သစၥာရွိတယ္ဆိုတာမ်ိဳးက သာယာတဲ့ အခ်စ္ေရးတစ္ခုကို ဖန္တီးေပးႏုိင္ပါတယ္။ ခ်စ္ျခင္းေမတၱာကို တန္ဖိုးထားတဲ့သူတုိင္းက သစၥာရွိမႈကိုလည္း ျမတ္ႏိုးၾကတာ သဘာဝပါပဲ။
အခ်စ္ေရးမွာ သစၥာမရွိသူေတြေၾကာင့္ ဝမ္းနည္းရတဲ့ မိန္းကေလးေတြကလည္း အမ်ားအျပား ရွိေနပါတယ္။ ကိုယ့္ခ်စ္သူေကာင္ေလးက ကိုယ့္အေပၚ သစၥာ ရွိသလားဆိုတာကို ဒီအခ်က္ေတြကို ၾကည့္ၿပီး သိႏိုင္ပါတယ္ေနာ္။
(၁) တစ္ကိုယ္ေကာင္း မဆန္ဘူး
ေဖာက္ျပန္တယ္ဆိုတာက တစ္ကိုယ္ေကာင္းဆန္တဲ့ အျပဳအမူတစ္ခု ျဖစ္ပါတယ္။ သူ႔အလုိအတြက္ သင္ဘာျဖစ္ျဖစ္ ျဖည့္မေတြးထားတာမ်ိဳး ျဖစ္ပါတယ္။
သစၥာရွိတဲ့သူေတြကေတာ့ သင္ ဘာလိုအပ္လဲဆိုတာကို ေတြးေပးၿပီး သူ႔ကိုယ္သူလည္း သင့္အတြက္ပါလို႔ ေတြးထားတဲ့သူမ်ိဳး ျဖစ္ၾကပါတယ္။
(၂) တျခားမိန္းကေလးေတြကို လွည့္ေတာင္ မၾကည့္ဘူး
သစၥာရွိတဲ့ ခ်စ္သူေကာင္ေလးေတြက ကိုယ့္ခ်စ္သူကလြဲရင္ တျခားမိန္းကေလးေတြကို မ်က္စိမကစားတတ္ၾကပါဘူး။
ကိုယ့္ရဲ႕ အခ်စ္နဲ႔ စိတ္ဝင္စားမႈက ကိုယ့္ေကာင္မေလးအတြက္ ျဖစ္ရမယ္ဆိုတဲ့ စိတ္နဲ႔ တျခားမိန္းကေလးေတြအေပၚ စိတ္ဝင္စားတဲ့ ဟန္မ်ိဳး မလုပ္တတ္ၾကပါဘူး။
(၃) အႏိုင္မယူတတ္ဘူး
ခ်စ္တဲ့သူေတြနဲ႔ ၿပိဳင္ဆိုင္ၿပီး အႏိုင္ယူတာမ်ိဳးကို သစၥာရွိတဲ့ ေကာင္ေလးေတြက မလုပ္တတ္ၾကပါဘူး။ ကိုယ္ခ်စ္ရတဲ့သူေတြနဲ႔ ဆက္ဆံေရးကို ပိုတန္ဖိုးထားလို႔ ကိုယ့္အတၱကို ေရွ႕တန္းမတင္တတ္ၾကတာ ျဖစ္ပါတယ္။
(၄) အရိပ္တၾကည့္ၾကည့္ ျဖစ္ေနတတ္တယ္
ေကာင္ေလးေတြက လံုးဝ ခ်စ္မိသြားတဲ့အခါ ကိုယ့္ခ်စ္သူရဲ႕ အရိပ္အေျခကို အျမဲ ၾကည့္ေနေလ့ ရွိပါတယ္။
ကိုယ့္ခ်စ္သူ ေကာင္မေလး အဆင္မွေျပရဲ႕လား၊ လံုျခံဳစိတ္ခ်မ္းသာပါရဲ႕လားဆိုတာကို ၾကည့္ေနတတ္ၾကပါတယ္။ ကိုယ့္ခ်စ္သူအတြက္ ကိုယ္က ဘာေတြ လုပ္ေပးရမလဲလို႔ ၾကည့္ေနၾကတဲ့ ေကာင္ေလးေတြက သစၥာရွိတာ လံုးဝ မွန္ပါတယ္။
(၅) ေကာင္မေလးအေၾကာင္း အျမဲ ေျပာတယ္
ခ်စ္တတ္ၿပီး သစၥာရွိတဲ့ ေကာင္ေလးေတြက ကိုယ့္ခ်စ္သူအေၾကာင္းကို ႂကြားဝါတတ္ၾကပါတယ္။ သူငယ္ခ်င္းေတြနဲ႔ မိတ္ေဆြေတြေရွ႕မွာ ကိုယ့္ခ်စ္သူအေၾကာင္း ေျပာဖို႔ ဝန္မေလးတဲ့သူေတြလည္း ျဖစ္ပါတယ္။
(၆) ယံုၾကည္မႈ တည္ေဆာက္တယ္
တစ္ေယာက္ကို တစ္ေယာက္ ယံုၾကည္ဖို႔က အခ်စ္ေရးမွာ အရမ္း အေရးႀကီးတယ္ဆိုတာ သိၾကသလို ယံုၾကည္မႈက အလိုလို ျဖစ္လာတာ မဟုတ္ဘူးဆိုတာကို သေဘာေပါက္တတ္ၾကပါတယ္။
ဒါေၾကာင့္ ခ်စ္ရတဲ့ ေကာင္မေလး ကိုယ့္အေပၚ ယံုၾကည္ေအာင္ ေနထိုင္ေပးေလ့ ရွိပါတယ္။
Kham
Unicode,
သစ္စာရှိတဲ့ ချစ်သူကောင်လေးတွေမှာပဲ တွေ့ရတတ်တဲ့ လက္ခဏာရပ်များ
