Life Style

ချစ်သူသက်တမ်းကုန်ဆုံးတော့မယ်ဆိုတဲ့လက္ခဏာရပ်(၈)ခု…

ကိုယ့္ကိုယ္ တစ္စုံတစ္ေယာက္က ခ်စ္ေတာ့မယ္ဆိုရင္ အဲဒီလူရဲ႕ အျပဳအမူေတြဟာ သိသာပါတယ္၊

သင့္အတြက္ သူဟာတစ္မူထူးျခားေနတတ္ၿပီး သူ႔ရဲ႕အျပဳအမူေလးေတြကို သင္က စတင္သတိထားမိရာက

သံေယာဇဥ္ျဖစ္တယ္၊ ထိုမွ တစ္ဆင့္အခ်စ္ဆိုတဲ့ ဇာတ္လမ္းကို ေပါင္းကူးကာ လက္တြဲေလွ်ာက္လမ္းရတာ ျဖစ္ပါတယ္

သည္ေတာ့ အဲဒီလိုပဲ ခ်စ္သူႏွစ္ဦး ျပတ္ဆဲေတာ့မယ္ဆိုရင္လည္း ေရွးဦးနမိတ္ကေလးေတြ ျပလာတတ္ပါတယ္

ဒီလို သိသိသာသာ ျပတဲ့ လကၡဏာရပ္ေတြကိုေလ့လာႏိုင္ေစရန္ ေဖာ္ျပေပးလိုက္ပါတယ္

1. စကားေျပာရတာ အဆင္မေျပေတာ့

ႏွစ္ဦးလုံးရဲ႕ သေဘာမွာ အရာရာကို စတင္ၿပီး သေဘာထား ကြဲလြဲၿပီဆိုရင္ စကားေျပာရတာက အစ အဆင္မေျပေတာ့ပါဘူး

ဘာေၾကာင့္ဆို တစ္ေယာက္နဲ႔တစ္ေယာက္ ျပႆနာ ဘယ္လိုရွာရင္ ေကာင္းမလဲ စဥ္းစားေနတာမို႔ ေျပာသမွ် စကားတိုင္းမွာတစ္ေယာက္က ကြန္းပလိန္းတက္မယ္၊ ၫြန႔္မယ္၊ ကတ္ကတ္လန္ရန္ေတြ႕မယ္-ဆိုတဲ့ ပုံစံမ်ိဳးပါ

2. ယုံၾကည္မႈ ၿပိဳကြဲျခင္း

သူ တစ္ေနရာရာကို သြားလိုက္တာနဲ႔ တစ္ေယာက္ေယာက္နဲ႔ မသကၤာျဖစ္မယ္၊ ကိုယ္ တစ္ေယာက္ေယာက္နဲ႔ စကားေျပာေနတာကိုေတြ႕ရင္ သူ႔ကို သစၥာေဖာက္တယ္လို႔ ျမင္မယ္၊ ႏွစ္ဦးစလုံးရပ္လုပ္ရပ္ေတြ အေပၚမွာ တစ္ေယာက္နဲ႔ တစ္ေယာက္သကၤာမကင္းျဖစ္လာတဲ့အခါမ်ိဳးမွာ သင္တို႔ႏွစ္ေယာက္ၾကားက ယုံၾကည္မႈ ၿပိဳကြဲၿပီလို႔ မွတ္ပါ

3. အနာဂတ္ကို စိတ္ကူးမယဥ္ခ်င္ေတာ့

ခ်စ္သူအေပၚ စိတ္ပ်က္ၿပီဆိုရင္ ဟိုအရင္က ေဆာက္ထားတဲ့ စိတ္ကူးအိမ္ေလးကိုလည္း စိတ္ပန္းခ်ီ မခ်ယ္လိုေတာ့၊ အခ်စ္ႏွိဗၺာန္ကိုလည္းမေမွ်ာ္လင့္ခ်င္၊ ျမက္ခင္းျပင္ေပၚမွာ လက္တြဲၿပီး ေျပးၾကမယ္-ဆိုတဲ့ ႐ိုမက္တစ္ဆန္ဆန္ ျမင္ကြင္းမ်ိဳးကိုလည္း မေတာင့္တေတာ့ပါ

