သတိထားကြ ပါ… မိသားစုလိုက် အစုလိုက်အပြုံလိုက် အစားစာရင်း သေတယ်တို့ ဘာတို့ ဆိုတာ ကျွန်မ တို့ fb မှာလည်း မြင်ဘူးတယ်… ဖတ်ဘူးပါတယ်။ ဒီလိုမျိုး ဈေးသည် တွေရှိလို့ လည်း သေကျတာ နေမယ်…။ ဒီမနက် ကျွန်မ ဈေးသွားပါတယ်…။ ပန္နဲကွင်းလေးတွေ ဖွေးဖြူ သန့်ပြန့် နေတော့ တခုခုလေး နဲ့ ရောချက်မယ်စိတ်ကူး နဲ့ ဆလုံကြီး နဲ့ ရေစိမ်ထားသော ပန္နဲ ကွင်း တွေကို ကျွန်မ ဆယ်ယူပြီး ချိန်ခိုင်းလိုက်ပါတယ်…။ ပိုက်ဆံရှင်းပြီး ကျွန်မ ဈေးပတ်နေတဲ့ အချိန်ပဲ ကျွန်မ လက်တစ်ဖက် တော်တော် နီပြီး ယားလာတာ…။ စောနက ပန္နဲ ကွင်း စိမ်ထားသော ရေတွေ ကိုင်ခဲ့တဲ့ […]
Day: February 15, 2022
FB သုံးတာ ဒီလိုပို့စ်မျိုးတွေကြောင့် ဘေလ် ကုန်ရကျိုး နပ်နေတာပါ (မျက်ရည်ခိုင်ရင်တော့ ဖတ်ကြည့်စေချင်တယ် )
ဖတ်ကြည့်မှ……သိမှာမို့…..ဖတ်ကြည့်နော့ ဖတ်စေချင်လွန်းလို့ပါ…… လင်မယား စုံတွဲတစ်တွဲပါလာတဲ့သင်္ဘောတစ်စင်း နစ်မြှုပ်သွားတယ်… အချိန်တော်တော်ကြာမှအသက်ကယ်လှေတစ်စင်းရောက်လာတယ်… အသက်ကယ်လှေပေါ်မှာ နေရာဆိုလို့တစ်နေရာဘဲ ကျန်တော့တယ်… အဲဒီအချိန်မှာ ယောကျ်ားဖြစ်သူက သူ့မိန်းမကိုသူ့အနောက်ဆွဲချလိုက်ပြီး သူကိုယ်တိုင်အသက်ကယ်လှေပေါ်ခုံတက်လိုက်တယ်… အဲဒီ အမျိုးသမီး ကတော့တဖြည်းဖြည်းချင်းနစ်မြှုပ်နေတဲ့သင်္ဘောပေါ်မှာရပ်ပြီးသူ့ယောကျ်ားကို စကားတစ်ခွန်းအော်ပြောလိုက်တယ်… ဒီနေရာအထိပြောပြီးတော့ ဆရာမကကျောင်းသားတွေကို မေးလိုက်တယ်… “မင်းတို့ ခန့်မှန်းကြည့်…အမျိုးသမီးက ဘာအော်ပြောလိုက်သလဲ?” ကျောင်းသားတွေကတော့ အလုအယက်ဒေါနဲ့မောနဲ့ အော်ပြောကြတယ်…“ငါနင့်ကိုမုန်းတယ်… ငါကို ထားပစ်ရစ်ခဲ့တယ်… ” အဲဒီအချိန်မှာ ဆရာမကကျောင်းသူလေးတစ်ယောက်ကိုဘာမှမပြောတာကို သတိထားမိတော့ဆရာမက သူ့ကိုမေးလိုက်တယ်… အဲဒီကျောင်းသူလေးက ပြန်ဖြေလိုက်တယ်…“ဆရာမ… သမီး ထင်တယ်… အဲဒီ အမျိုးသမီးအော်ပြောလိုက်မှာက …ငါတို့ကလေးကို ကောင်းကောင်းဂရုစိုက်ပေးပါ လို့”… ဆရာမက အံ့သြသွားတယ်…သူ့ကို ပြန်မေးလိုက်တယ်…“အဲဒီ ပုံပြင်ကို နားထောင်ဖူးလို့လာ?” ကျောင်းသူလေးက ခေါင်းကို ခါပြီး ပြောလိုက်တယ်… “ဟင့်အင်း… သမီး မေမေ နေမကောင်းဖြစ်ပြီးဆုံးခါနီးမှာ […]
