ဝက်လက်၊ ထန်းကြီးရွာအနီး ရှေးဟောင်းပစ္စည်များတွေ့တယ်ဆိုပြီး တူးဖော်နေ၊ ပြီးခဲ့တဲ့ တစ်လလောက်ကစပြီး စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းက ရင်းတောရွာနဲ့ ထန်းကြီးရွာကြားက မြေတစ်ဧက အကျယ်အဝန်းပေါ်မှာ ရှေးဟောင်းပုတီးစေ့၊ ပုရင်းစတဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေတွေ့ရှိခဲ့တယ်လို့ ပြောပါတယ် ဒါကြောင့် လူရာနဲ့ချီဟာ နေ့စဉ်လာရောက်တူးယူနေတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်အစပိုင်းက အနီးအနားရွာပဲ အခုကတော့ရွာအစုံဆိုတော့ မျက်နှာစိမ်းတွေတောင်ပါကြတယ် ရှာလည်းတွေ့ကြတယ် အိုးတွေနဲ့ကိုတွေ့တယ်ပြောတယ် တွေ့တဲ့သူက ပွဲစားနဲ့ ချိတ်ပြီး တန်းရောင်းစားတာပါပဲ သိန်းရာချီရကြတယ်လည်းကြားတယ် ဟန်လင်းနဲ့လည်းနီးတော့ဗျာ၊ ရှေးဟောင်းအမွေအနှစ်သာဆို ထိန်းသိမ်းဖို့လိုတယ်လေ လို့ ဝက်လက်ဒေသခံတစ်ဦးက ပြောပါတယ် အခုတူးဖော်နေကြတယ်ဆိုတဲ့ ဒေသဟာလည်း ဟန်လင်းရှေးဟောင်းနယ်မြေနဲ့ နီးစပ်တာကြောင့် ထိန်းသိမ်းစောင့်ရှောက်ဖို့ ဒေသခံတချို့ ကမျှော်လင့်ကြတယ်လို့ ဆိုပါတယ် ဝက်လက်မြို့နယ်အတွင်းက ဟန်လင်းပျူမြို့ဟောင်းကို ကမ္ဘာ့အမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ကြတာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ထိန်းသိမ်းမှုတွေမလုပ်တော့တာကြောင့် ခိုးယူတူးဖော်မှုတွေရှိနေပြီး ဒီလိုမလုပ်ကြဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေက အခုနှစ် […]
Month: June 2022
ကွယ်လွန်သူဇနီးသည်ကို မမေ့နိုင်တာကြောင့် သူမနဲ့တူသော ဆီလီကွန်အရုပ်မလေးတစ်ရုပ်ကိုseemore
ကွယ်လွန်သူဇနီးသည်ကို မမေ့နိုင်တာကြောင့် သူမနဲ့တူသော ဆီလီကွန်အရုပ်မလေးတစ်ရုပ်ကို ငွေကြေးများစွာကုန်ကျခံပြီး အစားထိုးအဖော်အဖြစ် ဝယ်ယူခဲ့သည့် အမျိုးသား လူတိုင်းက ကိုယ့်ရဲ့မိသားစုဝင်ထဲကတစ်ဦးဦး သေဆုံးတိုင်း ဝမ်းနည်းပူဆွေးကြပြီး အချိန်ကြာလာသောအခါ အနည်းနဲ့အများတော့ မေ့ပျောက်သွားတတ်ကြပေမယ့် ဘယ်လောက်ပဲနှစ်တွေကြာကြာ မေ့မရနိုင်တာမျိုးလည်း ရှိနေတတ်ပြန်သည်။ ယခုတွင်လည်း တရုတ်နိုင်ငံ Sichuanပြည်နယ်မှ အသက်၆၀အရွယ် အငြိမ်းစားယူထားသောဆရာဝန်တစ်ဦးသည် လွန်ခဲ့သော ၅နှစ်လောက်က ဇနီးသည်မှာ ရောဂါအပြင်းအထန်ခံစားရကာ ဆုံးပါးသွားခဲ့ရာ တော်တော်နဲ့ မမေ့နိုင်ပဲ အမြဲလိုလိုလွမ်းဆွတ်သတိရနေမိခဲ့သည်။ အမျိုးသားကြီးသည် ဇနီးဖြစ်သူနဲ့ အိမ်ထောင်သက်တမ်း နှစ်၄၀အကြာအတူရှိခဲ့သော်လည်း သားသမီးတစ်ယောက်မှမရတာကြောင့် ဇနီးဖြစ်သူလည်းဆုံးပါးသွားရော အတော်လေး အထီးကျန်သည့်နေ့ရက်တွေကို ဖြတ်သန်းနေရခြင်းက သူ့အတွက်အလွန်နာကျင်စေခဲ့သည်။ ထို့ကြောင့် အမျိုးသားကြီးသည် ဇနီးဖြစ်သူကို မေ့မရသည့်အဆုံး ဇနီးသည်နှင့်ဆင်သော ဆီလီကွန်အရုပ်မလေးတစ်ရုပ်ကို ယွမ်၁၆၀၀၀ကုန်ကျခံကာ ဝယ်ယူပြီးတော့ အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ချစ်ပေးခဲ့ရာ ၂နှစ်လောက်အကြာမှာတော့ အရုပ်မလေးက ပျက်စီးလုနီးပါးဖြစ်လာ၍ […]
စက်ဘီးလေးနဲ့ လှည့်လည်ကာ ကပြဖျော်ဖြေရေတဲ့ မစံပယ် အိမ်လေးပိုင်ဆိုင်တော့မယ်(ရုပ်သံ)
စက်ဘီးလေးနဲ့ လှည့်လည်ကာ ကပြဖျော်ဖြေရေတဲ့ မစံပယ် အိမ်လေးပိုင်ဆိုင်တော့မယ်(ရုပ်သံ) Single mom အနေနဲ့ စက်ဘီးလေးနဲ့ လှည့်လည်ကာ ကပြဖျော်ဖြေနေရတဲ့ မစံပါယ်ကို online မှတစ်ဆင့် လူသိများသွားခဲ့ပြီး ယခုဆိုရင် ဝိုင်းဝန်းပံ့ပိုးသူတွေ ထောက်ပံ့သူတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်နေပါပြီ လက်ဆောင်တွေသာမကဘဲ သူမတို့ သားအမိတွေနေဖို့ အိမ်လေးတစ်လုံးပါ စုဆောင်းပေးကြတော့မှာဖြစ်ပါတယ်။ ဒါကို မစိုးပြည့်ပြည့်စံမှ သွားရောက်လှုဒါန်းရင်း ဝမ်းသာစရာစကား လက်ဆောင်ပါးလာခဲ့တာဖြစ်ပါတယ်။မစံပါယ်အနေနဲ့လဲ အတိုင်းမသိ ဝမ်းသာလို့နေပါတယ်။ ဒါ့အပြင် မစံပါယ်မှ “ဒီအင်တာဗျုးလေးကနေ သူ့အမနဲ့မောင်လေးတွေ့ခဲ့ရင် ဆက်သွယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ လှိုင်သာယာ ၁၉ရပ်ကွက် ဓညဝတီလမ်းမှာနေပါတယ်လို့ မျက်ရည်တွေနဲ့ပြောပြသွားပါတယ်။ သေသွားပြီလို့ဘဲ သူမစိတ်ထဲထင်နေပေမယ့် ဆက်သွယ်လာခဲ့မယ်ဆိုရင် သူမအဖို့ အတိုင်းထက်အလွန် ဝမ်းသာမိမှာပါ။ credit စက်ဘီးလေးနဲ့ လှည့်လည်ကာ ကပြဖျော်ဖြေရေတဲ့ မစံပယ် အိမ်လေးပိုင်ဆိုင်တော့မယ်(ရုပ်သံ) […]
အင်တာနက် ၊ဖုန်းကြည့်တာ များလို့ မျက်ရိုး ကိုက်တတ်သူများနဲ့ မျက်မှန် သမားများအတွက် ဆေးနည်း
