Day: November 16, 2021
ဝင်ပြီးသားငွေတွေ ကိုယ့်ဆီကနေပြန်မထွက်စေဖို့ ဂမ္ဘီရပိုက်ဆံအိတ်ပြုလုပ်နည်း
၀င်ပြီးသားငွေပြန်မထွက်စေဖို့ သိသားသင့်တဲ့ဆောင်ရန်ရှောင်ရန်များ။ ငွေကြေးနဲ့ပတ်သက်လို့ ကံမကောင်းချင်တဲ့သူ မရှိလောက်ဘူးထင်ပါတယ်။ ကိုယ်ရှာသလောက်ပဲငွေကဝင်မှာဆိုပေမယ့် ငွေကြေးကံကောင်းနေတာနဲ့ မကောင်းတာနဲ့တော့မတူပါဘူး။ သင့်အနေနဲ့သင့်ရဲ့ငွေကြေးနဲ့ ပတ်သက်တဲ့ကံကောင်းအောင် အခုဖော်ပြမယ့်အချက်လေးတွေကိုလုပ်ကြည့်လိုက်ပါနော်။ (၁) ပိုက်ဆံအိတ်အရောင် = ပိုက်ဆံအိတ်တစ်လုံးဝယ်တော့မယ်ဆိုရင် ရွှေရောင်၊ အဝါရောင်၊ ပန်းရောင်၊ အဖြူရောင်၊ အနက်ရောင်နဲ့ထုံးခြောက်ရောင်တို့ကိုဦးစားပေးရွေးသင့်ပါတယ်။ အဲ့ဒီအရောင်တွေက ငွေပိုဝင်အောင်ဆွဲဆောင်နိုင်ပြီး ပိုက်ဆံမထွက်အောင် ထိန်းပေးထားနိုင်တယ်လို့ယူဆကြပါတယ်။ ရွှေရောင်ကတော့အားအကောင်းဆုံးအရောင်ဖြစ်ပြီး ပိုက်ဆံနဲ့ပတ်သက်တဲ့အသုံးအဆောင်တွေကို ရွှေရောင်သုံးပေးရင်အကောင်းဆုံးပါ။ အနက်ရောင်ကတော့ဝင်လာပြီးသားပိုက်ဆံတွေ လွယ်လွယ်ထွက်မသွားအောင် ထိန်းပေးနိုင်ဆုံးအရောင်ဖြစ်ပါတယ်။ ပိုက်ဆံအိတ်ဝယ်ရင် လုံးဝမရွေးသင့်တဲ့အရောင်တွေကတော့ အနီရောင်နဲ့အပြာရောင်ပါ။ အနီရောင်ကမီးနဲ့တူတာကြောင့် သင့်ဆီဝင်လာမယ့်ပိုက်ဆံတွေနဲ့ ကံကောင်းခြင်းတွေကို လောင်ကျွမ်းသွားစေနိုင်ပြီး အပြာရောင်ကတော့ရေလိုပဲ သင့်ဆီမှာရှိပြီးသားငွေတွေကို စီးဆင်းသွားစေမယ်ဆိုတဲ့အယူအဆရှိကြလို့ပါ။ (၂) အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့အရောင် = အဲ့ဒါကတော့ပန်းရောင်ပါ။ ပိုက်ဆံအိတ်ပန်းရောင်ကိုရွေးမယ်ဆိုရင် ပိုက်ဆံတွေကိုတိုးပွားစေနိုင်တဲ့အစွမ်းရှိပြီး အမျိုးသမီးတွေအတွက် ကံကောင်ခြင်းတွေလည်း တိုးလာစေတယ်ဆိုတဲ့အယူအဆရှိပါတယ်။ (၃) ပိုက်ဆံအိတ်အနေအထား = ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံကလွဲပြီးတခြားတိုလီမှုတ်စတွေ […]
ကိုသိန်းတန် ( မြန်မာပြည် ) US ပြန်သွားပြီဆိုလို့ သူ့ထူးခြားမှုလေးတွေ တင်ပြပါရစေ ….
