အသိပညာ

အသက် ၃၀ ရောက်တဲ့အခါ လူတိုင်းနားလည်ထားသင့်တဲ့ အချက်တွေ

အသက် ၃၀ ရောက်တဲ့အခါ လူတိုင်းနားလည်ထားသင့်တဲ့ အချက်တွေ ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ အသက်အရွယ်ကို ကိန်းဂဏန်းတစ်ခုအဖြစ်သာ သတ်မှတ်လာကြပါတယ်။ ခေတ်သစ်လူနေမှုပုံစံကြောင့် အလုပ်တွေပိုလုပ်လာကြပြီး များပြားလှတဲ့ အစီအစဉ်တွေကြားမှာ သင့်ဟာ မမျှော်လင့်ပဲ အသက် ၃၀ ထဲကိုရောက်ရှိနေနိုင်ပါတယ်။ တကယ်လို့ သင်ဟာအသက် ၃၀ ထဲရောက်ရှိနေပြီဆိုရင်တော့ ဒီအချက်တွေကို သင်သိထားဖို့တော့ လိုအပ်ပါတယ်။ အသက် ၃၀ ထဲရောက်လာတဲ့အချိန်မှာ သင့်ရဲ့အတွေးအမြင်တစ်ချို့ကို ပြောင်းလဲပစ်ဖို့ လိုအပ်လာပြီပဲ ဖြစ်ပါတယ်။ -တစ်ခြားသူတွေရဲ့ ထင်မြင်ချက်တွေ အသက် သုံးဆယ်ကိုရောက်လာပြီဆိုရင်တော့ သင့်မှာလံုံလောက်တဲ့ ပညာတွေရှိလို့နေပြီဖြစ်ပြီး အမှားအမှန်ကို ဆုံးဖြတ်နိုင်စွမ်းလည်း ပြည့်ဝလို့နေပါပြီ။ ဒီလိုအချိန်မှာ တစ်ခြားသူတွေရဲ့ပြောစကားတွေ၊ တစ်ခြားသူတွေရဲ့ အမြင်တွေနဲ့ ဂရုစိုက်နေစရာမလိုတော့ပဲ ကိုယ့်အတွက် အကောင်းဆုံးလုပ်ဆောင်သင့်ပါတယ်။ သူများတွေပြောတိုင်း လိုက်ခံစားတတ်တဲ့ အကျင့်မျိုးကို ဖျောက်လိုက်သင့်ပြီပဲ ဖြစ်ပါတယ်။ -Drama တွေထားခဲ့လိုက်တော့ […]

တရားတော်

ဖားအောက်တောရဆရာတော်ကြီး မိန့်တဲ့ အိမ်တစ်အိမ်မှာ စီးပွားရေးတွေပြေလည်နေရတဲ့ အကြောင်းအရင်း

ဖားအောက်တောရဆရာတော်ကြီး မိန့်တဲ့ အိမ်တစ်အိမ်မှာ စီးပွားရေးတွေပြေလည်နေရတဲ့ အကြောင်းအရင်း အိမ်တစ်အိမ်မှာ စီးပွားရေးတွေပြေလည်ပြီး စားဝတ်နေရေးတွေ ပြေလည်နေကြပြီဆိုကြပါတော့။ အိမ်သူအိမ်သားအားလုံးက ၁။ သူ့အသက်လည်း ဘယ်သူမှမသတ်ဘူး၊ ၂။ သူ့ပစ္စည်းလည်းဘယ်သူမှ မတရားမယူကြဘူး၊ ၃။ ကာမေသုမိစ္ဆာခေါ်တဲ့ မှားယွင်းတဲ့ အကျင့်တွေလည်း ဘယ်သူမှ မကျင့်ကြဘူး၊ ကိုယ်ကျင့်တရား သိပ်ကောင်းကြတယ်။ ၄။ မုသားလည်းမပြောကြဘူး၊ ၅။ မူးယစ်ဆေးဝါးလည်း သုံးစွဲတဲ့သူ အိမ်သူအိမ်သားထဲ တစ်ယောက်မှမရှိဘူး၊ ဒီလိုဆိုရင် အိမ်သူအိမ်သားတွေဟာ တစ်ဦးနဲ့တစ်ဦးကြည်နူးပြီး ချမ်းချမ်းသာသာ မနေရဘူးလား။ နေကြရတယ်။ အိမ်တစ်အိမ်မှာ ချမ်းသာသလို ရွာတစ်ရွာကိုလှမ်းကြည့်လိုက်၊ ငါးပါးသီလနဲ့ပြည့်စုံကြတယ်။ ဒီလိုဆို ဒီကျေးရွာဟာ အမြဲအိမ်တံခါးဖွင့်ထားလို့ မရနိုင်ဘူးလား။ ရနိုင်ပါတယ်။ နောက်တစ်ခု မြို့တစ်မြို့ရှိ မြို့သူမြို့သားအားလုံး ငါးပါးသီလနဲ့ ပြည့်စုံကြတယ်။ ဒီလိုဆိုရင် ဒီမြို့ချမ်းသာမလား ဆင်းရဲမလား၊ ချမ်းချမ်းသာသာ […]

