ဗဟုသုတ

မြန်မာ့ သမိုင်းတလျောက် မင်းလောင်းပေါ်ခါနီး လျှင် ပေါ်ပေါက်ခဲ့သော ထင်ရှားသော တဘောင်ကြီး (၅)ခု

တဘောင် ပေါ်သည့်အတိုင်းလည်း ထွက်ပေါ်ခဲ့ကြသည့် မင်းများမှာ ၁။ပုဂံခေတ်( စီးချင်းထိုးလျက် မျိုးမင်းထွက် ပြည်တော်သာလိမ့်မယ်။)ထို”တဘောင်” ပေါ်ပြီးနောက် “အနော်ရထာ” မင်းလောင်းသည် ဦးရီးတော် စုက္ကတေးမင်းနှင့် စီးချင်းထိုးခဲ့သည်။စုက္ကတေးမင်းအား အနိူင်တိုက်ခိုက်ပြီးနောက်အနော်ရထာသည် ပုဂံပြည့်ရှင် ဖြစ်လာခဲ့သည်။ထိုမင်းလက်ထက်တွင် သာသနာရောင်ဝါထွန်းလင်းပြီးဆန်ရေစပါးပေါများ ကာ ချမ်းသာကြွယ်ဝခဲ့သည်။၂။အင်းဝခေတ်( အင်းအိုင်ထဲက လူတစ်ယောက်မီးတောက်ကလေးကိုင်လို့ပေါက်)ထို” တဘောင်” ပေါ်ပြီးနောက် “သတိုးမင်းဖျား “သည်ရှင်ဘုရင်ဖြစ်လာကာ နန်းတော်ကို အင်းဝမြို့၌ တည်ခဲ့သည်။ ထိုမင်းသည် လည်း နယ်ပယ်အများအပြားကို သိမ်းပိုက်ကာဘုန်းမီးနေလတောက်ပခဲ့သည်။၃။တောင်ငူခေတ်(အိုဘယ့်အမောင် ဆံရွေဆောင် နောက်လိုက်ဘုန်းခေါင်ပြောင်လိမ့်မယ်။)ထို “တဘောင်” ပေါ်ပြီး ကြာသော် တောင်ငူမြို့တွင်မင်းကြီးညို မှ သားတော်တပါးမွေးဖွား လာလေသည်။ထိုသားတော်၏ ဦးခေါင်းတွင် ရွေရောင်ဆံပင် တစ်မွေးပါလာလေသည်။နောင်သော် ထိုမင်းသားသည် “တပင်ရွေထီး “ဟု၍ တောင်ငူဘုရင်ဖြစ်လာလေသည်။သို့သော်လည်းသက်တော်မရှည်ပဲ သူ၏ ယောက်ဖတော် ဘုရင့်နောင်ကထီးနန်းကို ဆက်ခံလေသည်။ဘုရင့်နောင်လက်ထက်ရောက်သော်မြန်မာပြည်ကြီးဘုန်းမီးနေလတောက်ပလေသည်။၄။ကုန်းဘောင်ခေတ်(ဖိုသုံးဖို တစ်ဖိုတောက်မည်) ထို […]