ဗေဒင်

💕လေ့လာမိသလောက် (၇) ရက်သားသမီးတွေရဲ့ စိတ်နေသဘောထားလေးတွေ💕

💕လေ့လာမိသလောက် (၇) ရက်သားသမီးတွေရဲ့ စိတ်နေသဘောထားလေးတွေ💕

တနင်္ဂနွေ

တနင်္ဂနွေ နေ့နာမ် များဟာ လူ့ဘဝ ကိုစရောက်ပီဆိုကတည်းက စိတ်ကြီးတယ် ငိုလွယ်တယ် ဒေါသ ဖြစ်လွယ်တယ် ပျော်ပျော်လည်းနေတတ်သလို ဒေါသ ဖြစ်ရင်လည်း သူမဟုတ်တော့အတိုင်းပါပဲ

မိသားစု အပေါ်တွေမှာလည်း သံယောဇဉ် ရှိတတ်သလိုဆွေမျိုးသားချင်း တွေကိုလည်း ချစ်တတ်ကြတယ်တနင်္ဂနွေ တွေဟာ မိသားစု အပေါ်ကိုသိတတ်တယ် စွန့်စား ပီးပေးဆပ်တတ်တာလည်း တနင်္ဂနွေ ပါ

တနင်္ဂနွေ များဟာ စိတ်ပြတ်သားသလောက် အစွဲအလန်း လည်းကြီးတတ်ပါတယ်1ယောက်ဆိုတယောက်အပေါ်မှာလည်း စိတ်စွဲနေတတ်တယ်ကိုယ်လိုချင်တဲ့ အရာ ကို သူများလက်ထဲကိုမရောက်စေချင်တာ တနင်္ဂနွေ တခါတလေ တစ်ယူသန်တဲ့စိတ်တွေလည်းရှိတတ်ကြတယ်ဒါဆိုရင်ဒါပဲ မပြောင်းလဲတတ်ဘူး ခေါင်းနဲနဲမာတယ်

အလုပ် လုပ်တဲ့ နေရာမှာ ကိုယ်ဖြစ်ချင်တဲ့နေရာကိုရောက်အောင်သွားတတ်တယ်ကိုယ်လုပ်နေတဲ့ အလုပ် ကိုဖြစ်အောင်လုပ်တယ်ဘယ်တော့မှလက်မလျော့တာ တနင်္ဂနွေ ပါ တနင်္ဂနွေ တွေဟာ အပြင်မှာ ပြတ်သားသလိုနေတတ်ကြပေမဲ့ရင်ထဲမှာတော့ အစွဲအလန်း ကြီးတတ်တဲ့ နေ့နာမ် များပဲဖြစ်တယ်

ကိုယ့်ရဲ့အရှေ့မှာ စိတ်မကောင်းစရာတွေတွေ့ရင် သနား တဲ့စိတ်ရှိတယ်ကူညီလိုတဲ့ စိတ် တွေလည်း တနင်္ဂနွေ မှာအပြည့်ရှိပါတယ် အလုပ် လုပ်တဲ့နေရာတွေမှာတော့ နည်းစနစ်ရှိရှိလုပ်ကိုင်တတ်တာ တနင်္ဂနွေ ပါလူတွေရဲ့စိတ်ကို စူးစမ်းလေ့လာတာကို ဝါသနာပါကြတယ်

တနင်္ဂနွေ များဟာ အားနေရင် သီချင်း နားထောင်တာတို့ သီချင်း ဆိုတာတို့ ဝါသနာ ပါပီး စိတ်အေးလက်အေးနေရတာကို နှစ်သက်ကြတယ် စကားပြောရင်တည်ငြိမ်စွာနဲ့ပြောဆိုတတ်ပီး စွဲဆောင်မှုရှိစွာနဲ့ပြောဆိုတတ်တဲ့အကျင့်လေးကိုပိုင်ဆိုင်ထားကြတာလည်း တနင်္ဂနွေ ပါ

