အရင်ရက်တွေက ရွှေဈေးကို ကျပ် ၄၁ သိန်းကျော်သာ သတ်မှတ်ဖော်ပြခဲ့တဲ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်း YGEA ဟာ ဒီနေ့ ဇွန်လ ၄ ရက်နေ့မှာတော့ အသင်းရဲ့ ရွှေဈေးကို ကျပ် ၄၈၇၁,၀၀၀ အဖြစ် တိုးမြှင့် သတ်မှတ်လိုက်ပြီး ရွှေဆိုင်တွေ၊ ရွှေလုပ်ငန်းတွေအားလုံး YGEA သတ်မှတ်ဈေးနဲ့ပဲ အရောင်းအဝယ် လုပ်ကြဖို့ ကြေညာလိုက်ပါတယ်။ ” ရွှေတစ်ကျပ်သား ကျပ်သိန်းငါးဆယ်ကျော်ဆိုတာ လေပတ်ကားဈေးနှုန်းတွေပါ။ အပြင်မှာ တကယ်ပေါက်တဲ့ ဈေးတွေမဟုတ်ဘူး။ ဒီနေ့အတွက် ထုတ်ပြန်ထားတဲ့ ဈေးနှုန်းကသာ တကယ်ပေါက်ဈေးပါ။ အဲ့ဒီဈေးအတိုင်း ရောင်းဖို့လည်း ရွှေဆိုင်တွေနဲ့ ကုန်သည်တွေကို ညွှန်ကြားထားတယ်။” လို့ YGEA အသင်း တာဝန်ရှိသူတဦးက ယနေ့ခေတ်သတင်းမီဒီယာကို ပြောဆိုထားပါတယ်။ YGEA အသင်းက ရွှေဈေးကို ကျပ် […]