လူတစ်ယောက်ကံကောင်းချင်လာပြီဆိုရင် ဒီလိုတွေဖြစ်လာမယ်…
လူတစ်ယောက်သည် ကံကောင်းချင်လာပြီဆိုလျှင် စိတ်တည်ငြိမ်လာခြင်း၊စိတ်ရှုပ်ထွေးမှုကင်းကာ စိတ်များကြည်လင်လန်းဆန်းလာခြင်းစသော လက္ခဏာများ ဖြစ်ပေါ်လာလေ့ရှိပါသည် …။
၎င်းစိတ်ကို ယေဘုယျအားဖြင့် ကောင်းစိတ်ဟု သတ်မှတ်နိုင်ပါသည် …။ထိုစိတ်မျိုး ဝင်လာလျှင် ‘ငါတော့ ကံကောင်းတော့မယ်၊ဒီစိတ်ဟာ ကောင်း ကံပြုလုပ်ဖြစ်ဖို့ အကြောင်းခံစိတ်ပေပဲ’ ဟု သဘောထားကာ ထိုစိတ် ကို ပျောက်ပျက်မသွားရအောင် ထိန်းထားပြီး ကောင်းမှုတစ်ခုခုကိုပြုလုပ်ဖြစ်အောင်သာ ကြိုးစားလုပ်ဆောင်ယူရမည် ဖြစ်သည် …။
ထို့အပြင် အများဆုံး ပြုလုပ်ဖြစ်လေ့ ရှိသည့် လေ့ကျင့်နေစရာ အထူး မလိုသောသမားရိုးကျ မကောင်းကံဘက်သို့ ပြန်ပြောင်းနောက်ကြောင်းပြန်မလှည့်မိစေရန်လည်း အထူးသတိထားရန် လိုအပ်ပါသည်။
လှူချင်တန်းချင်စိတ်ပေါက်လာလျှင် ‘ငါ ကံကောင်းလာပြီ၊ ဒီကံလေး အထမြောက်အောင် ငါ လှူပေးဦးမှ’၊သီလဆောက်တည်ချင်စိတ် ပေါက် လာလျှင် ‘ငါ ကံကောင်း လာပြီ၊ သီလလေး ဆောက်တည်ပြီး နေဦးမှ’၊ဘုရားရှိခိုးချင်စိတ် ပေါက်လာလျှင် ‘ငါ ကံကောင်းလာပြီ၊
ဘုရားရှိခိုးပြီးတော့ ပူဇော်လိုက်ဦးမှ’၊ဘာဝနာကမ္မဋ္ဌာန်း ပွါးများချင်စိတ်၊ တရားအားထုတ်ချင်စိတ်ပေါက်လာလျှင် ‘ငါ ကံကောင်းလာပြီ၊ ပွါးများဖြစ်အောင် ပွါးများလိုက်ဦးမှ၊အားထုတ်ဖြစ်အောင် အားထုတ်လိုက်ဦးမှ’ စသည်ဖြင့် ကောင်းကံများအထမြောက်အောင်မြင်စေရန် ကြိုးစားလုပ်ဆောင်ရမည် ဖြစ် သည်။
ကောင်းစိတ်များပေါ်လာပြီး ကောင်းကံများကိုပြုလုပ် အားထုတ်ဖြစ် လျှင် အခွင့်အရေးကောင်း၊အခြေအနေကောင်းများ ရလာပြီဟု မှတ်ယူရ မည်ဖြစ်ပြီး ၎င်းအခွင့်ကောင်း၊အခြေအနေကောင်းများကို လက်မလွတ်စေ ရန် လွန်စွာ အရေးကြီးပါသည် …။
ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြ ပါစေ။
Source, yokesone
