News

ပြင်ပပေါက်စျေး ဆက်တက်နေပြီး အရောင်းအဝယ် ၅ သိန်းခွာတဲ့ ယနေ့ ရွှေစျေး

ကမ္ဘာ့ရွှေအတက်မှာ ရွှေအသင်းစျေးလည်း အတက်ပြလာပြီး ပြင်ပပေါက်စျေးတွေ ၇၆ သိန်းအထက်မှာ ရှိနေပါတယ် လက်ရှိ မတည်ငြိမ်တဲ့ ရွှေစျေးနှုန်းတွေကြားမှာ နစ်နာသူတွေက ငွေလိုအပ်လို့ ရွှေပြန်ရောင်းလိုသူတွေဖြစ်ပြီး ရွှေပွဲစားတွေဖြင့် ရောင်းသူ ဝယ်သူ နှစ်ဦး ညိနှိုင်းရောင်းချရာမှာ အပြင်ပေါက်စျေးကို ကျပ် ၅ သိန်းလောက် ခွာပြီး စျေးပေးမှုတွေရှိတယ်လို့ သိရပါတယ်။ ပြင်ပပေါက်စျေးတွေ ဆက်ထွက်နေပေမယ့် ဘယ်သူမှ အဲ့စျေးတန်းနဲ့ ပြန်မဝယ်ပေးဘဲ စျေးနှိမ်ပြီ ပြန်ကောက်တာတွေပဲ များပြားနေပါတယ်။ ယနေ့ ပြည်တွင်းရွှေဈေး (ဩဂုတ်လ ၁၃ ရက်၊ အင်္ဂါနေ့) -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၄၆ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၇၆၆၂၉၅ ကျပ် -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ၇၆၇၀၀၀၀ […]