အင်တာနက် သုံး ဖုန်းကြည့်တာ များလို့ မျက်ရိုး ကိုက်တတ်သူများနဲ့ မျက်မှန် သမားများအတွက် ဆေးနည်းမျက်မှန်လွတ်စေတဲ့ မျက်ကြည် စားဆေးအသက် ( ၃၀ ) ကျော်မှပဲ မျက်စိ မကြည်မှုန်ဝါးဝါးမို့ ဆရာဝန် ပြကြည့်တော့ အနီးကြည့် ပါဝါ ( +၁၅၀ ) ဒီဂရီ မျက်မှန် တပ်ခဲ့ရသည် အခုအသက် ( ၄၀ ) ကျော် မှ မျက်မှန် လွတ်လေတော့ ထူးဆန်း နေသလို အများက ထင်ကြတော့သည်ဆေးနည်း အချိုးအစား အတိုင်း လွယ်ကူစွာ ဖေါ်စပ်ရန် ဖြစ်လေသည် ဆေးနည်း ၁။ဆီးဖြူးသီးကို ထုထောင်းပြီး အစေ့ ဖယ် နေလှန်း အမှုန့်ပြုလုပ်ရန် ။ ၂။ကြိတ်မှန်ရွက်ကို ခူး အရိပ်မှာ […]
Project Dragonfly ကိုသတင်းနှိုက်၊ ပြသနာရှာနေတဲ့ မြတ်အောင်(ခေါ်) ဇီးရိုးကို ပန်ဆယ်လို Live လွှင့်ပြီး ပွဲကြ-မ်းနေပြီ
Project Dragonfly ကိစ္စက ကိုယ်တို့အနေနဲ့ ကျဉ်းထဲကျပ်ထဲက ကိစ္စပဲ။ ငွေကောက်ခံတဲ့ကိစ္စ၊ ငွေလွှဲပြောင်းရေးကိစ္စ၊ ဝယ်ယူရေးကိစ္စ၊ ကိစ္စအားလုံးဟာ မြေပြင်အခြေအနေမှာ ဘာပြသနာမှ ရှိမထားဘဲ ချီတက်နေတယ်။ ကိုယ်တွေရဲ့ ပြသနာက ဒါမျိုးပစ္စည်းကိစ္စမျိုးကို လိုင်းပေါ်မှာ တက်ကြွယ်၊ Live လွှင့်၊ ဂုဏ်ဆာပြလို့ မရတာပဲ။ ဒါကိုသိတဲ့ အောက်တန်းကျတဲ့ ပူးသတ်အချို့က ကိုယ်တို့ရဲ့ ထုတ်ပြောမရတဲ့ အခြေအနေကို နင်းပြီး တိုက်ခိုက်တယ်၊ စွတ်စွဲတယ်၊ ပြသနာရှာတယ်။ ရည်ရွယ်ချက်က ကိုယ်တို့ဘက်က သည်းမခံနိုင်လို့ ထပြောရင် စကားကျွံပြီး စကစအတွက် သတင်းနှိုက်ထုတ်လို့ ရစေချင်တယ်၊ ကိုယ်တွေက သတင်းပေါက်မှာစိုးလို့ ငြိမ်နေရင် ကိုယ်တွေကို တစ်ယောက်အထင်လွဲလည်း မနည်းဘူးဆိုတဲ့ သဘောမျိုး။ အဲ့တော့ အပြောနိုင်ဆုံးစကားကို အမြင့်ဆုံးထုတ်ပြောပါမယ်။ Project Dragonfly ဟာ တစိတ်တပိုင်း […]
စေတနာကောင်းပီး ဉာဏ်ကောင်းလွန်းတယ်ရွှေပဲပြုတ်သယ်လေးရယ် လေးစားပါတယ် မက်စ် ရောင်းတဲ့သူတွေနဲ့တော့ နံ့သာဆီနဲ့အီးဘဲ– ဒီမနက် ပဲပြုတ်သယ်ဆီ ပဲပြုတ်ဝယ်တယ်စားတော်ပဲက တအိတ် ၃၆၀၀၀ ကနေ အခု ၈၀၀၀၀ ဖြစ်သွားပီ အကိုလေးတဲ့ ဒါပေမယ့် ပဲပြုတ်ဈေးက မတက်ဘူးအရင်ဈေး အတိုင်းဘဲ ရောင်းမယ် ပဲပြုတ်သယ် ညမ ကပြောသေးတယ် ဒီလိုတွေ ဖြစ်မှာသိလို့ အရင်လက ဆွဲကြိုး ရောင်းပီး ပဲအိတ်ဝယ်ထားတာ ၈ သိန်းဖိုး ဝယ်လို့ရတယ် အဲ့ဒီ ပဲအိတ် ကုန်တဲ့ အထိ ဒီဈေးအတိုင်းဘဲ ကိုယ့်မြို့သားတွေ ကို ရောင်းမယ်အဲဒါကုန်သွားရင်တော့ ကျန်တာ အခြေအနေအရ ဘဲတဲ့ ဒါက ပဲပြုတ်သယ် စိတ်ထားဗျာ—- Credidt zawgyi စေတနာကောင်းပီး ဉာဏ်ကောင်းလွန်းတယ်ရွှေပဲပြုတ်သယ်လေးရယ် လေးစားပါတယ် မက်စ် ရောင်းတဲ့သူတွေနဲ့တော့ နံ့သာဆီနဲ့အီးဘဲ– […]