လပြည့်နေ့တိုင်း ပြုလုပ်နိင်သည့် ဆန်ဆီဆေးဆား အလှူတော် လပြည့်နေ့အခါသမယ မှာ ဆန်ဆီဆေးဆား လှူဒါန်းကုသိုလ်ပြုနိုင်မယ့် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ လပြည့်နေ့ မနက် ၉ နာရီ (သို့) ၉ နာရီ ၄၅ မိနစ်တွင် အိမ်၏ ဘုရားကျောင်းဆောင်၌ ဆန်၊ ဆီ၊ ဆေး၊ ဆား တို့ကို လှူဒါန်းပြီး မေတ္တာသုတ် (၁၀) ခေါက်၊ သမ္ဗုဒ္ဓေ (၁၀) ခေါက်၊ ဒိဝါတပတိ (၁၀) ခေါက် ရွတ်ဖတ်ပူဇော်ပါ။ ကုသိုလ် ၏ အဖို့ဘာဂကို မေတ္တာပို့၊ အမျှဝေပါ။ လှူဒါန်းရာတွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးနှင့်တကွ သံဃာတော်များအတွက် ရည်စူးကာ မိမိတတ်နိုင်သလောက် ဆန်အပြည့်၊ ဆီအပြည့် ၊ဆေးပစ္စည်းအပြည့်၊ ဆားအပြည့်ထည့်ကာ ကပ်လှူထားရှိပေးပါ။ ပြည့်ဝခြင်းသဘောကိုဆောင်တဲ့ အဓိပ္ပာယ်ပါ။ […]
သူငယ်နာမစင်သေးသော “ကျွန်တော်တို့လူမျိုး”(ဦးသန့် ရေးသားခဲ့သောစာ ခုချိန်ထိ သွေးထွက်အောင် မှန်နေပါလားနော်…)
ကျွန်ုပ်တို့ မြန်မာလူမျိုး များတွင် ထင်သာမြင်သာသော ချို့ယွင်း အားနည်းချက် တစ်ခု ရှိပါသည်။ ဤ အားနည်းချက် သည်ပင် ဖွံ့ဖြိုးမှု နောက်ကျရခြင်း၏ အကြောင်းရင်းခံတစ်ခု ဖြစ်နိုင်သည်။ ဤသို့သော ပျော့ကွက်ဟာကွက်မျိုးကို အမေရိကန်တွေက ‘လူကြီးသူငယ်နာ ရောဂါ’ ဟု ခေါ်ကြသည်။ ကျွန်ုပ်တို့ နိုင်ငံတွင်လည်း ‘အသက်ကြီး အချိန်မစီးသည့် ကလေးပေါကြီး” တွေ ပေါမှပေါ ဖြစ်လေရာ သူတို့ပြောသော ရာဂါအမည်နှင့် အဟပ်ညီမည်ထင်ပါသည်။ သို့သော် အဆိုပါ ရာဂါ ဆိုသည်ထက် အသိပညာ အရာတွင် ကလေကဝနိုင်မှုနှင့် ပို၍ဆိုင်ပါလိမ့်မည်။ မည်သို့ပင်ရှိစေ ဤလို ရောဂါမျိုး ဖိစီးနှိပ်စက်ခံနေရသည့် မြန်မာလူမျိုး အရေအတွက်သည်ကား ပို၍ပို၍ များလာဟန် ရှိပါသည်။ ထားတော့… ဤ ချို့ယွင်းအားနည်းချက် (ဆိုကြပါစို့ ရောဂါ) […]