ၾကားသိရသမွ်

ဒီစာကိုဖတ်ပြီး အံ့သြလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားနိုင်တယ်

ကမ္ဘာပေါ်တွင် သူခိုးမရှိသော နိုင်ငံ တစ်နိုင်ငံ ရှိခဲ့ဖူးသည်။ ထိုသည်မှာ မြန်မာနိုင်ငံ ပင်။ ထိုစကားကို ပြောခဲ့သူမှာ အိန္ဒိ ယနိုင်ငံသား ဟိန္ဒူဘာသာဝင် ဘဆေဆ်လာလ်ဂျီပင် ဖြစ်သည်။ အီဂတ်ပူရီပြည်နယ်၌ ဗုဒ္ဓ ၏ ၀ိပဿနာ တရားတော် များ ကို ကမ္ဘာသို့ ဖြန့်ဝေလျက်ရှိသော ဂုရုကြီးဦးဂိုအင်ကာ၏ အဘိုးတော်သူပင် ဖြစ်သည်။ အရောင်းအဝယ် ကုန်သည် အလုပ်ဖြင့် ကမ္ဘာအနှ့ံ ခြေဆန့်ခဲ့ဖူးသော ဘဆေဆ်လာလ်ဂျီသည် သူ အမြတ်နိုးဆုံးဖြစ်သော မန္တလေးရတနာပုံ နေပြည့်တော်တွင် အခြေချ နေထိုင်ခဲ့သည်။ ထိုချိန်က အထက် မြန်မာပြည်သည် မြန်မာဘုရင် ၏ လက် ထဲမှာသာ ရှိသေး သောကြောင့် သူခိုး လူလိမ်ဆိုသည်မှာ ချိုနှင့်လားဟု မေးရလောက်အောင် မြန်မာတိုင်း စာရိတ္တသတ္တိ အပြည့်ရှိနေချိန် […]

ဗဟုသုတ

သူဌေးကြီးနှင့် မယား ၄ ယောက်….

