခါကတည်းက အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ပရဟိတအလုပ်တွေကိုသာစွမ်းဆောင်နေတာဖြစ်ပါတယ်။ ဦးကျော်သူက နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ဥက္ကဌဖြစ်ပြီး နာရေးလမ်းကြောင်းတွေကိုလည်း ကိုယ်တိုင်ပို့ဆောင်ပေးနေ တာဖြစ်ပါတယ်။ ဦးကျော်သူရဲ့စိတ်ဓာတ်ကို အနုပညာရှင်တချို့နဲ့ပရိသတ်တွေကပါ လေးစားပြီး အမြဲချစ်နေကြတာဖြစ်ပါတယ်နော်။ ဦးကျော်သူကတော့ အသက်အရွယ်တစ်ခုကိုရောက်ရှိလာပေမယ့် သွက်လက်ဖျက်လက်ပြီး သန်မာနေဆဲပဲဖြစ်ပါတယ်။ ဦးကျော်သူက လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေမှာဆိုရင်လည်း ပြည်သူတွေဘက်ကနေ ခိုင်ခိုင်မာမာရပ်တည်ပြီး ကိုယ် စွမ်းရှိသလောက် ကူညီပေးနေတာဖြစ်ပါတယ်နော် ဦးကျော်သူကလည်း အနာဂတ်လူငယ်တွေအတွက် တစ်ဖက်တစ်လမ်းကနေ အားကြိုးမာန်တက် ပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ်။ဦးကျော်သူကတော့ပရဟိတအလုပ်တွေကိုလည်း မပျက်မကွက်လုပ်ဆောင်သလို လမ်းမပေါ်ထွက်ပြီးတော့လည်း ပြည်သူလူထုကိုဖေးမကူညီပေးနေတာဖြစ်ပါတယ်နော်။ အခုဆိုရင်တော့ ဦးကျော်သူက”ပြည်သူနဲ့ ထပ်တူ နံနက်ပိုင်း နာကူလမ်းကြောင်းနှစ်ကြောင်း ကုသိုလ်ယူဖေးမအပြီး နေ့လည်ပိုင်း ပင်လုံရင်ပြင်မှာ ဓါတ်ဆားထုတ်များ၊ သောက်ရေသန့်များ၊ရှူဆေးကဒ်များအား ပြည်သူလူထုအတွက်၊ကျောင်းသား/သူ လူငယ် ခေါင်းဆောင်များအတွက် သွားရောက် လှူဒါန်း ဂါရဝပြုခဲ့ပါသည်။ ”ဆိုပြီးရေးသားမျှဝေလာတာဖြစ်ပါတယ်။ဦးကျော်သူကတော့ ပြည်သူတွေကို စိတ်ဓာတ်ခွန်အားပြည့်သွားအောင်လို့ […]
ၾကားသိရသမွ်
မနေ့ည ၈နာရီကျော်ကျော်လောက်က သင်္ကန်းခြုံထားတဲ့ ကိုရင်လေးက ချိုစိမ့်နဲ့ ပဲနံပြားပါဆယ်ဆွဲပြီး သင်္ချ ိုင်းကုန်းထဲ ဝင်ခိုင်းတယ်ဗျာ…
မနေ့ည ၈နာရီကျော်ကျော်လောက်က ကျနော်လက်ဖက်ရည်သောက်ဖို့ သောက်နေကျ ဆိုင်ထဲကို ဝင်လိုက်တယ်….. ထိုင်ခုံက မရှိတော့ ကိုရင်လေး ထိုငိနေတဲ့ စားပွဲမှာပဲ ဝင်ထိုင်လိုက်တယ် စားပွဲထိုးကောင်မလေးက ကျနော့်အတွက် …. လက်ဖက်ရည်ခွက် ချပေးနေတုန်း ကိုရင်လေးက မေးလိုက်တယ်…. ဒကာမလေးးကိုရင် မှာထားတာ ကြာပီလေ မရသေးဘူးးလား တဲ့….. ကျနော်လည်းးမနေနိုင် မထိုင်နိုင် မေးလိုက်မိတယ်…. ကိုရင်က ဘာမှာထားတာလဲ လို့….. ချိုစိမ့်နဲ့ ပဲနံပြား မှာထားတာ….. အဲဒါနဲ့ ကျနော်လည်းးပြန်မေးလိုက်တယ်….. ကိုရင်က