Uncategorized

ယောကျာ်းလေးတွေ လုံးဝမကြိုက်ပဲ ဝေးဝေးရှောင်တတ်ကြတဲ့ မိန်းကလေးပုံစံ(၅)မျိုး

ယောကျားလေးအများစုက မိန်းကလေးတွေလောက် ဂျီးမများတတ်ကြဘူးဆိုပေမယ့်

သူတို့လက်တွဲမယ့် ချစ်သူကို ရွေးချယ်တဲ့အခါမှာတော့ သေချာလေး စဉ်းစားတတ်ကြတဲ့ သူတွေပါ။

ယောကျာ်းလေးတွေဟာလည်း သူတို့ချစ်သူကို အကောင်းဆုံးသူပဲဖြစ်ချင်ကြတာဖြစ်ပါတယ်။

ဒီလိုပုံစံနဲ့ မိန်းကလေးတွေကတော့ ယောကျာ်းလေးတွေ လုံးဝသဘောမကျတတ်ကြပဲ အဝေးကိုထွက်သွားမိတတ်ကြတဲ့ ကောင်မလေးပုံစံမျိုးတွေပဲ ဖြစ်ပါတယ်။

စိတ်လုံခြုံမှုမရှိတဲ့ သူ

အမြဲလိုလို စိတ်မချဖြစ်နေတတ်တဲ့ ကောင်မလေးမျိုး၊ အမြဲလိုလို ဒရာမာတွေ ခင်းလွန်းပြီး

သူတို့ကိုသူတို့ ယုံကြည်မှုအားနည်းပုံပေါက်တဲ့ မိန်းကလေးမျိုးကို ယောကျာ်းလေးတွေက လုံးဝသဘောမကျတတ်ကြပါဘူးနော်။

ဒီလိုမိန်းကလေးမျိုးတွေက သူတို့ကို စိတ်ချမ်းသာပျော်ရွှင်မှုမပေးနိုင်တဲ့ အပြင် စိတ်ဖိစီးမှုတွေကိုပါ ယူဆောင်လာကြလို့ ဒီလိုမိန်းကလေးတွေရဲ့ အဝေးမှာ နေလေ့ရှိကြပါတယ်။

ကလေးထိန်းနဲ့တူတဲ့ သူ

ယောကျာ်းလေးတစ်ယောက်က ချစ်သူထားတဲ့အခါ သူတို့ရဲ့ကောင်မလေးကို ချစ်သူပုံစံမျိုးလေးပဲ လိုချင်ကြတာ ဖြစ်ပါတယ်။

ဒီလိုမှမဟုတ်ပဲ သူတို့ကို ကလေးလေးတစ်ယောက်လို နေရာတကာ လိုက်ထိန်းပေးနေတတ်တဲ့သူ၊ တစ်ချိန်လုံး ပွစိပွစိ လုပ်တတ်တဲ့ သူမျိုးက ချစ်သူတစ်ယောက်နဲ့မတူပဲ မိခင်တစ်ယောက်နဲ့တူနေတာဖြစ်လို့ သဘောမကျတတ်ကြပါဘူးနော်။

သိုက်တူးတတ်တဲ့ သူမျိုး

ဒီလိုချစ်သူမျိုးကိုတော့ ဘယ်ယောကျာ်းလေးကမှ သဘောကျလေ့မရှိတတ်ကြပါဘူး။

ကိုယ့်ထက်သာတဲ့သူတွေ့ရင် အချိန်မရွေး ကိုယ့်ကိုယ် ချန်ထားရစ်ခဲ့မယ့် ကောင်မလေးမျိုး၊ သူ့အတွက် အကောင်းဆုံးတွေပဲ မပေးနိုင်တဲ့အခါ ကိုယ့်ကိုယ် မလိုချင်တော့တဲ့ မိန်းကလေးမျိုးကို ယောကျာ်းလေးတွေက ဝေးဝေးရှောင်တတ်ကြပါတယ်။

ခြယ်လှယ်တတ်တဲ့ သူ

တစ်ချိန်လုံး ခြယ်လှယ်နေတတ်တဲ့ ချစ်သူမျိုးကိုလည်း ယောကျာ်းလေးတွေက လုံးဝသဘောမကျတတ်ကြပါဘူး။

နေရာတကာမှာ သူတို့စိတ်တစ်ခုတည်းကိုပဲ သိတဲ့သူ၊ တစ်ခြားသူရဲ့ ခံစားချက်တွေကို နားမလည်ပဲ တစ်ကိုယ်ကောင်းဆန် ခြယ်လှယ်နေတတ်တဲ့ သူမျိုးကို လုံးဝလုံးဝ သဘောမကျတတ်ကြတာ ဖြစ်ပါတယ်။

အူတိုလွန်းတဲ့ သူ

နောက်ဆုံးတစ်မျိုးကတော့ အူတိုလွန်းတဲ့သူပဲ ဖြစ်ပါတယ်။

ချစ်သူအချင်းချင်း တစ်ခါတစ်လေ သဝန်တိုတာလေးတွေက ဖြစ်လေ့ဖြစ်ထရှိပြီး ချစ်စရာကောင်းပေမယ့် တစ်ချိန်လုံး ဘယ်သူနဲ့ပဲဖြစ်ဖြစ် အူတိုနေတတ်တာကတော့ တစ်ဘက်လူအတွက် အတော်လေး စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။

နောက်ဆုံးမှာ ဒီလိုသဝန်တိုလွန်းမှုက စိတ်မွမ်းကျပ်ပင်ပန်းလာစေလို့ ဒီလိုမိန်းကလေးမျိုးကိုလည်း ယောကျာ်းလေးတွေက မကြိုက်တတ်ကြပါဘူး။

Khin