ဗေဒင်
၂၀၂၂ခုနစ် အင်္ဂါသားသမီးများအတွက် တနှစ်စာ ဟောစာတမ်း
၂၀၂၂ခုနစ် အင်္ဂါသားသမီးများအတွက် တနှစ်စာ ဟောစာတမ်း အင်္ဂါသားသမီးများတို့သည် မိမိ၏ အတွေ့အကြုံများအပေါ် မူတည်ပြီး လုပ်ငန်းများတွင် အခွင့်အရေးကောင်းများရရှိပြိး အောင်မြင်မှုများ ရရှိမည်။ ကုသိုလ်ဒါန၊အလှူတန်းကြီးများ ပြုလုပ်ရတတ်သည်။ ဘုရားဖူး ခရီးသွားရကိန်း ရှိသည်။ မမျော်လင့်ဘဲ သားသမီးများအတွက် ရပ်ဝေး၊ နယ်ခြား ကောင်းခြင်းခရီး သွားရကိန်းရှိသည်။ မိမိလက်အောက်ငယ်သား တပည့်များအား ထောက်ပံ့ပေးရတတ်သည်။ နိုင်ငံရပ်ခြား ပညာရေးများ လေ့လာဆောင်ရွက်ရမည်။ စာပေလေ့လာပြိး လုပ်ငန်းခွင် စာမေးပွဲဖြေဆိုလျှင် အထူးခံစားခွင့်ရခြင်း၊ စက်မှုလက်မှုပညာရပ်များတွင် အထူးအောင်မြင်မှုရရှိမည်။ ယခုနှစ်တွင် (16. 4. 2022 မှ စ၍ ( 16. 6. 2022) အထိ လုပ်ငန်းဆိုင်ရာ အကျိုးအမြတ် ဖြစ်ထွန်းမည်။ သစ်သီးဝလံများ ရောင်းဝယ်ခြင်း၊ ယာဉ်နှင့်စက်ပစ္စည်း ရောင်းဝယ်ခြင်း၊ ငွေကြေးကိစ္စများ၊ ထီ၊ […]
ကြားသိရသမျှ
ကွယ်လွန်ပြီးဖြစ်တဲ့ပရိတ်သတ်အချစ်တော် ဒွေး နဲ့မင်္ဂလာဆောင်တုန်းကပုံရိပ်လေးတွေကို ချပြလာတဲ့ ဒွေးရဲ့ဇနီး
ဗဟုသုတ
လှချင်ရင် မပျင်းနဲ့ (မိန်းကလေးတိုင်း ဗဟုသုတအဖြစ် ဖတ်ထားသင့်ပါတယ်နော်)…
လှချင်ရင် မပျင်းနဲ့ခုခေတ် ကာလကြီးမှာက ကျား/မမရွေး လှပချင်ကြတာပါပဲ။ မိန်းကလေးမှ လှလို့ရတာမဟုတ် ပါဘူးနော်။မိတ်ကပ် တစ်ပိဿာလောက်လိမ်းထားတဲ့ အထောက်အပံ့တွေပါတဲ့အလှကိုလည်း မဆိုလိုပါဘူး။သဘာဝကျကျ ကြည်လင်ရှင်းသန့်နေ တဲ့မျက်နှာနဲ့ စိုပြည်ဝင်းပနေ တဲ့ အသားအရေမျိုး ပိုင်ဆိုင်ထားမယ်ဆိုယောင်္ကျား မိန်းမဘယ်သူဖြစ်ဖြစ် ကျက်သရေ ရှိစွာတင့်တယ်နေ မှာပဲနော် ။လက်ဘက်ကောင်းစားချင်ရင် ပလောင်တောင် တက်နှေးရတယ် ဆိုတဲ့စကားပုံ လိုပဲလေ။ ခုရေတွင်းတူး ခုရေကြည်သောက် ချင်လို့က မရနိုင်ပါဘူး။ အလှအပရေးရာမှာ အချိန်တစ်ခု ကတော့ပေးကိုပေး ရပါတယ်။ ရှုပ်တယ်။ ငွေဘယ်လောက် ကုန်ကုန် ခုလှချင်နေ ပြီဆိုတဲ့သူတွေကတော့ Plastic surgery တွေလုပ်၊ Botox တွေထိုး၊ Fillers တွေထိုးနဲ့ ပြေးလုပ်ကြ တာပေါ့လေ။ ဒါတွေကလည်း အတိုင်းအတာ တစ်ခုအထိတော့ အချိန်ကုန်တာပါပဲ။အသားလည်း နာတာပေါ့လေအလှစစ်စစ်ကို တကယ်ကြီး ကိုပိုင်ဆိုင်ချင်တယ် […]
