ဆေးဖက်ဝင် နဂါးမောက်သီးပင်စိုက်ပျိူးနည်း
နဂါးမောက်သီး ပင်များကို ၂၀၀၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံမှ ပျိုးပင်များ တင်သွင်းခြင်း ဖြစ်သည်။ စိုက်ပျိုးရေး ဦးစီးဌာန လက်အောက်ရှိ ဥယျာဉ်ခြံ များဖြစ်သော ပုပ္ပားနှင့် ရန်ကုန် ဥယျာဉ်ခြံတွင် စတင်စမ်းသပ် စိုက်ပျိုးဖြစ် ထွန်းနိုင်သော သီးနှံ တစ်မျိုးဖြစ်သည်။
(1) တွယ်ကပ်ပင်နှင့် မြေပေါ် တွား၍ပေါက်သော ရေငတ် ခံနိုင်သည့် ရှားစောင်း မျိုးနွယ်ပင်ဖြစ်သည်။
(2) သို့သော် စီးပွားဖြစ် စိုက်ပျိုးပါက လိုအပ်သော အချိန်တွင် ရေပေးသွင်းရန် လိုအပ်သည်။
(3) ပြုစုစောင့်ရှောက်မှု ကောင်းမှသာ သီးထွက် ရရှိမှု ကောင်းမွန်သည်။
(4)နဂါး မောက်ပင်၏ အမြစ်သည် မြေအနက် ၈ လက်မခန့်သာ အမြစ်ဝင် သဖြင့် ပေါင်းမြက်ကြောက်သော သီးနှံပင်တစ်မျိုးဖြစ် သည်။ ထို့ကြောင့် စီးပွားဖြစ်စိုက်ပျိုးပါက ပေါင်းမြောက် ရှင်းရန် အထူးလိုအပ်သည်။
(5)အပင်ကြီးအရွယ်တွင်ပင်လုံးဖြန့်ပေါင်းသတ်ဆေး အသုံးပြု၍ ရှင်းလင်းရ မည်။ ပေါက်ပြား အသုံးပြုပါက အမြစ်များ ထိခိုက်နိုင်သည်။
(6) နဂါးမောက်သီးပင်အမျိူးအစားများ
(Dragon Fruit) မျိုးမှာ အတွင်းသားအနီ ရောင်မျိုး (red flesh variety) Hylocereus umdatus နှင့်အတွင်းသားအဖြူရောင် (white flesh variety) Hylocereus တို့ကို အများဆုံး စိုက်ပျိုးသည်။ အသီးခွံ အဝါရောင်ရှိပြီး အတွင်းသား အဖြူရောင် ရှိမျိုးမှာ အနည်းကျဉ်းသာ တွေ့ရသည်။ နဂါးမောက်သီးကို ယခင်က ပုပ္ပားတွင်သာ တွေ့ရသည်။ ၂၀၁၄ ခုနှစ် တွင် တောင်ကြီး၊ မန္တလေး၊ မိတ္ထီလာ၊ ရန်ကုန်မြို့များတွင် စိုက်ပျိုးရောင်းချခဲ့ကြောင်း သိရ သည်။ ယနေ့ တွင် မြန်မာပြည်အနှံ့ စိုက်ပျိုးလာကြောင်း တွေ့ရသည်။
(7)စိုက်ပျိုးကြသော နည်းစနစ်များ မှာ
တီပုံသဏ္ဌာန်၊ တိုင်စနစ်၊ စင်စနစ်၊ တန်းစနစ်များကို အများဆုံးစိုက်ပျိုးကြသည်။
(😎 နဂါးမောက်ပင် စိုက်ပျိုးရာတွင်
ရှေးဦးစွာအမြင့် ၅ ပေ၊ အကျယ် ၄ လက်မရှိ ကွန် ကရစ်တိုင် (သို့မဟုတ်) သစ်သားတိုင်များကို ပင်ခြား ၆ ပေ၊ တန်းခြား ၉ ပေအကွာစိုက်ပါ။ တိုင်ခြေ ပတ်လည်တွင် ၂ ပေပတ်လည် ၂ ပေအနက် ကျင်းများတူးပြီး မြေဆွေးများ ထည့်ရပါမည်။ မြေတွင်းပိုးများ ကာကွယ်နိုင်သော အော်ဒင်းကဲ့သို့ ခြသတ်နိုင်သော ဆေးဇွန်းတစ်ဇွန်းစာ ထည့်ပြီး ၅ ရက်ခန့် မြေ နှပ်ထား ရပါမည်။ ထိုကျင်းများတွင် နဂါးမောက်ပင် တစ်ပေခွဲ အရွယ်ရှိသော အပင်များကိုကွန်ကရစ်တိုင် တစ်တိုင် ပတ်လည်တွင် တွယ်ကပ်နိုင်ရန် နဂါးမောက်ပင်ကို ကြိုးချည်ထားပါ။ ကျောက်တိုင်ထိပ်တွင် သစ်သား တန်းများ ထည့်ပေးရပါမည်။ နွေရာသီတွင် ရေမှန်မှန်လောင်းပါ။
