အသက္ ၂၀ အရြယ္ဆိုတာ မတည္ၿငိမ္ေသးတဲ့အရြယ္ပါပဲ။ ဒီလိုအခ်ိန္မွာ အခ်စ္ေရးနဲ႔ပတ္သတ္ၿပီး အမွားအယြင္းမျဖစ္ေအာင္ သတိထားဖို႔လိုပါတယ္
ဒါေၾကာင့္ ပ်ိဳေမတို႔အတြက္ အသက္ ၂၀ အရြယ္မွာ အခ်စ္ေရးနဲ႔ပတ္သတ္ၿပီး ေရွာင္ၾကဥ္သင့္တဲ့အရာတခ်ိဳ႔ကို ေျပာျပေပးလိုက္ပါတယ္။
( ၁ ) လက္မထပ္ပါနဲ႔
အသက္ ၂၀ အရြယ္က အရမ္းငယ္လြန္းပါတယ္။ ဘဝတက္လမ္းအတြက္လည္း ႀကိဳးစားလို႔ေကာင္းတဲ့အခ်ိန္ပါ။ ဒီလိုအခ်ိန္မွာ ရူးမိုက္ၿပီးလက္ထပ္တာမ်ိဳး မလုပ္ပါနဲ႔။ ဒီအရြယ္က မတည္ၿငိမ္ေသးတဲ့အရြယ္မို႔ လက္မထပ္သင့္ပါဘူး။
( ၂ )ပံုေအာၿပီးမခ်စ္ပါနဲ႔
တစ္စံုတစ္ေယာက္ကို ပံုေအာခ်စ္ထားၿပီးမွ ကဲြသြားခဲ့ရင္ ကိုယ္ပဲအလူးအလဲခံစားရမွာပါ။ ဒီအရြယ္မွာ မတည္ၿမဲႏိုင္ေသးတဲ့အတြက္ တစ္ခုခုဆို အရမ္း Serious မျဖစ္ပါနဲ႔။
ကိုယ့္အတြက္ ေရွ႔ဆက္ရမယ့္အခ်ိန္ေတြ၊ ေတြ႔ရမယ့္လူေတြက အမ်ားႀကီးရွိပါေသးတယ္။ ဘယ္သူ႔ကိုမွလည္း အယံုမလြယ္ပါနဲ႔
( ၃ )အတတ္ပညာကိုဦးစားေပးပါ
ရည္းစားထားၿပီး အခ်စ္ေရးအတြက္ ခံစားေနမယ့္အစား အတတ္ပညာကို မ်ားမ်ားတက္ပါ။ တစ္ခုၿပီးတစ္ခုတက္ပါ။ ဒီလို အရြယ္မွာတက္ထားမွ ကိုယ့္အတြက္ တက္လမ္းရွိမွာပါ။
အသက္ ၂၀ အရြယ္မွာ ပညာေရးကိုေသခ်ာတစိုက္မတ္မတ္မလုပ္ပဲ အခ်စ္ေရးအတြက္ ပူေဆြးေနရင္ အသက္ႀကီးလာတဲ့အခါ ရင့္က်က္လာတဲ့အခါမွာ ေနာင္တရပါလိမ့္မယ္။
( ၅ )အလုပ္ကိုဦးစားေပးပါ
ဘာေၾကာင့္အလုပ္ကိုဦးစားေပးခိုင္းလဲဆိုရင္ေတာ့ အသက္ ၂၀ အရြယ္က ေတာ္ေတာ္မ်ားမ်ား အလုပ္ရွာၾကတဲ့အခ်ိန္၊ အလုပ္ဝင္ၾကတဲ့အခ်ိန္ပါ။
ဒီလိုအခ်ိန္မွာ အလုပ္ကို ဦးစားေပးၿပီး ကိုယ့္အတြက္တိုးတက္ေအာင္ လုပ္သင့္ပါတယ္။ ငယ္ရြယ္တုန္းမွာ ႀကိဳးစားထားမွ ကိုယ့္ဘဝအတြက္ အာမခံခ်က္တစ္ခု ေကာင္းေကာင္းရမွာပါ။
( ၆ )ကတိမေပးပါနဲ႔
အသက္ ၂၀ အရြယ္မွာ စိတ္ကစားတာမ်ိဳးျဖစ္ေလ့ရွိပါတယ္။ စိတ္မတည္ၿမဲႏိုင္ေသးပါဘူး။ ဒါေၾကာင့္ တစ္ခုခုဆို ႀကိဳကတိမေပးပါနဲ႔။ စိတ္အလိုမလိုက္ပါနဲ႔။
Credit : mystylemyanmar