4. ေမွ်ာ္လင့္ခ်က္ေတြ လက္ေတြ႕မက်ေတာ့

သူနဲ႔ လက္တြဲရင္ ဒီလို ေပ်ာ္စရာေတြ ျဖစ္လာမွာ၊ ဒီလို ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝကို ထူေထာင္လိုက္မွာ၊ ေဟာဒီလိုခ်စ္စရာသားသမီးေလးေတြ ေမြးပစ္လိုက္မွာ-ဆိုၿပီး စိတ္ထဲမွာ ေဆာက္ခဲ့တဲ့ ခ်စ္ျခင္းနန္းေတာ္ဟာ ဘယ္လိုနည္းနဲ႔မွ မျဖစ္ႏိုင္ေတာ့ဘူးလို႔သေဘာေပါက္လက္ခံမိတဲ့အခ်ိန္ေပါ့ေလ

5. ေမွ်ာ့္လင့္ခ်က္ျခင္းလည္း မတူေတာ့ပါ

မွန္ပါတယ္။ စကတည္းက မွားခဲ့တဲ့ ဇာတ္ၫႊန္းနဲ႔ စခဲ့တဲ့ ဇာတ္လမ္းတစ္ပုဒ္မွာ သူ သိမ္းခ်င္တဲ့ ဇာတ္သိမ္းနဲ႔ သင္ အဆုံးသတ္လိုတဲ့ဇာတ္ဝင္ခန္းခ်င္းလည္း လြဲေနပါၿပီ။တစ္ဦးရဲ႕ ေမွ်ာ္လင့္ခ်က္ကို တစ္ဦးက အျပည့္အ၀ နားမလည္ေတာ့တဲ့အခါမ်ိဳးမွာကိုယ့္အတၱကိုပဲေရွ႕တန္းတင္ၾကေတာ့တာေပါ့ေလ

6. အံဝင္ဂြင္က်မရွိေတာ့ဘူး

သင္တို႔ႏွစ္ေယာက္ဟာ ဝါသနာ၊ စိတ္ကူး၊ စိတ္ဝင္စားမႈ စတာေတြဟာလည္း အခုအခ်ိန္မွာေတာ့ အံလြဲေနၿပီျဖစ္တဲ့ ဇစ္-တစ္ခုလိုဘယ္လိုပဲ စြဲပါေစ ေတာ္တည့္မွန္ကန္တဲ့ ေပါင္းစပ္မႈ မဟုတ္ေတာ့ပါ

7. တစ္ေယာက္ကိုတစ္ေယာက္ စြပ္စြဲမယ္၊ စီရင္မယ္

ဘယ္လို ကိစၥမ်ိဳးပဲျဖစ္ျဖစ္ တစ္ေယာက္ကိုတစ္ေယာက္ တစ္ဖက္သက္ စြပ္စြဲခ်က္ေတြနဲ႔ က်ိဳးေၾကာင္းခိုင္လုံတဲ့ ေျဖရွင္းမႈေတြကိုဂ႐ုမစိုက္ေတာ့ဘဲ ကိုယ့္ဘာသာ တစ္ဖက္သက္ အျပစ္ရွိတယ္လို႔ စီရင္ခ်က္ ခ်တာမ်ိဳးေတြ ႀကဳံလာတဲ့အခါ သင္တို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးဟာ ေသခ်ာသေလာက္ကို ၿပိဳကြဲေတာ့မယ္ဆိုတာပါဘဲ

8. မေတြ႕ခ်င္ေတာ့

ခ်စ္သူဘဝဆိုတာ ေန႔စဥ္နဲ႔အမွ် ေတြ႕လိုၾကတာ သဘာဝက်ပါတယ္။ အဲဒီ သဘာဝနဲ႔ ဆန႔္က်င္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္

မ်က္ႏွာခ်င္းမဆိုင္ခ်င္ေလာက္ေအာင္ ျဖစ္ၿပီဆိုရင္ေတာ့ … အင္း … ႏွစ္ဦးသေဘာတူ လမ္းခြဲျခင္း ေခါင္းစဥ္နဲ႔ ဘဝကို တစ္ခါျပန္စၾကရေတာ့မွာေပါ့ေနာ္

နတ္စည္ေတာ္ (Myanmar Online Media)

Unicode Version

ကိုယ့်ကိုယ် တစ်စုံတစ်ယောက်က ချစ်တော့မယ်ဆိုရင် အဲဒီလူရဲ့ အပြုအမူတွေဟာ သိသာပါတယ်၊

သင့်အတွက် သူဟာတစ်မူထူးခြားနေတတ်ပြီး သူ့ရဲ့အပြုအမူလေးတွေကို သင်က စတင်သတိထားမိရာက

သံယောဇဉ်ဖြစ်တယ်၊ ထိုမှ တစ်ဆင့်အချစ်ဆိုတဲ့ ဇာတ်လမ်းကို ပေါင်းကူးကာ လက်တွဲလျှောက်လမ်းရတာ ဖြစ်ပါတယ်။

