ၾကားသိရသမွ်

ဝက်အတွက် စိတ်မကောင်းပေမဲ့ 😁မိနစ်ပိုင်းလေး ပျော်တယ်ဆိုရင်တောင် ဝမ်းသာရပါတယ်ဆိုတဲ့ပန်ဆယ်လို

ရှေ့ရက်က စိတ်ပိုင်းဆိုင်ရာ အထိအခိုက်တွေများလာတော့ မိတ်ဆွေစာရေးဆရာတစ်ယောက်ကို ရင်ဖွင့်ဖြစ်တယ်။ သူက စိတ်ထားနည်း၊ နေနည်းထိုင်နည်းလေးတွေကို စာအရှည်ကြီး ရေးပို့ရှာတယ်။ သူညွှန်တဲ့နည်းလမ်းထဲမှာ တော်လှန်ရေးအတွက် ထောက်ပို့မှုတွေအပြင် စိတ်ပိုင်းဆိုင်ရာ ကြည်နူးစေတဲ့ ကူညီမှုလေးတွေကိုပါ အလျင်းသင့်သလို လုပ်ပါလို့ ပါဝင်တယ်။ ကိုယ် Fund Raise လုပ်လို့ရရှိတဲ့ငွေတွေက တိုက်ပွဲဝင်လူငယ်တွေအတွက်လို့ ပြောပြီးကောက်ခံထားတာဖြစ်တဲ့အတွက် အခြားကိစ္စရပ်တွေမှာ သုံးစွဲလို့မဖြစ်ပါဘူး။ ဒါ့ကြောင့် ဒီရက်ထဲ ကိုယ့်လုပ်အားနဲ့ စျေးရောင်းလို့ ရတဲ့အမြတ်ငွေလေးထဲက စစ်ဘေးရှောင်ပြည်သူတွေအတွက် စိတ်ပျော်ရွှင်စေမယ့် စားနပ်ရိက္ခာလေး ပေးပို့ဖြစ်ပါတယ်။ အခြား အသားငါးတွေက ဝယ်လို့တော့ ရနိုင်ချေရှိပေမယ့် ဝက်သားက ဒီလိုနေရာမျိုးမှာ အခုလိုမှ အကောင်လိုက်မဝယ်နိုင်ရင် ရစရာမရှိတဲ့။ အားလုံးကလည်း တောင့်တနေကြတယ်တဲ့။ ကိုယ်ဆိုသည်မှာ ဝက်သားကြိုက်သူချင်းဆိုတော့ အရမ်းကိုယ်ချင်းစာတာပဲ။ တစ်ကောင်ပို့ဖြစ်လိုက်ပါတယ်။ ဝက်အတွက်တော့ စိတ်မကောင်းပါဘူးလေ။ ဒါပေမယ့် မတတ်နိုင်ဘူး။ […]

က်မၼာေရး ဗဟုသုတ

အိပ်ရာဝင်ခါနီးမှာ လုံးဝ မပြုလုပ်သင့်တဲ့ အချက် (၁၀)ချက်…..

အိပ်ရာဝင်ခါနီးမှာ လုံးဝ မပြုလုပ်သင့်တဲ့ အချက် (၁၀)ချက်….. (၁) အိမ်မွေး တိရစ္ဆာန်များနှင့်အတူ အိပ်ခြင်း”…..အိမ်မွေးတိရစ္ဆာန်များ၏ အိပ်စက်သည့် အချိန်သည် သာမန်လူများ အိပ်စက်ချိန်ထက် ပို၍ တိုတောင်း သောကြောင့် သင့်ကို အိပ်ရေးပျက် စေပါတယ်။ အိမ်မွေး တိရစ္ဆာန်များ၏ အမွှေးများကလည်း သင့်ရဲ့ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေ နိုင်ပါတယ်။ (၂) ရေနွေးပူ စိမ်ချိုးခြင်း”…ရေနွေးပူ စိမ်ချိုးခြင်းက အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ထို့အပြင် ရေနွေးပူကို (၁၀)မိနစ်လောက် ပို၍ ကြာကြာစိမ်ချိုးပါက သင့်ရဲ့ သဘာဝအပေါ်ယံ အရေပြားကို ထိခိုက်စေပါတယ်။ (၃) စိုးရိမ်စိတ် လွန်ကဲခြင်း”…အိပ်ရာမဝင်ခင် သတင်းကြည့်ခြင်း (သို့)တစ်ယောက်ယောက်နှင့် ရန်ဖြစ်ခြင်းက အိပ်စက်ခြင်းကို ထိခိုက်စေပါတယ်။ ထိုမျှမက အပျော်လွန် ကဲခြင်းသည်လည်း အိပ်စက်ခြင်းကို အနှောင့်အယှက် […]

