နိုင်ငံကျော်အဆိုတော် ကျားပေါက်လက်နဲ့ရေးဆွဲထားတဲ့ Doodle Art အိတ် ၉ လုံးကို ယနေ့ည ရး၃၀ အချိန်ကစပြီးမနက်ဖြန် နိုဝင်ဘာ ၉ ရက်ည ရး၃ဝအချိန်ထိ အိတ်ပိတ်တင်ဒါနဲ့ ပန်ဆယ်လိုက ရောင်းချနေပါတယ်။ အိတ်ရောင်းရငွေကနေရရှိတဲ့ ငွေကြေးအားလုံး ချင်းပြည်နယ် ထန်တလန်မြို့ ပြည်သူတွေအတွက် ပေးလှူသွားမယ်လို့လည်းဖော်ပြထားပါတယ်။ အိတ်ဟာ ၁၀ အိတ်သာထုတ်လုပ်ထားပြီး ၁ အိတ်ကိုတော့ Bipolar Bear Page ကနေ မဲဖောက်ပေးမှာပါတယ်။အိတ်ရဲ့ ကြမ်းခင်းဈေးကို ဒေါ်လာ ၅၀၀ သတ်မှတ်ထားပြီး ဝယ်ယူလိုပါက မိမိပေးနိုင်တဲ့ အမြင့်ဆုံးဈေးနှုန်းကိုအိတ်နံပါတ်နဲ့အတူ ပန်ဆယ်လို မေဆင်ဂျာကိုပေးပို့ရမှာဖြစ်ပါတယ်။ ဈေးအမြင့်ဆုံးပေးတဲ့သူကို နောက်ဆုံးနာရီတွင်သာ ကြေညာသွားမှာဖြစ်ပါတယ်။ တစ်နာရီအတွင်းမှာ ကမ်းလှမ်းလာသူ ၃၀ ကျော်ရှိပြီး အိတ်တစ်လုံးအတွက် ဒေါ်လာ ၂၀၀၀ အထိ ပေးဝယ်ချင်တဲ့သူတွေရှိကြောင်းသိရတယ်။ နိုင်ငံကျော်အဆိုတော် […]
Day: November 10, 2021
သားဖြစ်သူဟာ သူနှင့်လုံးဝမတူဘူးဟု သူငယ်ချင်းများက စနေခဲ့သောကြောင့် DNAစစ်ကြည့်လိုက်ရာမှ ဇနီးသည်ဟာ သူများနှင့်ဖောက်ပြန်ပြီး ရရှိထားသောကလေးမှန်းသိခဲ့ရ
တရုတ်နိုင်ငံ Shaanxiပြည်နယ် Cangleမြို့တွင်နေထိုင်သော အသက်၃၁နှစ်အရွယ် Xiao Gaoဆိုသည့် အမျိုးသား၏အိမ်ထောင်ရေးအဖြစ်ဟာ အတော်လေးဝမ်းနည်းဖွယ်ကောင်းလှပါတယ်။အမျိုးသားဟာ ဇနီးသည်လေးနှင့်အတူ သားတစ်ယောက်ရှိခဲ့ပြီး ပျော်ရွင်စွာဖြင့် မိသားစုကမ္ဘာလေးကို တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ သို့သော်လည်း အမျိုးသားကို သူငယ်ချင်းများက သားနှင့်ရုပ်ချင်းမတူသည့်အတွက် သားအရင်းမဟုတ်ဘူးလို့ စနောက်ခြင်းကို ခံနေခဲ့ရပါတယ်။ထို့ကြောင့် DNAစစ်ဆေးကြည့်လိုက်ရာတွင် အမှန်တကယ် သူ၏သားမဟုတ်ကြောင်းသိခဲ့ရပါတယ်။ ထိုအခါမှ ဇနီးသည်ဖြစ်သူဟာ ခရီးတစ်ခုထွက်စဉ်က လမ်းတွင်တွေ့ခဲ့သော အမျိုးသားတစ်ဦးနှင့်ဆုံခဲ့ပြီး ကိုယ်ဝန်ရရှိခဲ့ကြောင်းနှင့် ကလေး၏ဖခင်အရင်းဟာ မည့်သည့်ဒေသတွင်နေထိုင်မှန်းပင် မသိရှိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ သားဖြစ်သူဟာ သူနှင့်လုံးဝမတူဘူးဟု သူငယ်ချင်းများက