“တရားပွဲနဲ့ ဘီယာဆိုင်” (မြန်မာပြည်မှာ မဖြစ်မနေ လက်ခံရမယ့် အမှန်တရားတစ်ခု)
လင်မယားစုံတွဲတစ်တွဲ တရားသွားနာကြတယ်။ ယောက်ျားဖြစ်သူက ဖုန်းကိုပိတ်ထားဖို့ မေ့သွားတယ်။ ဘုန်းကြီးက တရားချနေတုန်း ဖုန်းကဝင်လာရော ဖြစ်ချင်တော့ ဖုန်းသံက အကျယ်ကြီးမြည်နေတယ်။ ဒါနဲ့ဘုန်းကြီးရဲ့ အပြစ်ပြောတာ ခံလိုက်ရတယ်။ တရားနာနေတဲ့သူတွေကလည်း အကုန်လုံးဝိုင်းကြည့်ကြပါလေရော။တရားနာလည်းပြီးရော တစ်ချို့က သူ့ဆီလာပြီး အပြစ်တင်ကြပြောကြတယ်။ ယဉ်ကျေးမှုမရှိဘူး ကာလံဒေသံကိုနားမလည်ဘူးအသိတရား နည်းပါးလိုက်တာ တရားလာနာတာ ဖုန်းသံမပိတ်ဘဲ သူများကို အနှောက်အယှက်ဖြစ်အောင်လုပ်တယ် သမာဓိ ပျက်တယ် စသဖြင့်ပေါ့။ အိမ်အပြန်ကားပေါ်ရောက်တော့ မယားဖြစ်သူကလည်း ဆူပူပါလေရော သူလည်း စိတ်ညစ်စိတ်ရှုပ်တာနဲ့ ဘီယာဆိုင်ကို သွားပစ်လိုက်တယ်။ ဆိုင်ထဲရောက်တော့လည်း မနက်က သူ့အပြစ်ကြောင့် လူတကာဝိုင်းပြောတာ အပြစ်တင်တာခံရတာကို တွေးနေမိပြီး သတိလက်လွတ်နဲ့ ဘီယာပုလင်း ပြန်ချတော့ စားပွဲခုံကနေလွတ်ပြီး အောက်ပြုတ်ကျပါလေရော။ ဘီယာ ပုလင်းကွဲပြီး ပုလင်းကွဲစတွေ ပြန့်ကျဲကုန်တယ်။ ဘီယာတွေလဲ အင်္ကျီအဝတ်အစားတွေကို လာစင်ကုန်တယ်။ ချက်ချင်းပဲလူ […]
Cobra စစ်ကြောင်းက ရဲဘော် ၂ ဦးရဲ့ မင်္ဂလာပွဲမှာ ” အနှိုင်းမဲ့ ” သီချင်းနဲ့ ဂုဏ်ပြုသီဆိုပေးခဲ့တဲ့ Idol ပြိုင်ပွဲဝင် ဘယ်ဝါ(ရုပ်/သံ)
ရဲဘော် ၂ ဦးရဲ့ မင်္ဂလာပွဲအတွက် ” အနှိုင်းမဲ့ ” တေးသီချင်းနဲ့ Cobra စစ်ကြောင်းက ရဲဘော်တစ်ဦးမှ ဂုဏ်ပြုသီဆိုမှု(ရုပ်/သံ) ဧရာဝတီတိုင်းမ် ဇွန်လ ၂၅ ရက် ရဲဘော် ၂ ဦးရဲ့ မင်္ဂလာပွဲအတွက် ” အနှိုင်းမဲ့ ” တေးသီချင်းနဲ့ Cobra စစ်ကြောင်းက ရဲဘော်တစ်ဦးမှ ဂုဏ်ပြုသီဆိုပေးခဲ့ပါတယ်။ သီဆိုဂုဏ်ပြုခဲ့တဲ့ ရဲဘော်ဟာ Myanmar Idol ပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ဖူးတဲ့ ဘယ်ဝါ ဖြစ်ပြီး လက်ရှိမှာ တော်လှန်ရေးရဲဘော်တစ်ဦးအဖြစ်နဲ့ Cobra စစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ ရုပ်သံ – ပေးပို့ ရဲဘော် ၂ ဦးရဲ့ မင်္ဂလာပွဲအတွက် ” အနှိုင်းမဲ့ ” တေးသီချင်းနဲ့ Cobra စစ်ကြောင်းက ရဲဘော်တစ်ဦးမှ […]
