ကြားသိရသမျှ

ထိုင်းမင်းသမီးချော TANGMO PATTARATIRA သေဆုံးမှုအတွက် လှေပေါ်ပါသူအားလုံးကို

ထိုင်းမင်းသမီးချော Tangmo Pattaratira သေဆုံးမှုအတွက် လှေပေါ်ပါသူအားလုံးကို အမှုဖွင့်ထား ထိုင်းနိုင်ငံ နွန်ထပူရီမြို့နယ် မယ်နန်ကျောက်ဖရားမြစ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းသရုပ်ဆောင်ရုပ်ရှင်မင်းသမီး Tangmo Pattaratira စပိဘုတ်စီးရင်း ရေထဲပြုတ်ကျ သေ ဆုံးသွားတာနဲ့ပတ်သက်လို့ လှေအတူစီးလာတဲ့ အပေါင်းပါ ၅ ဦးကို ရဲတပ်ဖွဲ့က ပေါ့ဆမှုနဲ့ ကနဦး အမှုဖွင့်ထားခဲ့ပါတယ်။ သူမရဲ့အလောင်းကို မှုခင်းဆေးသိပ္ပံဌာနက ခွဲစိတ်စစ်ဆေးရာမှာ အဆုတ်ထဲမှာ သဲတွေဝင်ပြီး သေဆုံးသွားတာဖြစ်ကြောင်း၊ မျက်နှာပေါ်က သွေးစနဲ့ ဘယ်ဘက်ခြေတောက်က ထိခိုက်ဒဏ်ရာတွေကိုတော့ ဘာကြောင့်ရသလဲဆိုတာ ဆက်လက်စစ်ဆေးနေပြီး လောလောဆယ် လှေပေါ်က အဖော် ၅ ဦးကို လူသေစေအောင် နမော်နမဲ့ ပေါ့ဆမှုနဲ့ ကနဦးအမှုဖွင့်ထားတယ်လို့ နွန်ထပူရီခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဖိုင်းဆန် ဝုန်ဝပ်ချရမုံးခုံးက သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် သူတို့စီးလာတဲ့ စပိဘုတ်လှေဟာ […]