ဟိုးရှေးရှေးတုန်းက အရမ်းကို ချမ်းသာတဲ့ သူဌေးကြီးတဦး ရှိတယ်။ ပြီးတော့ သူဌေးကြီးက မိန်းမ လေးယောက် ယူထားတယ်။ ၄ ယောက်လုံးနဲ့လည်း တအိမ်ထဲ နေပြီးတော့ တယောက်နဲ့ တယောက်ကလည်း ချစ်ခင်ကြတယ် လေးယောက်မြောက် မိန်းမကိုတော့ သူဌေးကြီးက အချစ်ဆုံးပဲ။ အဲ့မိန်းမကို ဝတ်ကောင်းစားလှတွေ အချိန်တိုင်း ဆင်ပေးပြီးတော့ ဖျားနာတာမျိုး မဖြစ်ရအောင် အချိန်ပေးပြီး ဂရုစိုက်တယ်။ သူက ဂရုစိုက်ပေမယ့် သူ့မိန်းမကတော့ သူ့ကို ဘာမှ ပြန်မလုပ်ပေးဘူး။ သူဌေးကြီးဟာ သုံးယောက်မြောက် မိန်းမကိုလည်း တော်တော် ချစ်ရှာတယ်။ အဲဒီမိန်းမအတွက် အချိန်တွေ ပေးထားတယ်။ အလုပ်တွေကြိုးစားတယ်။ သူဌေးကြီးအတွက် အဲဒီမိန်းမက စီးပွားရေးလည်း တဖက်တလမ်း လုပ်ပေးသေးတယ်။ သူဌေးကြီးကတော့ အဲဒီမိန်းမက တခြားတယောက်နဲ့ ပါသွားမှာကို အရမ်း စိုးရိမ်နေပါတယ်။ […]

က်မၼာေရး ဗဟုသုတ

ဒါလေးတော့အရင်ဖတ်စေချင်တယ်နော် …

ဒါကိုဖတ်ပြီးမှ အပြာကားကြည့်ပါ ဒီနေ့ခေတ်မှာဆိုရင် လူငယ်နဲ့အပြာကားဆိုတာ ခွဲခြားလို့မရတော့ပါဘူး။ အပြာကားမကြည့်ဖူးတဲ့လူဆိုတာလည်း နှင်းဆီနက်ထက်တောင် ရှားပါသေးတယ်။ အပြာ ကားတွေကို သူငယ်ချင်းတွေဆီကနေ Zapya နဲ့ Share ကြတဲ့သူတွေရှိသလို Online ကနေလည်း တိုက်ရိုက်ကြည့်ကြတဲ့သူတွေလည်း မနည်းတော့ပါဘူး။ အပြာကားအသစ် ထွက်လာပြီဆိုတာနဲ့ Online မှာ အုန်းအုန်းကြွက်ကြွက်ဖြစ်နေလိုက်တာ မြင်မကောင်းပါဘူး။ ဖုန်းထဲမှာ အပြာကားမပါရင်ကို ခေတ်မမီသလိုဖြစ် နေပါပြီ။ အပြာကားကို ကြည့်နေကျလူတစ်ယောက်ဟာ သူငယ်ချင်ကို တွေ့တာနဲ့ ဇာတ်ကားအသစ်ပါသေးလားလို့မေးတာလည်း ထုံးစံလိုဖြစ်နေပါပြီ။ ဦးနှောက်ကျုံ့လာမယ် နာမည်ကျော်အပြာဝက်ဘ်ဆိုက်တွေကလည်း ကြည့်ရှုသူများဖို့အတွက် ဆယ်ကျော်သက်တွေကို ဆွဲဆောင်နေကြပါသေးတယ်။ အပြာကားကြည့်တာက ခရီးသွား ဟန်လွှဲလိုသာ ဖြစ်သင့်ပေမယ့် ဒါကိုကြည့်လိုက်ရမှ နေသာထိုင်သာရှိသွားတဲ့အဆင့် (စွဲလမ်းတဲ့အဆင့်) ရောက်သွားရင် မကောင်းတော့ပါဘူး။ အပြာကားစွဲသွားရင် ကျန်းမာရေးနဲ့ လူမှုရေးအပိုင်းမှာ ပြဿနာတွေရှိလာနိုင်ပါတယ်။ အပြာကားကြည့်ဖန်များလာရင် မူးယစ်ဆေးဝါးစွဲသလို […]

ဗဟုသုတ

ဘုန်းကြီးကျောင်းမှ သင်္ကန်းတွေပေါများနေလို့ သင်္ကန်းပြန်ဝယ်ပြီး လှူတာ ကုသိုလ်ရပါသလား ငရဲကြီး ပါသလား….

