ငွေနှစ်ထောင် ချေးခဲ့တဲ့ အကြွေးကြောင့် နွားဘဝဖြင့် ပြန်ဆပ်ရသူ ကိုသာမောင် ( တကယ့် ဖြစ်ရပ်မှန်ပါ ) နွားဘဝဖြင့်လွန်ခဲ့သော နှစ်ပေါင်း( ၃၀ )ခန့်က ဖြစ်ရပ်မှန်ပါလူတို့သည် သံသရာကြွေးကို ပေါ့ပေါ့လေးထားပြီး မကြောက်တတ်ကြ မိမိတို့ယူထားသော အကြွေးမှန်သမျှ ကျင်လည်ရသည့် ဘဝအဆက်ဆက် ၌နွားခြေရာနောက်ကို လှည်းဘီးပါသလို တကောက်ကောက် လိုက်ပါသွားသည်ကို မေ့လျော့နေကြ၏။ လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်ခန့်က ကိုသာမောင်သည် သူငယ်ချင်းတစ်ယောက်နှင့် အင်းတစ်ခုကိုလေလံဆွဲရန် အတွက် ဘကြီးဘိုးထွန်းထံမှ ငွေနှစ်ထောင်ချေးငှားခဲ့ပါတယ်။ ဘကြီးက အတိုးပင်မယူပဲ ချေးပေးခဲ့ရာ အင်းပေါ်ခါနီး ဗွေဖောက်ပြီး လောင်းကစား ဖက်လာရာကမရှုံးသင့်ပဲ ရှုံးခဲ့တဲ့အတွက် အကြွေးကိစ္စကို စိတ်ပူပြီး သာမောင်တစ်ယောက် အိပ်ယာထဲဘုံးဘုံးလဲပါတော့တယ် ။ ဘကြီးဘိုးထွန်းက အကြွေးကိုဖြေးဖြေးခြင်းဆပ်ဖို့နဲ့ ကျန်းမာရေးကိုသာ ဂရုစိုက်ရန်ပြောပီး ဆေးဖိုးကိုပင် ထုတ်ပေးခဲ့ပါသေးတယ်။ […]
Month: June 2022
မျက်ခုံး ဘာကြောင့်လှုပ်၊ မျက်ကွင်း ဘာလို့ ညို နဲ့ အခြား သိချင်စရာလေးများ
မျက်ခုံး ဘာကြောင့်လှုပ်၊ မျက်ကွင်း ဘာလို့ ညို နဲ့ အခြား သိချင်စရာလေးများ မျက်ခုံး ခဏခဏ လှုပ်နေရင် ဘာများဖြစ်မလဲဟု စိတ်ထင့်လာတတ်သည်။ မျက်ကွင်းတွေ ညိုလာပြီဆို တစ်ခုခုများ ဖြစ်တော့မလား စိုးရိမ်ကြသည်။ အအိပ်များသွားလျှင် ကိုယ်လက်မအီမသာတွေ ဖြစ်ပြီး လေးလံထိုင်းမှိုင်း သွားရတာကရော ဘာကြောင့်လဲ။ လူပင်ပန်းလာရင်း ဖြူဖတ်ဖြူရော် ဖြစ်သွားတာ ကရော အသို့နည်း။ ၁။ ဇတ်ခနဲ ဇတ်ခနဲ မျက်ခုံးလှုပ်တာ ဘာကြောင့်လဲ။ လူသည် ပင်ပန်း နွမ်းနယ်နေသည့်အခါ၊ စိတ်ဖိစီးနေသည့်အခါ၊ အသောက်လွန်သည့် အခါမျိုးတွင် အာရုံကြောများ အားနည်းလာတတ်သည်။ မျက်လုံးတစ်ဝိုက်က ကြွက်သားများသည် နူးညံ့သိမ်မွေ့ကြသည်။ ၎င်းတို့ကို ထိန်းချုပ်သော အာရုံကြောစနစ် အားနည်းပါက လှုပ်ရှားမှု ဖောက်ပြန်တတ်ပြီး ဇတ်ခနဲ ဇတ်ခနဲ ဆောင့်ပြီး လှုပ်ရှားတတ်ကြသည်။ထိုသို့ […]