တနင်္ဂနွေ များရဲ့ အချစ်ရေး ဟာတော့ချစ်ရတဲ့သူကိုအရမ်းချစ်ပေမဲ့ အနေဝေးနေကြတယ်

တနင်္လာ

တနင်္လာသားသမီးတွေ ကတော့ အင်မတန် ဆရာလုပ်တဲ့နေ့နံပါ သူနဲ့တည့်တဲ့သူ ရှားပါတယ်အိမ်မှာပဲ ကျယ်တာပါ အပြင်မှာတော့ သူကြီးပဲ ခံလာ ရတာပါ ဆရာကြီး လုပ်ချင်ပေမယ့် ဘာမှမတတ်တဲ့ ကြီးပေါလောကြီး လိုပါပဲ

ဒါပေမယ့် ဆရာတင်လိုက်ပြန်ရင်လည်း မရှိရှိတာ ရှာကြံပြီး ကူညီတတ်ပါသေးတယ် တကယ်တော့ ဆရာလုပ်ချင်ရုံပါမျက်နှာရှစ်ခေါက်ချိုးနဲ့ မသိရင် သူ့လုပ်စာစား ရသလို ကြံအင် လက္ခဏာ ရှိပါတယ် အဲ့လိုပဲ နေတတ်တာပါ ဘယ်သူနဲ့မှ မခင်လွယ် ပါဘူး

မနက်စောစော မထပါဘူး အစားအသောက် နည်းပါတယ် ဒါပေမယ့် ဝက်ဖြစ်မြန် ပါတယ် အသက်သာကြီးပေမယ့် စိတ္က မရင့်ကျက်တာ တနင်္လာပါ တော်တော် လက်ပေါက်ကပ် ပါတယ် ကပ်စေးနည်းပါတယ် သူ့တစ်ဘို့ ထဲကြည့် ပါတယ်

ဥပမာ အိမ်မှာဆန် မရှိရင် သူတျောက်ထဲ ရှိတဲ့ပိုက်ဆံနဲ့ထွက်ဝယ်စားပီး နေတတ်ပါတယ် အပူရှောင်ပါတယ်အပြင်မှာရန်ဖြစ် လာရင် သူကခံလာရပြီး အိမ်ရောက်မှ ပစ္စည်းဖောက် ခွဲတာမျိုးလည်း လုပ်တတ်ပါသေးတယ်

သူများကြား ဝင်ပါပြီးကူညီလို့ သူကြီးပဲ အမုန်းခံနေရတတ်ပါတယ် ရည်းစားထားရင်လည်း ရည်းစားက သူ့ကိုကြောက်ပြီး ပြေးရတာမျိုးပါ အရမ်းအသံကျယ်ပီး အော်လွန်းလို့ပါ လေသံပျော့ပျော့ မပြောတတ်တဲ့သူမျိုးပါပဲ

ခဏစိုက်ထားခိုင်းပြီး ပြန်တောင်းရင် မပေးတဲ့သူမျိုးပါလေ့လာမိသလောက်တော်တော်အမြင်ကပ်စရာနေ့နံပါ

အင်္ဂါ

အင်္ဂါ အရူးထချက်က 9ပါ ပြောင်စပ်စပ်နိုင်ပါတယ် သူများကို တရားချတဲ့နေရာမှာလည်း နှစ်ယောက်မရှိပါဘူး သူ့အိမ်မီးလောင်နေရင်တောင် တရားနဲ့ ထိုင်ဖြေနေလောက်အောင် စိတ် အေးတိအေးစက်နိုင်ပါတယ်

စော်နဲ့ ပြတ်သွားလည်း ငိုပြီး ဂိမ်းဆော့နေတတ်တဲ့သူမျိုးပါ ဂိမ်းဆော့ပီးမှ အသဲအေးဆေးကွဲတာပါ သူလုပ်စရာရှိတာကို နောက်က ဘာကြီးဖြစ်နေနေ ဆက်လုပ်နေပါတယ် အနဲငယ် ဒေါသကြီးပေမယ့် စိတ်ပြေလွယ် ပျောက်လွယ်ပါတယ်