သစ္စာရှိတယ်ဆိုတာမျိုးက သာယာတဲ့ အချစ်ရေးတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားတဲ့သူတိုင်းက သစ္စာရှိမှုကိုလည်း မြတ်နိုးကြတာ သဘာဝပါပဲ။
အချစ်ရေးမှာ သစ္စာမရှိသူတွေကြောင့် ဝမ်းနည်းရတဲ့ မိန်းကလေးတွေကလည်း အများအပြား ရှိနေပါတယ်။ ကိုယ့်ချစ်သူကောင်လေးက ကိုယ့်အပေါ် သစ္စာ ရှိသလားဆိုတာကို ဒီအချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်နော်။
(၁) တစ်ကိုယ်ကောင်း မဆန်ဘူး
ဖောက်ပြန်တယ်ဆိုတာက တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမူတစ်ခု ဖြစ်ပါတယ်။ သူ့အလိုအတွက် သင်ဘာဖြစ်ဖြစ် ဖြည့်မတွေးထားတာမျိုး ဖြစ်ပါတယ်။
သစ္စာရှိတဲ့သူတွေကတော့ သင် ဘာလိုအပ်လဲဆိုတာကို တွေးပေးပြီး သူ့ကိုယ်သူလည်း သင့်အတွက်ပါလို့ တွေးထားတဲ့သူမျိုး ဖြစ်ကြပါတယ်။
(၂) တခြားမိန်းကလေးတွေကို လှည့်တောင် မကြည့်ဘူး
သစ္စာရှိတဲ့ ချစ်သူကောင်လေးတွေက ကိုယ့်ချစ်သူကလွဲရင် တခြားမိန်းကလေးတွေကို မျက်စိမကစားတတ်ကြပါဘူး။
ကိုယ့်ရဲ့ အချစ်နဲ့ စိတ်ဝင်စားမှုက ကိုယ့်ကောင်မလေးအတွက် ဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့ တခြားမိန်းကလေးတွေအပေါ် စိတ်ဝင်စားတဲ့ ဟန်မျိုး မလုပ်တတ်ကြပါဘူး။
(၃) အနိုင်မယူတတ်ဘူး
ချစ်တဲ့သူတွေနဲ့ ပြိုင်ဆိုင်ပြီး အနိုင်ယူတာမျိုးကို သစ္စာရှိတဲ့ ကောင်လေးတွေက မလုပ်တတ်ကြပါဘူး။ ကိုယ်ချစ်ရတဲ့သူတွေနဲ့ ဆက်ဆံရေးကို ပိုတန်ဖိုးထားလို့ ကိုယ့်အတ္တကို ရှေ့တန်းမတင်တတ်ကြတာ ဖြစ်ပါတယ်။
(၄) အရိပ်တကြည့်ကြည့် ဖြစ်နေတတ်တယ်
ကောင်လေးတွေက လုံးဝ ချစ်မိသွားတဲ့အခါ ကိုယ့်ချစ်သူရဲ့ အရိပ်အခြေကို အမြဲ ကြည့်နေလေ့ ရှိပါတယ်။
ကိုယ့်ချစ်သူ ကောင်မလေး အဆင်မှပြေရဲ့လား၊ လုံခြုံစိတ်ချမ်းသာပါရဲ့လားဆိုတာကို ကြည့်နေတတ်ကြပါတယ်။ ကိုယ့်ချစ်သူအတွက် ကိုယ်က ဘာတွေ လုပ်ပေးရမလဲလို့ ကြည့်နေကြတဲ့ ကောင်လေးတွေက သစ္စာရှိတာ လုံးဝ မှန်ပါတယ်။
(၅) ကောင်မလေးအကြောင်း အမြဲ ပြောတယ်
ချစ်တတ်ပြီး သစ္စာရှိတဲ့ ကောင်လေးတွေက ကိုယ့်ချစ်သူအကြောင်းကို ကြွားဝါတတ်ကြပါတယ်။ သူငယ်ချင်းတွေနဲ့ မိတ်ဆွေတွေရှေ့မှာ ကိုယ့်ချစ်သူအကြောင်း ပြောဖို့ ဝန်မလေးတဲ့သူတွေလည်း ဖြစ်ပါတယ်။
(၆) ယုံကြည်မှု တည်ဆောက်တယ်
တစ်ယောက်ကို တစ်ယောက် ယုံကြည်ဖို့က အချစ်ရေးမှာ အရမ်း အရေးကြီးတယ်ဆိုတာ သိကြသလို ယုံကြည်မှုက အလိုလို ဖြစ်လာတာ မဟုတ်ဘူးဆိုတာကို သဘောပေါက်တတ်ကြပါတယ်။
ဒါကြောင့် ချစ်ရတဲ့ ကောင်မလေး ကိုယ့်အပေါ် ယုံကြည်အောင် နေထိုင်ပေးလေ့ ရှိပါတယ်။
Kham