ရုရှားလူမျိုးပိုင်ရှင် အေဗရာမိုဗစ်ဟာ ချဲလ်ဆီးအသင်းကို ရောင်းချပြီး ယူကရိန်းက စစ်ဘေးသင့် ပြည်သူတွေကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကနဦးက အသင်းရဲ့ ပရဟိတဖောင်ဒေးရှင်းကို ပိုင်ဆိုင်မှုတွေ လွှဲအပ်ဖို့ စီစဉ်ခဲ့ပေမယ့် ရှုပ်ထွေးမှုတွေရှိလာခဲ့ပြီးနောက် အပြီးသတ်ရောင်းချပြီး ယူကရိန်းပြည်သူတွေကို လှူဒါန်းဖို့ ရုရှားလူမျိုး မိုဗစ်က ဆုံးဖြတ်ခဲ့တာပါ။
ဗြိတိန်နိုင်ငံရေးသမားတွေဟာ ရုရှားသမ္မတ ပူတင်နဲ့ ဆက်ဆံရေးကောင်းရှိတဲ့ အေဗရာမိုဗစ်ကို အရေးယူမှုပြုလုပ်ပြီး ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့ တိုက်တွန်းမှုတွေရှိခဲ့ပါတယ်။ ဒီအခြေအနေကြောင့် ချဲလ်ဆီးအသင်းရဲ့ အကျိုးစီးပွားအတွက် ရောင်းချပြီးတော့ အသင်းနဲ့ ပတ်သက်ခြင်းမရှိစေဖို့ မိုဗစ်က ဆုံးဖြတ်ခဲ့တာပါ။
မိုဗစ်ဟာ ချဲလ်ဆီးအသင်းကို ၂၀၀၃ ခုနှစ်က ပေါင်သန်း ၁၄၀ နဲ့ ဝယ်ယူခဲ့ပြီး ဆုဖလားတွေ ရယူနိုင်ဖို့ အတွက် ရင်းနှီးမြှုပ်နှံမှုတွေ များစွာလုပ်ပေးခဲ့ပါတယ်။“အသင်းရောင်းချမှုကို လျင်မြန်စွာ ပြီးဆုံးဖို့ မရှိသေးပေမယ့် သတ်မှတ်ထားတဲ့ လုပ်ငန်းဆောင်တာတွေအတိုင်း ဆက်သွားပါလိမ့်မယ်။ အသင်းက ကျနော့်ဆီ ပြန်ဆပ်ရမယ့်ငွေကြေးတွေကိုလည်း ပြန်တောင်းမှာ မဟုတ်ပါဘူး။
အသင်းကို ဝယ်ယူခဲ့စဉ်ကတည်းက စီးပွားရေးနဲ့ငွေကြေးအတွက် ဘယ်တုန်းကမှမဟုတ်ခဲ့ဘဲ အသင်းအတွက်ဖြူစင်တဲ့ စိတ်အားထက်သန်မှုတွေကြောင့် ရင်းနှီးမြှုပ်နှံပေးခဲ့တာပါ။ အသင်းရောင်းချမှုတွေကနေ ရရှိတဲ့ငွေကြေးကို ဖောင်ဒေးရှင်းတခု တည်ထောင်ပြီး ရေတိုနဲ့ ရေရှည်အတွင်း ပြန်လည်ထူထောင်မှုတွေလုပ်ဖို့လိုတဲ့ ယူကရိန်းက စစ်ဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းပေးသွားပါမယ်” လို့ အေဗရာမိုဗစ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရုရှားသူဌေး ရိုမန်အေဘရာမိုဗစ်က သူပိုင်တဲ့ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းကို အမြန်ပြန်ရောင်းဖို့စီစဥ်နေပါပြီ။ ချဲလ်ဆီးအသင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ အသင်းကိုရောင်းဖို့အတွက် သူ ခက်ခက်ခဲခဲဆုံးဖြတ်ချက် ချရတာလို့ အေဘရာမိုဗစ်က ပြောပါတယ်။
