News

ဒေါ်လာ အတက်ရပ်ပြီး ဘတ်နဲ့ စင်္ကာပူဒေါ်လာတို့ လိုက်တက်လာတဲ့ ယနေ့ နိုင်ငံခြားငွေလဲနှုန်းများ

အတက်ကြမ်းနေတဲ့ အမေရိကန်ဒေါ်လာ ဒီကနေ့မှာ အတက်ရပ်တန့်နေပြီး အခြားသော ငွေလဲနှုန်းတွေ နောက်ကနေ လိုက်တက်လာနေပါတယ်။ ယနေ့ နိုင်ငံခြားငွေလဲနှုန်း (ဩဂုတ်လ ၂ ရက်၊ သောကြာနေ့) – အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၅၄၅၀ ကျပ် ဝယ်ဈေး – ၅၃၅၀ ကျပ် – ယူရို ရောင်းဈေး – ၅၇၁၂ ကျပ် ဝယ်ဈေး – ၅၄၆၇ ကျပ် – ယူအေအီး ရောင်းဈေး – ၁၄၄၂ ကျပ် ဝယ်ဈေး – ၁၃၈၀ ကျပ် – မလေးရှားရင်းဂစ် ရောင်းဈေး – ၁၁၄၄ ကျပ် ဝယ်ဈေး – ၁၀၉၅ ကျပ် – […]

News

ရွှေအသင်းစျေး တစ်ပတ်အတွင်း ၂ သိန်းနီးပါးတက်လာကာ ပြင်ပစျေးကွက် မာနေဆဲ ယနေ့ရွှေစျေး

ကမ္ဘာ့ရွှေစျေးအတက်ကြောင့် ဒီနေ့မှာ ရွှေအသင်းစျေးကလည်း ၄၈ သိန်းနီးနီး ရောက်လာပါတယ်။ ဒါဟာ ဒီအပတ်အတွင်းမှာပဲ ကျပ် ၂ သိန်းကျော် စျေးမြင့်လာတာပါ။ ပြင်ပပေါက်စျေးလည်း ကောင်းနေကာ လက်တလောမှာ ရောင်းသူ ဝယ်သူ နှစ်ဦးသဘောတူမှုတွေဖြင့် အပြင်မှာ စျေးညှိရောင်းချမှုတွေ များနေပါတယ်။ ယနေ့ ပြည်တွင်းရွှေဈေး (ဩဂုတ်လ ၂ ရက်၊ သောကြာနေ့) -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၅၂ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၇၆၄၃၉၃ ကျပ် -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ၆၉၅၀၀၀၀ ကျပ် – ၁၅ပဲရည် (ပြင်ပစျေးကွက်) ၆၇၅၀၀၀၀ ကျပ်

News

ရွှေဆိုင်အချို့ဟာ ပြင်ပပေါက်စျေးကို ၈ သောင်းခွာပြီး ရွှေပြန်ဝယ်ယူပေးတယ်လို့ သိရ

အရင်အပတ်က တစ်အောင်စကို ဒေါ်လာ ၂၄၀၀ ဈေးတန်းအောက်အထိ ပြုတ်ကျခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ အခု ဒီအပတ်ထဲမှာ တရိပ်ရိပ် ပြန်တက်လာပြီး ဒီနေ့မှာတော့ နှစ်ပတ်တာ အမြင့်ဆုံးကို ရောက်လာတာပါ ကမ္ဘာ့ရွှေဟာ သမိုင်းတစ်လျှောက် အမြင့်ဆုံးစျေးတန်းဖြစ်ခဲ့တဲ့ ၂၄၈၃ နား ပြန်ကပ်လာနေပါတယ်။ ဒီကနေ့မှာ ရွှေအသင်းစျေးကလည်း ၄၇ သိန်းနား ပြန်ရောက်လာကာ ပြင်ပပေါက်စျေး ၆၈ သိန်းအထက်မှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။ ရန်ကုန် ရွှေဆိုင်အချို့ဟာ ပြင်ပပေါက်စျေးကို ၈ သောင်းခွာပြီး ရွှေပြန်ဝယ်ယူပေးကြောင်း အသံထွက်လာပါတယ်။ ဒီနေ့ ကမ္ဘာ့ရွှေ တစ်အောင်စကို ၂၄၄၅ ဒေါ်လာဝန်းကျင် ဖြစ်နေပြီး ဒီဈေးဟာ ဇူလိုင် ၁၈ နောက်ပိုင်း အမြင့်ဆုံး ဖြစ်နေပါတယ်။ ဒါ့အပြင် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့တဲ့ ၂၄၈၃ ဒေါ်လာနဲ့လည်း သိပ်မကွာဘဲ […]