ဗဟုသုတ

ရေနွေးအိုးလေးတွေက ပြောပြပေးမယ့် သင့်အကြောင်းက ဘာတွေလဲ ဖတ်ကြည့်လိုက်တော့

ရေနွေးအိုးလေးတွေက ပြောပြပေးမယ့် သင့်အကြောင်းက ဘာတွေလဲ ဖတ်ကြည့်လိုက်တော့ နံပါတ် ၁ သင်ဟာ တီထွင်ကြံဆမှုကောင်းတဲ့ လူတစ်ယောက်ပါ။ ဘဝကို ဂုဏ်ပကာသနတွေနဲ့ ဖြတ်သန်းရတာမျိုးကို မနှစ်သက်ဘဲ ရိုးရိုးရှင်းရှင်းလေး ဖြတ်သန်းရတာကို သဘောကျသူတစ်ယောက်ပေါ့။ ကော်ဖီလေးတစ်ခွက်နဲ့ ထောင်တစ်ထောင့်မှာ အေးဆေးထိုင်ပြီး ရောက်တတ်ရာရာ တွေးတောရတာမျိုးကို နှစ်သက်ပါတယ်။ နံပါတ် ၂ သင်ဟာ အမြဲအားအင်အပြည့်နဲ့ တတ်ကြွနေသူတစ်ယောက်ပါ။ ငြိမ်ငြိမ်မနေပဲ လျှောက်လုပ်နေရတာမျိုးကို နှစ်သက်ပြီး ပျင်းတဲ့ခံစားချက်က သင့်အတွက် ငရဲခန်းတစ်ခုလိုပါပဲ။ ကမ္ဘာကြီးနဲ့ လူတွေအကြောင်းကို စိတ်ဝင်စားနေတတ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းတာက သင့်ရဲ့အားသာချက်တစ်ခုပေါ့။ နံပါတ် ၃ သင်ဟာ အေးအေးချမ်းချမ်း နေတတ်သူတစ်ယောက်ပါ။ ဘဝရဲ့အနိမ့်အမြင့် အတက်အကျတွေကို နားလည်သဘောပေါက်ထားတဲ့အတွက် လောကဓံတွေကို မဖြုံပါဘူး။ ဟာသဉာဏ်အပြည့်ရှိပြီး သနားကြင်နာတတ်တာလေးက သင့်ရဲ့ကောင်းတဲ့အရာလေးတွေပေါ့။ တစ်ခါတစ်လေ တစ်စုံတစ်ယောက်အပေါ် မှီခိုချင်စိတ်လေး […]

ၾကားသိရသမွ်

သမီးရည်းစားနှစ်ဦးစကားများရာ မိန်းကလေး၏လက်ချက်ဖြင့် ကောင်လေးဖြစ်သူ… See more

Zawgyi သမီးရည်းစားနှစ်ဦးစကားများရာ မိန်းကလေး၏လက်ချက်ဖြင့် ကောင်လေးဖြစ်သူ… See more ရန်ကုန်မြို့ တာမွေမြို့နယ်တွင်အင်္ဂါနေ့က သမီးရည်းစားနှစ်ယောက် စကားများရန်ဖြစ်ကြရာ ကောင်မလေး၏ လက်ချက်ဖြင့် ကောင်လေးမူးမေ့လဲကျပြီး ဆေးရုံတင်ပို့ခဲ့ရကြောင်း သတင်းရရှိသည်။ ကိုကြီးနှင့် ညီအစ်ကိုမောင်နှမများ ပရဟိတအဖွဲ့ ၏ လူမှုကွန်ယက်ပေါ်တွင် ဖော်ပြထားသော သတင်းအရ တာမွေမြို့နယ် သမိန်ဗရမ်းလမ်းမပေါ်ရှိ ဆိုင်တစ်ဆိုင်၏ အရှေ့တွင် သမီးရည်းစား နှစ်ယောက်ရန်ဖြစ်ကြပြီး ကောင်မလေးက ရည်းစားဖြစ်သူကောင်လေးအား ပုလင်းဖြင့် ဦးခေါင်းကို ရိုက်ခဲ့ရာ ကောင်လေးမှာ မူးမေ့လဲကျသွာခဲ့သည်။ ထို့နောက် ကောင်မလေးက ကွဲသွားသော ပုလင်းကွဲစတစ်ခုကိုယူကာ သူမ၏လက်အား ပြန်လှီးခဲ့ပြီးနောက် လမ်းမပေါ် သတိလစ်မေ့လဲကျသွားခဲ့ကြောင်း ဖော်ပြထားသည်။ ဒဏ်ရာရရှိသူ နှစ်ဦးစလုံးအား ကိုကြီးနှင့် ညီအစ်ကိုမောင်နှမများ ပရဟတိအသင်းမှ လူနာတင်ယာဉ်ဖြင့် အနီးဆုံးဆေးရုံဖြစ်သည့် သျှင်ပါကူ အထူးကုဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် […]

