ၾကားသိရသမွ်

ကျောင်းမသွားချင်သည့် ညီဖြစ်သူကို လိုက်ခေါ်ရာ ညီဖြစ်သူနှင့် အစ်ကိုဖြစ်သူတို့…see more. ..

ကျောင်းမသွားချင်သည့် ညီဖြစ်သူကို လိုက်ခေါ်ရာ ညီဖြစ်သူနှင့် အစ်ကိုဖြစ်သူတို့…see more

ကရင်၊ ဇွန် ၂

ကရင်ပြည်နယ်၊ ကော့ဗိန်းစံပြကျေးရွာ၊ ဘုရားကြီးကျေးရွာတွင် နေထိုင်သည့် အသက်(၆) နှစ်အရွယ်ရှိသည့် ကလေးနှင့်

အသက် (၁၆) နှစ်အရွယ်ရှိသည့် ညီအစ်ကို နှစ်ဦးသည် တူးမြောင်းကို ဖြတ်ကူးရာ ညီအစ်ကို နှစ်ဦး စလုံး သေဆုံးခဲ့သည်။”မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက အဘွားဖြစ်သူမှ

ကျောင်းတတ်ခိုင်းရာ ကျောင်းမသွားချင်လို့ နေအိမ်ကနေ ထွက်ပြေးတဲ့ ညီဖြစ်သူကို အစ်ကိုဖြစ်သူက လိုက်ခေါ်တာ

အဲ့ဒီမှာ အသစ်တူးထားတဲ့ တူးမြောင်းကို ဖြတ်ကူး ကြတာ ညီအစ်ကိုနှစ်ယောက်လုံး ရေနစ်သေဆုံးသွားတယ်” လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ ဖြစ်စဉ်အပေါ် ကော့ဗိန်းရမ္မဝတီလူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ဘုရားကြီး ဗြဗ္မဝိဟာရ လူမှုကယ်ဆယ်ရေး အဖွဲ့တို့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။

Photo – ရမ္မဝတီလူမှုကယ်ဆယ်ရေးအသင်း


ကရင်၊ ဇွန် ၂





