ကမ္ဘာ့အထူးဆန်းဆုံး ရန်ကုန်လေဆိပ်ထဲကို ဝင်ချင်ရင် ဝင်ကြေး (၃) သောင်း မဟုတ်ဘူး (၅) သောင်း၊ ကိုယ်တွေ့ပါ..
Hello.. ရန်ကုန် လေဆိပ် Review လေး ရေးချင်လို့ပါ.. ရန်ကုန်လေဆိပ်ကို သွားရင်လေ.. ခရီးသွားတဲ့ သူကလွဲလို့.. လေဆိပ်အထဲ ဝင်ချင်ရင် လိုက်ပို့တဲ့သူပဲ ဖြစ်ဖြစ် လေဆိပ်ထဲက Airline Counter တွေကို သွားချင်ရင်ပဲ ဖြစ်ဖြစ်.. ဘာကိစ္စပဲရှိရှိ လေဆိပ်ထဲမှာ အလုပ်လုပ်တဲ့ သူ မဟုတ်ရင် ပိုက်ဆံ (Entry Chrages) ပေးရပါတယ်နော်..
Baggage Claim ကိစ္စနဲ့ ပတ်သတ်ပြီး ရန်ကုန် လေဆိပ် အထဲက Airline Counter တစ်ခုကို သွား ရဖို့ အကြောင်းဖန်လာပါတယ်.. (Airline Name ကိုတော့ Privacy အရ ထည့်မပြောတော့ပါဘူးနော်) လေဆိပ်အထဲ ဝင်ပေါက် အဝ ရောက်တော့ အဝမှာ စောင့်နေတဲ့ လုံခြုံရေးတွေ ပြီးရင် အရပ်ဝတ်နဲ့ ဦးလေးကြီးက လေဆိပ်ထဲ ဝင်မည့်ကိစ္စကို မေးပါတယ်..
ကိုယ်ကလည်း Airline အမည်ပြောပြီး Claim လုပ်ဖို့ လာရောက်တာ ဖြစ်ကြောင်း ပြောပြီး သူ့ရှေ့မှာပဲ Airline Counter ကို ဖုန်းဆက်ပြီး ရောက်နေပြီ ဖြစ်ကြောင်း ပြောပါတယ်.. အဲဒီမှာတင် အဲဒီ ဦးလေးက အထဲ ဝင်ချင်ရင် charges ပေးရတယ် မှတ်ပုံတင်ပါလား charges က ငါးသောင်း ပြီးရင် မှတ်ပုံတင်နဲ့ စာရွက်စာတမ်း ဖောင်ဖြည့်ရမယ် ဆိုပြီး ကိုယ့်ကို ပြောပါတယ်..
ကိုယ်လည်း စက္ကန့်ပိုင်းမျှတော့ ကြောင်သွားပြီး မှတ်ပုံတင်ပါတယ် Form ဖြည့်ဆိုလည်း ဖြည့်မယ်.. ဒါပေမယ့် ပိုက်ဆံတော့ မပေးနိုင်ကြောင်း.. ခရီးသွားတဲ့ သူကို လိုက်ပို့တာလည်း မဟုတ်သလို Airline Counter ကိုပဲ သွားပြီး Claim လုပ်တာ.. ပြီးတာနဲ့ ပြန်မှာ ဖြစ်ကြောင်း အလွန်ဆုံး နာရီဝက်လောက်ပဲ ကြာမည် ဖြစ်ကြောင်း ကောင်းမွန်စွာ ပြန်ပြောခဲ့ပါတယ်..
အဲဒီမှာ စတာပဲ.. အဲဦးလေးက ညည်းဘာသာ ညည်း လေဆိပ်ထဲ ဘယ်သွားသွား အထဲဝင်ချင်ရင် ဝင်ခွင့် charges ပေးရတယ်.. ဒါအခု ထုတ်ပြန် ထားတယ် ဆိုပြီး အော်ကျယ် အော်ကျယ် ပြောပါလေရော.. ကိုယ်ကလည်း ထုတ်ပြန် ထားတယ် ဆိုတာ တရားဝင်လား ဘယ် Government Website မှာ ထုတ်ထားတာလဲ လို့ ပြန်မေးခဲ့ပါတယ်..
အဲဒါက အခြေနေအချိန်ခါ ကြည့်ထုတ်တာ .. အခုကတော့ ဒီစည်းကမ်းပဲ ဆိုပြီး ဘုကြည့်ကြည့်ပြီး ကိုယ့်ကို ပြောပါတယ်.. အဲဒီအချိန် ကိုယ်လည်း.. Airline Counter ကို ဖုန်းဆက်ပြီး.. အစ်မရေ.. လေဆိပ် အထဲကို ပေးမဝင်လို့ ကူညီဖြေရှင်းပေးပါအုံး.. အထဲဝင်ခွင့်
charges ကို တောင်းနေလို့.. claim လာလုပ်တာ ဝင်မှ ရမှာပေါ့.. အထဲ ဝင်လို့ မရရင် ဘယ်လို လုပ်ပေးမလဲလို့ ကိုယ်က မေးလိုက်တော့.. အရမ်းကို ကူညီပေးတဲ့ Airline နော်.. ညီမရေ.. အခုက သူတို့ pass ဖြစ်ပေးမှ အထဲဝင်လို့ ရတာတဲ့.. အစ်မတို့က ဝင်ခွင့်နဲ့ မဆိုင်ဘူးတဲ့..