ကြားသိရသမျှ

မိသားစုဝင်တွေက လူအိုကြီးတယောက်ဖြစ်သွားတဲ့ သူ့စကားကို အလေးအနက်မထားကြတော့ဘူးလို့ ကြေကွဲစွာရင်ဖွင့်လာတဲ့ လူရွှင်တော် ဦးငြိမ်းချမ်း..

မိသားစုဝင်တွေက လူအိုကြီးတယောက်ဖြစ်သွားတဲ့ သူ့စကားကို အလေးအနက်မထားကြတော့ဘူးလို့ ကြေကွဲစွာရင်ဖွင့်လာတဲ့ လူရွှင်တော် ဦးငြိမ်းချမ်း.. နိုင်ငံကျော် လူရွှင်တော်ငြိမ်းချမ်းကတော့ တစ်ခေတ်တစ်ခါက ကျော်ကြားအောင်မြင်ခဲ့သလို ဗီဒီယိုဇာတ်ကားတွေမှာလည်း ဟာသသရုပ်ဆောင်တစ်ယောက်အဖြစစ် ပေါက်ရောက်ခဲ့သူတစ်ယောက်ပါ။ လူရွှင်တော်ကြီး ငြိမ်းချမ်းဟာ အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာ အရင်လို အနုပညာအလုပ်တွေမလုပ်ကိုင်နိုင်တော့ပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ စကစကကျင်းပတဲ့ အငြိမ့်ပွဲမှာ ပါဝင်ဖျော်ဖြေခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ခံခဲ့ရသေးတ ာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ငြိုငြင်ခြင်းခံရသလို မိသားစုထဲမှာလည်း အဆင်မပြေမှုတွေနဲ့ကြုံနေရတဲ့ ငြိမ်းချမ်းဟာ “ကြောင်အိုတော့ကြွက်မလေး လူအိုတော့လူမလေး ဆိုရိုးစကားရှိခဲ့တယ် ငါ့မိသားစုထဲမှာငါဆိုတဲ့လူကြီးက အရာမဝင်တော့ပါလား ငါပြောသမျှ ဟုတ်ကဲ့ လို့နားထောင်တာမရှိတော့ဘူး သူတို့ပြောတာ လုပ်ချင်တာဘဲငါ ကလိုက်လျောနေရတာ တော်တော်ကြာနေပီ ငါ့ကိုယ်ငါနားလည်ရတော့မှာပါလား” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။ လူရွှင်တော်ငြိမ်းချမ်းကတော့ မိသားစုထဲမှာ အသက်အရွယ်ကြီးလာခဲ့တာကြောင့် သားသမီးတွေက ပြောစကားနားမထောင်တော့တဲ့ အကြောင်းကို […]

