ကိုယ့္ခ်စ္သူ ဒါမွမဟုတ္ တစ္စံုတစ္ေယာက္က သင့္ကို အ႐ူးအမူးလြမ္းေနေအာင္ ျပဳလုပ္လုိ႔ရတယ္ဆုိ ယံုမလား။ တစ္စံုတစ္ေယာက္က သင့္ကို လြမ္းေနေအာင္၊
သတိရေနေအာင္ ျပဳလုပ္လုိ႔ရတဲ့ နည္းလမ္းေလး တကယ္႐ွိပါတယ္ေနာ္။ ဒီအခ်က္ေလးေတြက သူ သင့္ကို ပိုဂ႐ုစိုက္လာၿပီး သတိရလြမ္းမိေနေစမယ့္ အခ်က္ေလးေတြပဲ ျဖစ္ပါတယ္။
သူ႔ကို လ်စ္လ်ဴ႐ႈပါ
သူ႔ကို အရင္လုိ စကားသြားေျပာတာမ်ိဳး၊ သူဆီ ကိုယ့္ဘက္က ဖုန္းစဆက္တာမ်ိဳးေတြ မလုပ္ပါနဲ႔။ သူ႔ စာပို႔ထားရင္လည္း ခ်က္ခ်င္း စာျပန္္တာမ်ိဳး မလုပ္ပဲထားပါ၊
ေနာက္ၿပီး သူဖုန္းဆက္ရင္လည္း ကိုင္ခ်င္မွ ကိုင္ပါ၊ ျပန္မေခၚပါနဲ႔။ ဒီလုိမ်ိဳးလုပ္တာက သူ႔စိတ္မွာ ေမးခြန္းေတြျဖစ္ၿပီး သင့္အေၾကာင္းကို ပိုပိုၿပီး ေတြးမိေနေစမွာ ျဖစ္ပါတယ္။
သူ႔ကို လႊတ္ထားေပးလုိက္ပါ
သင့္ ခ်စ္သူက သင့္ကို ဂ႐ုစိုက္ဖုိ႔ ေမ့ေလ်ာ့ေနတဲ့အခါ၊ ဒါမွမဟုတ္ တစ္စံုတစ္ေယာက္က ကိုယ့္္ကိုယ္ ဂ႐ုစိုက္ေပးဖုိ႔ ေမ့ေလ်ာ့ေနတဲ့အခါမ်ိဳးမွာ ကိုယ့္ဘက္ကေန နင္ငါ့ကို ဘာလုိ႔ ဂ႐ုမစိုက္တာလဲ၊ ဘာညာေမးခြန္းေတြ မထုတ္ပါနဲ႔။
ဒီအတိုင္း သူေနခ်င္သလုိ ေနႏုိင္ေအာင္ လႊတ္ထားေပးလုိက္ၿပီး သူဂ႐ုမစိုက္တဲ့အခါ ကိုယ္လည္းဂ႐ုမစိုက္ပဲ ေနလုိက္ပါ၊ သူ လ်စ္လ်ဴ႐ႈထားတဲ့အခါ ကိုယ္လည္း သတိရေၾကာင္း မေျပာပါနဲ႔။
ဒီအေျခအေနက အခ်ိန္နည္းနည္းၾကာလာတဲ့အခါ သူ႔ဘက္ကေန သင့္ကိုစတင္ၿပီး သတိရေၾကာင္း ဖြင့္ေျပာလာမွာ ျဖစ္ပါတယ္။
သူငယ္ခ်င္းေတြနဲ႔ ပိုအခ်ိန္ကုန္ပါ
သူ သင့္ကို သတိမရလုိ႔၊ ဒါမွမဟုတ္ အခ်ိန္မေပးလုိ႔ဆုိၿပီး အျမဲတမ္း စိတ္ညစ္ေနတာ၊ သူ႔ကို အခ်ိန္ေပးဖို႔ ေတာင္းဆိုတာေတြ လုပ္စရာမလုိပါဘူးေနာ္။ သူ အခ်ိန္မေပးလည္း ကိုယ္အဆင္ေျပတယ္္ဆုိတာမ်ိဳးကို ေဖာ္ျပတဲ့အေနနဲ႔ ….