ဗဟုသုတ
သင့် ဇနီး ဆိုတာ
သင့် ဇနီး ဆိုတာ ….! ၁။ သင့်ဇနီးသည်ဟာ ပြည့်စုံသူမဟုတ်လို့ သူ့ကိုခွင့်လွှတ်ပါ။ ၂။ သင့်ဇနီးဟာ သင့်အရိုးထဲကအရိုးဖြစ်လို့ သူ့ကိုမရိုက်ချိုးပါနဲ့။ ၃။ သင့်ဇနီးဟာ လက်ဆောင်ဖြစ်တယ်၊ တန်ဖိုးထားပါ။ ၄။ သင့်ဇနီးဟာ ရှားပါးတဲ့ကျောက်မျက်အရိုင်းလေးဖြစ်တယ်၊ သူ့ရဲ့ မနာလို စိတ်လေးတွေကို လမ်းမှန်တည့်ပေးပါ။ ၅။ သင့်ဇနီးဟာ သင့်ရဲ့အကောင်းဆုံးမိတ်ဆွေပါ၊ သူ့ကိုရင်းနှီးစွာဆက်ဆံပါ။ ၆။ သင့်ဇနီးဟာ သင့်ရဲ့ဝမ်းမြောက်စရာပါ၊ သူ့ကိုပြည့်ဝအားအင်ရှိစေပါ။ ၇။ သင့်ဇနီးဟာ ယုယမှုခံထိုက်သူပါ၊ သူ့အတွက် ကျေနပ်ဝမ်းသာပါ။ ၈။ သင့်ဇနီးဟာ သင့်ရဲ့အဟာရပါ၊ သူ့ကို ယုယပါ။ ၉။ သင့်ဇနီးဟာ နတ်ဆိုးတစ်ကောင်မဟုတ်ပါ၊ စွန့်ပစ်မထားပါနဲ့။ ၁၀။ သင့်ဇနီးဟာ သင့်လိင်မှုကိစ္စအတွက်လောက်သာမဟုတ်ဘဲ၊ ကိစ္စတိုင်း အတွက် သူ့ကိုခေါ်သွားပါ။ ၁၁။ သင့်ဇနီးဟာ သင့်ရန်သူမဟုတ်ပါ၊ ခွန်အားပေးပါ။ […]
ၾကားသိရသမွ်
တစ်မိနစ် (၁)သိန်းခွဲနဲ့ အမျိုးသားထုကြီး အတွက် သူမဖွင့်လစ် လုပ်ကိုင်တော့မဲ့ အလုပ်ကြောင်း ပြောပြလာတဲ့ မအေးသောင်း
တစ်မိနစ် ၁သိန်းခွဲနဲ့ အမျိုးသားထုကြီး အတွက် သူမဖွင့်လစ် လုပ်ကိုင်တော့မဲ့ အလုပ်ကြောင်း ပြောပြလာတဲ့ မအေးသောင်း မဂ်လာပါ ပရိတ်သတ်ကြီးရေ တစ်မိနစ် ၁ သိန်းခွဲနဲ့ ယောကျာ်းထုကြီး အတွက် သူမဖွင့်လစ် လုပ်ကိုင်တော့မဲ့ အလုပ်ကြောင်း ပြောပြလာတဲ့ မအေးသောင်း အေးဝတ်ရည်သောင်း ကတော့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ပွင့်ပွင့် လင်းလင်း ပြောဆိုတတ် တာကြောင့် ပရိသတ် တွေများစွာရဲ့ အချစ်တွေကို ရရှိ ပိုင်ဆိုင်ထားသူ လေးဖြစ်ပါတယ်။ အသက် သုံးဆယ်ကျော် အရွယ်ရှိပြီ ဖြစ်တဲ့ အေးဝတ်ရည်သောင်းက သူမရဲ့ ချစ်သူကို တရားဝင်ချ ပြထားပေမယ့် အခု အချိန်ထိ အိမ်ထောင်ပြုမယ့် ကိစ္စကို ပြောကြားထား ခြင်းမရှိ သေးပါဘူး။ ပရိသတ်တွေ ကတော့ မအေးသောင်းရဲ့ အနုပညာ […]
ၾကားသိရသမွ်