ဗဟုသုတ

LED Tv ရှိရင် ဒါလေးတွေ မလုပ်မိပါစေနဲ့နော်

Unicode ၁။ TV မှန်ပြင်ပေါ်ရှိ ဖုန်မှုန့် များကို မှန်ကြည်ဆေးရည် ဖြင့် ပက်ဖြန်း‌ဆေးကြော သန့်ရှင်းခြင်းကို အထူးရှောင်ကျဉ်ပါလေ။ အခုလို မှန်ကြည်‌ဆေးရည် ဖြင့် မှန်ပေါ်ကို ဖြန်းမိခဲ့မယ်ဆိုရင် မှန်ကြည်ဆေးရည်တွေ အောက်ဘက်ကို စီးကျလာပြီး၊ TV ‌အတွင်းမှန်ပြင်အောက်ဖက်မှာ ချိတ်ဆက်ထားတဲ့ micro flim ပြားများနဲ့ အရည်တွေ ထိတွေ့ပြီး short circuit ဖြစ်ကာအများအားဖြင့် မှန်ပျက်စီးစေတတ်ပါတယ်။ ၂။ TV မှန်ပြင် ၃ပေပတ်လည်တွင် ခြင်ရိုက်ဘက်တံအသုံးမပြုပါနဲ့။ အချို့TVသုံးစွဲသူများတွေဟာTV မှန်ပေမှာ ခြင်လာနားနေတာကိုတွေ့ရင် ခြင်ရိုက်ဘက်တံနဲ့မှန်ပြင်နားကပ်ရိုက်တတ်တာ ကိုတွေ့ရတတ်ပါတယ်။ ဒီလို ပြုလုပ်ခြင်းက ခြင်ရိုက် ဘက်တံက ထွက်ပေါ်လာတဲ့ ( High voltage) ကြောင့် LCD panel အတွင်းမှာရှိတဲ့ မိုက်ခရို ကာဗွန် […]

ဗဟုသုတ

အိပ်တဲ့ပုံစံ (၆) မျိုးကနေ သိနိုင်တဲ့ သင့်ရဲ့ပင်ကိုစရိုက်

သင်က ညအိပ်တဲ့အခါ ဘယ်လိုပုံစံနဲ့ အိပ်လေ့ရှိပါသလဲ။ အိပ်ပုံအိပ်နည်းကနေတစ်ဆင့် သင့်ရဲ့ပင်ကိုစရိုက်ကို သိရှိနိုင်ပါတယ်။ ၁။ သင်က ဒူးကိုကွေးပြီး ဘေးစောင်းအိပ်တတ်သူဆိုရင် စိတ်တည်ငြိမ်ပြီး ယုံကြည်လို့ရတဲ့သူပါ။ သင့်ကို လာရှုပ်လို့တော့ မရပါဘူး။ ဘဝမှာကြုံလာတဲ့ ပြဿနာတွေကို အလိုက်သင့် ပြေလည်အောင် ဖြေရှင်းတတ်တာကတော့ အရည်အချင်း တစ်ရပ်ပါပဲ။ ၂။ သန္ဓေသားပုံစံ ကွေးပြီးအိပ်တတ်ရင်တော့ သင့်ကို လုံခြုံမှုပေးတာကို တစ်ခါတရံ လိုအပ်သူပါ။ အခြားသူတွေအပေါ်မှာလည်း ကိုယ်ချင်းစာစိတ် အမြဲထားတတ်တဲ့သူပါ။ အေးအေးဆေးဆေး နေတတ်ပြီး ပြဿနာကို မီးထွန်းရှာရတာကို အရမ်းမုန်းတဲ့စိတ် ရှိပါတယ်။ ပန်းချီဆွဲတာ၊ ကတာ၊ စာရေးတာ စတဲ့အနုပညာတွေမှာ ပိုပြီး အားသန်တတ်ပါတယ်။ ၃။ ခြေတွေ၊ လက်တွေကို ဖြန့်ကျက်ပြီး မှောက်အိတ်တတ်သူဆိုရင် သင့်မှာ ခေါင်းဆောင်နိုင်တဲ့စွမ်းရည်တွေ ရှိပါတယ်။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာရော၊ […]

အနုပညာ

ဖခင်စိုင်းထီးဆိုင်ရဲ့သီချင်းတွေကို ခွင့်ပြုချက်မတောင်းပဲ Cover Song သီဆိုနေတာကိုလုံးဝခွင့်အပြုကြောင်း ပြင်းပြင်းထန်ထန်သတိပေးလိုက်တဲ့ ဆိုင်စံ