Zawgyi
လူတစ္ေယာက္ကံေကာင္းခ်င္လာၿပီဆိုရင္ ဒီလိုေတြျဖစ္လာမယ္
လူတစ္ေယာက္သည္ ကံေကာင္းခ်င္လာၿပီဆိုလွ်င္ စိတ္တည္ၿငိမ္လာျခင္း၊စိတ္ရႈပ္ေထြးမႈကင္းကာ စိတ္မ်ားၾကည္လင္လန္းဆန္းလာျခင္းစေသာ လကၡဏာမ်ား ျဖစ္ေပၚလာေလ့ရွိပါသည္ …။
၎စိတ္ကို ေယဘုယ်အားျဖင့္ ေကာင္းစိတ္ဟု သတ္မွတ္ႏိုင္ပါသည္ …။ထိုစိတ္မ်ိဳး ဝင္လာလွ်င္ ‘ငါေတာ့ ကံေကာင္းေတာ့မယ္၊ဒီစိတ္ဟာ ေကာင္း ကံျပဳလုပ္ျဖစ္ဖို႔ အေၾကာင္းခံစိတ္ေပပဲ’ ဟု သေဘာထားကာ ထိုစိတ္ ကို ေပ်ာက္ပ်က္မသြားရေအာင္ ထိန္းထားၿပီး ေကာင္းမႈတစ္ခုခုကိုျပဳလုပ္ျဖစ္ေအာင္သာ ႀကိဳးစားလုပ္ေဆာင္ယူရမည္ ျဖစ္သည္ …။
ထို႔အျပင္ အမ်ားဆုံး ျပဳလုပ္ျဖစ္ေလ့ ရွိသည့္ ေလ့က်င့္ေနစရာ အထူး မလိုေသာသမား႐ိုးက် မေကာင္းကံဘက္သို႔ ျပန္ေျပာင္းေနာက္ေၾကာင္းျပန္မလွည့္မိေစရန္လည္း အထူးသတိထားရန္ လိုအပ္ပါသည္။
လႉခ်င္တန္းခ်င္စိတ္ေပါက္လာလွ်င္ ‘ငါ ကံေကာင္းလာၿပီ၊ ဒီကံေလး အထေျမာက္ေအာင္ ငါ လႉေပးဦးမွ’၊သီလေဆာက္တည္ခ်င္စိတ္ ေပါက္ လာလွ်င္ ‘ငါ ကံေကာင္း လာၿပီ၊ သီလေလး ေဆာက္တည္ၿပီး ေနဦးမွ’၊ဘုရားရွိခိုးခ်င္စိတ္ ေပါက္လာလွ်င္ ‘ငါ ကံေကာင္းလာၿပီ၊
ဘုရားရွိခိုးၿပီးေတာ့ ပူေဇာ္လိုက္ဦးမွ’၊ဘာဝနာကမၼ႒ာန္း ပြါးမ်ားခ်င္စိတ္၊ တရားအားထုတ္ခ်င္စိတ္ေပါက္လာလွ်င္ ‘ငါ ကံေကာင္းလာၿပီ၊ ပြါးမ်ားျဖစ္ေအာင္ ပြါးမ်ားလိုက္ဦးမွ၊အားထုတ္ျဖစ္ေအာင္ အားထုတ္လိုက္ဦးမွ’ စသည္ျဖင့္ ေကာင္းကံမ်ားအထေျမာက္ေအာင္ျမင္ေစရန္ ႀကိဳးစားလုပ္ေဆာင္ရမည္ ျဖစ္ သည္။
ေကာင္းစိတ္မ်ားေပၚလာၿပီး ေကာင္းကံမ်ားကိုျပဳလုပ္ အားထုတ္ျဖစ္ လွ်င္ အခြင့္အေရးေကာင္း၊အေျခအေနေကာင္းမ်ား ရလာၿပီဟု မွတ္ယူရ မည္ျဖစ္ၿပီး ၎အခြင့္ေကာင္း၊အေျခအေနေကာင္းမ်ားကို လက္မလြတ္ေစ ရန္ လြန္စြာ အေရးႀကီးပါသည္ …။
ဓမၼမိတ္ေဆြ သူေတာ္စင္အေပါင္း က်န္းမာ႐ႊင္လန္း ၿငိမ္းေအးႏိုင္ၾက ပါေစ။
Source, yokesone