လက်ရှိကားဈေးကွက်အခြေအနေနဲ့ ယခုအချိန်မှာ ကားဝယ်မယ့်သူတွေ သတိထားသင့်တဲ့ အဓိကအချက်များ
လက်ရှိကားဈေးကွက်အခြေအနေနဲ့ ယခုအချိန်မှာ ကားဝယ်မယ့်သူတွေ သတိထားသင့်တဲ့ အဓိကအချက်များ စီးပွားရေး မတည်ငြိမ်ခြင်းနဲ့ ဒေါ်လာ လိုအပ်ချက် ရှိနေတာကြောင့်လို့ ဆိုကာ ပြည်ပမှမော်တော်ယာဉ် တင်သွင်းခွင့်တွေကို (၁-၁၀-၂၀၂၁) ရက်နေ့က စတင်ပြီး ရပ်ဆိုင်းထားခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ် ကား တင်သွင်းခွင့် မူဝါဒမှာလည်း လူစီးကား တင်သွင်းခွင့် မူဝါဒ မသေချာ မရေရာသေးမှုတွေနဲ့ အတူ ထိုးတက်နေတဲ့ စက်သုံးဆီ ဈေးနှုန်းကြောင့် လက်ရှိ တစ်ပတ်ရစ်ကားဈေးကွက် အတွင်း အင်ဂျင် အရွယ်အစား 2000 CC အောက် ကားတွေသာ အရောင်းအဝယ် ဖြစ်နေလျက် ရှိပါတယ်။ စကစ က ထုတ်ပြန်ထားတဲ့ ကားတင်သွင်းခွင့် မူဝါဒမှာ လုပ်ငန်းသုံး ကားတစ်မျိုးထဲသာ တင်သွင်းခွင့် ပေးထားတဲ့ အတွက် အိမ်စီးကား တင်သွင်းခွင့် […]
ၾကားသိရသမွ်
ပြည်ပနိုင်ငံကနေ ဂီတသမားတွေကို တိုက်ခိုက်နေတဲ့ ဖြူဖြူကျော်သိန်းရဲ့အစ်မကို ထိမိလွန်းတဲ့ စကားလုံးတွေနဲ့ ဒဲ့ပြောချလိုက်တဲ့ အောင်လ
Rock သီချင်းတွေနဲ့အတူပရိသတ်အားပေးမှုတွေယနေ့တိုင်ရရှိထားပြီး အောင်မြင်နေတာကတော့ အောင်လပဲဖြစ်ပါတယ်။ သူကတော့လက်ရှိမှာ ကြက်သံပုံကင်လေးတွေကို ချစ်ဇနီးလေးဝိုင်းစုနဲ့အတူ ကိုယ်တိုင်လုပ်ရောင်းနေတာဖြစ်ပါတယ်။ပရိသတ်အားပေးမှုတွေလည်းများစွာရရှိထားပြီးလက်မလည်အောင်ရောင်းချထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်းလွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကတော့ သူဟာဝေဖန်တိုက်ခိုက်မှုတွေနဲ့ကြုံတွေ့ခဲ့ရတာပါ။ သူ့နဲ့အခြေအတင်ဖြစ်နေတဲ့သူကလည်းတစ်ခြားသူမဟုတ်ပဲ နိုင်ငံကျော်အဆိုတော်ဖြူဖြူကျော်သိန်းရဲ့အမဖြစ်သူပဲဖြစ်ပါတယ်။ နိုင်ငံရပ်ခြားကနေ အောင်လကိုတိုက်ခိုက်နေတာဖြစ်ပြီး Facebook ကိုလည်း Blockထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်အောင်လဟာ သူရဲ့လူမှုကွန်ရက်ကနေပြန်လည်ဖြေရှင်းထားခဲ့တာပါ။ကျုပ်တို့တွေ လမ်းပေါ်မှာ နေပူခံ ဒုက္ခတွေခံရတဲ့ထဲ သေနပ်သံကြားရင် ပြေးရတဲ့ အချိန်တုန်းက ခင်များတို့ဘယ်မှာလဲ…?