မင်္ဂလာပါ ဦးဇင်း။ တခုလောက်မေးချင်လို့ပါ။ သူများလှူ ပြီးသား ပစ္စည်းတခုကို ကိုယ်က ပြန်ဝယ်ပီး ပြန်လှူရင် ကုသိုလ်မရဖူးဆိုတာဟုတ်ပါသလား။ ဥပမာ ပြောရ ရင် ဘုန်းကြီးကျောင်းမှ သင်္ကန်းတွေပေါများနေလို့ တပည့်တော်မက အသစ်တခု မဝယ်တော့ပဲ အဲသင်္ကန်းကိုပဲ ဘုန်းကြီးစီ ဝထ္ထုငွေနဲ့ပြန်ဝယ်ပီး ပြန်ပီး လှူရင် ကုသိုလ်မရဖူးလို့ပြောတာကြားဖူးလို့ပါ။ အဲတာ ဟုတ်ပါသလား။ အဲ့လိုလုပ်ရင် ငရဲကြီးတတ်ပါတယ် ဒကာမ။ ဘာကြောင့်လဲဆိုတော့ ရဟန်းတော်က ပိုက်ဆံ မသုံးရဘူး၊ ပစ္စည်း မရောင်းရဘူး၊ ဖလှယ်မှုကိုလည်း မပြုရပါဘူး။ ဒကာမကို ရဟန်းတော်က သင်္ကန်းတွေ ပိုက်ဆံနဲ့ လဲလိုက်ရင် ရောင်းရင် ရဟန်းတော်ကလည်း ငရဲကျမယ် ဒကာမကလည်း ဝိနည်း နဲ့ သာသနာတော်ကို ဖျက်ဆီးနေတဲ့အတွက် ငရဲကြီးတတ်ပါတယ်။ ဝိနည်းကို မလိုက်နာတတ်တဲ့ ရဟန်းတော်တွေကို ဝိနည်းမှာ […]

ၾကားသိရသမွ်

ဂီတာတစ်လက်နဲ့ လွတ်မြောက်နယ်မြေ ရောက်ရှိနေပြီဆိုတဲ့ ခြိမ့်ကေကို

ချစ်ပရိသတ်ကြီးရေ အခုပြောပြပေးမှာကတော့ တစ်ချိန်က မြန်မာအိုင်ဒေါရဲ့ ဆယ်လီတစ်ဦးဖြစ်ခဲ့တဲ့ ခြိမ့်ကေကို လွတ်မြောက်ရေးနယ်မြေအတွင်းမှာ ဂီတာတစ်လက်နှင့်အတူ သွားရောက်ပြီး စစ်ပညာသင်ယူတော့မည်လို့ ကြားသိရပါတယ်။ သူဟာ ဝီရိယနဲ့ ဇွဲရှိသူတစ်ဦးဆိုတာလဲ အများအမြင်ပဲ သူရဲ့ ကြိုးစားမှုနဲ့ အောင်မြင်ကျော်ကြာမူတွေကို တွေခဲ့ရပြီဖြစ်ပါတယ်။ သူဟာ မကြာသေးမိအချိန်ကပင် ၅၀၅ (က) နဲ့ ၎င်းလဲ စွဲချက်တင် ခံထားရသူလဲ ဖြစ်ပါတယ်။ သူဟာ အချိန်တော်တော်ကြာ ပျောက်နေခဲ့ပြီး အခုအချိန်မှ လွတ်မြောက်ရေး နယ်မြေအတွင်းသို့ သွားရောက်ပြီး စစ်ပညာတင်ယူတော့မည် လို့ ထုတ်ဖော်ပြောကြားခဲ့တာလဲ ဖြစ်ပါတယ်။ သူဟာ ဆန္ဒပြပွဲတိုင်းမာလဲ ပါဝင်ခဲ့ဖူးသူလဲ ဖြစ်ပါတယ်။ သူအနေနဲ့ ယခုလို လုပ်ဆောင်ချက်တွေ လုပ်ကိုင်ဖို့ ရွေးချယ်ခဲ့မှုဟာလဲ ပြည်သူနဲ့ထပ်တူ ရှိနေချင်တဲ့ သူရဲ့စိတ်ထားဟာလည်း ပိုမိုပေါ်လွင်လှပါတယ်။ ပရိသတ်ကြီး အနေနဲ့လည်း သူ့ကို […]