ဗဟုသုတ

ထမင်းပေါင်းအိုးနဲ့ချက်တိုင်းသိုးလွယ်လို့ စိတ်ညစ်နေရင် ဒီနည်းလေးသုံးကြည့်ပါ

ထမင်းပေါင်းအိုးနဲ့ချက်တိုင်းသိုးလွယ်လို့ထမင်းမသိုးအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလေးဗဟုသုတအဖြစ် ထပ်ဆင့်ဝေမျှပေးပါရစေ ကိုယ့်အတွေ့အကြုံလေးကိုsharingလုပ်ပေးပါရစေကိုယ်လည်းအဲ့ဒုက္ခကိုတော်တော်ခံစားခဲ့ရတာဘယ်လောက်ဆိုးသလဲဆိုမနက်ပိုင်းချက်ထားတဲ့ထမင်းကိုညနေမမှောင်ခင်အပြေအလွှားစားမှမှီတယ် မဟုတ်ရင်စားခါနီးကျထမင်းကသိုးရော ထမင်းကြိုက်တဲ့လူဆိုတော့ ထိုင်ငိုချင်စိတ်ပါပေါက်တာအဲ့လိုဖြစ်ပေါင်းများလို့ခေါင်းဆွဲပြုတ်နဲ့ညားရတာအခါခါပါပဲ ထမင်းမသိုးဖို့ဆိုရင် ကိုယ်သိသလောက်ကတော့ဆန်ဆေးရင်ဆန်ကိုသေချာပြောင်အောင်ဆေးရမယ်ပြီးရင်ထည့်ချက်မယ့်ရေကလည်းသန့်ရမယ်ပြီးရင်အိုးကလည်းသန့်ရမယ်လို့ အမြဲမှတ်ထားပါတယ် ခဏခဏသိုးတဲ့အိုးကိုအရင်ဆုံးရေထည့်ပြီးပွက်ပွက်ဆူနေအောင်တည်ပြီးပိုးသတ်ပါတယ်ပြီးရင်အဲ့ရေနွေးကိုသွန်ပြီးအိုကို‌အခြောက်ခံပြီးဆားနဲ့နာနာတိုက်ပါတယ် ကိုယ်တော့နာရီဝက်လောက်ကိုထိုင်‌တိုက်တာအိုးမှာရှိတဲ့ဂျေးတွေကဆားနဲ့အတူပါသွားပြီးဆားကမဲညစ်ညစ်အရောင်ပြောင်းသွားလိမ့်မယ်ကိုယ်စိတ်ကျေနပ်လောက်တဲ့အနေအထားရောက်ရင်ပန်ကန်ဆေးအစိမ်းဖတ်ထဲဆပ်ပြာထည့်ပြီးသေချာပွတ်ဆေးလိုက်ပါ အဲ့ဒါဆိုရင်မသိုးတော့တဲ့အိုးဖြစ်သွားပါလိမ့်မယ်ကိုယ်တော့အဲ့လိုလုပ်ပြီးကတည်းကထမင်းမသိုးတော့တာနှစ်ရက်လောက်ထားလဲထမင်းကနဂိုအတိုင်းလေးပဲတစ်ခါတလေနှစ်ညအိပ်တွေဘာတွေတောင်ဖြစ်ကုန်တာဒါတောင်မသိုးတော့ဘူး အားလုံးလည်းအဆင်ပြေကြပါစေရှင့်ကိုယ်အဆင်ပြေတဲ့နည်းလေးကိုပြန်မျှဝေပေးတာပါရှင်စာရှည်သွားရင်sorryပါ Credit zawgyi ထမင်းပေါင်းအိုးနဲ့ချက်တိုင်းသိုးလွယ်လို့ထမင်းမသိုးအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလေးဗဟုသုတအဖြစ် ထပ်ဆင့်ဝေမျှပေးပါရစေ ကိုယ့်အတွေ့အကြုံလေးကိုsharingလုပ်ပေးပါရစေကိုယ်လည်းအဲ့ဒုက္ခကိုတော်တော်ခံစားခဲ့ရတာဘယ်လောက်ဆိုးသလဲဆိုမနက်ပိုင်းချက်ထားတဲ့ထမင်းကိုညနေမမှောင်ခင်အပြေအလွှားစားမှမှီတယ် မဟုတ်ရင်စားခါနီးကျထမင်းကသိုးရော ထမင်းကြိုက်တဲ့လူဆိုတော့ ထိုင်ငိုချင်စိတ်ပါပေါက်တာအဲ့လိုဖြစ်ပေါင်းများလို့ခေါင်းဆွဲပြုတ်နဲ့ညားရတာအခါခါပါပဲ ထမင်းမသိုးဖို့ဆိုရင် ကိုယ်သိသလောက်ကတော့ဆန်ဆေးရင်ဆန်ကိုသေချာပြောင်အောင်ဆေးရမယ်ပြီးရင်ထည့်ချက်မယ့်ရေကလည်းသန့်ရမယ်ပြီးရင်အိုးကလည်းသန့်ရမယ်လို့ အမြဲမှတ်ထားပါတယ် ခဏခဏသိုးတဲ့အိုးကိုအရင်ဆုံးရေထည့်ပြီးပွက်ပွက်ဆူနေအောင်တည်ပြီးပိုးသတ်ပါတယ်ပြီးရင်အဲ့ရေနွေးကိုသွန်ပြီးအိုကို‌အခြောက်ခံပြီးဆားနဲ့နာနာတိုက်ပါတယ် ကိုယ်တော့နာရီဝက်လောက်ကိုထိုင်‌တိုက်တာအိုးမှာရှိတဲ့ဂျေးတွေကဆားနဲ့အတူပါသွားပြီးဆားကမဲညစ်ညစ်အရောင်ပြောင်းသွားလိမ့်မယ်ကိုယ်စိတ်ကျေနပ်လောက်တဲ့အနေအထားရောက်ရင်ပန်ကန်ဆေးအစိမ်းဖတ်ထဲဆပ်ပြာထည့်ပြီးသေချာပွတ်ဆေးလိုက်ပါ အဲ့ဒါဆိုရင်မသိုးတော့တဲ့အိုးဖြစ်သွားပါလိမ့်မယ်ကိုယ်တော့အဲ့လိုလုပ်ပြီးကတည်းကထမင်းမသိုးတော့တာနှစ်ရက်လောက်ထားလဲထမင်းကနဂိုအတိုင်းလေးပဲတစ်ခါတလေနှစ်ညအိပ်တွေဘာတွေတောင်ဖြစ်ကုန်တာဒါတောင်မသိုးတော့ဘူး အားလုံးလည်းအဆင်ပြေကြပါစေရှင့်ကိုယ်အဆင်ပြေတဲ့နည်းလေးကိုပြန်မျှဝေပေးတာပါရှင်စာရှည်သွားရင်sorryပါ Credit