နိုင်ငံကျော် တေးရေးတေးဆို စိုင်းထီးဆိုင် ကတော့ တေးချစ်သူပရိသတ်တွေကို သူ့ရဲ့ သီချင်းကောင်းတွေနဲ့ ဖျော်ဖြေတင်ဆက်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ နိုင်ငံကျော် ဂီတအနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့သီချင်းတွေကို ပရိသတ်တွေက အပျော်သီဆိုကြသလို တချို့ကလည်း စီးပွားဖြစ်ပြန်လည်သီဆိုကြတာကြောင့် စိုင်းထီးဆိုင်ရဲ့မိသားစုတွေက တေးသီချင်းမူပိုင်ခွင့်နဲ့ပတ်သက်ပြီး အခုလိုပဲ အသိပေးလာ ခဲ့တာကို တွေ့ရပါတယ်။ “ကျမရဲ့အဖေ တေးသံရှင် စိုင်းထီးဆိုင် ရေးသားခဲ့သောတေးသီချင်းများကို cover song အနေဖြင့် သီဆိုခွင့်ပြုမှာမဟုတ်ပါကြောင်း (ပရိတ်သတ်များမှ အပျော်သဘော ဂစ်တာဖြင့်ဖြစ်စေ piano ဖြင့်ဖြစ်စေ ကိုယ်တိုင်တီးဆိုပြီး facebookတင်ခြင်းမှလွဲ၍ ခွင့်မပြုပါ)Studioတွင် တီးခတ်အသံသွင်း MV, Lyric Video များပြုလုပ်ပြီး Facebook , You Tube,နှင့် အခြား social mediaများတွင် ခွင့်မတောင်းပဲ အသုံးပြုသီဆိုခွင့် တင်ခွင့်မရှိပါဘူးတင်ထားပြီးသားရှိနေခဲ့ရင်လဲ ပြန်လည်ဖြုတ်ချပေးပါရှင်ဆက်လက်တွေ့ရှိနေရမယ်ဆိုရင် တရားဥပဒေအရအရေးယူမှာဖြစ်ပါတယ် […]

ကြားသိရသမျှ

ခေါက်ဆွဲစက်ရုံ၌လူလိုကြောင်း ပြောကာ မိန်းမအလစ်တွင် ခယ်မကိုခေါ်၍ ဆိုင်ကယ်ပေါ်တင်ကာ… See More. ..

ခေါက်ဆွဲစက်ရုံ၌လူလိုကြောင်း ပြောကာ မိန်းမအလစ်တွင် ခယ်မကိုခေါ်၍ ဆိုင်ကယ်ပေါ်တင်ကာ… See more ကောလင်းမြို့တွင် ခေါက်ဆွဲ စက်ရုံ၌ လူလိုကြောင်း ပြော၍ ခယ်မကို ခေါ် ဆောင်သွားကာ သားမယား ပြု ကျင့်ခဲ့သူကို ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်းရဲတပ်ဖွဲ့မှ သိရသည်။ ယမန်နေ့ညနေ ၆ နာရီ ခွဲအချိန်တွင် ကောလင်းမြို့၊ မင်းတဲကြီးရပ်ကွက်နေ အသက် ၃၉ နှစ် အရွယ် အမျိုးသမီး နေအိမ်တွင်ရှိနေစဉ် ခေါက်ဆွဲစက်၌ နေထိုင်အလုပ်လုပ်နေသူ သမီးတစ်ဦး၏ ခင်ပွန်း ဖြိုးကိုကို(၂၄)နှစ် ရောက်ရှိလာပြီး ၎င်းတို့အလုပ်လုပ်နေသော ခေါက်ဆွဲစက်တွင် အလုပ်သမားလို၍ အသက် ၁၅ နှစ်အရွယ် သမီးကိုလာရောက်ခေါ်ဆောင်ခြင်းဖြစ်ကြောင်း ပြောဆိုသဖြင့်သမီးငယ်ကို ထည့်ပေးလိုက်သည်။ ည ၉ နာရီအချိန်ခန့်တွင် သမီးငယ်ထံမှ ဖုန်းဝင်လာပြီး ဖြိုးကိုကိုက ဆိုင်ကယ်ဖြင့် […]

