Day: December 5, 2021
ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်လိုတဲ့ အမျိုးသမီးက ကိုယ့်ထက်ရုပ်ဆိုးတဲ့လူနဲ့ လက်ထပ်သင့်ကြောင့် အတည်ပြုပြောဆိုခဲ့တဲ့ သိပ္ပံပညာရှင်များ
လူတစ်ယောက်ကို ပုံပန်းသဏ္ဍာန်နဲ့ အကဲဖြတ်ပြီး ချစ်ကြိုက်လို့မရသလို သူ့ရဲ့ ချမ်းသာမှုကို ကြည့်ပြီး ဆုံးဖြတ်လို့မရပါဘူး ။ ချောမောတဲ့ ချစ်သူ သို့မဟုတ် ခင်ပွန်းရှိလျှင် မိန်းကလေးများက အလွန်မနာလိုဖြစ်ပြီး ဇနီးကဘဲ စိတ်မချရမာဖြစ်ပါတယ် ။ အိမ်ထောင်ရေးနဲ့ မိသားစုအကြောင်းပတ်သက်ပြီးတော့ သုတေသနတွေအများကြီး တွေ့ခဲ့ရပါတယ် ။ဒါပေမဲ့ထိုအကြောင်းအရာနဲ့ဆက်စပ်တဲ့ အလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့ လေ့လာမှုတစ်ခုရှိကလူများစွာကို အံ့အားသင့်စေမှာ ဖြစ်ပါတယ် ။ သိပ္ပံပညာရှင်များက စုံတွဲ ၁၁၃တွဲကို သုတေသနပြုကာ စစ်တမ်းကောက်ယူခဲ့ပြီး ရလဒ်တွေအရ၊ ဆင်းရဲတဲ့ခင်ပွန်းရှိတဲ့ ဇနီးမောင်နှံတွေဟာ ခင်ပွန်းကောင်းတစ်ယောက်ရဲ့ အစိတ်အပိုင်းတွေအားလုံးကို ပိုင်ဆိုင်ရတဲ့အခါ ဇနီးသည်တွေဟာ အလွန်ကျေနပ်မှုကို ခံစားရကြောင်း ပြသခဲ့ပါတယ် ။ ဇနီးမယားများကို ပျော်ရွှင်အောင် ပြုလုပ်နည်း၊ လက်ဆောင်များမကြာခဏပေးခြင်း၊ ဇနီးမယားများအားအိမ်မှုကိစ္စများကူညီပေးခြင်းကဇနီးသည်များဟာ ၎င်းတို့ရဲ့ခင်ပွန်းများကို ပိုပြီးချစ်လာကာ ဆက်ဆံရေးပိုမိုခိုင်မာလာစေရန် ကူညီပေးပါတယ် ။ ယခင်က […]
နောက် ၄၈ နာရီအတွင်း စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ မိုးကြီးမည် (မိုးလေဝသ ဆရာမလေး စုစုစံ)
ယခုအချိန်မှ နောက် ၄၈နာရီအတွင်း စစ်ကိုင်းတိုင်းတစ်တိုင်းလုံး မိုးရွာနိုင်ပြီး ကလေး မော်လိုက် ခမ်းပတ် ဖောင်းပြင် တမူး ဟုမ္မလင်း ထမံသီ နန်းယွန်း ခန္တီး လဟယ်မြို့များ မိုးကြီးနိုင်ပါတယ်။ ကောက်ပဲသီးနှံများ ရိတ်သိမ်းအခြောက်လှမ်းနေကြတယ်ဆိုရင် အမိုးအကာလုံခြုံအောင် လုပ်ဆောင်ထားကြပါ။ ဒီဇင်ဘာလ ၅ ရက်နေ့ မတိုင်မီ လုံခြုံတဲ့ အမိုးအကာအောက်ကို ရောက်ရှိအောင် လုပ်ထားကြပါလို့ တစ်ပတ်ကြိုတင်ခန့်မှန်း သတိပေးပြီးလည်းဖြစ်ပါတယ်။ ကချင်ပြည်နယ်ကြီးပါ မိုးရွာပါမယ်။ ခန့်မှန်းချိန် (၅-၁၂-၂၀၂၁ မနက် ၇ နာရီ ၄၂ မိနစ်) Su Su San (Senior Meteorologist Advanced Weather Forecaster & Meteorological Intelligence Officer) unicode ယခုအခြိနျမှ နောကျ ၄၈နာရီအတှငျး […]
