က်မၼာေရး ဗဟုသုတ

လည္ပင္း၊ ဂုတ္ ညိဳမည္းေနလွ်င္

မျက်နှာကိုပဲ ဂရုစိုက်ရင်း ငွေတွေ အများအပြား အသုံးပြုကြပေမယ့် လည်ပင်းကို ဂရုစိုက်ဖို့ မေ့လျှော့နေတတ်ကြပါတယ်။

မိတ်ကပ်လိမ်းရင်တောင် လည်ပင်းကိုလိမ်းပေးဖို့ မေ့တတ်ကြသူတွေရှိပါတယ်။

ဒီတော့ မျက်နှာပဲဖြူပြီး လည်ပင်းကြီးမည်းနေရင်လည်း အဆင်မပြေပါဘူး။ လည်တိုင်ဖြူဖြူလေးကိုပိုင်ဆိုင်နိုင်ဖို့ သဘာဝနည်းလမ်းကို အသုံးပြုရအောင်ပါ။

ပြုလုပ်နည်း ၁

မှုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

အုန်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆား လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကိုရောပြီး လည်ပင်ပေါ်မှာ ပွတ်လိမ်းပေးရမှာပါ။ ပြီးရင် ၁၀ မိနစ်လောက်ထားပြီး ရေနွေးနဲ့ ဆေးချပါ။

ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်မှာဖြစ်လို့ အသားအရေ ဖြူဝင်းစိုပြေလာမှာပါ။

နည်း ၂

ပါဝင်ပစ္စည်း

စန္ဒကူး နံ့သာမှုန့် (သို့) ရွှံ့စေးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံပုယိုသီး (သို့) သံပုရာသီး တစ်ခြမ်း (အရည်ညှစ်)

နို့အေး လိုအပ်သလောက်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို ရောမွှေလိုက်ပါ။ နို့အေးကိုတော့ လိုသလောက်ထည့်ပါ။ အရည်ကို ပျစ်ပျစ်လေးဖြစ်အောင်လုပ်ရမှာဖြစ်ပြီးတော့ လည်ပင်းမှာ လိမ်းပေးရမှာပါ။

ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ခြောက်အောက်ထားပါ။ အဲဒီနောက် ရေနွေးနဲ့ ဆေးချပါ။

အသားအရေ ခြောက်နေတယ်ခံစားရရင် Moisturiser လိမ်းပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပါ။ တစ်လအတွင်း သိသာလာမှာဖြစ်ပါတယ်။

ခရက်ဒစ် မိုင်စတိုင်မြန်မာ

Zawgyi

မ်က္ႏွာကိုပဲ ဂ႐ုစိုက္ရင္း ေငြေတြ အမ်ားအျပား အသုံးျပဳၾကေပမယ့္ လည္ပင္းကို ဂ႐ုစိုက္ဖို႔ ေမ့ေလွ်ာ့ေနတတ္ၾကပါတယ္။

မိတ္ကပ္လိမ္းရင္ေတာင္ လည္ပင္းကိုလိမ္းေပးဖို႔ ေမ့တတ္ၾကသူေတြရွိပါတယ္။

ဒီေတာ့ မ်က္ႏွာပဲျဖဴၿပီး လည္ပင္းႀကီးမည္းေနရင္လည္း အဆင္မေျပပါဘူး။ လည္တိုင္ျဖဴျဖဴေလးကိုပိုင္ဆိုင္ႏိုင္ဖို႔ သဘာဝနည္းလမ္းကို အသုံးျပဳရေအာင္ပါ။

ျပဳလုပ္နည္း ၁

မႈန႔္ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္း ၂ ဇြန္း

အုန္းဆီ လက္ဖက္ရည္ဇြန္း ၂ ဇြန္း

ဆား လက္ဖက္ရည္ဇြန္း ၃ ဇြန္း

ျပဳလုပ္နည္း

ပါဝင္ပစၥည္းအားလုံးကိုေရာၿပီး လည္ပင္ေပၚမွာ ပြတ္လိမ္းေပးရမွာပါ။ ၿပီးရင္ ၁၀ မိနစ္ေလာက္ထားၿပီး ေရေႏြးနဲ႔ ေဆးခ်ပါ။

ဆဲလ္ေသေတြကို ဖယ္ရွားေပးႏိုင္မွာျဖစ္လို႔ အသားအေရ ျဖဴဝင္းစိုေျပလာမွာပါ။

နည္း ၂

ပါဝင္ပစၥည္း

စႏၵကူး နံ႔သာမႈန႔္ (သို႔) ႐ႊံ႕ေစးမႈန႔္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း

သံပုယိုသီး (သို႔) သံပုရာသီး တစ္ျခမ္း (အရည္ညႇစ္)

ႏို႔ေအး လိုအပ္သေလာက္

ျပဳလုပ္နည္း

ပါဝင္ပစၥည္းအားလုံးကို ေရာေမႊလိုက္ပါ။ ႏို႔ေအးကိုေတာ့ လိုသေလာက္ထည့္ပါ။ အရည္ကို ပ်စ္ပ်စ္ေလးျဖစ္ေအာင္လုပ္ရမွာျဖစ္ၿပီးေတာ့ လည္ပင္းမွာ လိမ္းေပးရမွာပါ။

ၿပီးရင္ ၁၅ မိနစ္ေလာက္ထားၿပီး ေျခာက္ေအာက္ထားပါ။ အဲဒီေနာက္ ေရေႏြးနဲ႔ ေဆးခ်ပါ။

အသားအေရ ေျခာက္ေနတယ္ခံစားရရင္ Moisturiser လိမ္းေပးပါ။ တစ္ပတ္ကို ၂ ႀကိမ္လုပ္ပါ။ တစ္လအတြင္း သိသာလာမွာျဖစ္ပါတယ္။

ခရက္ဒစ္ မိုင္စတိုင္ျမန္မာ