ဗဟုသုတ

ပညာရပ်တစ်ခုနဲ့လုပ်စားရင် အမြဲတမ်းလေ့လာနေရမယ် မလေ့လာရင် ကျန်ခဲ့မှာပဲ…

သူတို့ဘာမှားခဲ့လို့လဲ..? သူတို့ဘာတွေမှားနေလဲ..? ၁ ။ သူ့နာမည်ကဦးစိုး အသက်က ၅၀ ကျော်နေပြီ။ သူကရပ်ကွက်စျေးလေးတခုမှာနေတယ် ။ သူ့အလုပ်အကိုင်က နာရီပြင်တယ် ။ သူကနာရီပြင်တာတော်တယ် ။ သူကိုယ်တိုင်လည်း ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့တယ် ။ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်ကတည်းက နာရီပြင်လာတဲ့ နာရီပြင်ဆရာ ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်တုန်းက လူတိုင်းလိုလို နာရီပတ်တုန်းက သူလုပ်ငန်း တော်တော်ကောင်းခဲ့တယ် ။ တနေ့တနေ့ သူ့ ဝင်ငွေမနည်း ။ အခုတော့သူက ညည်းရှာတယ် ။ ” အခုနောက်ပိုင်းခေတ်တွေရောက်လာတော့ နာရီပြင်တဲ့ အလုပ်တွေမကောင်း တော့ဘူးကွာ ။ ဖုန်းတွေပေါ်လာပြီး နောက်ပိုင်း နာရီပတ်တဲ့ သူတွေတော်တော်ရှားလာတယ် ငါ့တူရ ဒီအလုပ်မလုပ်ဘဲ အခြားအလုပ်ပြောင်းလုပ်ဖို့ကလည်း […]

