ဒီကမ္ဘာကြီးမှာ လူတိုင်းက ၎င်းတို့ရဲ့မင်္ဂလာပွဲကို အကောင်းတကာ့အကောင်ဆုံးပုံစံဖြင့် ပြုလုပ်ချင်တတ်ကြပါတယ်။ ၎င်းတို့ကိုယ်တိုင်၊ မိသားစု၀င်တစ်ဦး၊ သို့မဟုတ် နာမည်ကြီးများက ပန်းစည်းကိုပစ်ပေါက်ပေးတဲ့မင်္ဂလာပွဲအခမ်းအနားများနှင့်ပျော်ပွဲရွှင်ပွဲများဟာ ပျော်စရာအတွေ့အကြုံအပြင် အဆင့်အတန်းသင်္ကေတတစ်ခုဖြစ်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရှိ သူဌေးကြီးတစ်ဦးဟာ သမီးဖြစ်သူအတွက် အသေးစိတ်ကျပြီး စျေးကြီးတဲ့မင်္ဂလာပွဲတစ်ခုကို စီစဉ်ထားခဲ့ပေမဲ့ သူဟာ လူအများစိတ်နှလုံးသားထိမိသွားမဲ့အရာကို ပြုလုပ်ခဲ့ပါတယ်။ ဖခင်ဖြစ်သူ Manoj Munot ဟာ သန်းကြွယ်သူဌေးကြီးဖြစ်သလို အိန္ဒိယတွင်အချမ်းသာဆုံးလူများထဲမှတစ်ဦးလည်းဖြစ်ပါတယ်။ Munot ဟာ သမီးဖြစ်သူရဲ့မင်္ဂလာဆောင်မှာ သူမလိုချင်တာ ဖြစ်ချင်တာမှန်သမျှကို ဖြည့်ဆည်းပေးဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ ထို့ကြောင့် Munot ဟာ သမီးဖြစ်သူရဲ့မင်္ဂလာဆောင်အတွက် ဒေါ်လာ ၁၁ သန်းကို ဘေးဖယ်ထားခဲ့ပါတယ်။

ဒီငွေပမာဏက ကိတ်အများကြီးကို ၀ယ်နိုင်သလို ကြီးမားတဲ့ဧည့်ခန်းမတစ်ခုငှါးရမ်းခြင်းနှင့် အခြားသောအရာများစွာကိုလည်း ပြုလုပ်နိုင်ပါတယ်။ သို့ပေမဲ့ သမီးဖြစ်သူ Shreya က မင်္ဂလာပွဲအား ကြီးကြီးလုပ်မယ်လို့ မဝန်ခံခဲ့ပါဘူး။ သူမဟာ သူမ၏မင်္ဂလာဆောင်အတွက် စုဆောင်းထားသောငွေအချို့ကို အရေးကြီးသောအရာများအတွက်သုံးလိုက်ခြင်းက ပိုကောင်းမယ်လို့ ဖခင်ဖြစ်သူအား ပြောကြားခဲ့ပါတယ်။

.

ထို့နောက် Munot ဟာ စိတ်ပြောင်းသွားခဲ့ပြီး သမီးဖြစ်သူအား မင်္ဂလာပွဲအတွက် ငွေအများကြီးမသုံးတော့ဘဲ ၎င်းအစား ငွေများကို ကောင်းမွန်တဲ့နေရာမှာအသုံးချဖို့ ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံတွင် ဆင်းရဲသားများစွာ ယာယီဒုက္ခသည်စခန်းများ၌နေထိုင်နေရပြီး ပိုမိုသင့်တော်သောအိမ်ရာများလိုအပ်နေတာကြောင့် Munot ဟာ သမီးဖြစ်သူအတွက် စုထားခဲ့တဲ့ ဒေါ်လာ ၁၁ သန်းအား ထိုနေရာမှာအသုံးချဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။

.

သမီးဖြစ်သူ Shreya ကလည်း ဖခင်ဖြစ်သူရဲ့အကြံကို သဘောကျစွာ အသာတကြည်လက်ခံခဲ့ပါတယ်။ ထို့နောက် Munot ဟာ ဆင်းရဲနွမ်းပါးသူများအတွက် အိမ်အလုံးပေါင်း ၉၀ ကိုတည်ဆောက်ပေးခဲ့တာကြောင့် သမီးဖြစ်သူနှင့် ခင်ပွန်းတို့ကလည်း ဖခင်လှူဒါန်းပေးခဲ့တဲ့ ၎င်းမိသားစု ၉၀ ရဲ့အိမ်သစ်တက်ခြင်းနှင့်အတူ ၎င်းတို့ရဲ့အိမ်ထောင်ဘဝသစ်ကို စတင်ခဲ့ကြပါတယ်။

၎င်းအိမ်များကိုအိန္ဒိယနိုင်ငံ Maharashtra ပြည်နယ်ရှိ Aurangabad ဒေသတွင် တည်ဆောက်ပေးခဲ့တာပါ။ Shreya ၏မင်္ဂလာဆောင်နေ့မှာ သူမနှင့်သူမခင်ပွန်းတို့ဟာ ၎င်း အိမ်အလုံး ၉၀ တည်ဆောက်ခဲ့တဲ့ဖွံ့ဖြိုးရေး site သို့ သွားရောက်ခဲ့ကြပြီး သူမအဖေနှင့်အိမ်ရာဖွံ့ဖြိုးရေးအသစ်အတွက် သူအလွန်ဂုဏ်ယူကြောင်း ၊ ၎င်းဟာ သူမတို့စုံတွဲကို အမြဲအမှတ်ရစေမယ့်မင်္ဂလာလက်ဆောင်တစ်ခုလည်းဖြစ်ကြောင်း မီဒီယာများသို့ ပြောကြားခဲ့ပါတယ်။
နံရံလေးဖက်နှင့်အမိုးများအပြင် ၎င်းအိမ်များဟာ လျှပ်စစ်နှင့်ရေကဲ့သို့အခြေခံအသုံးအဆောင်များဖြင့် မိသားစုများကို ထောက်ပံ့ပေးခဲ့ပါတယ်။
Mia (KB Chimmy One)
Reference : spotlightstories