အကျိုးပေးကောင်းသော ဂီတသမား ကိုသိန်းတန် ( မြန်မာပြည် ) US ပြန်သွားပြီဆိုလို့ သူ့ထူးခြားမှုလေးတွေ တင်ပြပါရစေ ။ ပထမ ဂစ်တာတဒေါင်ဒေါင်တဒင်ဒင်လုပ်နေလို့ ဖခင်အိမ်ပေါ်က ဆင်းခဲ့ရတယ် ။ မိတ်ဆွေတစ်ယောက်အိမ် သွားနေတယ် ။ အဲဒီမိတ်ဆွေဟာ ကိုဇော်မင်း ( ဂစ်တာဥယျာဉ် ) ပါ ။ ကိုဇော်မင်းဟာ လူပျိုလူလွတ် ၊ ဂီတ ဝါသနာပါတယ် ။ ပြီးတော့ ခေတ်ပညာတတ် ၊ E လည်း ကျွမ်းသူ ။ ကိုဇော်မင်းနဲ့အတူ အင်္ဂလိပ်သီချင်းစာအုပ်တွေ ထုတ်ဖြစ်တယ် ။ ဂစ်တာကော့ဒ်တွေ ကူညီခွင့်ရတယ် ။ ဒါတွေဟာ နောင်မှာ သမိုင်းဝင် ‘ ဂစ်တာဥယျာဉ် ‘ စာအုပ်တွေအတွက် ရှေ့ပြေးပေါ့ ။ […]
အမှန်တကယ် အိမ်ခြံမြေမရှိသူများကို လူမျိုးဘာသာမရွေး မြေယာများ ပေးဝေလှုဒါန်း
သံဖြူဇရပ်ဒေသခံ သူဌေး ဦးခွေး- (ဒေါ်ယိမ်း)တို့မှ အိမ်ခြံမြေမရှိသူများအတွက် မြေယာများ ပေးဝေလှုဒါန်း YNI ရန်ကုန်သတင်းပုံရိပ် မွန်ပြည်နယ် သံဖြူဇရပ်မြို့ဒေသခံ ဦးခွေး မှ၎င်းပိုင် ရော်ဘာခြံမြေဧက ၈၀ မှာ မြေကွက် ၉၀၀ ကျော်ဖော် ထုတ်၍ ဒေသတွင်း မြေယာမဲ့ပြည်သူတွေကို ပေးအပ်လှူဒါန်းရန် လျှောက်လွှာများ လက်ခံခဲ့ပြီးဖြစ်သည်ဟု သတင်းရရှိသည်။ အဆိုပါမြေယာပေးဝေရေးမှာ ကူညီဆောင်ရွက်ပေးနေသူ ဒေါက်တာတင့်အောင်စိုးက “မနေ့ကနဲ့ဒီနေ့ နှစ်ရက်ကို လျှောက်လွှာတွေလက်ခံပြီး ချလံ(၉၀၀) ပေးလိုက်ပါပြီး၊ ချလံရတဲ့ လူတွေကမြေကွက် တွေရပြီးပေါ့၊ ဘယ် မြေကွက်ရမလဲဆိုတာတော့ မဲနှိုက်ပါမယ်၊ လာလျှောက်တဲ့လူတိုင်းကိုပေးပါတယ်၊ ဒါပေမဲ့ တစ်အိမ်ထောင်ကို မြေတစ်ကွက်နှုန်းပေါ့၊ဆရာတို့အဓိက စိစစ်တာက အိမ်ထောင်စုစာရင်း တစ်ခုတည်းကနေ ၂ ယောက် ၃ ယောက် လာလျှောက်တာမျိုးကိုပဲ စိစစ်ပြီးပယ်ပါတယ်၊ ကျန်တာတွေအားလုံးက ရကြပါတယ်”ဟု […]
နေ့ဂျင်း ညဂျင်း စီးပွားတက်ယတြာ