တစ်ဖက်က ဘယ်လောက်ပူလောင်ပြနေပါစေ မတုန်မလှုပ်နဲ့ ဘုဒုဘာဒါးကြီးပါ သိုသိပ်တယ် အေးရင်လည်းရေခဲတုံး ပူရင်လည်း မီးပါပဲ တစ်ဖက်ကဆဲရေရင်တောင် ပရိတ်ရွတ်ပီး အေးဆေးနေနိုင်တဲ့နေ့နံပါ

အေးဆေးသောက်စားပြီး နရေတာကို ဝါသနာထုံသူပါ အင်္ဂါနံနဲ့ ပတ်သက် မိရင်တော့ ကျလိကျလိနဲ့ အင်မတန် အသဲယားရပါတယ်

ဗုဒ္ဓဟူး

ဗုဒ္ဓဟူးတွေက ချစ်ဖို့တော့ကောင်းပါတယ် စောက်ဆရာကြီး လုပ်ချင်တာလည်း သူ့အပြင်မရှိပါဘူး ဗုဒ္ဓဟူး တစ်နေ့သုံးခါရူးဆိုတာ အလကားမဟုတ်ပါဘူး

မရှိရှိတာလေးနဲ့ proud,ဖြစ်နေတဲ့ သူမျိုးပါ စကားပြောရတာ လက်ပေါက်ကပ်ပါတယ် အားလုံးထဲမွာ သူဗိုလ်ဖြစ်ချင် ပါတယ် အငြင်းသန်ပါတယ် ဒါပေမယ့် တစ်ကိုယ်ကောင်းစိတ်နည်းပြီး တာဝန်ယူချင်တဲ့စိတ် အပြည့်ရှိပါတယ် တစ်ဘို့တည်းသမား မဟုတ်ဖူးပေါ့

ဖြစ်ရင် ခံလိုက်မယ်ဆိုတဲ့စိတ်ရှိပါတယ် သူ့ဟာသူနေတဲ့သူကို သွားသွားကလိရတာ ဝါသနာထုံပုံရပါတယ် သူ့ကိုယ်သူ လူမလိုသလို အတင်းလုပ်ယူနေတာမျိုးပါ အပေါင်းအသင်းမက်ပြီး ဟေးလားဝါးလား ဝါသနာပါပါတယ်

မသိရင် ဆရာကြီးလိုလိုနဲ့ သူကကြီးပဲ စော်ကားခံနေ ရတာမျိုးပါ သီချင်းဆိုတာအရမ်းဝါသနာပါပြီး မူးရင် ကေတီဗီသွား ချင်ပါသေးတယ် ဆန့်ကျင်ဘက်လိင်တွေကို အရမ်းသဘောကျပြီး သာယာပါတယ်

အေရးမပါတဲ့ ဟာတွေကို အရမ်းစိတ်ဝင်စားတဲ့နေရာမှာ နှစ်ယောက် မရှိပါဘူး ဉပမာ အိမ်သာဆေးမယ့် ဘရပ္ကို သူကြိုက်တဲ့ အရောင်မတွေ့သေးလို့ တစ်မြို့လုံး ပတ်ရှာနေတာမျိုးပါ

တခြားအစားထိုးလို့ ရပေမယ့် အဲ့ဟာမှ အဲ့ဟာဆိုတဲ့ တယူသန်စိတ်လည်း ကြီးပါတယ် ဂျီးအရမ်းများပြီး အကြောင်းမသိရင် စွမြင်ကပ်စရာကောင်းပါတယ် အကြောင်းသိရင် ချစ်စရာပါ

မြူးတူးတဲ့ နေထိုင်မှုကို အလွန်နှစ်သက်တတ်သူပါ တော်ရုံ စိတ်မဆိုးတတ်ပဲ စိတ်နာသွားရင် တစ်ချက်ဆိုတာမျိုးပါ ခေါင်းတော့ အသေမာပါတယ် ပြောရင် နားမထောင်ပဲသူလုပ်ချင်တာလုပ်ပါတယ်