အိမ်ဘေးက အသက် ၃၅ ဝန်းကျင်ရှိတဲ့ အမတစ်ယောက်ကို ဘာကူညီရမလဲ မေးလိုက်မိသောအခါ
ကျနော့်အိမ်နီးချင်း အမျိုးသမီးဟာ အသက် ၃၅ ၀န်းကျင်ရှိပေမယ့် ဘော်ဒီအတော်လှတယ်ဗျ သူ့ယောင်္ကျားက အိမ်မကပ်ဘူး။ အမြဲလိုလို သူမကို တစ်ယောက်ထဲပဲ တွေ့ရလေ့ရှိတယ်။ အပြင်ထွက်ရင်ကျနော့်အိမ်ရှေ့က ဖြတ်သွားတိုင်း လှည့်ကြည့်ပြီး ပြုံးပြလေ့ရှိပါတယ်။ သူ ပြုံးပြတိုင်း ကျနော် ရင်ခုန်သွားတာ ၀န်ခံပါတယ်။ ဒီမနက်တော့ တိုက်တိုက်ဆိုင်ဆိုင် အိမ်ရှေ့လာရပ်ပြီး ပြောပါတယ်။ “ဟိုင်း” “ဟုတ်ဗျ။ ကျနော် ဘာများကူညီ ပေးရမလဲ” “ရှင့်ဆီက အကူအညီ တစ်ခုလောက် လိုချင်လို့ပါ” “အိုးဟိုးဟိုး ..သိပ်ရတာပေါ့ ကူညီဖို့ အဆင်သင့်ပါပဲဗျာ” “အို ဘာပြောရမှန်းတောင် မသိတော့ပါဘူးရှင်။ ကျမက ဖွင့်ပြောလိုက်ပြီး ရှင်က စိတ်မ၀င်စားဘူးလို့ ပြောလိုက်ရင် ကျွန်မတော့ ရှက်လို့ သေမှာပဲ” “ဟုတ်ကဲ့။ ဒါမျိုး နားလည်ပေးပါတယ်။ ပြောပါ။ ပွင့်ပွင့်လင်းလင်း သာပြော၊ […]
“ဖုန်းထဲမှာ ကိုယ်မသိလိုက်ဘဲ ကုန်နေတဲ့ အင်တာနက် ဒေတာတွေကို ရှာဖွေပိတ်ဆို့နည်းများ”
မိုဘိုင်းဒေတာဈေးတွေလည်း တက်လာပြီဆိုတော့ Wi-fi သမားတွေအတွက် ပြဿနာမရှိပေမယ့် မိုဘိုင်းဒေတာနဲ့ သုံးနေသူတွေအတွက် ရေရှည်မှာ ကုန်ကျမှုက သိသိသာသာများလာနိုင်ပါတယ်။ ဒါကြောင့် ဒေတာကုန်ကျမှုသက်သာဖို့ နည်းလမ်း(၅)မျိုး ကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ (၁)မလိုအပ်တဲ့ Data Usage တွေကို Off ထားပါ။ မလိုအပ်ပဲ Background Data တွေသုံးနေတဲ့ App တွေကြောင့်Data ကုန်ကျမှုများလာနိုင်ပါတယ်။ အဲ့ App တွေကိုပိတ်ဖို့အတွက်ကတော့Setting ထဲမှာ Data Usage ကိုရှာပြီးBackgound Data ကို Off ထားနိုင်ပါတယ်။ Android မှာဆိုရင် Setting>Data Usage>Background Data>Off Xiaomi တွေမှာဆို Setting>Connecting&Sharing>Data Usage>Background Data>Off iOS တွေမှာဆို Setting>Cellular>Apps တွေမှာမလိုတာတွေ ပိတ်ထားလိုက်ပါ Sim […]