ဗဟုသုတ

၉နှစ်သမီး ဆီးချို (၆၀၀) အထိတက်မှန်း သိလိုက်ရတဲ့မိခင်ရဲ့ အဖြစ်

၉နှစ်သမီး ဆီးချို၆၀၀အထိတက်မှန်း သိလိုက်ရတဲ့မိခင်အဖြစ်ကတော့ အတော်ရှော့ဖြစ်သွားမှာပဲ မိခင်ရဲ့ပိုစ့်မှာ ရေးထားတာက ကျောင်းကပြန်လာတဲ့ ၉နှစ်သမီး ပင်ပန်းနွမ်းလျပြီးအသက်ရှုဖို့အားမရှိသလိုဖြစ်နေလို့ နီးရာဆေး‌ခန်းပြေးပြတာ ဆေးခန်းက ကလေးအသက်ရှုတာပုံမှန်မဟုတ်ဘူးလို့ပြောပြီး ဆေးပေး အခြေနေစောင့်ကြည့်ဖို့ အိမ်ပြန်လွတ်လိုက်ပါတယ်။ အိမ်ရောက်တော့ ကလေးကိုကြည့်ရတာ အဆင်မပြေတော့လို့ အမေက နီးတဲ့ဆေးရုံပြေး အရေးပေါ်ခန်းဝင်ရသွေးစစ်တော့ ဆီးချို ၆၀၀တက်နေတာကြောင့် အဆုတ်ဓါတ်မှန်ရိုက်ပြီး အောက်စီဂျင်ပေးထားရပါတယ်။ ကလေးရှော့ဖြစ်နိုင်တာကြောင့် တစ်ချိန်လုံး ဂရုစိုက်နေရတာပါ။ အဲဒီဆေးရုံကနေ နောက်ထပ်ဆေးရုံကိုပြောင်းပြီးကုသရပါတယ်။ဒါတောင် ဆီးချို ၂၉၅ ဖြစ်နေတုန်းပါ။ မိခင်က နှစ်ပါတ်အတွင်း ကလေးရဲ့ ကိုယ်အလေးချိန် ၇ ကီလို ကျသွားတယ် အစားနည်းလာတယ် ရေခဏခဏသောက်ပြီး ဆီးသွားတယ်လို့ ရေးထားပါတယ်။ မိခင်ကိုမေးထားတဲ့ ကွန်မန့်တွေထဲ ကလေးဘာကြောင့်ဆီးချိုဖြစ်ရတာလည်းဆိုတော့ bubble tea တွေ ကိုလာကိုလာအချိုရည်နဲ့ ရယ်ဒီမိတ်မုန့်ထုပ်တွေ စားရင်း ဖြစ်တယ်လို့ သိရပါတယ်။ […]

ၾကားသိရသမွ်

၆၆ဝဝကျပ် ရင်းပြီး ဝယ်ခဲ့တဲ့ဘေထုပ်ကနေ ၆၄သိန်း၆သောင်းကျော် အမြတ်ရခဲ့တဲ့ ကံထူးတဲ့ဖြစ်ရပ်