လူနာတစ်ယောက် ဆေးခန်းလာပြရာမှ လူနာဖြစ်သွားတဲ့ ဆရာဝန်
လူနာတစ်ယောက် ဆေးခန်းလာပြရာမှ လူနာဖြစ်သွားတဲ့ ဆရာဝန် လူနာတစ်ယောက် ဆေးခန်းလာပြတယ်.. ဆရာ ကျွန်တော်ဖျားနေလို့ ဆရာ.. အဲ့ဒါ Paradenk 500 mg အား တလုံး သောက်ထားတယ် ဆရာ… ဒီကောင်က Nsaids ထဲမယ် အစာအိမ် မထိဆုံး မဟုတ်လားဆရာ… ဒါမယ့် စိတ်ချရအောင် Pantocid 20mg လေးပါ တွဲလိုက်တယ်ဆရာ … – အော် ဟုတ် ဟုတ်ကဲ့ .. – အာ့ မသက်သာပါဘူး ဆရာရယ်.. နည်းနည်း မောသလိုရှိတာနဲ့ Becozinc တလုံး ထပ်သောက်လိုက်ပါတယ် ဆရာ..ပြီးတော့ အဖျားတိုင်းကြည့်တာ ဖီဘာက 102 ဆရာ ခေါင်းနည်းနည်း မူးလာတာနဲ့ သွေးချိန်ကြည့်တော့ ဝမ်းဖောတိ ဟန်ဒရက် ဆရာ […]
ယောကျ်ားယူချင်တာ ပြာကန်းနေတဲ့အပျိုကြီး ဘဘုန်းကြီးကို တိုင်ပင်လိုက်သောအခါ…
ယောက်ျားယူချင်တာ ပြာကန်းနေတဲ့အပျိုကြီး ဘဘုန်းကြီးကို တိုင်ပင်လိုက်သောအခါ… ရှေးတုန်းက ရွာတစ်ရွာမှာ ဘုန်းကြီးတူမ အပျိုကြီးတစ်ယောက်ရှိတယ်…။ အသက်ကလည်း လေးဆယ်ကျော်ပြီ..သူ့ရွာမှာ ကြိုက်မယ့်သူလည်း တစ်ယောက်မှမရှိတဲ့အပျို ကြီးဟာ ဖြစ်များဖြစ်ချင်တော့ တခြားတစ်ရွာသား မောင်ထင်ဆိုသူနဲ့သွားချစ်ကျွမ်းဝင်မိပါသတဲ့…။ ယောက်ျားယူချ င်တာ ဆတ်ဆတ်တက်ဖြစ်နေတဲ့အပျို ကြီးဟာ ရွာပေါ်မှာ အမျိုးဆိုလို့ တစ်ယောက်ထဲရှိတဲ့ ဘဘုန်းကိုတော့ အသိပေး တိုင်ပင်ခဲ့ပါတယ်…။ ဦးရီးတော်မို့ တိုင်ပင်တာပါဘုရား..ဟိုရွာကမောင်ထင်နဲ့တပည့်တော်မ ယူသင့် မယူသင့် အကြံဉာဏ်လေးများတဆိတ်လောက် ပေးတော်မူပါအုံးဘုရား…” ဆိုတော့… ဘုန်းဘုရားဟာ..တူမအရင်းမို့သာ မပြောသာပေမယ့်စိတ်ထဲကတော့ လောကုတ္တရာသားတစ်ယောက်ကို…နင်တို့ လောကီရေးရာအမှု တွေ လာရှုပ်ရကောင်းလားလို့ ညိုညင်မိပါသေးတယ်… ဒါပေမယ့် ကိုယ့်ကို…တိုးတိုးဖော်..တိုးတိုးဖက် လုပ်လာတော့လည်း ဥပေက္ခာမလုပ်ကောင်းပါဘူးလေ..ဆိုပြီးတော့… နင်တို့ အရေးကိစ္စ..အထွေထူး နှုတ်နဲ့မပြောလိုပေဘူး..ဒီမှာ ..ငါ ကြေးစည်ထုပြမယ်..ငါ့ ကြေးစည်သံကို..နင့်ဟာနင် အဓိပ္ပါယ် ဖော်ယူချေ .. ” […]