Unicode မိသားစုတစ်နိုင်တစ်ပိုင်နဲ့ စီပွားဖြစ် ရောင်းချလို့ရတဲ့ ဆန်ချိုအေး ပြုလုပ်နည်း မိသားစုတစ်နိုင်တစ်ပိုင်နဲ့ စီပွားဖြစ် ရောင်းချလို့ရတဲ့ ဆန်ချိုအေး ပြုလုပ်နည်းရင်ထဲကိုအေး ဆန်ချိုအေးအေးလေး ခံတွင်းရှင်းလို့ ထမင်းစားပြီး သောက်ကြစို့ ပါဝင်ပစ္စည်းများမှာcကောက်ညင်းဆန် နို့ဆီဘူး ၂ဘူး၊ဆန်ချိုဆေးမှုန့် ၁ဇွန်း စားပွဲတင်ဇွန်း ရန်ကုန်မှာဆိုရင် သံဈေးမှာ မေးဝယ်လို့ ရပါတယ။သကြား ၂၅ကျပ်သား ပြုလုပ်နည်း ပထမ ကောက်ညင်းကို ရေစိမ်ထားပြီးပေါင်းပါ။ ခပ်တင်းတင်း အနေထား ပေါင်းရပါမယ်ပေါင်းပြီး အအေးခံကာ ရေဆေးချပါ။ သန့်ရှင်းသော ဆီကင်းသော အဝကျယ်ပုံး (သို့) ဘူးတစ်ခုတွင် ထည့်ပါ ။ ကောက်ညင်းနှစ်ဘူးလျှင် ရေ ၅လီတာခန့် ထည့်ပါ ဆန်ချိုဆေးကို ပိတ်စပါးတခုဖြင့် ထုတ်ပြီး ရေစိမ်ထားသော ကောက်ညှင်းဆန်အတွင်း ထည့်ကာ ဆေးအရည်ပျော်ရန် အနည်းငယ် ခြေပေးပြီး အထက်အောက် […]
မို့တက်လာတဲ့ တောသားတစ်ယောက် မန်းလေးက ဟိုတယ်တစ်ခုမှာ တည်းလိုက်မိသောအခါ…
မြို့တက်လာတဲ့ တောသားတစ်ယောက် မန်းလေးက ဟိုတယ်တစ်ခုမှာ တည်းလိုက်မိသောအခါ… မန်းလေးက– ဟိုတယ်မှာ အခန်းသော့ယူ အခန်းထဲဝင် အဝတ်အစားအိတ်လေး ချပြီး နံရံပေါ်ကပ်ထားတဲ့ စာကို ဖတ်မိတယ်….။ 😳 ”တဘက်များ စွန်းထင်းလျှင် လျှော်ခ ၁၀၀၀” 😯 အင်း…ရေချိုးပီးရင် ပါလာတဲ့ ရေလဲပုဆိုးနဲ့ သုတ်ရုံပေါ့ !!ကိုယ်ဒေကလဲ ဖုန်နဲ့သဲနဲ့ ချွေးတလုံးလုံးနဲ့ကိုး… !! ” ဖန်ခွက်များ ကျကွဲလျှင် တစ်လုံး ၂၀၀၀ ” ဗုဒ္ဓေါ…! 😮ကိုယ်ကလဲ ပြာယာခတ်တတ်ပါဘိနဲ့… ….. 😖 ဖြစ်သေးပါဘူးလေ ! ဂျာနယ်အဟောင်းလေးနဲ့ထုပ်ပီး အံဆွဲထဲ ထည့်ထားအုံးမှ…. ” အိပ်ရာခင်းများ ညစ်ပေလျှင် လျှော်ခ ၅၀၀၀ ” ကဲ..တတ်နိုင်ဘူး !! 🙄 ခုတင်ဘေး ကြမ်းပြင်ပေါ် […]
ကျောင်းမသွားချင်သည့် ညီဖြစ်သူကို လိုက်ခေါ်ရာ ညီဖြစ်သူနှင့် အစ်ကိုဖြစ်သူတို့…see more. ..