ကိုယ်လည်း အစ်မရေ ကျွန်မက အစ်မတို့ Airline Counter ကို လာရမှာ.. အဲဒါကလည်း claim လုပ်ဖို့လေ.. အစ်မတို့ပဲ ရုံးချုပ်မှာ claim လုပ်လို့ မရပဲ လေဆိပ်မှာပဲ claim လုပ်ရမယ်လို့ ပြောလို့ ကျွန်မ လာတာလေ.. အထဲဝင်လို့ ရအောင် လုပ်ပေးဖို့က အစ်မတို့
တာဝန်ရှိတယ်လေ.. ကျွန်မ ဝင်လို့ မရရင် အစ်မတို့ ထွက်လာပြီး လာခေါ်ပေးတာ ဒါမှ မဟုတ် အဝမှာပဲ claim process ကို လုပ်ပေးတာပဲ ဖြစ်ဖြစ် လုပ်ပေးပါ.. ကျွန်မ ကတော့ ဝင်ခွင့် charges ပေးပြီးတော့ အထဲ မလာနိုင်ဘူး.. ကျွန်မ ရုံးချုပ်ကို ထပ် ဖုန်းဆက်ပါ့မယ် ဆိုပြီး ပြောပြီး အဲဒီ ဝင်ပေါက်အရှေ့မှာ နေ နေရတာပေါ့ကွယ်..
ကိုယ် ဖုန်းပြောလို့ ပြီးတဲ့ အချိန် အဲဒီအဝမှာ ရပ်နေတဲ့ နောက်လူကြီး တစ်ယောက်ကတော့ ညီမရေ ငါးသောင်း အဆင်မပြေရင် သုံးသောင်းနဲ့ ညှိပေးမယ် ဝင်သွား ဆိုပြီး ပြောပါတယ်.. (ဈေးကစားတာနော်) ကိုယ်က ရတယ်.. ကျွန်မ.. Airline ရုံးချုပ်ကို ဖုန်းဆက်ပြီး အဆင်ပြေအောင် လုပ်ကြည့်အုံးမယ် ဆိုပြီး ပြောလိုက်တယ်.. ရမ်းသမ်းလည်း မပြောရဲဘူးလေ.. နီးရာဓားလည်း ကြောက်ရတာကိုး..
အဲဒါနဲ့ အတိုချုပ်ရရင် Airline ရုံးချုပ်ကို ဖုန်းဆက်ပြီး complain တက်ပါတယ်.. လေဆိပ်က ဝင်ခွင့် charges အကြောင်းရယ် ကိုယ့်ဘက်က မပေးနိုင်ကြောင်း ဘယ်လို လုပ်ပေးနိုင်မလဲ ဆိုပြီး မေးပါတယ်.. ဆယ်မိနစ်လောက်နေတော့ Airline Counter က တာဝန်ရှိတဲ့ သူတစ်ဦးက ဝင်ပေါက်ကနေ လာခေါ်ပေးပြီး ဝင်ပေါက်မှာ မှတ်ပုံတင်နဲ့ form ဖြည့်ပြီး သကာလ charges မပေးရပဲ
လေဆိပ် အထဲကို ရောက်သွားပါတော့တယ်.. (အမှန်ဆို အစကတည်း က Airline Counter က ဖြေရှင်းပေးရင်ရရဲ့ သားနဲ့ ရုံးချုပ်ကို ဖုန်းဆက်မှ လုပ်ပေးတာဆိုတော့ Airline တွေမှာက Authority မရှိတာလား ဒါမှမဟုတ် အကျိုးတူလား ဆိုတာတော့ မပြောတတ်ပါဘူး)
ဒီလိုနဲ့.. Claim ကိစ္စပြီး.. Toilet ခန ဝင်တော့ အထဲမှာ အန်တီကြီး တစ်ယောက်နဲ့ ဆုံတော့ မေးကြည့်ရာ.. သူက သူတို့ သားကို လေဆိပ် လိုက်ပို့တာ .. အဝမှာ တစ်ယောက်ကို သုံးသောင်းနဲ့ မှတ်ပုံတင် ပေးခဲ့ရတယ်လို့ ပြောပါတယ်.. (အလုပ်ဖြစ်နေတာနော်) ကိုယ်လည်း လေဆိပ်ထဲ စပ်စုကြည့်တော့ အထဲမှာ ခရီးသွားတဲ့ သူကို လိုက်ပို့တဲ့ မိသားစု တစ်ချို့ကို တွေ့ရပါတယ်..
ကိုယ့် အိမ်သား မိသားစု ခရီးသွားတာကို လေဆိပ်အထဲ အထိ လိုက်ပို့ ပေးချင်တာကို ခံစားနားလည် ပေးလို့ရပေမယ့် အခုလိုမျိုး အလကားသက်သက် ပိုက်ဆံနဲ့ ပေးဝင် ရတာမျိုးကိုတော့ ကိုယ့် တစ်ဦးတည်း အမြင်အရ မဝင် စေချင်ဘူး.. ဘယ်နိုင်ငံမှလည်း
လေဆိပ်အထဲ ထိဝင်လို့ chrages ကောက်တယ်လို့ မကြားဖူး.. Immigration အထိ ဝင်တာလည်း မဟုတ်ပဲ.. လေဆိပ် compound ထဲ ဝင်ရုံနဲ့ ပိုက်ဆံ ပေးရတာမျိုး ကတော့ မဖြစ်သင့်ဘူးလေနော်.. Changi Airport တို့ Incheon Airport တို့ဆို Airport Tour Sightseeing တောင် plan လုပ်ပြီးရောင်းနေတာ.. ဒီမှာကျမှ.. မဖြစ်သင့်တာတွေ ဖြစ်နေတာ.. Tourism ကတော့ တစ်ကယ်ကို bad review ဖြစ်နေပါပြီ နော်.. (MTA)