ဇာတ်လမ်းအစက ဒီလိုဗျာ။ မနေ့က Fbပေါ်မှာ အကောင့်ထဲက ကလေးမတစ်ယောက်က ယတြာတစ်ခု Shareထားတာ မြင်တယ်ဗျ။ ကြည့်လိုက်တော့ ဖယောင်းတိုင်ကို ဂျင်းတစ်တက်ပေါ် မီးထွန်းခိုင်းတာ။တခြားဘာမှမပါဘူး။ Color Theoryနဲ့ နေ့ဂျင်းညဂျင်းဖြစ်စေတဲ့ ဓာတ်ကို Mixလုပ်လိုက်တယ် ထင်ပါတယ်။ အဲ့မှာစပြီး ကျနော့်ဖာသာ တစ်ယောက်တည်း စောက်သည်းယားလာတော့တာပဲ။ ဂျင်းဆိုတာက တေဇောဓာတ်အပူဓာတ်ကိုအားပေးတာ။ မီးဆိုတာကလည်း အပူပဲ။ ဆိုတော့ အပူနှစ်ခုကို နေ့ချင်းညချင်းဖြစ်အောင်ဆိုတဲ့ ဓာတ်ယူတာကို တွေးကြည့်တတ်ရင်တောင် အတော်လန့်စရာကောင်းနေပြီ။ ဒါပေမယ့် ဂျင်းနဲ့မီးထွန်းတာကို ဆရာကြီးမင်းသိင်္ခရဲ့ ယတြာတွေထဲမြင်ထားဖူးခဲ့တော့ အပြစ်တင်မစောရဲသေးဘူး။ ငါများလေ့လာမှုနည်းနေလို့လားဆိုပြီး ပြန်ရှာရ လေ့လာရသေးတယ်။ အဲ့ဒီလိုလေ့လာရင်းနဲ့ တွေ့ခဲ့တဲ့ ဓာတ်ယတြာလေးတွေ ပြန်ဝေမျှပေးချင်လာလို့ ဖောက်သည်ချလိုက်ပြီဗျာ။ “ဂျင်းမမိစေဖို့ ဂျင်းတက်ယတြာများ”လို့ပဲ ဒီစာစုကို နာမည်ပေးလိုက်တော့မယ်။ ဂျင်းတက်နဲ့ နေ့ဂျင်းညဂျင်းအကျိုးပေးအောင် ယတြာလုပ်မရတာတော့မဟုတ်ဘူးဗျ။ လုပ်တတ်ရင် ရတယ်။ […]
စစ်ဘေးရှောင်လေးများကို အကနဲ့ဖျော်ဖြေပေးခဲ့ကြတဲ့ PDF ညီမငယ်လေးများ
စစ်ဘေးရှောင်လေးများကို အကနဲ့ဖျော်ဖြေပေးခဲ့ကြတဲ့ PDF ညီမငယ်လေးများ PDF လူငယ်လေးတွေဟာစိတ်ထားအလွန်ဖြူစင်ပြီးတစ်ပါးသူကိုကူညီတတ်ကြသူများဖြစ်ကြပါသည်။ သူတို့ဟာလူတစ်ဖက်သားကိုကူညီရုံသာမကပါဘူး တိုင်းပြည်အတွက်ကိုလည်းကိုယ်ကျိူးစွန့်ကူညီပေးတတ်ကြသူများဖြစ်ပါသည်။ သူတို့တွေဟာကျနော်တို့အတွက်တော့ကျေးဇူရှင်သူရဲကောင်းလေးများပဲဖြစ်ကြပါတယ်။သူတို့ကို ဒီပွဲပီးသွားရင်မေ့ထားလို့မရတော့တဲ့ သမိုင်းသူရဲကောင်းလေးများလို့သတ်မှတ်ကြတော့မှာပါပဲဖြစ်ပါတယ်။ PDF လူငယ်လေးတွေဟာစိတ်ထားအလွန်ဖြူစင်ပြီးတစ်ပါးသူကိုကူညီတတ်ကြသူများဖြစ်ကြပါသည်။ သူတို့ဟာလူတစ်ဖက်သားကိုကူညီရုံသာမကပါဘူး တိုင်းပြည်အတွက်ကိုလည်းကိုယ်ကျိူးစွန့်ကူညီပေးတတ်ကြသူများဖြစ်ပါသည်။ သူတို့တွေဟာကျနော်တို့အတွက်တော့ကျေးဇူရှင်သူရဲကောင်းလေးများပဲဖြစ်ကြပါတယ်။သူတို့ကို ဒီပွဲပီးသွားရင်မေ့ထားလို့မရတော့တဲ့ သမိုင်းသူရဲကောင်းလေးများလို့သတ်မှတ်ကြတော့မှာပါပဲဖြစ်ပါတယ်။ PDF လူငယ်လေးတွေဟာစိတ်ထားအလွန်ဖြူစင်ပြီးတစ်ပါးသူကိုကူညီတတ်ကြသူများဖြစ်ကြပါသည်။ သူတို့ဟာလူတစ်ဖက်သားကိုကူညီရုံသာမကပါဘူး တိုင်းပြည်အတွက်ကိုလည်းကိုယ်ကျိူးစွန့်ကူညီပေးတတ်ကြသူများဖြစ်ပါသည်။ သူတို့တွေဟာကျနော်တို့အတွက်တော့ကျေးဇူရှင်သူရဲကောင်းလေးများပဲဖြစ်ကြပါတယ်။သူတို့ကို ဒီပွဲပီးသွားရင်မေ့ထားလို့မရတော့တဲ့ သမိုင်းသူရဲကောင်းလေးများလို့သတ်မှတ်ကြတော့မှာပါပဲဖြစ်ပါတယ်။ PDF လူငယ်လေးတွေဟာစိတ်ထားအလွန်ဖြူစင်ပြီးတစ်ပါးသူကိုကူညီတတ်ကြသူများဖြစ်ကြပါသည်။ သူတို့ဟာလူတစ်ဖက်သားကိုကူညီရုံသာမကပါဘူး တိုင်းပြည်အတွက်ကိုလည်းကိုယ်ကျိူးစွန့်ကူညီပေးတတ်ကြသူများဖြစ်ပါသည်။ သူတို့တွေဟာကျနော်တို့အတွက်တော့ကျေးဇူရှင်သူရဲကောင်းလေးများပဲဖြစ်ကြပါတယ်။သူတို့ကို ဒီပွဲပီးသွားရင်မေ့ထားလို့မရတော့တဲ့ သမိုင်းသူရဲကောင်းလေးများလို့သတ်မှတ်ကြတော့မှာပါပဲဖြစ်ပါတယ်။ PDF လူငယ်လေးတွေဟာစိတ်ထားအလွန်ဖြူစင်ပြီးတစ်ပါးသူကိုကူညီတတ်ကြသူများဖြစ်ကြပါသည်။ သူတို့ဟာလူတစ်ဖက်သားကိုကူညီရုံသာမကပါဘူး တိုင်းပြည်အတွက်ကိုလည်းကိုယ်ကျိူးစွန့်ကူညီပေးတတ်ကြသူများဖြစ်ပါသည်။ သူတို့တွေဟာကျနော်တို့အတွက်တော့ကျေးဇူရှင်သူရဲကောင်းလေးများပဲဖြစ်ကြပါတယ်။သူတို့ကို ဒီပွဲပီးသွားရင်မေ့ထားလို့မရတော့တဲ့ သမိုင်းသူရဲကောင်းလေးများလို့သတ်မှတ်ကြတော့မှာပါပဲဖြစ်ပါတယ်။ PDF လူငယ်လေးတွေဟာစိတ်ထားအလွန်ဖြူစင်ပြီးတစ်ပါးသူကိုကူညီတတ်ကြသူများဖြစ်ကြပါသည်။ သူတို့ဟာလူတစ်ဖက်သားကိုကူညီရုံသာမကပါဘူး တိုင်းပြည်အတွက်ကိုလည်းကိုယ်ကျိူးစွန့်ကူညီပေးတတ်ကြသူများဖြစ်ပါသည်။ သူတို့တွေဟာကျနော်တို့အတွက်တော့ကျေးဇူရှင်သူရဲကောင်းလေးများပဲဖြစ်ကြပါတယ်။သူတို့ကို ဒီပွဲပီးသွားရင်မေ့ထားလို့မရတော့တဲ့ သမိုင်းသူရဲကောင်းလေးများလို့သတ်မှတ်ကြတော့မှာပါပဲဖြစ်ပါတယ်။ unicode စစျဘေးရှောငျလေးမြားကို အကနဲ့ဖြောျဖွပေေးခဲ့ကွတဲ့ PDF ညီမငယျလေးမြား စစျဘေးရှောငျလေးမြားကို အကနဲ့ဖြောျဖွပေေးခဲ့ကွတဲ့ PDF ညီမငယျလေးမြား […]
