ဒီမနက်ဖတ်လိုက်ရတဲ့ သတင်းမှာ ထိုင်းနာမည်ကြီး မွေထိုင်းကစားသမား Buakaw က သူ့ကိုယ်ပိုင် gym မှာ သူနဲ့ train ချင်ရင် တစ်နာရီကို $500 ယူတယ်။
တစ်နာရီ မြန်မာငွေ ၁၅ သိန်းပေါ့။ တစ်နေ့ကို session ၄ ခုလောက်ပဲထားဦး.. တစ်နေ့ကို မြန်မာငွေ သိန်း ၆၀ တစ်လ သိန်း ၁၈၀၀။ အေးဆေးပဲ။
Buakaw ဆိုတဲ့ အသံကြားတိုင်း ကျွန်တော့်မျက်လုံးထဲမှာ မြင်ယောင်တဲ့သူတစ်ယောက်ပဲရှိတယ်။ သူက “တွေ့မရှောင်”။ ကျတော့်ရဲ့ childhood hero
ဆိုလည်းမမှားဘူး။ နာမည်နဲ့လိုက်အောင်… အသည်းကောင်း… ဇွဲကောင်းနဲ့ မကြောက်မလန့် တည့်တည့်တိုးပြီးထိုးတတ်တဲ့သူ။
“သေသွားတာက ကိစ္စမရှိဘူး။ ရှုံးရင်က ရှက်စရာကြီး..။” တစ်ကယ်လည်း သူ့အသက်အရွယ်အရ ရှုံးပွဲတွေမတွေ့ကြုံခင် ကိုယ်တိုင်ပဲ လက်ဝှေ့လောကက ကြိုပြီး
အနားယူသွားတဲ့သူ။ မြန်မာ့လက်ဝှေ့နဲ့ရင်းနှီးတဲ့သူတိုင်း အကြိုက်ဆုံး ကစားသမားကိုပြောဆိုရင်… တွေ့မရှောင်ကိုပဲ ၁၀၀ မှာ ၉၀ လောက်က ပြောကြမှာပဲ။
တစ်ခြား အားကစားတွေမှာ တစ်ခြားနိုင်ငံတွေနဲ့မယှဉ်နိုင်ပေမယ့်…ထိုးရကြိတ်ရ.. တိုက်ရခိုက်ရတာတွေမှာ… မြန်မာတွေက လူကြောကိုမာတာ။ တွေ့မရှောင်ဆို
သူ့အရပ်က ၅ပေ၆လက်မပဲရှိတယ်။ ထိုးခဲ့ရတဲ့ ပွဲတော်တ်ောများများက သူ့ထက် အရပ်ကော.. ကိုယ်အလေးချိန်ရောပိုများတဲ့သူတွေကို “အလဲထိုး”တွေနဲ့ကြီးပဲ
အမှောက်သိပ်ခဲ့တဲ့သူ။ ဒီထဲမှာ နိုင်ငံခြားသားတွေပါအများကြီးပါတယ်။ “အလဲထိုးဘုရင်” ဆိုတဲ့နာမည်နဲ့ ပရိသတ်အချစ်ကို အလကားရခဲ့တာတော့မဟုတ်ဘူး။
မေးရိုးကို ‘ဖောင်း’ ကနဲ အထိုးခံလိုက်ရလို့ ဖင်ထိုင်လျက် ကျသွားရင်တောင်.. မရမကပြန်ထ… လာခဲ့ဆိုပြီး လက်ယက်ခေါ်တတ်တဲ့သူမျိုး။ ထိုင်းလိုနေရာမှာ
မျိုးမှာသာဆို.. မြှောက်စားခံရ.. ပရိသတ်အချစ်ခံလိုက်မယ့်ဖြစ်ချင်း။ အခုဆိုလည်း ကျတော်တို့မြန်မာပြည် ကယန်း(ကရင်နီ)တိုင်းရင်းသူ… ဗာရော်နီကာ (Veronica)
ဆို ထိုင်းရဲ့နာမည်ကြီး Thai Fight မှာ ဝင်ထိုးရင်းနဲ့ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး ဘုရင့်ဖလား ခါးပတ်ပါရပြီးပြီ။ နောက်ထပ် ONE Championship ကိုခြေဆန့်ဖို့ကြိုးစားနေတယ်။ အရည်အသွေးတွေက ထုတ်ပြရမယ့်နေရာရှိမှလည်း.. ပိုတိုးတက်တာ။
Buakaw အခု တစ်နာရီကို ၁၅ သိန်းဝင်နေတဲ့အချိန်မှာ… ကျတော်တို့ရဲ့ ကိုတွေ့မရှောင်က အဲ့လိုဝင်နေမှာမဟုတ်တာကတော့သေချာတယ်။ ရှေ့က
ကျတော့်ရဲ့ Video မှာ Travis Scott က.. လူတစ်ယောက်အောင်မြင်ဖို့.. Passion ကအရေးအကြီးဆုံးလိုပြောခဲ့တယ်။ ကိုယ်လုပ်တဲ့အရာအပေါ်
ရူးသွပ်စွဲလန်းမှု.. Passion က .. အောင်မြင်ဖို့အတွက်အရေးအကြီးဆုံးဆိုတာကတော့… ငြင်းစရာလုံးဝမလိုတဲ့အချက်ပါပဲ။ ကိုတွေ့မရှောင်ဆိုလည်
း သူ့မြန်မာလက်ဝှေ့အပေါ် ရူးရူးသွပ်သွပ်နဲ့ အချိန်တိုင်း လေ့ကျင့်ကြိုးစားခဲ့လို့ မြန်မာပြည်ရဲ့ လူအချစ်ခံရဆုံး ကစားသမားဖြစ်ခဲ့တာ။ ဒါပေမယ့်..
အဲ့ဒီ ရူးသွပ်မှု passion ကရတဲ့ အောင်မြင်မှုအရွယ်အစားကကျတော့… ရေခံမြေခံနဲ့အများကြီးသက်ဆိုင်သွားတယ်။ တွေ့မရှောင်လည်း အောင်မြင်တာပဲ…
Buakaw လည်း အောင်မြင်တာပဲ။ Travis Scott လည်းအောင်မြင်တာပဲ ။ Conor Mcgregor လည်းအောင်မြင်တာပဲ..။
ဒါပေမယ့် “ အောင်မြင်မှုပမာဏ”တွေကျတော့ မတူတော့ဘူး။ တစ်နိုင်ငံလုံးက အချစ်ခံရတာခြင်းအတူတူ တစ်ဖက်က တစ်လ သိန်း ၁၀၀၀ ကျော်ဝင်ပြီး… တစ်ဖက်က ရပ်တည်နိုင်ရုံလောက်ဆိုတာတွေက သေချာစဉ်းစားကြည့်ရင်..။