Life Style

နောက်မီး မလင်းပါနဲ့ ( နောက်မီးလင်းလို့ လှတာ ပိုးစုန်းကြူးပဲရှိတယ်)

နောက်မီး မလင်းပါနဲ့ (နောက်မီးလင်းလို့ လှတာ ပိုးစုန်းကြူးပဲရှိတယ်)

ယောကျာ်းဆိုတာ ဘယ်လောက်ရာထူးအာဏာရှိရှိ

အောင်မြင်မူတွေဘယ်လောက်ပဲရရေ ငွကြေးဥစ္စာတွေဘယ်လောက်ပဲချမ်းသာနေနေ

ပညာတွေဘယ်လိုပဲတက်တက် အရှက်တရားမရှိ ကိုယ်ကျင့်တရားမကောင်းခဲ့ရင် အလကားပါပဲ။

ယောင်္ကျားတစ်ချိူ့က ကိုယ့်ရဲ့ကိုယ်ကျင့်တရား ‌ဖောက်ပြားမူတွေကို

‌ငွေကြေးဥစ္စာတွေနဲ့ ဖုံးဖိပြီး ရာထူး ဂုဏ်အရှိန်အဝါတွေနဲ့ ဆီးကာလို့ လုံနိုင်လှပြီလို့ ထင်တတ်ကြတယ်။

လူ့ပါးစပ်တစ်ပေါက်ဆိုတာ ဆန်တစ်တင်းနဲ့ဖို့တောင် မလုံနိုင်တာ

ကိုယ့်ရဲ့စာရိတ္တပျက်ပြားမူတွေကို အများက မသိချင်ယောင်ဆောင်နေတာသာရှိမယ် မသိပဲနေပါ့မလား?

ယောင်္ကျားကောင်းတွေဆိုတာ မိန်းကလေးတစ်ယောက်နဲ့ လူမမြင်ကွယ်ရာမှာ ရှိခဲ့ရင်တောင် တစ်နပ်စားဉာဏ်နဲ့ မကြံစည်ဘူး။

မိန်းကလေးတစ်ယောက်ကေ ရလာမြောင်းပေးလာရင်တောင်မသာယာတတ်ဘူး။

မိန်းကလေးတစ်ယောက်က အခွင့်အရေးပေးခဲ့ရင်တောင် အခွင့်အရေးမယူဘူး။

ယောင်္ကျားကောင်းဆိုတာ ကိုယ့်ချစ်သူကို အခွင့်အရေးရရင်တောင် အခွင့်အရေးမယူပဲ စည်းဘောင်အတွင်းမှာ တန်ဖိုးထားမူနဲ့ သစ္စာရှိတတ်ကြတယ်။

တစ်ကယ့်ယောင်္ကျားကောင်းတွေဆိုတာဖြစ်ချင်တာထက်ဖြစ်သင့်တာကို ဦးစားပေးလို့ ကိုယ်ကျင့်သိက္ခာကို တန်ဖိုးထားပြီး

အချစ်ဆိုတာကို ဦးနှောက်နဲ့ ထိန်းချုပ်လို့ ကိုယ့်သမိုင်းကို လှပအောင် ‌ရေးဆွဲနိုင်ကြသူတွေဖြစ်တယ်။

Nan Khin May Win (Credit)

Zawgyi

ေနာက္မီး မလင္းပါနဲ႔ (ေနာက္မီးလင္းလို႔ လွတာ ပိုးစုန္းၾကဴးပဲရွိတယ္)

ေယာက်ာ္းဆိုတာ ဘယ္ေလာက္ရာထူးအာဏာရွိရွိ

ေအာင္ျမင္မူေတြဘယ္ေလာက္ပဲရေရ ငြေၾကးဥစၥာေတြဘယ္ေလာက္ပဲခ်မ္းသာေနေန

ပညာေတြဘယ္လိုပဲတက္တက္ အရွက္တရားမရွိ ကိုယ္က်င့္တရားမေကာင္းခဲ့ရင္ အလကားပါပဲ။

ေယာကၤ်ားတစ္ခ်ိဴ႕က ကိုယ့္ရဲ့ကိုယ္က်င့္တရား ‌ေဖာက္ျပားမူေတြကို

‌ေငြေၾကးဥစၥာေတြနဲ႔ ဖုံးဖိၿပီး ရာထူး ဂုဏ္အရွိန္အဝါေတြနဲ႔ ဆီးကာလို႔ လုံနိုင္လွၿပီလို႔ ထင္တတ္ၾကတယ္။

လူ႔ပါးစပ္တစ္ေပါက္ဆိုတာ ဆန္တစ္တင္းနဲ႔ဖို႔ေတာင္ မလုံနိုင္တာ

ကိုယ့္ရဲ့စာရိတၱပ်က္ျပားမူေတြကို အမ်ားက မသိခ်င္ေယာင္ေဆာင္ေနတာသာရွိမယ္ မသိပဲေနပါ့မလား?

ေယာကၤ်ားေကာင္းေတြဆိုတာ မိန္းကေလးတစ္ေယာက္နဲ႔ လူမျမင္ကြယ္ရာမွာ ရွိခဲ့ရင္ေတာင္ တစ္နပ္စားဉာဏ္နဲ႔ မႀကံစည္ဘူး။

မိန္းကေလးတစ္ေယာက္ေက ရလာေျမာင္းေပးလာရင္ေတာင္မသာယာတတ္ဘူး။

မိန္းကေလးတစ္ေယာက္က အခြင့္အေရးေပးခဲ့ရင္ေတာင္ အခြင့္အေရးမယူဘူး။

ေယာကၤ်ားေကာင္းဆိုတာ ကိုယ့္ခ်စ္သူကို အခြင့္အေရးရရင္ေတာင္ အခြင့္အေရးမယူပဲ စည္းေဘာင္အတြင္းမွာ တန္ဖိုးထားမူနဲ႔ သစၥာရွိတတ္ၾကတယ္။

တစ္ကယ့္ေယာကၤ်ားေကာင္းေတြဆိုတာျဖစ္ခ်င္တာထက္ျဖစ္သင့္တာကို ဦးစားေပးလို႔ ကိုယ္က်င့္သိကၡာကို တန္ဖိုးထားၿပီး

အခ်စ္ဆိုတာကို ဦးေႏွာက္နဲ႔ ထိန္းခ်ဳပ္လို႔ ကိုယ့္သမိုင္းကို လွပေအာင္ ‌ေရးဆြဲနိုင္ၾကသူေတြျဖစ္တယ္။

Nan Khin May Win (Credit)