အပြစ်မဲ့အမျိုးသမီးတစ်ဦးအား နေအိမ်သို့ကျူးကျော်ဝင်ရောက်ဖမ်းဆီးသွား မန္တလေး၊နိုဝင်ဘာလ၊၁၆ရက် မန္တလေးတိုင်း ၊ မဟာအောင်မြေမြို့နယ် ၄၂လမ်း၊ ၇၉လမ်းနှင့်၈၀လမ်းကြား၊ (၈၃၉) ရပ်ကွက် နေ အသက် ၃၅ နှစ်အရွယ် မကြွယ်ကြွယ်လှိုင် ၉/မဟမ(နိုင်)၀၀၆၆၆၆ ကို အဖြူရောင် Land Cruiser ကားတစ်စီးပေါ်မှ အရပ်ဝတ် လက်နက်ကိုင် ခြောက်ယောက်က နိုဝင်ဘာလ ၁၅ ရက် နေ့လည် ၂ နာရီ ဝန်းကျင်ခန့်မှာ သူမ၏ နေအိမ် (ရေအိုးဆိုင်) အတွင်းသို့ ကျူးကျော် ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရပါသည်။ “ကောင်မနင့်လုပ်ရပ်တွေအတင့်ရဲလွန်းတယ်”ဟု ပြောပီး အင်္ကျီအပေါ်ဝတ် ဝတ်အုန်းမည်ဟုဆိုသည်ကို မဝတ်နဲ့ဆိုပြီးဖမ်းခေါ်သွားကာ ဘေးအိမ်ကပြည်သူများကိုလည်းသတင်းထွက်လာရင်အကုန်ပစ်သတ်မယ်ဟု ယုတ်ရင်းကြမ်းတမ်းစွာ ကြိမ်းမောင်းပြောဆိုသွားကြောင်းလည်း သိရပါသည်။ ယနေ့ နိုဝင်ဘာလ (၁၆)ရက်နေ့အထိ မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားကြောင်း […]
၂၀၀၈ ဖွဲ့စည်းပုံအောက် ပြန်သွားမည် မဟုတ်ဟု ဦးမင်းကိုနိုင် ပြော
၂၀၀၈ ဖွဲ့စည်းပုံအောက် ပြန်သွားမည် မဟုတ်ဟု ဦးမင်းကိုနိုင် ပြော မဇ္ဈိမ စစ်အာဏာရှင်များ စိတ်တိုင်းကျ ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကို ပြန်သွားမည် မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ( NUCC )တွင် ပါဝင်သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောသည်။ ယနေ့ နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် အရေးပါသော အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်ကို ပြန်သွားမှာ မဟုတ်ဘူး။ ဒါကတော့ သေချာတယ်။ ဒီလောက်ဆို တော်တော်ကြီးကို […]
ကိုယ်ချစ်သလောက်ပြန်အချစ်မခံရတဲ့သူတွေပဲ နားလည်နိုင်တဲ့ခံစားချက်(၅)မျိုး