ဒီအချိန်စားလို့မရဘူးလေ ဆိုတော့…. မဟုတ်ဘူးးအမေ့အတွက်တဲ့….. အခုထိ မရသေးဘူးး အမေကမျှော်နေတော့မှာပဲ…. သူက ပြန်ဖြေတော့… ကျနော်သောက်တဲ့ လက်ဖက်ရည်ဖိုးရယ် ကိုရင် ဟာရယ် ပေါင်းရှင်းလိုက်တယ်….. ပြီးတော့ တပည့်တော် ကိုရင့်အမေဆီကို လိုက်ပို့ပေးပါ့မယ် ….. တပည့်တော်မှာ […]
မြစ်ကြီးနားမြို့တွင် ကမ္ဘာမကြေဘူး စာသားကို ယနေ့ တက်တူးထိုးသူ ၁၅၀ခန့်ရှိ
မြစ်ကြီးနားမြို့တွင် ယနေ့ ကမ္ဘာမကြေဘူး စာသားကို တက်တူးထိုးသူ ၁၅၀ခန့်ရှိ မြစ်ကြီးနားမြို့တွင်း ယနေ့ “ကမ္ဘာမကြေဘူး” စာသား တက်တူး ထိုးသူ ( ၁၅၀) ခန့်ရှိ။ မြစ်ကြီးနားမြို့တွင်း ယနေ့ “ကမ္ဘာမကြေ”ဘူး စာသားအား တက်တူး(ဆေးမင်ကြောင်)ထိုးသူလူဦးရေ (၁၅၀) ခန့် ရှိကြောင်းသိရသည်။ ရန်ကုန်မြို့ တက်တူးအဖွဲ့မှ ကမ်ပိန်းအနေဖြင့် “ကမ္ဘာမကြေဘူး”စာသားအား ယနေ့ ထိုးပေးခဲ့ခြင်းဖြစ်သည်။ (မြစ်ကြီးနားတက်တူးဖန်များ) မှလည်း ပါဝင်ကူညီခဲ့ကြပြီး အခမဲ့ထိုးပေးခဲ့ခြင်းဖြစ်သည်။ Photo – Soe Htike MKA Tattoo Studio.crd. Unicode Version မြစ်ကြီးနားမြို့တွင် ယနေ့ ကမ္ဘာမကြေဘူး စာသားကို တက်တူးထိုးသူ ၁၅ဝခန့်ရှိ မြစ်ကြီးနားမြို့တွင်း ယနေ့ “ကမ္ဘာမကြေဘူး” စာသား တက်တူး ထိုးသူ ( […]
ခန္ဓာကိုယ်မှာ လိပ်ပြာတွေလာနားရင် သတိထားပါ
အရောင်အဆင်းအမျိုးမျိုးရှိပြီး ချစ်စရာအသွင်ရှိကြတဲ့လိပ်ပြာလေးတွေ ပန်းလေးတွေပေါ်ဝဲပျံနေတာကိုမြင်ရတဲ့အခါ မကြည်နူးတဲ့လူရယ်လို့မရှိပါဘူး။ လူတော်တော်များများကလိပ်ပြာတွေဟာ ပန်းဝတ်ရည်ကိုသာစုပ်ယူစားသုံးတယ်လို့သိကြတာပါအမှန်တော့ လိပ်ပြာမဖြစ်ခင် ခူကောင်ဘဝမှာ သစ်ပင်ကအရွက်တွေကိုစားပြီးကြီးပြင်းခဲ့ကြပြီး လိပ်ပြာဘဝမှာ ပုရွက်ဆိတ်ငယ်တွေ ပိုးမွှားတွေနဲ့ ပုပ်သိုးဆွေးမြေ့နေတဲ့တိရိစ္ဆာန် တွေ ၊ အသီးအရွက်တွေကိုသာမက တိရိစ္ဆာန် တွေရဲ့မစင်အပေါ်မှာပါ နားခိုပြီးစားသုံးကြတယ်လို့သိရပါတယ် လိပ်ပြာတစ်ကောင်ရဲ့ကျောက်ဖြစ်ရုပ်ကြွင်းဟာ နှစ်ပေါင်း ၅၆သန်းနဲ့ချီပြီးဖြစ်တည်နိုင်ပါတယ်လိပ်ပြာတွေဟာ ပန်းဝတ်ရည်တွေကိုစုပ်ယူစားသုံးပေမယ့် သူတို့အတွက်အာဟာရမလုံလောက်တဲ့အခါ အခြားနေရာတွေကနေ ဆားဓာတ်ရရှိဖို့ စုပ်ယူကြတယ်လို့သိရပါတယ် ဒါ့ကြောင့် လိပ်ပြာလေးတစ်ကောင် ကိုယ့်ခန္ဓာကိုယ်ပေါ်လာနားနေပြီဆိုရင်တော့ သတိထားဖို့လိုပါတယ်ဘာကြောင့်လဲဆိုတော့ သူ တို့ဟာ ဆားဓာတ်လိုချင်တဲ့အတွက် ကိုယ့်ခန္ဓာကိုယ်အတွင်း ချွေးတွေ သွေး ထဲကနေတစ်ဆင့် ဆိုဒီယမ်ကိုစုပ်ယူချင်တာ ဖြစ်နိုင်တာကြောင့်ပါ။ ဒါပေမယ့် ဒီလိုစုပ်ယူချိန်မှာ သူ့ရဲ့သေးငယ်တဲ့ဝတ်ရည်စုပ်တံကြောင့် သင်ဘယ်လိုမှခံစားရမှာမဟုတ်တဲ့အပြင် ပန်းလေးတွေပေါ်မှာပဲ ဝေ့ဝဲလေ့ရှိတဲ့လိပ်ပြာလေးတွေက သင့်ဆီမှာလာရောက်ခိုနားတဲ့အတွက် သင်ဝမ်းသာနေမိမှာအမှန်ပါပဲ။ ရွှေရောင်လမ်း ( Writer – LLA ) Photo […]
၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၃၁.၁.၂၀၂၁ မှ ၆.၂.၂၀၂၁ထိ)
၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၃၁.၁.၂၀၂၁ မှ ၆.၂.၂၀၂၁ အထိ) တနင်္ဂနွေနေ့ဖွား အလုပ်အကိုင် – အရင်အပတ်နဲ့မတူဘဲ အလုပ်၊ စီးပွားကံဇာတာတွေ တက်လာမယ်။ ဒါပေမယ့် အတိုက်အခိုက် မကင်းဘဲ လုပ်ကိုင်ရမ ယ်။ ကိုယ်လုပ်သမျှ အနှောင့်အသွား မကင်းဘဲ ခက်ခဲတတ်ပေမယ့် အဆုံးသတ်မှာတော့ အောင်မြင်မှု ရမယ်။ ငွေကြေးကံ အားနည်းတယ်။ အကုန်အကျ များမယ်။ ငွေအတွက်နဲ့ ဒေါသ ဖြစ်ရလိမ့်မယ် ကျန်းမာရေး – အရိုး၊ အကြောတွေ မကောင်းတာမျိုး ခံစားရတတ်တယ်။ လူပင်ပန်းခံတာမျိုး လျှော့ချရမယ် လူမှုအိမ်ထောင် – လူငယ်တွေ မေတ္တာရေးမှာ စိတ်ချမ်းသာပျော်ရွှင်ရမယ်။ စန်းပွင့်ပြီး လိုအင်ဆန္ဒ ပြည့်ဝရမယ်။ အိမ်ထောင်ရှင်တွေလ ည်း မိသားစုထဲက အခက်အခဲတွေ ပြေလည်သွားမယ်။ […]
မျက်နှာနှင့်နှုတ်ခမ်း တစ်ဝိုက်မှာ” မှဲ့”ရှိခဲ့ရင်
မျက်နှာနှင့်နှုတ်ခမ်း တစ်ဝိုက်မှာ” မှဲ့” ရှိခဲ့ရင် နှုတ်ခမ်းတစ်ဝိုက် ”မှဲ့” ပါတဲ့သူ အများစုဟာ သနားစရာ၊ ချစ်စရာ အလွန် ကောင်းကြပါတယ်။သူတို့တွေဟာ အပြင်ပန်းမှာ ခက်ထန် ကြမ်းတမ်းတယ် ထင်ရပေမယ့် အတွင်းစိတ် သဘောထားကတော့ အလွန် နူးညံ့ သိမ်မွေ့ပါတယ် ပွစိပွစိလုပ်တာကတော့ ဝါသနာပါ သူများကို ကူညီလိုက်လို့ ကိုယ့်မှာ သုညဖြစ်သွား ခဲ့ရင်တောင် ကိုယ်ကူညီလိုက်တဲ့သူ အဆင်ပြေနေတယ်ဆိုရင် ကြည်နူးပီတိ ဖြစ်နေတတ်တဲ့ သူတွေပါ။ နှုတ်ခမ်းတစ်ဝိုက် ”မှဲ့” ပါတဲ့သူတွေဟာ စေတနာလည်း အရမ်းကောင်းသလို သံယောဇဉ်လည်း အလွန်ကြီးကြတဲ့ သူတွေပါ။သူတို့ဟာ စိတ်ဆိုးစိတ်ကောက်လည်း လွယ်ပါတယ်။ ခဏခဏလည်း စိတ်ဆိုးစိတ်ကောက် တတ်ပါတယ်။ စိတ်ကောက်လည်း ခဏပဲ။ ချော့မယ့်သူရှိရင်တော့ ဟန်အမူပိုပြီး ဆက်ပြီးတော့ စိတ်ကောက်ဟန် ဆောင်နေတတ်ပါတယ် ။ချော့မယ့်သူ မရှိရင်တော့ […]