Unicode ၆၆၀၀ကျပ် ရင်းပြီး ဝယ်ခဲ့တဲ့ဘေထုပ်ကနေ ၆၄သိန်း၆သောင်းကျော် အမြတ်ရခဲ့တဲ့ဖြစ်ရပ် ဘေထုပ်ရောင်းဝယ်ခြင်းကို နိုင်ငံခြားမှာတော့ thrift shopping လို့ခေါ်ပြီး အဝတ် အစား၊ အသုံးအဆောင်တွေကိုကျရင်တော့ vintage ပစ္စည်းတွေလို့ ခေါ်ပါတယ်။ အမှန်တော့ ဘေထုပ်ဝတ်ခြင်းဟာ ရှက်စရာမကောင်းပါဘူး။ ဟောလိဝုဒ်စတားတွေမှာတောင်မှ vintageအဝတ်အစားအသုံးအဆောင်တွေကိုကြိုက် လွန်းလို့ တမင်ဈေးကြီးပေးဝယ်ကြတဲ့လူတွေရှိပါတယ်။ Thrift shopping လုပ်တဲ့အခါ နာမည်ကျော် ဇိမ်ခံတံဆိပ်တွေရဲ့ ရှေးတုန်းကထုတ်ခဲ့ပြီး နောက်ပိုင်းမူရင်းဆိုင်တွေမှာတောင်ပြန်ရဖို့မလွယ်ကူတဲ့ ပစ္စည်းဟောင်းတွေ၊ အကန့်အသတ်နဲ့ ထုတ်ထားတဲ့ အသုံးအ ဆောင်တွေကို ရှာတွေ့နိုင်သလိုတန်ကြေးကြီးတဲ့ ပစ္စည်းတွေကိုလည်း ဈေးအရမ်းသက်သာစွာရရှိနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံအချို့မှာတော့ ဘေထုပ်တန်းဆိုတာ သပ်သပ်ရှိပြီးvintage ပစ္စည်းတွေကို ကြိုက်နှစ်သက်တဲ့ လူတွေမှတမင်အချိန်ပေးကာ သွားတတ်ကြပါတယ် ။ဘေထုပ်အကျီင်္တွေဝယ်တဲ့အခါ အိပ်ကပ်ထဲမှ ဒေါ်လာတွေပါလာတာမျိုး လက်ဝတ်ရတနာပါလာတာမျိုးတွေ ကြားဖူးကြမယ်ထင်ပါတယ်။ အရင်ပိုင်ရှင်က မေ့ပြီးအိတ်ထဲထည့်မိတဲ့အခါ ပြန်ရောင်းတော့ […]

ၾကားသိရသမွ်

ငါးဖမ်းထွက်ရင်း ဧရာမပုလဲကြီးအား ရှာဖွေတွေ့ရှိခဲ့သော တံငါသည်၏ ဧရာမပုလဲကြီးတန်ဖိုးသည်seemore

ငါးဖမ်းထွက်ရင်း သန်း၁၀၀တန် ဧရာမပုလဲကြီးအား ရှာဖွေတွေ့ရှိခဲ့သော တံငါသည် ပုလဲလုံးလေးများကို ကမာကောင်များမှ ရရှိပြီး နားကပ် လက်စွပ် စသဖြင့် လက်ဝတ်လက်စားရတနာများတွင် ထည့်သွင်းပြုလုပ်ကြပြီး စျေးကွက်တွင်ရောင်းချကြသည်ကို မြင်တွေ့ဖူးကြမှာပါ။ သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံ ပင်လယ်ကမ်းစပ်တွင် နေထိုင်သော တံငါသည်အမျိုးသားတစ်ဦးသည် ကံကြမ္မာအလှည့်အပြောင်းတစ်ခုတွင် ကံကောင်းထောက်မစွာဖြင့် ရှားပါးလှသည့် ဧရာမပုလဲကြီးအား တွေ့ရှိခဲ့သည်။ တံငါသည်အမျိုးသားသည် Palawanကမ်းရိုးတန်းတွင် စားဝတ်နေရေးအတွက် ငါးဖမ်းထွက်ခဲ့ရာ မထင်မှတ်ပဲ ၇၅ပေါင်အလေးချိန်ရှိသော ကမ္ဘာ့အကြီးဆုံးအဖြစ်သတ်မှတ်ခြင်းခံထားရသော ပုလဲလုံးကြီးအား တွေ့ရှိခဲ့၍ အံ့အားသင့်ခဲ့ရသည်။ သို့သော် တံငါသည်သည် ထိုပုလဲကိုတွေ့ရှိခဲ့သော်လည်း ရောင်းစားခြင်းမရှိပဲ မည်မျှတန်ဖိုးရှိသည်ကိုလည်း မသိရှိခဲ့ပ။နောက်ဆုံးတွင် အမျိုးသားသည် ဒေါ်လာ သန်း ၁၀၀တန်ဖိုးရှိ ပုလဲကြီးအား နာမည်ကြီးပြတိုက်တစ်ခုတွင် သွားရောက်၍ သိမ်းဆည်းထားသည်ဟု သိရသည်။ Credit Zawgyi ငါးဖမ်းထွက်ရင်း သန်း၁၀၀တန် ဧရာမပုလဲကြီးအား […]