ကိုယ်ချစ်သလောက်ပြန်အချစ်မခံရတဲ့သူတွေပဲ နားလည်နိုင်တဲ့ခံစားချက်(၅)မျိုး ကိုယ်ချစ်သလောက် ပြန်အချစ်မခံရတာ ချစ်သူတစ်ယောက်တည်းဆီကမှ မဟုတ်ပါဘူး။ မိဘ၊ မောင်နှမ၊ သူငယ်ချင်းအပေါင်းသင်းတွေဆီကလည်း ဖြစ်နိုင်ပါတယ် …။ ကိုယ့်ဖက်က ဘယ်လောက်ပဲ ချစ်ချစ်၊ မေတ္တာထားထား တူညီတဲ့ တန်ပြန်သက်ရောက်မှုမျိုးကို မခံရတဲ့သူတွေပဲ နားလည်နိုင်မယ့် ခံစားချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်နော် …။ (၁) ကိုယ်ချစ်သလောက် ပြန်အချစ်မခံရတဲ့သူတွေဟာ ခွင့်လွှတ်ခြင်းအကြောင်းကို ကောင်းမွန်စွာ သိရှိနားလည်ထားတဲ့ သူတွေဖြစ်ပါတယ်။ သူတို့ဖက်က တစ်ဖက်လူကို ခွင့်လွှတ်သည်းခံပါ များနေတော့ သူတစ်ပါးကို ခွင့်လွှတ်ဖို့ သူတို့အတွက် မခက်ခဲတော့ပါဘူး …။ (၂) ကိုယ်ချစ်သလောက် ပြန်အချစ်မခံရတဲ့ သူတွေဟာ လူတွေရဲ့ ပြောင်းလဲနိုင်ခြင်း သဘောတရားကို ကောင်းမွန်စွာ သိရှိနားလည်ထားသူတွေပဲ ဖြစ်ပါတယ် …။ ဒါကြောင့် ဘယ်လိုလူကိုမှ ထစ်ထစ်ချ မယုံကြည်တော့သလို၊ ခုချိန်မှာ ကိုယ့်အပေါ်ကောင်းနေလည်း […]
အကျဉ်းကျနေခဲ့ချိန်အတွင်း ရူးချင်သလိုတောင် ဖြစ်ခဲ့ရဟု ဒန်နီ ဖန်စတာ ပြော မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ၆ လကြာ ဖမ်းဆီးအကျဉ်းချမှုကို ခံခဲ့ရပြီး ယမန် နေ့က ပြန်လွတ်လာခဲ့တဲ့ အမေရိကန် ဂျာနယ်လစ် ဒန်နီ ဖန်စတာက ၎င်းဟာ ထောင်ထဲမှာ ရှိနေခဲ့ချိန်အတွင်းက ရူးချင်စိတ်တောင်ပေါက်ခဲ့ကြောင်းနဲ့ ၎င်း ကြုံတွေ့ရတဲ့ ဒုက္ခသုက္ခဟာ အဆုံးမသတ်ဘဲ ဖြစ်မှာကို စိုးရိမ်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ တချိန်တည်းမှာလည်းပဲ ၎င်းဟာ ဘာအပြစ်မှ မရှိတာကြောင့် ခုလိုမျိုး ထိန်းသိမ်းမခံခဲ့ရသင့်ဘူးလို့လည်း ဖန်စတာက အခိုင်အမာ ပြောခဲ့ပါတယ်။ ဒန်နီ ဖန်စတာဟာ ဆူပူမှုဖြစ်အောင် လှုံ့ဆော်မှု၊ မတရားအသင်းဆက်သွယ်မှုနဲ့ လဝက ဥပဒေ ချိုးဖောက်မှုတို့နဲ့ ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ရပြီး မနေ့က ပြန်လွတ်လာခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ၎င်းဟာ ထောင်ဒဏ်တစ်သက်အထိ […]