ၾကားသိရသမွ်

ကလေးမြို့အထူးကုဆေးခန်းတွင်အောက်ဆီဂျင်အိုးပေါက်ကွဲ

ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၈နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ Bethany အထူးကု ဆေးခန်း တွင်း အောက်ဆီဂျင်အိုးပေါက်ကွဲခဲ့ရာမှာ ဆေးခန်းအပေါ်ထပ်ပျက်စီးခဲ့ပါတယ်။ လူနာရှူနေတဲ့ အောက်ဆီဂျင်အိုး ပေါက်ကွဲခဲ့တာကြောင့်လူနာနှင့်ခင်ပွန်းဖြစ်သူ လူနာစောင့်သင်းအုပ်ဆရာတော်ကြီးကွယ်လွန်ခဲ့ရပါတယ်။ သားဖြစ်သူလည်း မီးလောင်ထိခိုက်ဒဏ်ရာများရရှိသွားတယ်လို့ သိရပါတယ်။ပေါက်ကွဲမှုကြောင့်စုစုပေါင်း လူ၂ဦးသေဆုံးခဲ့ရပြီး ၁ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ပေါက်ကွဲမှုဟာ အရမ်းကို ပြင်းထန်တာကြောင့်ဆေးခန်းအပေါ်ထပ်တစ်ထပ်လုံး ပြိုကျ ပျက်စီးသွားတဲ့ အထိ ဖြစ်ခဲ့ရပါတယ်။ပေါက်ကွဲမှုက တော်တော်လေး ပြင်းထန်တာကြောင့်အခင်းဖြစ်ပွားရာမှာရှိနေခဲ့ကြတဲ့ သင်းအုပ်ဆရာကြီးတို့ မိသားစုအတွက်တော်တော်လေး စိတ်မ ကောင်းဖြစ်မိပါတယ်။ အောက်ဆီဂျင်အိုး မတော်တဆပေါက်ကွဲခဲ့သည့်အတွက် သိက္ခာတော်ရဆရာတော်နှင့် ဇနီး ကွယ်လွန်ပြီး အနီးရှိ လူတစ်ဦးမှာ ပြင်းထန် ဒဏ်ရာရရှိသွားကြောင်း ဒေသခံထံများမှ သိရှိရပါသည်။ သေဆုံးသွားသူများမှာ EMC ဘုရားကျောင်းတွင် တာဝန်ထမ်းဆောင်နေသော Rev. Dr Lalduhawma […]