ဘယ်မှာလဲ ရေသန့်ဗူးတွေ စားစရာတွေလှုတာ။လက်ကွေး ရတော့မယ့်အချိန်မှာရော ခင်များဘယ်မှာလဲ ?ကိုယ်ပျောက်တုန်းပဲလား ?ပလာတာတူးနေတာလား?ဒီကလူတွေ အချိန်တွေကြာ အဆင်မပြေကြတော့လို့အလုပ်လုပ်ရင်တောင် blame တတ်တဲ့ ခင်များရဲ့ စောက်ကျင့် ကို အရင်ပြင်ပါ မဟုတ်ရင်လည်း ခင်များတို့မိသားစု ဒီကလူတွေလို ဘာအလုပ်မှ မလုပ်ပဲ ၂ နှစ်လောက် နေပေးပါ။စောက်ပိုတွေမရေးပါနဲ့ boycott ဆို ခင်များကို အရင်လုပ်ရမှာနိုင်ငံတော် ပညာတော်သင်စရိတ်နဲ့သင်ပြီး နိုင်ငံအတွက် ဘာအကျိုးမှ […]
ဗဟုသုတ
ယုန်တစ်ကောင်ငါးကျပ် မစားနဲ့ ငါးဆယ်ဖြစ်မှ စားပါ
ယုန်တစ်ကောင်ငါးကျပ် မစားနဲ့ ငါးဆယ်ဖြစ်မှ စားပါ တစ်ခါကသားအဖနှစ်ယောက် အလွန်စည်ကားသော စျေးကြီးတစ်စျေးအတွင်းသို့ ရောက်ရှိလာသောအခါ အသက်၁ဝနှစ်ခန့်ရှိသားငယ်မှ အဖေဖြစ်သူအား ဗိုက်ဆာတယ်အဖေရှေ့မှာယုန်ကင်တွေရောင်းနေတယ်… သားကိုဝယ်ကျွေးပါတဲ့…။ သား… တစ်ကောင်ဘယ်လောက်လဲ သွားမေးလိုက်လို့ …အဖေကပြောလိုက်ပါတယ်။ အဲ့ဒါနဲ့သားဖြစ်သူလည်း ယုန်ကင်သည်ကိုသွားမေးတော့… ယုန်တစ်ကောင်ငါးကျပ်လို့စျေးသည်ကပြန်ပြောပါတယ်။ သားဖြစ်သူလည်း အဖေတစ်ကောင်ငါးကျပ်တဲ့ဗျ…။ သားကိုဝယ်ကျွေးနော်ဆိုတော့… အေဖက သူ၏လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ တစ်ဆယ်တန်လေးတစ်ရွက်ကိုကြည့်ရင်း အံကိုကြိတ်ပြီး သားဖြစ်သူကိုပြောလိုက်ပါတယ်။ ယုန်တစ်ကောင်ကိုငါးကျပ်တဲ့လား… မစားပါနဲ့အုံးသားရယ်။ လာသွားရအောင် သား… ဗိုက်ဆာနေရင်အဖေတခြားဟာ ဝယ်ကျွေးပါ့မယ်လို့ပြောပြီး သားဖြစ်သူရဲ့လက်ကိုဆွဲပြီး အဲ့ဒီနေရာကနေ ထွက်လာခဲ့တယ်။ ပြီးတော့မှ ဘိန်းမုန့်၂ခုတစ်ကျပ်ဖိုး သားဖြစ်သူဗိုက်ပြည့်စေဖို့ ဝယ်ကျွေးခဲ့ပါတယ်။ ဒီလိုနဲ့နောင်၁၅နှစ်လောက်ကြာတဲ့အခါ အဲဒီစျေးကြီးထဲကိုပဲ သားအဖနှစ်ယောက် ပြန်ရောက်လာတဲ့အခါ သားဖြစ်သူက ပူဆာပြန်ပါတယ်…။ အဖေ ဟိုမှာယုန်ကင်သည်ရှိသေးတယ်ဗျ… သားကို ယုန်ကင်တစ်ကောင်လောက် ဝယ်ကျွေးပါဆိုတော့…အေဖက သား..တစ်ကောင်ဘယ်လောက်လဲ သွားမေးချည်ဆိုတော့… လွန်ခဲ့တဲ့ […]
ၾကားသိရသမွ်