ရန်ကုန်တစ်မြို့လုံး စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးပြန်တီးပြီ
Breaking News- စစ်တပ်က ဆန္ဒပြ လူငယ်များကို ကားဖြင့် တိုက်သတ်ပြီးနောက် ရန်ကုန်တစ်မြို့လုံး စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးပြန်တီးပြီ ရန်ကုန်၊ ဒီဇင်ဘာ ၅ အကြမ်းဖက်စစ်တပ်က ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ဆန္ဒပြလူငယ်များကို ကားဖြင့် တိုက်သတ်ပြီးနောက် ယနေ့ ည ၈ နာရီမှ စတင်၍ ရန်ကုန်တစ်မြို့လုံး သံပုံးများ ပြန်တီးပြီဖြစ်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ “ကျနော်က ကျနော့်ဟာကျနော် ည ၈ နာရီ ဖမ်းချင်လည်းဖမ်း ကားနဲ့တိုက်သတ်တဲ့ ကလေးတွေအတွက် သံပုံးတီးမယ်ဆိုပြီး လုပ်နေတာ။ ည ၈ နာရီကျတော့ ကျနော်တို့ တစ်ရပ်ကွက်လုံး နေရာတိုင်းမှာ သံပုံးသံတွေ ညံနေတာပဲ။ မျက်ရည်တောင် ကျတယ်။ ကျနော်တို့ ပြည်သူတွေ […]
“တစ်နိုင်ငံလုံးက (၅၀၀) တန် ထမင်းဆိုင်တွေအတွက် ကြက်သွန်နီ အခမဲ့ လှူဒါန်းမယ် ဆိုတဲ့ ကြက်သွန်ပွဲရုံပိုင်ရှင်”
တနိုင်ငံလုံးမှ ငါးရာကျပ်တန်ထမင်းဆိုင်များ ကြက်သွန်နီလိုအပ်ပါက အခမဲ့ လှူပါမည် ကားခသာ ကျခံရန်လိုအပ်ပါသည် ပြင်ဦးလွင်မြို့၏ အကြီးဆုံး ပွဲရုံကြီးဒေါ်ကြင်မေ ပွဲရုံ မိသားစု နှင့် ပြင်ဦးလွင် စေတနာရှင်များ၏ စေတနာ မျှဝေပေါင်းကူး အလှူတော်ပါ။ ဖုန်းနံပါတ် ၀၉၅၀၃၅၆၄၉ သီဟဗလဒေါ်ခင်ထွေး လိပ်စာ ဈေးကြီးမြောက်ဖက် ဒေါ်ကြင်မေပွဲရုံ ကုန်သည်လမ်း သီဟဗလတိုက် ၀၈၅၂၀၂၂၄၀၈. ၀၈၅၂၀၂၃၀၉၉ ပြင်ဦးလွင်မြို့ ပြည်သူပြည်သားများအား စေတနာထားကာ အဝစား ၅၀၀ ကျပ်ဖြင့် ရောင်းချနေကြသော ရောင်းချမည်ကြံစည်ကြသူများအား စေတနာ ပေါင်းကူး အလှူတော်အဖြစ် လိုအပ်သမျှ ကြက်သွန်နီ အား အခမဲ့ ကုသိုလ်ပြုပါမည် ယခုပို့စ်ကို share ခြင်း mention ခြင်းဖြင့် ကုသိုလ်ထပ်တူယူကြရအောင်ပါခင်ဗျား မူရင်း Credit နောက်ထပ် သတင်းကောင်း မြန်မာနိုင်ငံတဝန်လုံးမှာရှိတဲ့ […]