(9)အပင်မှ အတတ်များထွက် လာသော အခါ မြေသြဇာအဖြစ် တစ်တိုင်လျှင်တီဆူပါ နို့ဆီဘူးနှစ်ဘူး၊ နွားချေး၊ ဝက်ချေးတစ်ပြည်၊ ပုလဲနို့ဆီဘူး တစ်ဘူးရောမွှေပြီး နှစ်လတစ်ကြိမ်ကျွေးရမည်။ အသီးသီးနေသော ကာလတွင် တစ်ပတ် တစ်ကြိမ်ကျွေးလျှင် ပို၍သီးပါသည်။
(10)သတိပြုရန်
မည်သည့်စနစ်ဖြင့် စိုက်ပျိုးသည်ဖြစ်စေ စတင်စိုက်ပျိုးချိန်တွင် အထူး သတိထားရမည်မှာ ပုရွက်ဆိတ် ဖြစ် သည်။ ထွက်လာသော အညွှန့်သစ်၏ ထိပ်ပိုင်းကို ပုရွက်ဆိတ် အနီကလေးများက အုပ်စုဖွဲ့ဖျက်ဆီး လေ့ ရှိသည်။ ၎င်းကို ပိုးသတ်ဆေး တစ်မျိုးမျိုးနှင့် နှိမ်နင်းရန်ဖြစ်သည်။ ရောဂါအနေဖြင့် ဗက်တီးရီးယား ပျော့ ပုပ်ရောဂါ (Enterobacter ciaace) ကျရောက်တတ်၍ ကိုဘိုဒ်၊ ကျုပရိုမက်စသည့် ကော့ပါးပါး သောဆေး များဖြင့် ပက်ဖျန်း ကာကွယ်နိုင်သည်။
မှိုပြောက်စွန်းရောဂါကို အင်ဗန်တိုဟက် ဖက်ဂွန်းမန်ကို ရှက်၊ ဒိုင်သိမ်း စသည့် မှိုသတ်ဆေးများ အလှည့်ကျ ပက်ဖျန်း၍ ကာကွယ်နိုင်သည်။
(11)အသီးသီးချိန်သတိပြုရန်
တစ်နှစ်သား အရွယ်ရောက်သောအခါ အဖူးအပွင့်များထွက်ကာ သီးကင်းဝင်စပြုပါသည်။ များသော အားဖြင့် ဧပြီလကုန်နှင့် မေလဆန်းပိုင်းတွင် စတင်သီးကင်းဝင်သည်။ တစ်နှစ်သား အရွယ်တွင် သီးကင်းနည်းပြီး တစ်ပတ်လျှင် ၁၀ လုံးခန့်သီးသည်။ နှစ်ကြာလာသည်နှင့်အမျှ အသီးပိုသီး၍ အသီးလည်း ကြီးလာသည်။
အကြမ်းအားဖြင့်တွက်လျှင် နဂါးမောက် အပင် 100 စိုက်ထားသူဟာ နဂါးမောက်ပင် တစ်နှစ်သား အရွယ်မှာ အသီးနှုန်း တစ်ပတ်လျှင် ၁၀ လုံးနှုန်းနှင့်တွက်လျှင် အပင် 100 အတွက် နဂါးမောက်သီး အလုံး ၁၀၀၀ ရရှိမှာ ဖြစ်ပါတယ်
အလုံး 1000 ကို အနည်းဆုံးဈေး ၅၀၀ နဲ့ တွက် လျှင် တပတ်ဝင်ငွေဟာ (၅) သိန်းဖြစ်ပါတယ်. .ဒါဟာ နဂါးမောက်ပင် တစ်နှစ်သားအတွက် ရရှိမယ့် ဝင်ငွေဖြစ်ပါတယ်. . .နောက်ပိုင်း အပင်ကြီးလာတာနဲ့အမျှ အသီးနနှုန်းကလည်း ပိုများလာမှာဖြစ်ပါတယ်
အသီးများ ဆက်တိုက် ထွက်ပေါ်နေပြီး ၎င်းကာလတွင် နဂါးမောက်သီး ကောင်းမွန် စေရန် အပင်မှဖြာ ထွက်သော အချို့အကိုင်းအခက်များကို ဖယ်ရှားပေးရမည်။