ၾကားသိရသမွ်

ကလေးတစ်ယောက်မွေးပြီးတော့ အဝလွန်ကာ မလှတော့၍ ခင်ပွန်းဖြစ်သူရဲ့ ထားသွားခြင်းကို ခံလိုက်ရပြီး စိတ်နာနာနဲ့ See more

အိမ်ထောင်သည်အများစုမှာ မိဘအိမ်မှာတုန်းကလို လွတ်လွတ်လပ်လပ်နဲ့ လုပ်ချင်ရာလုပ် သွားချင်ရာသွားမရတော့ပဲ ကိုယ့်ရဲ့ခင်ပွန်း၊ ဇနီးတွေရဲ့ မျက်နှာကြည့်ရကာ အရာရာတိုင်းကို ကိုယ်တိုင်ဦးဆောင်နေရပြီး စိတ်ဖိစီးမှုလည်း ပိုများရ၍ ရုပ်ရည်ကိုယ်ခန္ဓာတို့မှာလည်း ပြောင်းလဲသွားတတ်ကြသည်။ သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက်၃၅နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် အပျိုဘဝတုန်းက ချောမောလှပခဲ့သော်လည်း အိမ်ထောင်လည်းကျ ကလေးလည်း တစ်ယောက်မွေးဖွားချိန်တွင် ရုပ်ရည်က ပိုရင့်ကာ ခန္ဓာကိုယ်ကလည်း အလေးချိန်ပိုတိုးလာ၍ အဝလွန်ဖြစ်နေခဲ့သည်။ ခင်ပွန်းဖြစ်သူသည် အလှအပတွေပျက်စီးကုန်သည့် ဇနီးသည်ကိုမြင်တိုင်း စိတ်ကုန်မိကာ အပြင်မှာ အခြားမိန်းကလေးတွေနဲ့ ပွေချင်တိုင်းပွေ ရှုပ်ချင်ရှုပ်တိုင်းရှုပ်ရင်းနေခဲ့ရာ ဇနီးသည်သိသွားချိန်တွင် သူ့ရဲ့အမှားကို မတောင်းပန်ပဲ ကွာရှင်းပြတ်စဲခဲ့သည်။ ထိုအချိန်တွင် အမျိုးသမီးသည် ကလေးတစ်ယောက်နဲ့ ရပ်တည်ဖို့ ခက်ခဲလွန်းတာကြောင့် မိဘအိမ်ပြန်ခဲ့ရပြီး ကလေးကိုအပ်နှံကာ သူဘဝကိုအကောင်းပြန်ရပ်တည်နိုင်လာအောင် ကြိုးစား၍ ရုပ်ရည်နှင့်ပက်သက်ပြီးတော့လည်း ပြုပြင်ခဲ့ရာ တဖန်ပြန်လှလာ၍ ခင်ပွန်းဟောင်းမှ ပြန်ပေါင်းရန် တောင်းဆိုခဲ့ချိန် […]

ကြားသိရသမျှ

အလှအပနဲ့ပတ်သက်ပြီး ကြုံနေကျပြဿနာလေးတွေကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မယ့်နည်းလမ်း (၇) ခု

အလှအပနဲ့ ပတ်သက်ပြီး လွယ်ကူထိရောက်တဲ့ နည်းလမ်းတွေကို ဒီနေ့ခေတ်မှာ လွယ်လွယ်ကူကူ ရှာဖွေလို့ရနေပါပြီ။ အချို့နည်းလမ်းတွေက ထင်ထားတာထက်တောင် လွယ်ကူပါသေးတယ်။ ဒီနေ့မှာတော့ အလှအပနဲ့ပတ်သက်လို့ ကြုံနေကျ ပြဿနာလေးတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။ ၁။ ဆံပင်ရေဓာတ်ဖြည့်ဖို့ ဆံပင်မှာ ရေဓာတ်မရှိရင် ဖွာပြီး သပ်သပ်ရပ်ရပ် ဖြစ်နေမှာ မဟုတ်ပါဘူး။ အိပ်ရာမဝင်ခင်မှာ ဆံပင်မှာ ဆီတစ်မျိုးလိမ်းပြီး အဝတ်စတစ်ခုနဲ့ ပတ်ထားပြီး အိပ်ပါ။ အိပ်နေချိန်မှာ ဆံပင်က ရေဓာတ်ပြည့်နေမှာပါ။ အိပ်ရာထချိန်မှာ ဆံပင်က နဂိုကထက် ကျန်းမာပြီး တောက်ပနေတာကို တွေ့ရပါတယ်။ ၂။ ထိုးထိုးထောင်ထောင်ထွက်နေတဲ့ ဆံပင်တွေအတွက် ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြီးထားပေမယ့် အသစ်ထွက်လာတဲ့ ဆံပင်လေးတွေကြောင့် ဆံပင်လေးတွေက ထိုးထိုးထောင်ထောင် ဖြစ်နေတတ်ပါတယ်။ ဆံပင်တွေအားလုံး […]