သူငယ္ခ်င္းေတြနဲ႔ အျပင္ေတြသြားတာ၊ အေပါင္းအသင္းေတြနဲ႔ အခ်ိန္ေတြ ေပ်ာ္ေပ်ာ္ႀကီး ကုန္ဆံုးပစ္လုိက္ပါ ျဖစ္ႏုိင္ရင္ ဒီလိုေပ်ာ္ေနတဲ့ပံုကို အြန္္လုိင္းေပၚမွာ တင္ပါ။
ဒါက သူ႔စိတ္မွာ သူ ငါမ႐ွိလည္း အဆင္ေျပပါလားဆိုတဲ့စိတ္၊ မခံခ်င္တဲ့စိတ္ကို ဆြေပးရာေရာက္ၿပီး သင့္ကိုဂ႐ုစိုက္မိလာေစၿပီး သင့္အေၾကာင္း ေတြးမိေနမွာ ျဖစ္ပါတယ္။
သူ႔အေၾကာင္းကို ေတြးပါ
လူေတြရဲ႕ စိတ္ကအရမ္းကို ထူးဆန္းၿပီးအားျပင္းတဲ့ အရာျဖစ္လုိ႔ စိတ္စြမ္းအားေတြ ျပင္္းထန္တဲ့အခါ တစ္ျခားလူတစ္ေယာက္ရဲ႕စိတ္ကို ထိန္းခ်ဳပ္ႏုိင္စြမ္း႐ွိပါတယ္။
ဥပမာ – သူ သင့္ကိုအရမ္း သတိရေနတဲ့အခ်ိန္မွာ သူလည္း သင့္ကို သတိရေနတတ္တာမ်ိဳး ဒါဟာ စိတ္စြမ္းအားေၾကာင့္ ျဖစ္ေပၚလာျခင္းပဲ ျဖစ္ပါတယ္။
ဒါေၾကာင့္ တစ္စံုတစ္ေယာက္က ကိုယ့္ကိုယ္ သတိရခ်င္တယ္ဆုိရင္ေတာ့ သင္ သူ႔ကို သတိရဖုိ႔လုိအပ္ၿပီး သူ႔အေၾကာင္း ေတြးဖို႔ေတာ့ လုိအပ္ပါတယ္။
Khin
Unicode,
သင့်ချစ်သူ သင့်ကို အရူးအမူး လွမ်းပြီး ဂရုစိုက်လာအောင် ပြုလုပ်ပေးမယ့် လျို့ဝှက််နည်းလမ်းလေး
ကိုယ့်ချစ်သူ ဒါမှမဟုတ် တစ်စုံတစ်ယောက်က သင့်ကို အရူးအမူးလွမ်းနေအောင် ပြုလုပ်လို့ရတယ်ဆို ယုံမလား။ တစ်စုံတစ်ယောက်က သင့်ကို လွမ်းနေအောင်၊
သတိရနေအောင် ပြုလုပ်လို့ရတဲ့ နည်းလမ်းလေး တကယ်ရှိပါတယ်နော်။ ဒီအချက်လေးတွေက သူ သင့်ကို ပိုဂရုစိုက်လာပြီး သတိရလွမ်းမိနေစေမယ့် အချက်လေးတွေပဲ ဖြစ်ပါတယ်။
သူ့ကို လျစ်လျူရှုပါ
သူ့ကို အရင်လို စကားသွားပြောတာမျိုး၊ သူဆီ ကိုယ့်ဘက်က ဖုန်းစဆက်တာမျိုးတွေ မလုပ်ပါနဲ့။ သူ့ စာပို့ထားရင်လည်း ချက်ချင်း စာပြန််တာမျိုး မလုပ်ပဲထားပါ၊
နောက်ပြီး သူဖုန်းဆက်ရင်လည်း ကိုင်ချင်မှ ကိုင်ပါ၊ ပြန်မခေါ်ပါနဲ့။ ဒီလိုမျိုးလုပ်တာက သူ့စိတ်မှာ မေးခွန်းတွေဖြစ်ပြီး သင့်အကြောင်းကို ပိုပိုပြီး တွေးမိနေစေမှာ ဖြစ်ပါတယ်။
သူ့ကို လွှတ်ထားပေးလိုက်ပါ