မင်းကို ချစ်တဲ့သူထက် မင်းအကြောင်း နားလည်ပေးတဲ့လူတစ်ယောက်ရဖို့ တကယ် ခက်လွန်းတယ်
မင်းကို ချစ်တဲ့သူထက် မင်းအကြောင်း နားလည်ပေးတဲ့လူတစ်ယောက်ရဖို့ တကယ် ခက်လွန်းတယ် ချစ်တယ်ဆိုတာနှလုံးသားက ဖြစ်ပေါ်လာတဲ့ ခံစားချက်သက်သက်ပဲ…မင်းကို နားလည်ပေးနိုင်ဖို့ဆိုတာ အချစ်ဆိုတာတစ်ခုနဲ့ ခံစားတတ်ရုံမရဘူးမင်းမျက်နှာ အရိပ်အကဲဖတ်တတ်ရမယ် မင်းအကျင့်တွေ လက်ခံပေးနိုင်ရမယ်…မင်းရဲ့စိတ်ကို လေ့လာတတ်ရမယ် ချစ်တယ်ဆိုတာထက် ပိုတဲ့ မင်းရဲ့ဖြစ်တည်မှုကို နားလည်ပေးနိုင်တဲ့လူတစ်ယောက်ကို မင်း ပိုင်ဆိုင်ထားပြီးလား….ဒါဆိုရင် သူကိုစိတ်ဒုက္ခထပ်မပေးပါနဲ့တော့…မင်းစိတ်ကို အမြဲတမ်းနားလည်ပေးတဲ့သူ .. မင်းနဲ့အတူ ဆိုးတူကောင်းဘက်အမြဲရှိနေပေးတဲ့သူ..ဘယ်လိုအခက်အခဲပဲတွေ့တွေ့ မင်းဘေးမှာ…သစ္စာရှိရှိနဲ့ နေပေးခဲ့သူ အဲ့သူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့်…စိုးရိမ်ပူပန်မှုတွေကြောင့် မင်းဆီမှာ ဝန်းထုပ်ဝန်းပိုးများ ဖြစ်ခဲ့ရင်…စိတ်တွေပင်ပန်း မွန်းကျပ်ခဲ့ရင်..အချိန်ခဏလေးပေးပြီး ပြန်တွေးကြည့်ပါ ဘယ်လိုအခက်အခဲတွေ ရှိလာပါစေ…မင်းဘေးမှာ မပြောင်းလဲတဲ့စိတ်နဲ့…အတူရှိနေပေးတဲ့သူဟာ ဘယ်သူလဲလို့…ပြန်တွေးကြည့်လိုက်ရင်လောကကြီးကို စိတ်ပျက်လာတဲ့အခါ …သူက မင်းဘေးနားမှာ ရှိနေပေးခဲ့တယ်ဆိုတာ… ပြန်မြင်လာလိမ့်မယ်။သူရဲ့အကောင်းမြင်စိတ်နဲ့ အားပေးမှုတွေကြောင့်…မင်းဘဝ ရှင်သန်နေတာကို တွေ့လာလိမ့်မယ်…မင်းရဲ့စကားတွေကြောင့် သူရဲ့စိတ်နာကျင်မှုကို…ကိုယ်စားပြန်ပြီး ဝင်ခံစားကြည့်ပါ… သူနေရာမှာ ခဏဝင်ကြည့်ပြီး မင်းရဲ့အပေါ်မှာထားတဲ့…သူရဲ့ချစ်ခြင်းမေတ္တာတွေကို နားလည်ပေးကြည့်ပါ သူမရှိတော့ရင် […]
စိုက်ခင်းထဲသွားပြီး အလှုပ်ရှုပ်နေတာကြောင့် ကလေးကို ဆိုင်ကယ်ထဲ အိပ်စေခဲ့တဲ့ မိခင်ရဲ့လုပ်ရပ်ကြောင့် ကလေးငယ်အတွက် စိုးရိမ်နေကြ