ၾကားသိရသမွ်

ဆေးခန်းပြရန်သွားတဲ့ သားအမိမှ Taxiပေါ်တွင် ငွေသား(၆)သိန်းကျကျန်ခဲ့၍ ပုံပါအမျိုးသားဖြစ်သူ… See more

ဆေးခန်းပြရန်သွားတဲ့ သားအမိမှ Taxiပေါ်တွင် ငွေသား(၆)သိန်းကျကျန်ခဲ့၍ ပုံပါအမျိုးသားဖြစ်သူ… See more ကျေးဇူးအထူးတင်စွာဖြင့်ဂုဏ်ပြုအပ်ပါသည်ရှင်…သည်နေ့ နေ့ခင်း ၁၂နာရီလောက်က ကာ့မေမေ ဆေးခန်းသွားပြရန်အတွက် မေမေနှင့်မမ Taxi ငှား၍ အိမ်မှ ဗဟိုစည်ဆေးရုံသို့ သွားရာတွင် မေမေ့ပိုက်ဆံအိတ် ကားပေါ်မေ့ကျန်ခဲ့ပါသည်… ဖုန်းက မေမေ့လက်ထဲတွင် ကိုင်ထား၍ ပါလာပြီး ပိုက်ဆံအိတ်မှာ ပေါင်ပေါ်မှနေ၍ ကားထဲကျကျန်ခဲ့တာ သားအမိနှစ်ယောက်စလုံး မသိလိုက်ပါ… မေမေက ရှေ့အပတ်ထဲဆေးရုံတက်စရာရှိသောကြောင့် စာရွက်စာတမ်းတွေ ဖိုင်တွဲတွေ ဓါတ်မှန်တွေ စုံပလုံစိအောင်ယူသွားရသောကြောင့် မမလည်းကိုင်စရာတွေများပြီး ပိုက်ဆံအိတ်က သူကိုင်ထားမလို ကိုယ်ကိုင်ထားမလိုနဲ့ ကားပေါ်ကျန်ခဲ့ခြင်းဖြစ်ပါတယ်… အိတ်ထဲမှာ ငွေသား ၆သိန်းလောက်ပါသွားပါတယ်…ဆေးခန်းပြမှာမို့ လိုအပ်တာတွေ စစ်ရမှာမို့ မေမေက လိုလိုပိုပိုထည့်ထားခြင်းဖြစ်ပါတယ်… မမခမြာ သူ့လက်ထဲက ပျောက်သွားတယ်ဆိုပြီး ငိုမလိုလိုတွေဖြစ်…ချက်ချင်းနမာဇ်ဖတ် Allah ဆီ ဆုတောင်း…ကိုယ်တွေအမေ မုဆိုးမကြီးရဲ့ […]

ကြားသိရသမျှ


ငါမသိဘဲ စားခဲ့မိတဲ့ အတွက် တောင်းပန်ပါတယ် ငရဲကြီးရှစ်ထပ်မှာ နာကျင်မှုဝေဒနာငရဲဘုံဆိုတာရှိပါတယ်။ သူတို့ ခံစားနေရတဲ့ ဝဋ်ဒုက္ခတွေဟာ လက်ရှိလူတွေ စားနေတဲ့ ပရစ်တွေရဲ့ ဘဝနဲ့ ဆင်တူပါတယ်။ ပရစ်ကြော်ကို ကျွန်တော်လဲ အရင်ကအရမ်းကြိုက်ခဲ့ပါတယ်။ နယ်ပြန်တော့ ကြော်ပုံကြော်နည်းအဆင့်ဆင့်တွေကို သိလိုက်ရပြီးနောက်ပိုင်း လုံးဝမစားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အရမ်းစားကောင်းတယ်၊ အရမ်းလတ်ဆက်တယ်ဆိုတာ ညှင်းပန်းနှိပ်စက်ပြီးမှ သေရတာဖြစ်လို့ ပိုပြီး လက်ဆက် ပိုစားကောင်း ခံတွင်းမြိန်စေတာပါ။ ပရစ်ကို အရင်ဆုံး ရေသန့်ဗူးထဲ ကောက်ကောက်ထည့်ပါတယ်။ရေသန့်ဗူးထဲမှာ ရေအနည်းငယ်ထည့်ထားပါတယ်။ အဲတော့ သူတို့တွေဟာ မသေသေးပါဘူး။ ဗူးထဲမှာဖြစ်တဲ့အတွက် လေကောင်းကောင်းမရတဲ့အတွက် မျော့မျော့လေးသာ ရှိနေပါတယ်။ အဲဒီမျော့မျော့ လေးရှိနေပေမယ့် နာကျင်မှု အသိစိတ်တော့ ကောင်းကောင်းသိနေရပါသေးတယ်။ အဲလို အသက်ရှုကြပ်ပြီး မျော့နေတဲ့အတွက် ဗူးထဲကနေ အပြင်ကို သူတို့ကို ထုတ်တဲ့အခါ သူတို့ဟာ […]