သင့် ချစ်သူက သင့်ကို ဂရုစိုက်ဖို့ မေ့လျော့နေတဲ့အခါ၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်က ကိုယ့််ကိုယ် ဂရုစိုက်ပေးဖို့ မေ့လျော့နေတဲ့အခါမျိုးမှာ ကိုယ့်ဘက်ကနေ နင်ငါ့ကို ဘာလို့ ဂရုမစိုက်တာလဲ၊ ဘာညာမေးခွန်းတွေ မထုတ်ပါနဲ့။
ဒီအတိုင်း သူနေချင်သလို နေနိုင်အောင် လွှတ်ထားပေးလိုက်ပြီး သူဂရုမစိုက်တဲ့အခါ ကိုယ်လည်းဂရုမစိုက်ပဲ နေလိုက်ပါ၊ သူ လျစ်လျူရှုထားတဲ့အခါ ကိုယ်လည်း သတိရကြောင်း မပြောပါနဲ့။
ဒီအခြေအနေက အချိန်နည်းနည်းကြာလာတဲ့အခါ သူ့ဘက်ကနေ သင့်ကိုစတင်ပြီး သတိရကြောင်း ဖွင့်ပြောလာမှာ ဖြစ်ပါတယ်။
သူငယ်ချင်းတွေနဲ့ ပိုအချိန်ကုန်ပါ
သူ သင့်ကို သတိမရလို့၊ ဒါမှမဟုတ် အချိန်မပေးလို့ဆိုပြီး အမြဲတမ်း စိတ်ညစ်နေတာ၊ သူ့ကို အချိန်ပေးဖို့ တောင်းဆိုတာတွေ လုပ်စရာမလိုပါဘူးနော်။ သူ အချိန်မပေးလည်း ကိုယ်အဆင်ပြေတယ််ဆိုတာမျိုးကို ဖော်ပြတဲ့အနေနဲ့ ….
သူငယ်ချင်းတွေနဲ့ အပြင်တွေသွားတာ၊ အပေါင်းအသင်းတွေနဲ့ အချိန်တွေ ပျော်ပျော်ကြီး ကုန်ဆုံးပစ်လိုက်ပါ ဖြစ်နိုင်ရင် ဒီလိုပျော်နေတဲ့ပုံကို အွန််လိုင်းပေါ်မှာ တင်ပါ။
ဒါက သူ့စိတ်မှာ သူ ငါမရှိလည်း အဆင်ပြေပါလားဆိုတဲ့စိတ်၊ မခံချင်တဲ့စိတ်ကို ဆွပေးရာရောက်ပြီး သင့်ကိုဂရုစိုက်မိလာစေပြီး သင့်အကြောင်း တွေးမိနေမှာ ဖြစ်ပါတယ်။
သူ့အကြောင်းကို တွေးပါ
လူတွေရဲ့ စိတ်ကအရမ်းကို ထူးဆန်းပြီးအားပြင်းတဲ့ အရာဖြစ်လို့ စိတ်စွမ်းအားတွေ ပြင််းထန်တဲ့အခါ တစ်ခြားလူတစ်ယောက်ရဲ့စိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။
ဥပမာ – သူ သင့်ကိုအရမ်း သတိရနေတဲ့အချိန်မှာ သူလည်း သင့်ကို သတိရနေတတ်တာမျိုး ဒါဟာ စိတ်စွမ်းအားကြောင့် ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် တစ်စုံတစ်ယောက်က ကိုယ့်ကိုယ် သတိရချင်တယ်ဆိုရင်တော့ သင် သူ့ကို သတိရဖို့လိုအပ်ပြီး သူ့အကြောင်း တွေးဖို့တော့ လိုအပ်ပါတယ်။
Khin