(၂) မွန်းကျပ်တယ်..
(၃) အားငယ်တတ်တယ်..

Credit
Unicode,
အမြဲရယ်နေတတ်တဲ့သူတွေ၊ စကားများတဲ့သူတွေဟာ အထီးကျန်ဆန်လွန်းတဲ့သူတွေပါတဲ့နော်
သင့်သူငယ်ချင်းတွေထဲမှာ ဒါမှမဟုတ် သင်ကိုယ်တိုင်က အမြဲတမ်း ရယ်မောနေတတ်တဲ့သူတွေလား။ ဒါဆိုရင်တော့ အမြဲတမ်းရယ်နေတတ်တဲ့သူတွေ၊ စကားများတဲ့သူတွေဟာ အထီးကျန်လွန်းတဲ့သူတွေ ဖြစ်နေပါတယ်..။
ဒါကြောင့် အမြဲတမ်းရယ်နေတဲ့သူငယ်ချင်းတွေ၊ စကားအရမ်းများတဲ့သူငယ်ချင်းတွေဆိုရင် သူများတွေထက်ပိုပြီး ဖေးမဖို့လိုတယ်ဆိုတာ သတိရပါနော်..
(၁) စကားပြောဖော်မရှိဘူး..
အမြဲတမ်းရယ်မောနေတတ်တဲ့သူတွေ၊ စကားများတဲ့သူတွေဟာ လက်တွေ့ဘဝမှာ စကားပြောဖော်မရှိလောက်အောင်ကို အထီးကျန်ဆန်တဲ့သူတွေပါ။ သူတို့ဘဝမှာ အမြဲတမ်းတစ်ယောက်တည်းပဲ ဖြစ်နေလေ့ရှိပြီး သူငယ်ချင်းဆိုတာတောင် ခပ်ရှားရှားရယ်ပါ..။
ဒါကြောင့်ပဲ သူများနဲ့တွေ့တဲ့အခါမှာ အထီးကျန်တာကို ခဏလောက်မေ့ချင်လွန်းလို့ ရယ်မောပြီး စကားတွေအများကြီးပြောနေရတာဖြစ်ပါတယ်..။
(၂) မွန်းကျပ်တယ်..
သူတို့စိတ်ထဲမှာ မွန်းကျပ်မှုတွေ အရမ်းများကြပါတယ်။ သူတို့ရဲ့ခံစားချက်တွေ၊ ရင်ထဲရှိတဲ့အရာတွေကို ပြောစရာလူမရှိတဲ့ အတွက်ကြောင့် တမင်တကာ ရယ်နေတာလည်းဖြစ်နေနိုင်ပါတယ်..။
ဒါကြောင့် တစ်ခါတလေ သင့်သူငယ်ချင်းတွေထဲက တစ်ယောက်ယောက်က ပုံမှန်ထက် အရမ်းရယ်နေတယ်၊ စကားတွေပြောနေတယ်ဆိုရင်တော့ အရမ်းမွန်းကျပ်နေလို့ဖြစ်တယ်ဆိုတာ သင်သိထားဖို့လိုပါတယ်..။
(၃) အားငယ်တတ်တယ်..
ဒီလိုလူတွေဟာ အရမ်းလည်းအားငယ်တတ်ကြပါတယ်။ တစ်ယောက်တည်းဆို ဘယ်မှမသွားရဲ၊ မလာရဲလောက်အောင် အားငယ်တတ်သူတွေပါ..။
သူတို့ရဲ့အားငယ်တဲ့စိတ်ကို ဖြေသိမ့်တဲ့အနေနဲ့ သူငယ်ချင်းတွေရှေ့မှာဆို ရယ်မောနေတာဖြစ်ပါတယ်။ အမှန်တကယ်ကတော့ သူတို့ရင်ထဲမှာ အားငယ်နေတာပါ..။
(၄) ဖုံးကွယ်ဖို့ကြိုးစားတယ်..
သူတို့ဟာ သူတို့ရဲ့ မပျော်ရွှင်တဲ့စိတ်၊ နာကျင်တဲ့ခံစားချက်တွေကို ဖုံးကွယ်ဖို့ကြိုးစားတဲ့သူတွေပါ..။
သူ တို့ ရင် ထဲ က ဒဏ် ရာ တွေ ကို ဘယ် သူ မှ မ မြင် အောင် ဖုံး ကွယ် ဖို့ ကြိုး စား ရင်း နဲ့ ပုံ မှန် ထက် ပို ရယ် မော နေ ရ တာ ဖြစ် ပါ တယ် ။ တစ် မျို းပြော ရ မယ် ဆို ရင် တော့ ပျော် ချင် ယောင် ဆောင် နေ တာ ပါ..။
Credit