မကြာသေးမီက ငရုတ်သီးခြံဥယျာဉ်မှာ ရပ်ထားတဲ့ ဆိုင်ကယ်တစ်စီးရဲ့ ဓာတ်ပုံများကို လူမှုကွန်ရက်မှာ မျှဝေတဲ့အခါ လူအများရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ် ။ အံ့သြစရာကောင်းတာက ဆိုင်ကယ်ထဲမှာ ငြင်ငြင်သာသာ အိပ်နေတဲ့ ကလေးလေးတစ်ယောက်ရှိပြီး အောက်ဘက်မှာ နူးညံ့တဲ့ခေါင်းအုံးတစ်ခုပါရှိတာကြောင့် ကလေးက ပုခက်ထဲမှာ လဲလျောင်းနေရသကဲ့သို့ ခံစားရပါတယ် ။ အဆိုပါ post ကို မျှဝေးချက်အရ ကလေးငယ်ကို မိခင်က စိုက်ခင်းထဲ အတူခေါ်သွားပြီး မိခင်ဖြစ်သူက အလုပ်ရှုပ်ကာ ကလေးက အိပ်ချင်နေတာကြောင့် အခြားနည်းလမ်းမရှိတာနဲ့ မိခင်က သူ့ကလေးကို ဆိုင်ကယ်ထဲမှာ အိပ်စေခဲ့ကြောင်း သိရပါတယ် ။ မှတ်ချက်ကဏ္ဍမှာ အင်တာနက်အသုံးပြုသူများက မတူညီတဲ့ ထင်မြင်ချက်နှစ်ခုကို ခွဲခြားထားပါတယ် ။ အရေးပေါ်လိုအပ်ရင် အချိန်အကြာကြီး မထားခဲ့သင့်ဘူးလို့ လူတချို့က ထင်မြင်ကြပြီး တချို့ကတော့ ကလေးက […]
ငွေကျပ်သိန်း ၃၀၀ ကျော်အား ခိုးယူထွက်ပြေးသွားသော အိမ်အကူ
ငွေကျပ်သိန်း ၃၀၀ ကျော်အား ခိုးယူထွက်ပြေးသွားသော အိမ်အကူ ဆိုင်မှာ ဖုန်းအားပေးနေတဲ့ ကျေးဇူးရှင် ကာစတမ်မာ အမ တို့ မိသားစု တေရဲ့ ပြသနာ အခက်ခဲလေးကို တတ်နိုင်တဲ့ဘက်က ကူညီတာပါ ဖြစ်စဉ်အကျဉ်း ပုံပါအမျိုးသမီးသည် သဃ်န်းကျွန်းမြို့နယ် ၁၆ / ၁ ရပ်ကွက်နေ ကျမတို့အိမ်ကို 5.11.2021နေ့တွင်အိမ်အကူအဖြစ် ရောက်လာခဲ့ပြီး 4.12.2021 နေ့ ညနေ ၃ နာရီနဲ့ ၅၁ မိနစ်အချိန်တွင် ကျမတို့မိသားစု City Mark သို့ဈေးသွားဝယ်နေတုန်း အိမ်တွင် (73) နှစ်အရွယ်အမေနဲ့နှစ်ယောက်ထဲကျန်ခဲ့ပြီး အိမ်မှငွေ သိန်း ၃ ရာကျော်နှင့် ခလေး ၂ ယောက်ရဲ့ ဖုန်းနှစ်လုံးကိုယူ၍ ကျမတို့အိမ်မှထွက်ပြေးသွားပါသဖြင့် ကျေးဇူးပြူ၍ ဒီပိုစ့်ကို ရှယ်၍ ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် […]
“ကြည့်မြင်တိုင်ဆန္ဒပြသူများကို စစ်ကားဖြင့်တိုက်သတ်မှုတွင် ပတ်သက်ခဲ့သော ဒလန်ဟု ကျော်စောသူ သေနတ်ဖြင့် ပစ်သတ်ခံရ”