အသက် ၆၀ ကျော်မှ ဘဝစပြီး အောင်မြင်လာခဲ့တဲ့ KFC ကြက်ကြော်သူဌေးနှင့် မြန်မာပြည်က ပင်စင်စား
အသက် ၆၀ ကျော်မှ ဘဝစပြီး အောင်မြင်လာခဲ့တဲ့ KFC ကြက်ကြော်သူဌေးနှင့် မြန်မာပြည်က ပင်စင်စား “ဘဝအစ ၆၅ က” တစ်လောက ပဲခူး ခေတ္တပြန်တယ်။ ကျောင်းတစ်ကျောင်းမှာ ဟောပြောခွင့် ရခဲ့တယ်။ ဟောပြောပွဲအပြီးမှာ မိတ်ဆွေ တစ်ယောက်က လာနှုတ်ဆက်တယ်။ သူလည်း ကိုယ်နဲ့ ဘဝတူကျောင်းဆရာ ခုတော့ အငြိမ်းစားပေါ့။ “ခုဘာတွေလုပ်နေလဲ” ကျွန်တော်က မေးလိုက်တာ။ သူက “ဘာလုပ်ရမှာလဲ အငြိမ်းစားဆိုတော့ အိမ်မှာ မြေးထိန်းပြီး ပေးတာယူ ကျွေးတာစားဘဝပေါ့” “ခင်ဗျား အသက်ဘယ်လောက်လဲ” “၆၃” “ကျွန်တော့်ထက်တောင် ငယ်သေးတယ်။ ဒါပေမဲ့ ကျွန်တော် ခုထိ တစ်ချက်မှ မနားသေးဘူး ရုန်းကန်နေတုန်းပဲ” “ကျွန်တော်က ခင်ဗျားလို စာမှ မရေးတတ်တာ” “ကျွန်တော်လည်း ခင်ဗျားလို ပန်းပု […]
ၾကားသိရသမွ်
ချိတ်ပိတ်ထားသည့် ပန်ဆယ်လို၏နေအိမ်အား ရဟန်းတပါးမှ ကျောင်းအဖြစ် အလှူခံရန် တောင်းဆိုလာတဲ့အခါ…
ချိတ်ပိတ်ထားသည့် ပန်ဆယ်လို၏နေအိမ်အား ရဟန်းတပါးမှ ကျောင်းအဖြစ် အလှူခံရန် တောင်းဆိုလာတဲ့အခါ…ရဟန်းတစ်ပါးက အာဏာသိမ်းစစ်တပ်ကသိမ်းပြီး ချိတ်ပိတ်ထားတဲ့ ပန်ဆယ်လိုရဲ့ နေအိမ်ကိုကျောင်းအဖြစ် အလှူခံချင်တယ် ဆိုပြီး ဖေ့စ်ဘုတ်မှာ ပို့စ်တင်တယ်။အဲဒီပို့စ်အောက်မှာ ထောက်ခံ အားပေးထားတဲ့သူတွေရော၊ ဆဲတဲ့သူတွေရော စုံနေတာပဲ။ ထောက်ခံအားပေးသူတွေထဲမှာ ရဟန်းတွေတော်တော်များများပါတယ်။တစ်ခု စဉ်းစားမိလိုက်တယ်။ ရဟန်းတော်တွေအနေနဲ့ သူများနိုင်ငံမှာရောကိုယ့်နိုင်ငံထဲမှာပါ ဗုဒ္ဓဘာသာ မဟုတ်တဲ့ သူတွေကို သာသနာပြုဖို့ ထားပါဦး။ ဗုဒ္ဓဘာသာဖြစ်ပြီးသားသူတွေကိုတောင် ဘာသာ သာသနာကို စိတ်ပျက်သွားအောင် လုပ်တဲ့ပုံ ဖြစ်နေတယ်။ ဆိုလိုတာက မကြည်ညိုသေးတဲ့ သူတွေကို ကြည်ညိုအောင် လုပ်ဖို့ဆိုတာထက် ကြည်ညိုပြီးသားသူတွေကိုတောင် အကြည်ညိုပျက်အောင် လုပ်ပစ်သလို ဖြစ်နေတယ်ဆိုတာပါပဲ။ နောက်ပြီး ပြောသေးတယ် သူတို့ကပဲ ဘာသာ သာသနာ မကွယ်အောင် စောင့်ရှောက်တယ် တဲ့။ စစ်တပ် မထောက်ခံတဲ့သူတိုင်းကို သာသနာဖျက်တယ်လို့ ယူဆထားကြပုံပဲ။ […]