ၾကားသိရသမွ်

ငွေသားအထုပ်လိုက်ကြီးနဲ့ ကံထူးသူကိုရှာဖွေတော့မယ့် စမိုင်းလ်ရဲ့အမိုက်စား ကံစမ်းမဲအစီအစဉ်လေး

စမိုင်းလ်ကတော့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူမကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်သူလေးဖြစ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

သူမတို့ မိသားစုလေးကတော့ အလှူအတန်းတွေမှာ လက်မနှေးဘဲ လှူတန်းတတ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူတွေပဲဖြစ်ပါတယ်။

မကြာခဏဆိုသလို အလှူအတန်းတွေ ပရဟိတလုပ်ငန်းတွေကိုလည်း ကိုယ်တိုင်လုပ်လေ့ရှိသူလေးလည်းဖြစ်ပါတယ်။

သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေအပြင် အလှူတန်းပုံရိပ်လေးတွေကိုလည်း အမှတ်တရအနေနဲ့ အမြဲဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ အခုလည်း ငွေသားတွေအထုတ်လိုက်ကိုင်ကာ အားလုံးအတွက် ကံစမ်းမဲဖောက်ပေးတော့မယ့်အကြောင်းလေးကို ပုံလေးတွေနဲ့အတူ

“ကဲဘယ်လိုတွေကံစမ်းမဲလုပ်ပေးမယ်ဆိုတာပြောမယ် tonight live 9pm stay tuned” ဆိုတဲ့စာလေးနဲ့အတူဖော်ပြထားရာ မသိသေးတဲ့ ပရိသတ်တွေလည်းကံစမ်းရအောင် မျှဝေပေးရင်း ဆုကြီးတွေပေါက်ပါစေ ဆုတောင်းပေးလိုက်ပါတယ်နော် ။

Zawgyi,