ကျောင်းမသွားချင်သည့် ညီဖြစ်သူကို လိုက်ခေါ်ရာ ညီဖြစ်သူနှင့် အစ်ကိုဖြစ်သူတို့…see more ကရင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကော့ဗိန်းစံပြကျေးရွာ၊ ဘုရားကြီးကျေးရွာတွင် နေထိုင်သည့် အသက်(၆) နှစ်အရွယ်ရှိသည့် ကလေးနှင့် အသက် (၁၆) နှစ်အရွယ်ရှိသည့် ညီအစ်ကို နှစ်ဦးသည် တူးမြောင်းကို ဖြတ်ကူးရာ ညီအစ်ကို နှစ်ဦး စလုံး သေဆုံးခဲ့သည်။”မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက အဘွားဖြစ်သူမှ ကျောင်းတတ်ခိုင်းရာ ကျောင်းမသွားချင်လို့ နေအိမ်ကနေ ထွက်ပြေးတဲ့ ညီဖြစ်သူကို အစ်ကိုဖြစ်သူက လိုက်ခေါ်တာ အဲ့ဒီမှာ အသစ်တူးထားတဲ့ တူးမြောင်းကို ဖြတ်ကူး ကြတာ ညီအစ်ကိုနှစ်ယောက်လုံး ရေနစ်သေဆုံးသွားတယ်” လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ အဆိုပါ ဖြစ်စဉ်အပေါ် ကော့ဗိန်းရမ္မဝတီလူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ဘုရားကြီး ဗြဗ္မဝိဟာရ လူမှုကယ်ဆယ်ရေး အဖွဲ့တို့မှ […]
အပင် (၁၀၀) စိုက်ထားရင် တစ်နှစ်ကြာချိန်မှာ တစ်ပတ်ဝင်ငွေ (၅) သိန်း ရနိုင်တဲ့ နဂါးမောက်ပင် စိုက်ပျိုးနည်း
ဆေးဖက်ဝင် နဂါးမောက်သီးပင်စိုက်ပျိူးနည်း နဂါးမောက်သီး ပင်များကို ၂၀၀၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံမှ ပျိုးပင်များ တင်သွင်းခြင်း ဖြစ်သည်။ စိုက်ပျိုးရေး ဦးစီးဌာန လက်အောက်ရှိ ဥယျာဉ်ခြံ များဖြစ်သော ပုပ္ပားနှင့် ရန်ကုန် ဥယျာဉ်ခြံတွင် စတင်စမ်းသပ် စိုက်ပျိုးဖြစ် ထွန်းနိုင်သော သီးနှံ တစ်မျိုးဖြစ်သည်။ (1) တွယ်ကပ်ပင်နှင့် မြေပေါ် တွား၍ပေါက်သော ရေငတ် ခံနိုင်သည့် ရှားစောင်း မျိုးနွယ်ပင်ဖြစ်သည်။ (2) သို့သော် စီးပွားဖြစ် စိုက်ပျိုးပါက လိုအပ်သော အချိန်တွင် ရေပေးသွင်းရန် လိုအပ်သည်။ (3) ပြုစုစောင့်ရှောက်မှု ကောင်းမှသာ သီးထွက် ရရှိမှု ကောင်းမွန်သည်။ (4)နဂါး မောက်ပင်၏ အမြစ်သည် မြေအနက် ၈ လက်မခန့်သာ အမြစ်ဝင် သဖြင့် ပေါင်းမြက်ကြောက်သော သီးနှံပင်တစ်မျိုးဖြစ် […]