ကြောင်တောင်တောင်နဲ့ပါ သူတို့ကို အရူးလို့ပြော ရင်လည်း လက်ခံပြန် ပါတယ် တစ်မျိုးပါပဲ ဘယ်လိုလဲတော့ မသိဘူး

ကြာသပတေး

ကြာသပတေးနံကတော့ အရူးထရင် နှစ်နဲ့ချီကြာပါတယ် အသဲကွဲရင် တော်တော်နဲ့ မပျောက်ပါဘူး ခန့်မှန်းရခက်တဲ့ နေ့နံပါပဲ ရည်းစားမရှိရင် မနေတတ်တဲ့ အထဲမှာ ပါပါတယ်

ပြသာနာရှာပြီးရင် သူမရှင်းနိုင်ပဲ သူများတကာကို အကုန်ပတ် ဒုက္ခပေးပါတယ် ပြီးရင် သူပဲ ငိုတာပါ သူများပူရင် သူကချမ်းနေ တတ်ပါတယ် အချစ်ကို အင်မတန်ရှေ့တန်းတင် တဲ့နေ့နံပါ

နဲနဲလေး လှတာမြင်ရင် ချစ်ချင်ပါတယ် စိတ်ကစားလွယ်တယ် အားအားရှိ နံရံကြီးမှီပြီး အတိတ်ကိုတွေး ငေးနေတာနဲ့တင် ဘာအလုပ်မှ မပြီးသူပါပဲ

သူ့မှာဖြင့် ဘာမှမရှိပဲ သူများကို သွားသနားနေ တတ်ပါသေးတယ် ဖြစ်ချင်တာဖြစ် နောက်မှရှင်းမယ်ဆိုတဲ့ စိတ်မျိုးရှိပေမယ့် ပြီးရင် မနိုင်မနင်းနဲ့ ဒုက္ခရောက်တတ်သူပါ

ရှေ့နောက်မကြည့်ပဲ စကားကို မဆင်မခြင်ပြောတတ်ပါသေးတယ် သူကပဲ သွားသွားကလိပီး သူကပဲ တန်းနေအောင်ပြေးတာပါ ဒီနေ့နံကတော့ ဖျင်မနိုင်ဘဲ ပဲဟင်းရော သရက်သီးရော ဝက်သားရော အကုန်ရောစားတတ်သူပါ

သောကြာ

သောကြာသားသမီးတွေကတော့ သိတဲ့အတိုင်းပါပဲ ကောက်ရိုးမီးတွေပါ

လိုချင်တာကို ချက်ချင်းရအောင် ယူတတ်သလို ရပြီးရင်လည်း ဘာမွ စောက်ရေးမ ထားတော့ပါဘူး အရေးမပါတဲ့ဟာတွေကိုကျ အရေးစိုက်ပြီး အပင်ပန်းခံ လုပ်နေတတ် ပါတယ်

ဥပမာ နောက်ငါးလလောက်မှ လိုမယ့်ပစ္စည်းကို ခုချိန်ကတည်းက လေမုန်တိုင်းပဲတိုက်တိုက် မိုးသီးတွေပဲ အလုံးလိုက်ကြွေကြွေ သွားဝယ်နေ တတ်ပါတယ်

တကယ်လုပ်ရမယ့် ဟာတွေ ကိုကျတော့လည်း စိတ်မပါရင် ဖျင်နဲ့ချီးကပ်မှ အပူတပြင်း ပြေးလုပ်တတ်ပါတယ် ချစ်သူအပေါ် မှာလည်း ထိုနည်းလည်းကောင်းပါပဲ

ဘာမဟုတ်တဲ့ အပြစ်သေးသေးလေးတွေကို ခွင့်မလွှတ်ပေးနိုင်ပဲ သောင်းကျန်း သလောက် အပြစ်ကြီးကြီးတွေကိုကျ သူမဟုတ်သလို နားလည်ပေးနေပြန်ပါတယ်

သူနဲ့မခင်သေးရင် မာနကြီးနဲ့နေသလောက် ခင်သွားမိရင်လည်း စိတ်ပျက်ဈာကောင်းလောက်အောင် အနားမှာ ဒုက္ခပေးပါတော့တယ် စိတ်သဘော ထားနူးညံ့ပြီး ခံစားလွယ် မျက်ရည်လွယ်ပါတယ်