အောင်လအန်ဆန်းနှင့် ဘစ်ဒက်ရှ်တို့ ပြန်ထိုးသတ်မည်ဖြစ်ကြောင်း One Chapionship ၏လူမှုကွန်ရက်တွင် ထုတ်ပြန်ပြီ
အောင်လအန်ဆန်းနှင့် ဘစ်ဒက်ရှ်တို့ လာမည့် ဧပြီလ ၂၁ ရက်တွင် ပြန်ထိုးသတ်မည်ဖြစ်ကြောင်း One Chapionship ၏လူမှုကွန်ရက် တွင် ထုတ်ပြန် ချန်ပီယံအောင်လအန်ဆန်နှင့် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်တို့ လာမည့် ဧပြီလ ၂၁ ရက်တွင် တတိယ One Chapionship က ယင်း၏လူမှုကွန်ရက်တွင် “HUGE NEWS “ONE on TNT” kicks off on April 7 with four weeks of STACKED events featuring Adriano Moraes vs. “Mighty Mouse” Johnson ၊ Eddie Alvarez vs. Iuri Lapicus ၊ Christian […]
မနက်က ရွှေတိဂုံဘုရားအနီး ကြက်သီးထဖွယ်မြင်ကွင်းတစ်ခု.
မနက်က ရွှေတိဂုံဘုရားအနီးမှာ တက္ကစီတစ်စီး ပျက်သွားတော့ လမ်းတွေပိတ်တာပေါ့….. ကုန်းတက်ကြီးဆိုတော့ ဘယ်အဆင်ပြေပါ့မလဲ…..အနီးမှာရှိတဲ့ ယာဉ်ထိန်းရဲက ပြေးလာပြီး ကူတွန်းတယ်….ထင်သလောက် မတွန်းနိုင်ဘူး။ အဲဒီမှာ လက်တစ်ဖက်မရှိတဲ့ သတင်းစာရောင်းသည်က ပြေးလာပြီး ကူတွန်းတယ် တစ်ဆက်တည်း ပန်းသည်ရယ်၊ကွမ်းယာသည်ရယ်ကပါ ဝိုင်းတွန်းတော့ နောက်ဆုံး ပျက်နေတဲ့တက္ကစီ ကုန်းပေါ်ရောက်သွားတော့တယ်။ လမ်းပိတ်နေတာကလည်းရှင်းသွားတယ်…ကိုယ်လည်းဖုန်းအမြန်ထုတ်ပြီးမှတ်တမ်းတင်လိုက်တယ် ကားကို ဝိုင်းတွန်းတဲ့တစ်ဦးတစ်ယောက်ချင်းစီကို လေးစားတယ်…..တကယ်တော့သူတို့နဲ့မဆိုင်သလို နေလို့ရတာပေါ့…… ဒါပေမဲ့ ကိုယ်စီအသိစိတ်နဲ့ပြေးလာပြီး တစ်ယောက်တစ်ဖက် တစ်ယောက်တစ်လက်နဲ့ဝိုင်းကူညီတော့ နောက်ဆုံး ကားပိတ်တာကြီးကို ဖြေရှင်းသွားနိုင်တယ် အခု မြန်မာပြည်မှာ ဖြစ်နေတဲ့ပြသနာတွေဟာ ကျွန်တော်တို့ အတူတူ မရှိဘူးကြသေးလို့ပါ…..။ကျွန်တော်တို့ အတူတူ မတွန်းရသေးလို့ပါ….။ ကျွန်တော်တို့ အတူတူလက်ဆွဲမနှုတ်ဆက် ရသေးလို့ပါ….။လာပါ….လက်သီးဆုပ်တွေဖြည်ပြီး လက်ဆွဲနှုတ်ဆက်ပြီး ကျွန်တော်တို့ အတူတူ ကုန်းပေါ်တက်မယ်လေ ကျွန်တော်တို့ လက်တွေစုပြီး ကဗျာတစ်ပုဒ် ချရေးမယ်…..။ကြိုက်တဲ့ခေါင်းစဉ်တပ် ငြိမ်းချမ်းရေးအကြောင်းတွေ ပါပါစေ […]
ဝေးလံခေါင်သီတဲ့ ဒေသကနေ ဘုရားလာဖူးတဲ့ အဘွားတွေကို လူငယ်တစ်ယောက် ဓာတ်ပုံရိုက်ပြီး မစူးစမ်းမဆင်ခြင်ဘဲ Onlineပေါ် တင်လိုက်သောအခါ..