ဇီးကွက် ဆောင်တိုင်း ကောင်းပါသလား ? မှတ်သားထိုက်လို့ ဖတ်သွားပါ ဇီးကွက်ကို လူတော်တော်များများက လာဘ်ကောင်ဟူ၍ ထင်မှတ်ကြ၏။ ထိုသို့ သတ်မှတ်ခြင်း နှင့်အတူ တမြတ်တနိုးပင် ဇီးကွက်ရုပ် ဆောင်ကြသည်ကိုလည်း တွေ့ရဖူးပါ၏။ ဇီးကွက်ဆိုသော သတ္တဝါကို မြို့၌ တွေ့ရခဲ သော်လည်း ကျေးလက် တောရွာများ၌ အလွယ်တကူပင် တွေ့မြင်ရတတ်ပါသည်။ ထိုသို့တွေ့မြင် ရာ၌ ညဘက်၌သာ တွေ့မြင်ရတတ်ပါသည်။ အကြောင်းမူ ဇီးကွက်သည် ညဘက်မှ ထွက်သော အနိဋ္ဌသတ္တဝါ ဖြစ်ပါ၏။ ဤ၌ ဇီးကွက်ကို ညဘက်အခါ၌ တွေ့မြင်ရ သော နေရာအပေါ်မူတည်၍ အတိတ်နိမိတ်ကောက် ယူမှုများကို တင်ပြလိုပါသည်။ ၁။ ညအခါ သစ်ကိုင်းစို၌ ဇီးကွက်နားနေသည်ကို တွေ့မြင်ရပါက စီးပွားဥစ္စာများ တိုးတက် ဖြစ်ထွန်းတတ်ပါသည်။ ၂။ ညအခါ […]
ကြည့်ရှုသူ (၉) သန်းကျော်သွားပြီး တစ်ကမ္ဘာလုံး က လူတွေကို ခွီနေရအောင် လုပ်လိုက်တဲ့ ကျောင်းသားလေး(ရုပျသံ)
ကြည့်ရှုသူ (၉) သန်းကျော်သွားပြီး တစ်ကမ္ဘာလုံး က လူတွေကို ခွီနေရအောင် လုပ်လိုက်တဲ့ ကျောင်းသားလေး ယခုဖော်ပြပါဗီဒီယိုလေးကတော့ ယနေ့ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကြည့်ပြီး အားလုံးငယ်စဉ်က ကျောင်းတက်ခဲ့ရတဲ့ ကလေးဘဝကို သတိရသွားကြမှာ အမှန်ပါပဲ။ ကလေးပီပီ အပူပင်မရှိ၊ ဆော့လိုက် စားလိုက်နဲ့ ပင်ပန်းတဲ့အရွယ်မှာ ကျောင်းတက်ရင် အိပ်ငိုက်၊ အိပ်ပျော်ရတာလည်း အကြိမ်ကြိမ်ကြုံဖူးကြမှာပါ။ ထိုဗီဒီယိုလေးထဲမှာတော့ ကျောင်းမှာစာသင်ရင်း အိပ်ပျော်သွားတဲ့ကျောင်းသားလေး ကျောင်းဆင်းတာတောင် မသိရှာတော့ဘဲ မိခင်လာခေါ်မှ နိုးလာပြီး အိပ်ချင်မူးတူးနဲ့ ထိုင်နေတဲ့ထိုင်ခုံကို ကျောပိုးအိတ်အမှတ်နဲ့ လွယ်ပြီး ပြန်သွားတဲ့ ဗီဒီယိုလေးပါ။ ကလေးဘဝရဲ့အပူပင်မရှိ ဖြူစင်မှုတွေကို အထင်းသားမြင်တွေ့ရမှာဖြစ်ပြီးဒီဗီဒီယိုဖိုင်လေးကို ကြည့်ရှုသူ သန်းချီရှိနေတာလည်း တွေ့ရပါတယ်။ အဲဒါကြောင့် ပရိသတ်တွေပါ ကြည့်လို့ရအောင် မျှဝေပေးလိုက်တာဖြစ်ပါတယ်။ Zawgyi ကြည့်ရှုသူ (၉) […]