နဂါးမောက်ပင်များသည် မျိုးကို တစ်ခါဝယ်ရပြီး ဆက်လက်စိုက်ပျိုးရန်အတွက် မျိုးကိုမိမိပင်မှ တစ်လက်မခွဲ ကိုင်းများဖြတ်၍ စိုက် ပျိုးနိုင်သောကြောင့် အလွယ်တကူ စိုက်ပျိုးနိုင်သည်။ နဂါးမောက်ပင်များ စိုက်ပျိုးခြင်းဖြင့် ခြံစိုက် တောင်သူများ ဝင်ငွေကောင်း လျက်ရှိပြီး ခြံကြီးများတွင် နဂါးမောက်ပင်များကို ကွန်ကရစ်တိုင် ၃၀၀ မှ ၁၀၀၀ အထိ တစ်တိုင်လျှင(်၄ပင်နှုန်း) စိုက်ပျိုးလျက်ရှိသည်။
(12)စျေးကွက်
ထွက်ရှိလာသော နဂါးမောက်သီးများကို တစ်ကီလိုလျှင် ၂၀၀၀ ကျပ်နှုန်းနှင့် ဆိုဒ်မမီသော နဂါးမောက်သီးများကို တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ ရောင်းရကြောင်း သိရ သည်။ နဂါးမောက်သီးသည် အဖြူ၊ အနီ၊ အဝါသုံးမျိုးရှိရာ အနီသီးကို ပို၍နှစ်သက်ကြသည်။
အတွင်းသား အဖြူရောင်မျိုးမှာ ဒုတိယပတ်တွင် နောက်ဆုံး အဖူးထွက်ပြီး အတွင်းသား အနီရောင်မျိုး မှာ အောက်တိုဘာလ ပထမပတ်တွင် နောက်ဆုံး အဖူးထွက်သည်။ သို့ဖြစ်၍ အတွင်းသား အနီရောင်မျိုး သည် အတွင်းသား အဖြူရောင်မျိုးထက် ဖူးပွင့်သည့် ကာလတစ်လခန့် ပိုမိုသည်ကို တွေ့ရသည်။
(13)အသီး၏ဆေးဖက်ဝင်ပုံ
နဂါးမောက်သီးသည် ဗီတာမင်စီနှင့် အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်သည့်အပြင် လိုင်ကိုပိန်း ဓာတ်များစွာ ပါဝင်သောကြောင့် သဘာဝ အရွယ်တင်နုပျိုစေပြီး အသီးတွင် Antioxidant အများဆုံး ပါဝင်သဖြင့် ကင် ဆာရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချို၊ ဆီးလွန်ရောဂါများ၊ လေသင်တုန်းနှင့် လေဖြတ်ခြင်း ရောဂါ များ ပျောက်ကင်းစေသည်။
ထို့ပြင် အဆိပ်အတောက် ဖြစ်စေတတ်သော Heavy mental များ ချေဖျက်ပေး သဖြင့် ကိုလက်စထရောကို လျော့ကျစေသည့်ပြင် ချောင်းဆိုး၊ ရင်ကျပ်ရောဂါကိုလည်း သက်သာပျောက် ကင်းစေသည်။ အစာအိမ်အတွင်းရှိ အဆိပ်အတောက်များကို ချေဖျက်နိုင်စွမ်းရှိခြင်း၊ အဆီဓာတ်များ ကို လျော့ကျနိုင်စွမ်းရှိခြင်း၊ မှတ်ဉာဏ်ကောင်းခြင်း၊ မျက်လုံး အားကောင်းခြင်း၊ သွားနှင့် အရိုးများ ခိုင်မာစေခြင်း တို့ကြောင့် လူတိုင်း စားသုံးသင့်သည်။ အထူးသဖြင့် နာလန်ထ လူမမာများအတွက် အထူး သင့်လျော်သည်။
နဂါးမောက်သီးတွင် အစွမ်းအာနိသင် ထက်မြက်စေသည့် Antioxidant ဓာတ်ပြည့်ဝစွာ ပါဝင်သည့်အတွက် စိတ်ဖိစီးမှုနှင့် ဆက်နွှယ်နေသော ရောဂါများကိုပျောက်ကင်းစေနိုင် သဖြင့် အမေရိက တိုက် အလယ်ပိုင်းဒေသများတွင် နဂါးမောက်သီးမှာ ဆေးစွမ်းထက်သည့် အသီးအဖြစ် နာမည်ကြီးလှသည်။
ယခုစျေးကွက်တွင် လူကြိုက်များသည့် နဂါးမောက်သီးပင်ကို မြန်မာပြည် အရပ်ရပ်တွင် စိုက်ပျိုးအောင်မြင်ပြီး ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။
Crd