ချဲလ်ဆီးအသင်းကိုရောင်းဖို့ မိုဗစ်က သူ့ကို ကမ်းလှမ်းထားတယ်လို့ ဆွစ်ဇာလန်သူဌေး Hansjorg အေဘရာမိုဗစ် ဟာ အေဘမိုဗစ်ဟာ ချဲလ်ဆီးအသင်းကိုတင်မက သူပိုင်တဲအင်္ဂလန် နိုင်ငံထဲက အိမ်ကိုလဲ အမြန်ရောင်းဖို့လုပ်နေတယ်လို့ သူ့အပြောအရသိရပါတယ်။
ချဲလ်ဆီးအသင်းကို ၂၀၀၃ခုနှစ်က ပေါင်သန်း၁၄၀နဲ့ မိုဗစ်ကဝယ်ခဲ့တာဖြစ်ပြီး အခုပြန်ရောင်း မယ့် သူလိုချင်တဲ့ စျေးက ၃ဘီလျံအထက် ပတ်ဝန်းကျင်ရှိတယ်လို့ တယ်လီဂရပ် သတင်းစာက ရေးပါတယ်။
သူ့ကို ရုရှားသမ္မတ ပူတင်နဲ့ နီးစပ်တဲ့သူတစ်ယောက်လို့ လူအများစုကသိထားပေမယ့် သူနဲ့ပူတင် တိုက်ရိုက်အဆက်အသွယ်မရှိဘူးလို့ အေဘရာမိုဗစ်က အမြဲငြင်းပါတယ်။ပြီးတော့ အခုအချိန်ထိ ယူကရိန်းမှာဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး ရုရှားကို ရှုံ့ချပြောဆိုတာမျိုး မိုဘစ်တင်မက ချဲလ်ဆီးကလပ်ကပါ တရားဝင်ထုတ် ပြောတာမရှိသေးဘူးလို့ အင်္ဂလန် လက်ရွေးစင်ဟောင်း အလန်ရှီးယားရား ကလည်း ပြောနေပါတယ်။
ချဲလ်ဆီးအသင်းနဲ့ အင်္ဂလန်က သူ့ပိုင်ဆိုင်မှုတွေကို မိုဗစ် အမြန်ရောင်းဖို့ ကြိုးစားနေတဲ့ အဓိကအကြောင်းက ရုရှားနဲ့ပတ်သက်တယ်ဆိုပြီး သူ့ပိုင်ဆိုင်မှုတွေ ယူကေအစိုးရရဲ့ ထိန်းချုပ်မှုအောက်ရောက်သွားမှာ စိုးလို့ပါ။
ရုရှားက အခြားဘီလျံနာတွေရဲ့ပိုင်ဆိုင်မှုတွေကိုလည်း ဥရောပသမဂ္ဂက ထိန်းချု ပ်ထားပြီးပါပြီ။ အဲ့ဒီသူတွေထဲမှာ ပရီးပီယားလိဂ်ကလပ်အဲဗာတန်နဲ့ စီးပွားရေးအရဆက်စပ်နေတဲ့ ရုရှားသူဌေး အလစ်ရှာယူစမာနော့ဗ်ရဲ့ ပိုင်ဆိုင်မှုတွေလည်းပါပါတယ်။
အခုအချိန်ထိတော့ မိုဗစ်နဲ့ ယူစနော့ဗ်ရဲ့ ပိုင်ဆိုင်မှုတွေကို ယူကေအစိုးရက တရား ဝင်ပိတ်ဆို့အရေးယူတာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမယ့် လေဘာပါတီအမတ် ခရစ်ဘရိုင်းယန့် ကအေဘရာမိုဗစ်ဟာ “ဒဏ်ခတ်အရေးယူခံရမှာကို ကြောက်လို့ သူပိုင်တဲ့အိမ်နဲ့ တိုက်ခန်းတွေကို ရောင်းနေပီလို့ ” လွှတ်တော်ထဲမှာ အင်္ဂါ နေ့က ပြောတာတွေ့ရပါတယ်။
လေဘာပါတီခေါင်းဆောင် ကီယာစတမ်မာကလည်း အခုအချိန်ထိ အေဘရာမိုဗစ် ပိတ်ဆို့အရေးယူတာမခံရသေးတာလဲလို့ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကို မေးခွန်း ထုတ်ထားတာရှိပါတယ်။