———————-
အသက် ၂၀ အရွယ်ဆိုတာ မတည်ငြိမ်သေးတဲ့အရွယ်ပါပဲ။ ဒီလိုအချိန်မှာ အချစ်ရေးနဲ့ပတ်သတ်ပြီး အမှားအယွင်းမဖြစ်အောင် သတိထားဖို့လိုပါတယ်။
ဒါကြောင့် ပျိုမေတို့အတွက် အသက် ၂၀ အရွယ်မှာ အချစ်ရေးနဲ့ပတ်သတ်ပြီး ရှောင်ကြဉ်သင့်တဲ့အရာတချို့ကို ပြောပြပေးလိုက်ပါတယ်။
လက်မထပ်ပါနဲ့
အသက် ၂၀ အရွယ်က အရမ်းငယ်လွန်းပါတယ်။ ဘဝတက်လမ်းအတွက်လည်း ကြိုးစားလို့ကောင်းတဲ့အချိန်ပါ။ ဒီလိုအချိန်မှာ ရူးမိုက်ပြီးလက်ထပ်တာမျိုး မလုပ်ပါနဲ့။ ဒီအရွယ်က မတည်ငြိမ်သေးတဲ့အရွယ်မို့ လက်မထပ်သင့်ပါဘူး။
ပုံအောပြီးမချစ်ပါနဲ့
တစ်စုံတစ်ယောက်ကို ပုံအောချစ်ထားပြီးမှ ကွဲသွားခဲ့ရင် ကိုယ်ပဲအလူးအလဲခံစားရမှာပါ။ ဒီအရွယ်မှာ မတည်မြဲနိုင်သေးတဲ့အတွက် တစ်ခုခုဆို အရမ်း Serious မဖြစ်ပါနဲ့။
ကိုယ့်အတွက် ရှေ့ဆက်ရမယ့်အချိန်တွေ၊ တွေ့ရမယ့်လူတွေက အများကြီးရှိပါသေးတယ်။ ဘယ်သူ့ကိုမှလည်း အယုံမလွယ်ပါနဲ့
အတတ်ပညာကိုဦးစားပေးပါ
ရည်းစားထားပြီး အချစ်ရေးအတွက် ခံစားနေမယ့်အစား အတတ်ပညာကို များများတက်ပါ။ တစ်ခုပြီးတစ်ခုတက်ပါ။ ဒီလို အရွယ်မှာတက်ထားမှ ကိုယ့်အတွက် တက်လမ်းရှိမှာပါ။
အသက် ၂၀ အရွယ်မှာ ပညာရေးကိုသေချာတစိုက်မတ်မတ်မလုပ်ပဲ အချစ်ရေးအတွက် ပူဆွေးနေရင် အသက်ကြီးလာတဲ့အခါ ရင့်ကျက်လာတဲ့အခါမှာ နောင်တရပါလိမ့်မယ်။
အလုပ်ကိုဦးစားပေးပါ
ဘာကြောင့်အလုပ်ကိုဦးစားပေးခိုင်းလဲဆိုရင်တော့ အသက် ၂၀ အရွယ်က တော်တော်များများ အလုပ်ရှာကြတဲ့အချိန်၊ အလုပ်ဝင်ကြတဲ့အချိန်ပါ။
ဒီလိုအချိန်မှာ အလုပ်ကို ဦးစားပေးပြီး ကိုယ့်အတွက်တိုးတက်အောင် လုပ်သင့်ပါတယ်။ ငယ်ရွယ်တုန်းမှာ ကြိုးစားထားမှ ကိုယ့်ဘဝအတွက် အာမခံချက်တစ်ခု ကောင်းကောင်းရမှာပါ။
ကတိမပေးပါနဲ့
အသက် ၂၀ အရွယ်မှာ စိတ်ကစားတာမျိုးဖြစ်လေ့ရှိပါတယ်။ စိတ်မတည်မြဲနိုင်သေးပါဘူး။ ဒါကြောင့် တစ်ခုခုဆို ကြိုကတိမပေးပါနဲ့။ စိတ်အလိုမလိုက်ပါနဲ့။
Credit : mystylemyanmar