ၾကားသိရသမွ်

ကေအိုင်အို ထိန်းချုပ်နယ်မြေရှိကျောင်းများမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ယနေ့ထုတ်ပြန်

ကေအိုင်အို ထိန်းချုပ်နယ်မြေရှိကျောင်းများမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ယနေ့ထုတ်ပြန် 6 June 2022 – Kachinwaves ကေအိုင်အို ထိန်းချုပ်နယ်မြေရှိကျောင်းများမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ယနေ့ထုတ်ပြန်ခဲ့ရာ ဖြေဆိုအောင်မြင်သူ ၇၆.၆၄ ရာခိုင်နှုန်းရှိကြောင်း သတင်းရရှိသည်။ ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ အထက်တန်းကျောင်းစာစစ်ဌာန ၇ ခုမှ ကျောင်းသူကျောင်းသားပေါင်း ၂၁၉၂ ဖြေဆိုခဲ့ရာ ၁၆၈၀ ယောက် အောင်မြင်ခြင်း ဖြစ်သည်။ ယခင်ပညာသင်နှစ်တွင် စာမေးပွဲဖြေဆိုသူ ၈၀၀ ခန့်သာရှိခဲ့ရာ ယခုနှစ် ၂၀၂၁ – ၂၀၂၂ ပညာသင်နှစ်တွင် မြို့ပေါ်ကကျောင်းသူ ကျောင်သားများလည်း တက်လာကြသည့်အတွက် ကျောင်းသား ၂၀၀၀ ကျော်ထိရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ကေအိုင်အို ထိန်းချုပ်နယ်မြေတွင်အထက်တန်းကျောင်း ၉ ကျောင်းရှိပြီး စာစစ်ဌာန ၇ […]

ၾကားသိရသမွ်

အသီးမှာဘုရင်လို့ တင်စားကြတဲ့ ဒူးရင်းသီးကို နှစ်စဥ်အခမဲ့ ကျွေးမွေးတဲ့ စတုဒီတာ စားပွဲတော်နှင့် တစ်ချိန်တုန်းက လူတိုင်းစားခွင့်မရှိတဲ့ ဒူးရင်းသီး၏ ရာဇဝင်

6 – 6 – 2022 ဒီနေ့ ♥ ဒူးရင်းသီးပွဲတော် ♥ ကျင်းပပြီ Covid ကပ်ဘေးကြောင့် ၂ နှစ်တာ ရပ်နားခဲ့ရတဲ့ လောင်းကိုင်ကျေးရွာမှ အဝစား ဒူးရင်းသီး ပွဲတော်ကြီးကို ယနေ့ ဥပုသ်နေ့မှာ သံဃာတော်များကို ဆက်ကပ် လှူဒါန်းပြီး ကြွရောက်လာတဲ့ ဧည့် ပရိသတ်များကို အဝ ကျွေးမွေး လှူဒါန်းကြမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာတော့ တစ်နာရီအတွင်း အဝစား ဒူးရင်းသီး ဘူဖေးပွဲတော်ကို ခန်းမကြီးတွေမှာ ကျင်းပနေပြီး ထိုင်းဘတ်ငွေ ၄၀၀ မှ ၅၀၀ ထိ အခကြေးငွေ ပေးရမှာ ဖြစ်ပါတယ်။ အချိန်စေ့လို့ ခွဲထားတာတွေ စားမကုန်ရင် ဘတ်တစ်ထောင် ပြန်လျော်ရမယ်လို့ သတ်မှတ်ထားပြီး လုံခြုံရေးတွေက စောင့်ကြည့်နေကြပါတယ်။ မြန်မာပြည်က […]