စနေခဲ့သောကြောင့် DNAစစ်ကြည့်လိုက်ရာမှ ဇနီးသည်ဟာ သူများနှင့်ဖောက်ပြန်ပြီး ရရှိထားသောကလေးမှန်းသိခဲ့ရ တရုတ်နိုင်ငံ Shaanxiပြည်နယ် Cangleမြို့တွင်နေထိုင်သော အသက်၃၁နှစ်အရွယ် Xiao Gaoဆိုသည့်အမျိုးသား၏အိမ်ထောင်ရေးအဖြစ်ဟာ အတော်လေးဝမ်းနည်းဖွယ်ကောင်းလှပါတယ်။အမျိုးသားဟာ ဇနီးသည်လေးနှင့်အတူ သားတစ်ယောက်ရှိခဲ့ပြီး ပျော်ရွင်စွာဖြင့် မိသားစုကမ္ဘာလေးကို တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ သို့သော်လည်း အမျိုးသားကို […]
အင်းဝ မှာ “ရေ” ၊ မြေ မှာ “ပဲခူး” ဆိုတဲ့ ဆိုရိုးစကားအဓိပ္ပာယ် နှင့် ပေါ်ပေါက်လာပုံ
အင်းဝမှာရေ – အင်းဝမှာ ရေ ၊ မြေမှာ ပဲခူး ဟူသော စကားကို ရှေးလူကြီးများမှ တစ်ဆင့် ကြားဖူးကောင်း ကြားဖူးနိုင်ပါတယ်။ ဒီလိုဆိုရခြင်းမှာ အင်းဝသည် ရေကြီးခြင်း ၊မိုးခေါင်ခြင်း စသည့် ရေနှင့် ပတ်သတ်သော ဒုက္ခများကြောင့် မြို့ပါ ပျက်ခဲ့ရသည်ဟု ဆိုလို့ရသော ကြောင့် ပင်။ သက္ကရာဇ် ၁၇၄၁ ခုနှစ် မဟာဓမ္မရာဇာဓိပတိ လက် ထက်တွင် ဖြစ်ခဲ့သည့် အဖြစ်များဖြစ်သည်။ ထိုမင်းသည် မင်းဆိုးဟု မဆိုထိုက်သော်လည်း မင်းကောင်း မင်းမြတ်ဟု လည်း မဆိုထိုက်ပြန်။ တိုင်းပြည်ရေးကို သိပ်စိတ်မဝင်စားခဲ့။နန်းတက်သည့် နှစ်အ တွင်း၌ပင် အင်းဝအား ဧရာဝတီမြစ်ရေ အဆမတန် မြင့်တက်ခဲ့ပြီး လနှင့်ချီ၍ ပြန်မကျခဲ့တာကြောင့်“ရေရူးကြီး” ဟုပင် နာမည် တွင်သွားသည်။ ရေကိုတားဖို့ […]
ကိုယ်အလေးချိန် ပေါင် ၁၀၀ အထိချလိုက်နိုင်ပြီး အရမ်းကို နုဖပ်သွားတဲ့ကမ္ဘာကျော် အဆိုတော် ADELE
Adele ဟာ အသက်၃၃နှစ်အရွယ်ရှိတဲ့ ဗြိတိန်အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူမမှာသားလေးတစ်ယောက်ရှိပြီးခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းထားတာလည်း မကြာသေးပါဘူး။သူမရဲ့သီချင်းခွေတွေဟာလည်း သန်း၁၂၀ကျော် စံချိန်အထိရောင်းရထားပြီးအောင်မြင်မှုတွေရရှိထားပါတယ်။ ဂရမ်မီဆုပေါင်းများစွာလည်း ရရှိပိုင်ဆိုင်ထားတဲ့Adele ဟာကိုယ်ခန္ဓာ တုတ်တုတ်ပြည့်ပြည့်လေးပါ။Adele လို့ပြောရင်ကို တုတ်တုတ်ခိုင်ခိုင်ပုံစံလေးကို အရင်ပြေးမြင်ကြပါတယ်။အခုAdele ဟာ ပေါင်၁၀၀အထိကျပြီး