“ကြည့်မြင်တိုင်ဆန္ဒပြသူများကို စစ်ကားဖြင့်တိုက်သတ်မှုတွင် ပတ်သက်ခဲ့သော ဒလန်ဟု ကျော်စောသူ သေနတ်ဖြင့် ပစ်သတ်ခံရ” ကြည့်မြင်တိုင်တွင် ဆန္ဒပြလူငယ်များကို စစ်ကောင်စီတပ်က ကားနှင့်ဝင်တိုက်၍ လူငယ်ငါးဦးသေဆုံးခဲ့ရမှုဖြစ်ပြီးနောက် နာရီအနည်းငယ်အကြာတွင် အဆိုပါသ ပိတ်ဖြိုခွင်းရာတွင် စစ်ကောင်စီတပ်ကိုသတင်းပေးခဲ့သူဟု စွပ်စွဲခံရသူ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများက မဇ္ဈိမကိုပြောသည်။ မွန်းလွဲ ၁၂ နာရီကျော်က ဆင်မင်းရပ်ကွက်၊ ဆင်မင်းအိမ်ရာတွင်နေထိုင်သူ ကိုမင်းမင်းသည် ဓမ္မာရုံဘေးတွင်ဝိုင်းဖွဲ့ထိုင်နေစဉ် သေနတ်သမားက လာပစ်သွားခြင်းဖြစ်သည်ဟုသိရသည်။ ကိုမင်းမင်းသည် သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် ဦးခေါင်းပွင့်ကာ အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း မျက်မြင်သက်သေများကပြောသည်။ ” အိမ်ရာထဲမှာ ဓမ္မာရုံရှိတယ်၊ အဲ့ဓမ္မာရုံဘေးမှာဝိုင်းဖွဲ့ပြီးထိုင်နေချိန်မှာ နှစ်ချက်ဝင်ပစ်တာ ထိသွားပါတယ်။ ရှေ့လတွေထဲက သူ့ဆိုင်ရှေ့မှာသပိတ်လုပ်ရင် ကလေးတွေကိုမစုခိုင်းဘူး၊ မောင်းထုတ်တယ်။ ဒီနေ့လည်း ကြည့်မြင်တိုင်ကိစ္စမှာ ဒလန်နှစ်ယောက်ပါတယ်လို့သိရတယ်၊သူအပါအဝင်ပေါ့။ မြင်တဲ့သူတွေရှိတယ်။” ဟု ဒေသခံအမျိုးသမီးတစ်ဦးက မဇ္ဈိမ ကို ပြောသည်။ […]
အရက်မူးပြီး ပြန်လာတဲ့လူသုံးယောက်ဟာ လမ်းဘေးက သင်္ချိုင်းဇရပ်တစ်ခုမှာ ဝင်နားကြတဲ့အခါ….
အရက်မူးပြီး ပြန်လာတဲ့လူသုံးယောက်ဟာ လမ်းဘေးက သင်္ချိုင်းဇရပ်တစ်ခုမှာ ဝင်နားကြတဲ့အခါ…. အရက်မူးပြီး ပြန်လာတဲ့လူသုံးယောက်ဟာ လမ်းဘေးက သင်္ချိုင်းဇရပ်တစ်ခုမှာ ဝင်နားကြတယ်။ အဲဒီမှာ အပေ့ါအပါးသွားကြရင်း… အမူးသမားတစ်ယောက်က မြေပုံတခုမှာ စိုက်ထားတဲ့ မှတ်တိုင်ကို ဖတ်ကြည့်ရင်းပြောတယ်… … “အင်း တော်တော်အသက်ရှည်တဲ့လူဘဲ၊ ဦးသူရိန်၊ ၈၈ နှစ်၊ ပျဉ်းမနား” နောက် အမူးသမားတစ်ယောက်ကလည်းမှတ်တိုင်တစ်ခုကို ဖတ်ကြည့်ရင်းပြောတယ်… … “ဒီ အဖွားကြီးက ပိုအသက်ရှည်သေး၊ဒေါ်ရွှေရုပ်၊ လယ်ဝေး၊ ၉၆ နှစ်၊” အဲ…နောက်ဆုံးတစ်ယောက် ကတော့အလန့်တကြား ထ, အော်တယ်… … “ဟာ…ဒီ အဖွားကြီးက ပိုပြီးအသက်ရှည်တာကွ၊ ၂၂၅ လို့တောင် ရေးထားတယ်” “ဟင်…ဟုတ်လား၊ ဘယ်သူတဲ့လဲ? ဘယ်ကလဲ?…”“မိုင်…တဲ့၊ ရန်ကုန်မှ..တဲ့” အေးဟ…….ရန်ကုန်ကနေ ဒီမှာလာမြှုပ်တယ်နော်မင်းကလဲ…ဒီမှာမွေးပြီး ရန်ကုန်မှာကြီးလို့နေမှာပေါ့ဟ Credit မူရင်းတင်သူ unicode […]