စောက်ပိုလေးတွေကလည်း သိပ်ပြောတတ်ပါသေးတယ် အိမ်သာထဲ အကြာကြီး တေမ့တေမာ နေနေတတ် ပါတယ် ဝယ်ပြီးပစ္စည်းမှန်သမျှ အိမ်ရောက်ရင် မကြိုက်လို့ ခဏခဏသွားပြန်လဲ တတ်ပါတယ် တော်တော်နားလည်ရခက်တဲ့ အရူးနေ့နံဖြစ်ပါတယ်

စနေ

စနေနေ့နံကတော့ မာနအလွန်ကြီးပြီး အမှတ်သင်ညာကြီးတယ်လို့ ပြောချင်ပါတယ် သူ့မထိသေးရင် ဘာမှမဖြစ်ပေမယ့် နဲနဲလေးထိမိရင် တစ်ဆုံးတိုက္ခိုက္တာပါ ကြကို စကားတီးတိုးပြောလည်း သူ့အတင်းပြောတယ်ပဲထင်ပြီး ကောက်ခါငင်ခါ ထစိတ်တိုတတ်ပါတယ်

အမွန္တရားကို ကြိုက်ပီး မှန်လွန်းလို့ကို ခက်နေတာပါ သူများသနားနာကိုလည်း မကြိုက်ပါဘူး သနားတယ်လို့ပြောခံရရင် စိတ်တိုပြီး ပြန်ဆဲတတ်ပါတယ် သူ့ကို ပေးရင်ကမ်းရင် သတိကြီးကြီးထားရပါတယ် လူကသာမြဲတာ အသနားမခံနိုင်တဲ့လူမျိုးပါ

မရှိရှိတာနဲ့ စားပါတယ် ဘယ်သူနဲ့မှမတည့်လည်း သူတျောက်ထဲ နေတတ်ပါတယ် သူများကိုလည်း အားမက်ပါဘူး တယူသန်ကြီးပါ စိတ်ပြတ်သားတဲ့နေရာမှာ နှစ်ယောက်အရှိပါဘူး အရမ်း စိတ်ဆောင်ပါတယ်

သူ့ဟာမှ သူ့ဟာ သူ့ဥမှ သူ့ဥလည်း ဖြစ်တတ်ပါတယ် ဥပမာ သူရေခွက် အဟောင်းလေးကို အသစ်နဲ့လဲပေးလည်း မလိုချင်တာမျိုး ကျွတ်ကျွတ်အိတ်တွေ စုထားတာမျိုး

သူများကို ပစ္စည်းသွားပေးကမ်းရင် အထဲကပစ္စည်းသာပေးပြီး ထုပ်လာတဲ့အိတ်ကို အသက်နဲ့လဲပြီး ပြန်ယူလာတဲ့စိတ်မျိုးပါ သူ့လက်ကိုင်ပုဝါလေးကျန်ခဲ့ရင်တောင် အသစ်ဝယ်နိုင်ပါလျှက် မဝယ်ပဲ ဆယ်မိုင်လောက် သွားပြန်ယူတတ်ပါတယ်

ကိုယ့်သားသမီးက သူများကို အရက်သောက်ဖို့သွားခေါ်ပီး မူးလာကြရင်တောင် သူမ်ားကိုပဲ ဆဲတာပါ အံမယ် ငါ့သားနဲ့မပေါင်းနဲ့ဆွာကပါသေး အချစ်ရေးမှာလည်း သူတို့နဲ့ တွဲမိသူက ရှုံးပါတယ် နှလုံးသားကချစ်နေလည်း ပါးစပ်က ဆဲနေတာ စေနနံပါပဲ

စည်းကမ်းရှိတယ်လို့ ပြောလို့ရတယ် ဘုဂလန့်လည်း နိုင်ပါတယ် တော်တော်ပေါင်းသင်းရခက်တဲ့အမျိုးပါ

Myomyat Myatnyein