သုံးစွဲပြီးသားပလပ်စတစ်ဘူးခွံတွေကို ဘာတွေလုပ်လို့ရလဲ❓ ပန်းအိုး❓ ရေသန့်ဘူး❓လေအေးပေးစက်❓ ကမ္ဘာ့ရာသီဥတုကလည်း ပိုမိုပူနွေးလာတာနဲ့အမျှ လူသားတွေက လျှပ်စစ်စွမ်းအင်ကိုအသုံးပြုပြီး ပန်ကာတွေ၊ လေအေးပေးစက်တွေကို သုံးစွဲလာလာကြပါတယ်။ ဒါပေမဲ့ ဓာတ်အားမလိုပဲအဲကွန်းဖွင့်နိုင်မယ်ဆိုရင်ရော❓ 📌ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Ashis Paul က Eco-Cooler လို့ခေါ်တဲ့ ပလက်စတစ်ဘူးခွံမှာနဲ့ လေအေးပေးစက်ကို တီထွင်ခဲ့ပါတယ်။ သူဟာ ဒီအကြံကို Physics ဆရာက သူ့သမီးကို ဓာတ်ငွေ့များလာတာနဲ့ အေးတဲ့အကြောင်းကိုရှင်းပြနေတဲ့အချိန်မှာ ကြားပြီးရရှိခဲ့တာဖြစ်ပါတယ်။ Eco-Cooler ကိုဘယ်လိုလုပ်ရတာလဲ❓ 💡 ပလက်စတစ်ဘူးခွံတစ်ဝက်ကိုဖြတ်ပြီး အပေါက်ဖောက်ထားတဲ့ ဘုတ်ပြားပေါ် မှာစွပ်ပြီးကပ်ထားရပါမယ်။ 💡ပြီးတော့ ဘုတ်ပြားကို ပြတင်းပေါက်မှာတပ်ထားရပါမယ်။ အပေါက်သေးတဲ့ ဘူးအဖုံး ဘက်ခြမ်းကိုတော့ အိမ်ထဲမှာထားရပါမယ်။ ကျယ်တဲ့ဘက်ခြမ်းကို အပြင်မှာထားရပါမယ်။ တကယ်ရော အေးရဲ့လား❓ဘယ်လိုအလုပ်လုပ်တာလဲ❓ -ကျယ်တဲ့ဘက်ကလာတဲ့လေက အပေါက်သေးတဲ့ဘက်ကလေထွက်လာတဲ့အခါ ဖိအားပြောင်းလဲခြင်းကြောင့် အေးတဲ့လေကိုပြန်ထွက်ပါတယ်။ ❗️ဥပမာ – လက်ကို […]
Day: May 10, 2021
ကုန်းဘောင်ခေတ် နာမည်ကြီး အမျိုးသမီးသူရဲကောင်း မယ်ဘယက်
မယ်ဘယက်သည် ကုန်းဘောင်ခေတ် နှောင်းပိုင်း ကာလတွင် ပေါ်ပေါက်ခဲ့သော အမျိုးသမီးစစ်ဗိုလ် တစ်ဦးဖြစ်သည်။ သူမသည် မြင်းစီးကျွမ်းကျင်မှုနှင့် ဓားရေးကျွမ်းကျင်မှုကြောင့် နာမည်ကြီးသူဖြစ်သည်။ မယ်ဘယက်သည် ဘကြီးတော် စစ်ကိုင်းမင်း လက်ထက်တွင် အမှုတော်ထမ်း ဗိုလ်တစ်ဦးဖြစ်ခဲ့ပြီး နန်းမတော်မယ်နုအထိန်းတော်၏ ချွေးမ ဖြစ်သူ မယ်ခလုပ် အား အမရပူရမြို့မြောက်ဘက်ကျုံးထိပ်တွင် မြင်းစီးချင်းထိုးကာ အနိုင်ယူခဲ့သူ ဖြစ်ကြောင်း အမရပူရ ရာဇဝင်တွင် ရေးသားထားသည်။ တောင်သမန်အင်း အရှေ့မြောက်ထောင့်တွင် တည်ရှိသော မယ်ဘယက်ကုန်း ဟူသည့်အရပ်သည် ထိုခေတ်က သူမအား အပိုင်စားပေးခဲ့သည့် နယ်မြေ ဖြစ်သည်။ ဘကြီးတော်စစ်ကိုင်းမင်းကို ညီတော် သာယာဝတီမင်းက နန်းချကာ အာဏာသိမ်းပြီးနောက် စစ်ကိုင်းမင်းအား အကျယ်ချုပ် ချထားရာနေရာနှင့် နန်းမတော်မယ်နုအား ရေချကွပ်မျက်သည့်နေရာသည် မယ်ဘယက်ကုန်း အနီးတွင် ဖြစ်ကြောင်းလည်း သိရှိရသည်။ ဘကြီးတော်မင်းလက်ထက် အေဒီ […]