ပိန်သွားပါပြီ။Adele ဝိတ်ကျသွားတဲ့ ပုံစံကသူမရဲ့ သီချင်းခွေတွေထက်တောင်ပိုပြီး လူပြောများနေပါတယ်။ Adele ဟာ သူမဝိတ်ချရတာဟာ လှချင်လို့မဟုတ်ဘဲ သူမရဲ့စိတ်ပူပင်သောကတွေ ပြေပျောက်စေဖို့အတွက်လို့ သိရပါတယ်။ သူမဟာ စိတ်ညစ်လာရင်လေ့ကျင့်ခန်းလုပ်ပြီး လေ့ကျင့်ခန်းတွေလုပ်နေမှသာ စိတ်ကနေလို့ကောင်းသွားတယ်လို့ ဆိုထားပါတယ်။အခုလိုဝိတ်တွေချလိုက်တာနှင့်ပတ်သတ်ပြီး ကွာရှင်းလိုက်တဲ့ သူမရဲ့အမျိုးသားဖြစ်သူကြောင့်လားဆိုပြီး သုံးသပ်ထားကြတဲ့သူတွေ လည်းရှိပါတယ်။ဒါပေမယ့်Adele ကတော့ဘယ်သူ့အတွက်ကြောင့်မှမဟုတ်ဘဲ သူမတစ်ယောက်တည်းအတွက်လို့ဆိုထားပါတယ်။ Adele ဝိတ်ချခဲ့တဲ့အချိန်က၂နှစ်ဖြစ်ပြီး၂နှစ်တာကာလအတွင်းမှာပေါင်၁၀၀အထိချနိုင်အောင်ဆောင်ရွက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဝိတ်ချပြီးတဲ့နောက်မှာAdele ပုံစံလေးကလည်းအရမ်းကိုနုဖပ်သွားပါတယ်။ crd-original ကိုယ်အလေးချိန် ပေါင် ၁၀၀ အထိချလိုက်နိုင်ပြီး အရမ်းကို နုဖပ်သွားတဲ့ကမ္ဘာကျော် အဆိုတော် Adele Adele ဟာ […]
မစားရက်ချင်စရာကောင်းပြီး ရေထဲထည့်ထားချင်သွားအောင် ချစ်ဖို့ကောင်းလို့ နာမည်ကြီးနေတဲ့ ရွှေငါးဖက်ထုပ်
မစားရက်ချင်စရာကောင်းပြီး ရေထဲထည့်ထားချင်သွားအောင် ချစ်ဖို့ကောင်းလို့ နာမည်ကြီးနေတဲ့ ရွှေငါးဖက်ထုပ် ထိုင်ဝမ်ရှိ Minmin Chang အမည်ရှိအမျိုးသမီးတစ်ဦးဟာ သူမရဲ့ချစ်စရာကောင်းတဲ့ ရွှေငါးပုံသဏ္ဌန်ဖက်ထုပ်ပုံများ နှင့် ၎င်းအတိုင်းပြုလုပ်ရမဲ့ အသေးစိတ်ညွှန်ကြားချက်များကို social media မှာမျှဝေပြီးနောက် လူသိများသွားခဲ့ပါတယ်။ သူမရဲ့ ညွှန်ကြားချက်များအတိုင်း သင် မှန်ကန်စွာ ပြုလုပ်နိုင်လားဆိုတာကို ကျွန်တော်မပြောနိုင်ပေမဲ့ အထင်ကြီးစရာကောင်းတာက ချစ်စရာကောင်းတဲ့ ရွှေငါးဖက်ထုပ်များကို ပေါင်းပြီးတဲ့နောက်မှာတောင်မှ ပိုပြီးကြည့်ကောင်းနေတာကို သင် တွေ့ရမှာပါ။ Minmin Chang ရဲ့မူလ Facebook post မှာ Likes ၄၀,၀၀၀ နီးပါးနှင့် မှတ်ချက်ပေါင်း ၈၀၀၀ ကျော်ရရှိခဲ့ပြီး social network မျိုးစုံများက ၎င်းpost ကို ပြန်လည်မျှဝေနေဆဲဖြစ်ပါတယ်။ Minmin Chang ဟာ ပန်းချီဆွဲတာ သင်ကြားပေးရခြင်း နှင့် […]