ဗဟုသုတ

သင့်လက်ထဲမှာ ပိုက်ဆံမပြတ်အောင်သိထားသင့်တဲ့ အဖိုးတန်နည်းလမ်း (၄) မျိုး

သင့်လက်ထဲမှာ ပိုက်ဆံမပြတ်အောင်သိထားသင့်တဲ့ အဖိုးတန်နည်းလမ်း (၄) မျိုး တစ်လတာဝင်ငွေကို စုမိဖို့နေနေသာသာ လကုန်ခါနီးတာနဲ့ လက်ထဲငွေမလောက်တာမျိုး ကြုံကြိူက်ဖူးမှာပါ။ ဒါမျိုးမဖြစ်ဖို့အတွက် ငွေယိုပေါက်တွေကို သေချာရှာဖွေပြီး လစဉ်စုမယ့်ငွေပမာဏကို (အနည်းအကျဉ်းဖြစ်စေ)သတ်မှတ်သင့်ပါတယ်။ မြင်သမျှ ဝယ်ချင်နေပါက သင် တပြားမှ စုမိမှာမဟုတ်ပါဘူး။ ငွေကိုစုဆောင်းနိုင်မယ့်နည်းလမ်းတွေကိုလေ့လာကြည့်ရအောင် (1) ၅၀/၃၀/၂၀ နည်း -ပုံမှန်ဝင်ငွေရှိပေမယ့် ငွေမစုမိသူများအတွက်ရည်ရွယ်ပါတယ် သင့်တစ်လတာဝင်ငွေကို ၃ ပုံခွဲပါ ၅၀ရာနှုန်းကို လစဉ်ကုန်ကျစရိတ်အတွက် (ထမင်းစရိတ်၊ အိမ်စရိတ် ၊ဘေလ်စသည်) ဖယ်ပါ ၃၀ရာနှုန်းကို သိပ်အရေးမကြီးပေမယ် လိူအပ်သောအရာများအတွက်သုံးစွဲပါ (အဝတ်အစား၊ အသုံးအဆောင်) ၂၀ရာနှုန်းကို အနာဂတ်အတွက်စုဆောင်းပါ (2) ရိုးစင်းသောနည်း တအားစစ်စစ်စီစီ မစုချင်သူများအတွက် ရည်ရွယ်ပါတယ် လစဉ်ဝင်ငွေကို ၂ပိုင်းခွဲပါ တစ်ပိူင်းကိူ မဖြစ်မနေသုံးရမယ့်အရာတွေအတွက်ဖယ်ပါ။ နောက်တစ်ပိုင်းကို သင့်သွားလာလည်ပတ်စရိတ်၊ အပျော်အပါးကိစ္စများအတွက် ထားပါ။ […]

