ကိုယ်သွားနေကြ မာဆတ်က ကြယ်စင် လမင်း တို့ဖမ်းခံရလို့တရားသူကြီးက ပြန်ပီး အမိန့်ချရသောအခါ…. တရားရုံးရှေ့မှာ ဆွမ်းခံကြွရင်းကြားခဲ့ရတာ အနှိပ်ခန်း”မာဆတ်”ကိုဖမ်းတဲ့ အမှုစစ်နေတယ် ပထမဆုံးစစ်တာက ဖမ်းတဲ့ တရားလို နယ်ထိန်းထွက်ချက်ကိုပေါ့ “အမည်” ” ခင်မောင်မြင့်ပါ” “အဆင့်” “ဒုရဲအုပ်ပါ” အဲ့မှာစစ်နေတုန်း နောက်က အဖမ်းခံရတဲ့ မိန်းကလေး တစုက တီးတိုးတီးတိုးနဲ့ ” ဟဲ့ကောင်မသဲစု အဲဒါ နင့်ဘဲ မဟုတ်လား” လို့မေးတော့ “သဲစုက … “ဟုတ်ပါ့ ငါ့ကိုပြောတော့ သူ့နာမည်က အာကာကျော်တဲ့ မသာလူလိမ်” အဲ့ဒါကို အစစ်ခံရင်း ကြားတော့ တရားလို ရှက်ကိုးရှက်ကန်းနဲ့ မျက်နှာကြီးနီလို့၊အခြေအနေကို သဘောပေါက်တဲ့ တရားသူကြီးက “အဟမ်း”လို့ ချောင်းဟန့်လိုက်တော့ နောက်က ကောင်မလေးတသိုက်ငြိမ်သွားတယ်၊ခဏကြာတော့ ဥပဒေအရာရှိရောက်လာတယ်ခေါင်းပေါင်းကိုမြန်မြန်ဝတ် အမှုစစ်မယ်လို့ တရားခွင်ထဲကိုလဲဝင်ရော…. နောက်က […]