မလှောင်ပါနဲ့ သားရယ် ရှက်စရာမဟုတ်ပါ….အဘွားတို့ကို မလှောင်ကြပါနဲ့ ဝေးလံခေါင်သီတဲ့ ဒေသကနေ ဘုရားလာဖူးတဲ့ အဘွားတွေကို လူငယ်တစ်ယောက် ဓာတ်ပုံရိုက်ပြီး မစူးစမ်းမဆင်ခြင်ဘဲ Onlineပေါ် တ င်လိုက်တယ်။ သူတင်လိုက်တဲ့ပုံက ခဏအတွင်းမှာပဲ ပြန့်သွားပြီး တစ်ချို့က လှောင်ကြ တစ်ချို့က မလှောင်သင့်ကြောင်းပြောကြတာပေါ့။ဒါကို အဲ့ဒီလူ ငယ်က မသိသေးပါဘူး… အဲ့ဒီနောက် အဘွားတွေရှိရာကို သွားပြီး အဘွားတစ်ယောက်ကို သွားမေးတယ်……. လူငယ် > ဘွားဘွား တစ်ခုလောက်မေးပါရစေ….? ဘွား၂> ရပါတယ်… မေးပါ သား…. လူငယ် > ဘွားဘွားတို့က ဘုရားဖူးလာတာဆိုရင် ဘာဖြစ်လို့ ဝတ်ကောင်းစားလှ ဝတ်ပြီး မလာကြတာလဲ..? သားတို့ မြို့ကြီးက လူတော်တော်များများက ဘုရားဖူးသွားကြရင် ဝတ်ကောင်းစားလှတွေ ဝတ်ကြတယ်…။ ဘွား၂> ဒီလိုကွဲ့သား…အဘွားတို့က ဘုရားကို ဖူးဖို့ပဲလာတာ…ဘုရားဖူးဖို့. […]
နှစ်နဲ့ချီပြီးတွဲလာတဲ့ ချစ်သူ စုံတွဲတွေ ပြတ်ကုန်တာ ဒီကိစ္စတွေကြောင့်ပဲ…
ချစ်သူသက်တမ်းကြာလာရင် ဖြစ်လာတဲ့ ပြဿနာက ပြောစရာရှားလာတယ်။ ဒါ ပေါ့သေးသေး ပြဿနာမဟုတ်ဘူးနော် ။ နှစ်နဲ့ချီပြီး တွဲလာတဲ့ စုံတွဲတွေ ပြတ်ကုန်တာ ဒီကိစ္စကြောင့်ပဲ ဘာပြောရမှန်းမသိတာ ပြောသမျှတွေကို အပိုတွေလို့ ထင်သွားတာ သိပ် အန္တရယ်ကြီးပါတယ် ။ ဥပမာ – ချစ်သူဖြစ်ကာစ ဖုန်းပြောရင် ဘယ်နှစ်နာရီကြာလည်း နှစ်နဲ့ချီလာတော့ မိနစ်တွေ နည်းသွားတယ်။ လိုရင်းပဲ ပြောကြတော့တယ် နောက်ပိုင်း ဖုန်းခေါ်တာတောင် သိပ်မရှိတော့ဘူး။ ဒါ မချစ်တော့တာလား ဆိုတော့လည်း မဟုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက်က နှစ်နဲ့ချီပြီး တွဲလာတာ ချစ်တာပေါ့ …။ ဒါပေမယ့် ဘာပြောရမှန်း မသိတာရယ်၊ ကိုယ့်ဘာသာကိုယ် နေချင်တာရယ်၊ ကိုယ်လုပ်ချင်တာလေးတွေ လုပ်ချင်တာရယ်တွေနဲ့ ပေါင်းပြီး စကားမပြောဖြစ် တော့တာပဲ ။ ချစ်တယ်ဆိုတာကို […]