ၾကားသိရသမွ်

၃လတစ်ခါ ပြုလုပ်သင့်တဲ့အိမ်ဆေးခြင်း လာဘ်ပွင့်မင်္ဂလာ

၃လတစ်ခါ ပြုလုပ်သင့်တဲ့အိမ်ဆေးခြင်း လာဘ်ပွင့်မင်္ဂလာ ၃လတစ်ခါပြုလုပ်သင့်တဲ့အိမ်ဆေးခြင်းလာဘ်ပွင့်မင်္ဂလာ သင်တို့အိမ်ကဘုရားတရား ဘယ်လောက်လုပ်နေပါစေအတိုက်အခံ မနာလိုမုန်းတီးသူများနေတယ်အေးချမ်းခြင်းမရှိဘူးငွေလည်းမဝင်လာဘ်တိတ်နေတယ် ကံမကောင်းချက်ကချဲတွေထီတွေမပြောနဲ့ကံစမ်းမဲဆို၁၀၀တန်တောင်မပေါက်ဖူးဘူးဆိုရင်အောက်ပါအတိုင်းပြုလုပ်ဆောင်ရွက်ပေးပါနော် အချိန်တွေနေ့ရက်တွေမသတ်မှတ်ထားပါပြုလုပ်တဲ့ရက်ကပြဿဒါးရက်မဖြစ်ရင်ရပါပြီ လိုအပ်တာကတော့ဖလားရေခွက်သပြေညွန့်၃ရွက်နဲ့သရော်ကင်ပွန်းတစ်ထုပ် (ခေါင်းလျော်ရည် လည်းရပါတယ်)ပြုလုပ်ရမှာကဖလားထဲကိုရေနဲ့ခေါင်းလျှော်ရည် (သရော်ကင်ပွန်း)ဆတူမပြည့်တပြည့်လာက်ထည့်ပါ သပြေညွန့် ၃ရွက်ကိုထည့်ပြီးအောက်ပါဂါထာကို၁၀၈ခေါက်ရွတ်ရင်း မိမိနေထိုင်ရာအိမ်ခြံမြေ ပတ်ပတ်လည်ကိုသပြေခက်ဖြင့်ရေတို့ထိရင်း ပက်ဖြန်းလိုက်ပါဂါထာတော် ဥုံသတ္တံသတ္တံဝလံပိတောဒယာဒယာဝီရာဗုဒ္ဓေါသက်ကတ်တံဘာဝန်တိယဝစ ဒီပို့စ်ကိုအစဆုံးဖတ်သူတွေကိုကျေးဇူးတင်ပါတယ်ဆက်လက်၍ဖတ်ရှူ့ကြည့်ပါဦးနော် တရားရစေတဲ့လူ (၅)ဦးကိုတင်ပြပေးပါမယ် (၁) လေးစားမှုဆိုတာကိုနားမလည်တဲ့သူမျိုးပါဒီလိုလူမျိုးနဲ့တွေ့တော့ဒေါသကိုထိန်းချုပ်နိုင်လေတရားရလေပါပဲ (၂) သည်းခံတတ်ခြင်းမရှိတဲ့သူမျိုးပါဒီလိုလူမျိုးနဲ့တွေ့တော့ခန္ဓီပါရမီကိုပို၍နားလည်နိုင်တာပါပဲ (၃)သစ္စာနဲ့ဂတိတည်ခြင်းမရှိတဲ့သူမျိုးပါဒီလိုလူမျိုးနဲ့တွေ့တော့ပုထုဇဉ်တွေသဘောပို၍သိလာတာပါပဲ (၄)ဖြစ်လိုတဲ့ဆန္ဒပြင်းပြပြီဒေါသကြီးတဲ့သူမျိုးပါဒီလိုလူမျိုးနဲ့တွေ့တော့ပိုပြီးသည်းခံတတ်လာတာပါပဲ (၅)ရလိုတာပဲကြည့်ပြီးနှစ်ဖက်မျှမတွေးတတ်တဲ့သူမျိုးပါ ဒီလိုလူမျိုးနဲ့တွေ့တော့ပိုပြီးနားလည်တတ်လာပါပဲ Credit to Original Unicode Version ၃လတစ်ခါ ပြုလုပ်သင့်တဲ့အိမ်ဆေးခြင်း လာဘ်ပွင့်မင်္ဂလာ ၃လတစ်ခါပြုလုပ်သင့်တဲ့အိမ်ဆေးခြင်းလာဘ်ပွင့်မင်္ဂလာ သင်တို့အိမ်ကဘုရားတရား ဘယ်လောက်လုပ်နေပါစေအတိုက်အခံ မနာလိုမုန်းတီးသူများနေတယ်အေးချမ်းခြင်းမရှိဘူးငွေလည်းမဝင်လာဘ်တိတ်နေတယ် ကံမကောင်းချက်ကချဲတွေထီတွေမပြောနဲ့ကံစမ်းမဲဆို၁ဝဝတန်တောင်မပေါက်ဖူးဘူးဆိုရင်အောက်ပါအတိုင်းပြုလုပ်ဆောင်ရွက်ပေးပါနော် အချိန်တွေနေ့ရက်တွေမသတ်မှတ်ထားပါပြုလုပ်တဲ့ရက်ကပြဿဒါးရက်မဖြစ်ရင်ရပါပြီ လိုအပ်တာကတော့ဖလားရေခွက်သပြေညွန့်၃ရွက်နဲ့သရော်ကင်ပွန်းတစ်ထုပ် (ခေါင်းလျော်ရည် လည်းရပါတယ်)ပြုလုပ်ရမှာကဖလားထဲကိုရေနဲ့ခေါင်းလျှော်ရည် (သရော်ကင်ပွန်း)ဆတူမပြည့်တပြည့်လာက်ထည့်ပါ သပြေညွန့် ၃ရွက်ကိုထည့်ပြီးအောက်ပါဂါထာကို၁၀၈ခေါက်ရွတ်ရင်း မိမိနေထိုင်ရာအိမ်ခြံမြေ ပတ်ပတ်လည်ကိုသပြေခက်ဖြင့်ရေတို့ထိရင်း ပက်ဖြန်းလိုက်ပါဂါထာတော် ဥုံသတ္တံသတ္တံဝလံပိတောဒယာဒယာဝီရာဗုဒ္ဓေါသက်ကတ်တံဘာဝန်တိယဝစ ဒီပို့စ်ကိုအစဆုံးဖတ်သူတွေကိုကျေးဇူးတင်ပါတယ်ဆက်လက်၍ဖတ်ရှူ့ကြည့်ပါဦးနော် […]