ၾကားသိရသမွ်

ဗုဒၶကို ကျွန်တော် အရမ်းလေးစားပါတယ်။ ဘာကြောင့်လဲဆိုတော့….

ဗုဒ္ဓကို ကျွန်တော် အရမ်းလေးစားပါတယ်။

ဘာကြောင့်လဲဆိုတော့

ဗုဒ္ဓဟာ ဒီကမ္ဘာကြီးကို သူပိုင်တယ်လို့ မကြွားခဲ့ပါဘူး။

သူ့ကိုကိုးကွယ်ရင်……

ဆုလာဒ်တွေပေးမယ်လုိ့ မစည်းရုံးခဲ့ပါဘူး။

သူ့ကိုမရှိခိုးရင်၊ မကိုးကွယ်ရင်….

ငရဲကိုပို့ပစ်မယ်လို့ မခြိမ်းခြောက်ခဲ့ပါဘူး။

သူ့ကိုရှိခိုးခြင်းထက် “စရဏပိုင်း ကောင်းမွန်ခြင်းဟာ…..ပိုမြတ်တယ်လို့ ပြတ်ပြတ်သားသား ပြောကြားခဲ့သူပါ။

“သူပြောတဲ့စကားတိုင်းကိုလည်းအလွယ်တကူ မျက်စိမှိတ်မယုံလိုက်ပါနဲ့ “လို့ရဲရဲတောက် ပြောကြားခဲ့သူပါ။

သူဟောကြားခဲ့တဲ့ ဒီအမှန်တရားတွေဟာ

သူပိုင်တာ မဟုတ်ပါဘူး။

သဘာဝအမှန်တရားတွေ သာဖြစ်တယ်လို့

ပေါ်ပေါ်တင်ပေါ်ပြောကြားခဲ့သူပါ။

သူရရှိခဲ့တဲ့ ဘုရားအဖြစ်ကိုလည်းသူတစ်ယောက်တည်းမောင်ပိုင်စီးထားတာမျိုးမ

ဟုတ်ဘဲ”

“ဘုရားဖြစ်ချင်ရင် ………

လူသားတိုင်း ကြိုးစားလို့ရတယ် “ဆိုတဲ့လမ်းကြောင်းတစ်ခုကိုစိတ်သဘောထား ကြီးမြတ်စွာနဲ့ ချပြခဲ့သူပါ။

လွပ်လပ်စွာ တွေးခေါ်ခွင့်၊လွတ်လပ်စွာ ပြောဆိုနေထိုင်ခွင့်၊လွတ်လပ်စွာ ယုံကြည်ခွင့် ဆိုတဲ့

“ဒီမိုကရေစီ “သဘောတရားတွေကိုပြောကြားခဲ့တဲ့ ပထမဆုံးသော..

ဘာသာရေးခေါင်းဆောင် တစ်ယောက်ပါ။

“ကိုယ်ကောင်းတာလုပ်ရင်ကောင်းကျိုးခံစားရမယ်……..။

မကောင်းတာလုပ်ရင်မကောင်းကျိုးခံစားရမယ်……။”

*မိမိရဲ့ကောင်းခြင်း၊ ဆိုးခြင်း ရလဒ်တွေဟာ

မိမိရဲ့အတိတ်၊ ပစ္စုပ္ပန်ကာလတွေရဲ့လုပ်ရပ်ကြောင့်ဖြစ်တယ်။

မည်သူတစ်ဦး တစ်ယောက်ကမှဖန်တီး စီရင်နေတာ မဟုတ်ဘူးလို့အကြောင်းတရားကြောင့်အကျိုးတရားဖြစ်ရခြင်းကိုပြောကြားခဲ့တဲ့ တစ်ဦးတည်းသောဘာသာရေးခေါင်းဆောင်တစ်ယောက်ပါ။

သူ့ရဲ့တစ်သက်တာ ကာလပတ်လုံးမှာသူတားမြစ်ခဲ့တဲ့ တရားတွေကိုသူကိုယ်တိုင်လည်း လုံခြုံခဲ့ပါတယ်။

အဲဒါကြောင့် ကျွန်တော်ဟာဗုဒ္ဓကို အရမ်းလေးစားပါတယ်။

အရမ်းကြည်ညိုပါတယ်။

သူဟောကြားခဲ့တဲ့ငြိမ်းချမ်းတရားတော်တွေဟာ

အခုချိန်ထိ မှန်ကန်နေတုန်းပါပဲ။

လိုက်နာကျင့်သုံးနေတုန်းပါပဲ။

ဒီနေ့ကမ္ဘာကြီး ငြိမ်းချမ်းအောင်ဗုဒ္ဓတရားတော်တွေထဲမှာနည်းလမ်းတွေ ရှိနေပါတယ်။

ဗုဒ္ဓ ကျင်ကြံခဲ့တဲ့ဝိပဿနာတရားတွေဟာလည်း

ဗုဒ္ဓချမှတ်ပေးခဲ့တဲ့နည်းလမ်းတွေအတိုင်းလက်တွေ့ကျင့်ကြံကြည့်ရင်……

စိတ်ရဲ့ငြိမ်းချမ်းခြင်းကိုအမှန်တကယ် ရှာတွေ့နိုင်တယ်ဆိုတာဘာသာခြားတွေတောင်လက်ခံနေကြပါတယ်။

ဝိပဿနာတရားစခန်းတွေမှာဖန်ဆင်းရှင်ဝါဒကို ယုံကြည်တဲ့ဘာသာခြားတွေ အများကြီးလာရောက် ကျင့်ကြံအားထုတ်နေကြတာအများကြီးရှိပါတယ်။

ဗုဒ္ဓဟာ ကြွားဝါမှုတွေ ၊စည်းရုံးမှုတွေ၊ ခြိမ်းခြောက်မှုတွေ ၊ချုပ်ချယ်မှုတွေ မလုပ်ခဲ့ပါပဲနဲ့၊

သူ့စကားကိုယုံကြည်စွာ လိုက်နာနေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေယနေ့အထိ အများကြီးရှိနေဆဲဖြစ်တာကိုကျွန်တော်အင်မတန်မှကို ဂုဏ်ယူမိပါတယ်။

အခု…ဗုဒ္ဓမရှိတော့တာနှစ်ပေါင်း(၂၅၀၀)ကျော်သွားပါပြီ။

အင်အားအကြီးဆုံး ဘာသာကြီး(၄)ခုထဲမှာအခုချိန်ထိ ပါဝင်နေတာကိုအံ့သြချီးကျူးလို့ကို မဆုံးနိုင်တော့ပါဘူး။

ဗုဒ္ဓရဲ့ သွန်သင်ဆုံးမမှုတွေကစာအုပ်တွေ များများဖတ်ပြီးဆင်ခြင်သုံးသပ်ကြည့်လေပိုပြီးမှန်တယ်ဆိုတာ သိလာပါတယ်။

ဒါကြောင့် ကျွန်တော်ဟာ

ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်ရတာဂုဏ်ယူပါတယ်။

ဗုဒ္ဓဘာသာဝင်အသိုင်းအဝိုင်းကြားမှာမွေးဖွားလာရတာကိုလည်းအလွန်ကျေနပ်မိပါတော့တယ်။

(ကျွန်တော် ဒီလိုတွေရေးလိုက်တာဟာ သူများဘာသာကိုထိခိုက်စေလိုသော ဆန္ဒမရှိပါဘူး။

Buddha ဘာသာဝင်တစ်ဦးရဲ့

ရိုးရှင်းသော ရင်တွင်းခံစားချက်

သက်သက် သာဖြစ်ပါတယ်

@@@ Credit@@@