Uncategorized

ရေငတ်နေတဲ့ တိရိစ္ဆာန်တွေကို ရေများရရှိနိုင်ရန် Truck ကားနဲ့ နာရီပေါင်းများစွာမောင်းနှင်သယ်ဆောင်ပေးခဲ့တဲ့ အမျိုးသား (ရုပ်သံ)

ကမ္ဘာကြီးက ရာသီဥတုနဲ့ ပတ်သက်ပြီး မကြုံစဖူးအပြောင်းအလဲများကို ကြုံတွေ့နေရပြီး ကမ္ဘာရဲ့အချို့သောနေရာတွေမှာ ရာသီဥတုအပြောင်းအလဲ အလွန်များပြားနေပါတယ်။

Kenya ကျေးရွာဟာ ပြင်းထန်ခြောက်သွေ့တဲ့ရာသီဥတုကြောင့် ကာလရှည်ကြာစွာမိုးခေါင်မှုကြောင့် လူနဲ့ တိရစ္ဆာန်နှစ်မျိုးလုံးအတွက် ဆိုးဝါးစေခဲ့ပါတယ်။ မိုးခေါင်ခြင်းဟာ လူတို့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ရန် ခက်ခဲစေပြီး သီးနှံအထွက်နှုန်းကျဆင်းစေပါတယ်။ ရေတွင်းတွေ တဖြည်းဖြည်းခန်းခြောက်လာတာနဲ့အမျှ တိရစ္ဆာန်တွေဟာလည်း ဒုက္ခရောက်နေရပါတယ်။

ကံကောင်းတာက, ” Kenya ကျေးရွာရဲ့ ရေလူသား” လို့ ခေါ်ကြတဲ့ ထိုသူက ရေခန်းခြောက်ခြင်းကို ကြုံတွေ့နေရတဲ့ ၎င်းတိရိစ္ဆာန်များကို ကယ်တင်ခဲ့ပါတယ်။ သူ့ရဲ့ နာမည်ပြောင်အရ Patrick Kilonzo Mwalua ဟာ တိရိစ္ဆာန်များကို အဖိုးတန်တဲ့ ရေကိုတင်ဆောင်ရန် နာရီများစွာမောင်းလာရပါတယ်။ Patrick ဟာ သေးငယ်တဲ့ကင်ညာကျေးရွာမှာ လယ်သမားအဖြစ် အလုပ်လုပ်နေတာပါ။ သူဟာ တစ်ပတ်မှာ လေးညလောက် နေခင်းဘက်မိုးခေါင်တဲ့ Tsavo အနောက်အမျိုးသားဥယျာဉ်ကို မောင်းနှင်သွားပြီး ထိုနေရာမှာ ရှိတဲာတိရစ္ဆာန်တွေကို ရေများ ထောက်ပံ့ခဲ့ပါတယ်။ ၎င်းအမျိုးသားဟာ ကြီးမာတဲ့ truck ကားတစ်စီးနဲ့ ထိုဥယျာဥ်ထဲကို ရေဂါလံ ၃၀၀၀ ကျော် သယ်ဆောင်သွားခဲ့ပါတယ်။

Patrick ဟာ ၎င်းကို မိမိကုန်ကျစရိတ်ဖြင့်ပြုလုပ်ပြီး အခြေအနေကို အလွန်ဆိုးရွားစွာပြုခြင်းအားဖြင့် သူသာမလုပ်ဘူးရင် တိရစ္ဆာန်တွေက ရေခန်းခြောက်ခြင်းကြောင့် သေဆုံးရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ တိရိစ္ဆာန်တွေက Patrick ရဲ့ထရပ်ကားသံကို ကြားပြီး သူရောက်တဲ့အချိန်မှာ တိရစ္ဆာန်တွေကိုစိတ်လှုပ်ရှားစေတယ်။ သူရဲ့ မြင့်မြတ်တဲ့ အပြုအမူတွေကို ကြားသိရတဲ့အခါ များစွာသောလူတို့တွေက သူ့ကိုတစ်နည်းနည်းနဲ့ ကူညီလိုကြပါတယာ။ အမေရိကန်အမျိုးသမီးသုံးဦးအုပ်စုက GoFundMe ကို ထူထောင်ခဲ့ပြီး ၎င်းတို့က ထရပ်ကားနဲ့ ဓာတ်ဆီခကို Patrick အတွက်ဒေါ်လာ ၁၃၀,၀၀၀ ကျော်ရရှိခဲ့ပါတယ်။

JRose (KB Chimmy)

Zawgyi

ကမ္ဘာကြီးက ရာသီဥတုနဲ့ ပတ်သက်ပြီး မကြုံစဖူးအပြောင်းအလဲများကို ကြုံတွေ့နေရပြီး ကမ္ဘာရဲ့အချို့သောနေရာတွေမှာ ရာသီဥတုအပြောင်းအလဲ အလွန်များပြားနေပါတယ်။ Kenya ကျေးရွာဟာ ပြင်းထန်ခြောက်သွေ့တဲ့ရာသီဥတုကြောင့် ကာလရှည်ကြာစွာမိုးခေါင်မှုကြောင့် လူနဲ့ တိရစ္ဆာန်နှစ်မျိုးလုံးအတွက် ဆိုးဝါးစေခဲ့ပါတယ်။ မိုးခေါင်ခြင်းဟာ လူတို့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ရန် ခက်ခဲစေပြီး သီးနှံအထွက်နှုန်းကျဆင်းစေပါတယ်။ ရေတွင်းတွေ တဖြည်းဖြည်းခန်းခြောက်လာတာနဲ့အမျှ တိရစ္ဆာန်တွေဟာလည်း ဒုက္ခရောက်နေရပါတယ်။

ကံကောင်းတာက, ” Kenya ကျေးရွာရဲ့ ရေလူသား” လို့ ခေါ်ကြတဲ့ ထိုသူက ရေခန်းခြောက်ခြင်းကို ကြုံတွေ့နေရတဲ့ ၎င်းတိရိစ္ဆာန်များကို ကယ်တင်ခဲ့ပါတယ်။ သူ့ရဲ့ နာမည်ပြောင်အရ Patrick Kilonzo Mwalua ဟာ တိရိစ္ဆာန်များကို အဖိုးတန်တဲ့ ရေကိုတင်ဆောင်ရန် နာရီများစွာမောင်းလာရပါတယ်။ Patrick ဟာ သေးငယ်တဲ့ကင်ညာကျေးရွာမှာ လယ်သမားအဖြစ် အလုပ်လုပ်နေတာပါ။ သူဟာ တစ်ပတ်မှာ လေးညလောက် နေခင်းဘက်မိုးခေါင်တဲ့ Tsavo အနောက်အမျိုးသားဥယျာဉ်ကို မောင်းနှင်သွားပြီး ထိုနေရာမှာ ရှိတဲာတိရစ္ဆာန်တွေကို ရေများ ထောက်ပံ့ခဲ့ပါတယ်။ ၎င်းအမျိုးသားဟာ ကြီးမာတဲ့ truck ကားတစ်စီးနဲ့ ထိုဥယျာဉ်ထဲကို ရေဂါလံ ၃၀၀၀ ကျော် သယ်ဆောင်သွားခဲ့ပါတယ်။