သည်တော့ အဲဒီလိုပဲ ချစ်သူနှစ်ဦး ပြတ်ဆဲတော့မယ်ဆိုရင်လည်း ရှေးဦးနမိတ်ကလေးတွေ ပြလာတတ်ပါတယ်။

ဒီလို သိသိသာသာ ပြတဲ့ လက္ခဏာရပ်တွေကိုလေ့လာနိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်

1. စကားပြောရတာ အဆင်မပြေတော့

နှစ်ဦးလုံးရဲ့ သဘောမှာ အရာရာကို စတင်ပြီး သဘောထား ကွဲလွဲပြီဆိုရင် စကားပြောရတာက အစ အဆင်မပြေတော့ပါဘူး။

ဘာကြောင့်ဆို တစ်ယောက်နဲ့တစ်ယောက် ပြဿနာ ဘယ်လိုရှာရင် ကောင်းမလဲ စဉ်းစားနေတာမို့ ပြောသမျှ စကားတိုင်းမှာတစ်ယောက်က ကွန်းပလိန်းတက်မယ်၊ ညွန့်မယ်၊ ကတ်ကတ်လန်ရန်တွေ့မယ်-ဆိုတဲ့ ပုံစံမျိုးပါ

2. ယုံကြည်မှု ပြိုကွဲခြင်း

သူ တစ်နေရာရာကို သွားလိုက်တာနဲ့ တစ်ယောက်ယောက်နဲ့ မသင်္ကာဖြစ်မယ်၊ ကိုယ် တစ်ယောက်ယောက်နဲ့ စကားပြောနေတာကို

တွေ့ရင် သူ့ကို သစ္စာဖောက်တယ်လို့ မြင်မယ်၊ နှစ်ဦးစလုံးရပ်လုပ်ရပ်တွေ အပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက်သင်္ကာမကင်းဖြစ်လာတဲ့အခါမျိုးမှာ သင်တို့နှစ်ယောက်ကြားက ယုံကြည်မှု ပြိုကွဲပြီလို့ မှတ်ပါ

3. အနာဂတ်ကို စိတ်ကူးမယဉ်ချင်တော့

ချစ်သူအပေါ် စိတ်ပျက်ပြီဆိုရင် ဟိုအရင်က ဆောက်ထားတဲ့ စိတ်ကူးအိမ်လေးကိုလည်း စိတ်ပန်းချီ မချယ်လိုတော့၊ အချစ်နှိဗ္ဗာန်ကိုလည်းမမျှော်လင့်ချင်၊ မြက်ခင်းပြင်ပေါ်မှာ လက်တွဲပြီး ပြေးကြမယ်-ဆိုတဲ့ ရိုမက်တစ်ဆန်ဆန် မြင်ကွင်းမျိုးကိုလည်း မတောင့်တတော့ပါ

4. မျှော်လင့်ချက်တွေ လက်တွေ့မကျတော့

သူနဲ့ လက်တွဲရင် ဒီလို ပျော်စရာတွေ ဖြစ်လာမှာ၊ ဒီလို ပျော်စရာကောင်းတဲ့ မိသားစုဘဝကို ထူထောင်လိုက်မှာ၊ ဟောဒီလိုချစ်စရာသားသမီးလေးတွေ မွေးပစ်လိုက်မှာ-ဆိုပြီး စိတ်ထဲမှာ ဆောက်ခဲ့တဲ့ ချစ်ခြင်းနန်းတော်ဟာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ဘူးလို့သဘောပေါက်လက်ခံမိတဲ့အချိန်ပေါ့လေ

5. မျှော့်လင့်ချက်ခြင်းလည်း မတူတော့ပါ

မှန်ပါတယ်။ စကတည်းက မှားခဲ့တဲ့ ဇာတ်ညွှန်းနဲ့ စခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်မှာ သူ သိမ်းချင်တဲ့ ဇာတ်သိမ်းနဲ့ သင် အဆုံးသတ်လိုတဲ့ဇာတ်ဝင်ခန်းချင်းလည်း လွဲနေပါပြီ။တစ်ဦးရဲ့ မျှော်လင့်ချက်ကို တစ်ဦးက အပြည့်အဝ နားမလည်တော့တဲ့အခါမျိုးမှာကိုယ့်အတ္တကိုပဲရှေ့တန်းတင်ကြတော့တာပေါ့လေ

6. အံဝင်ဂွင်ကျမရှိတော့ဘူး

သင်တို့နှစ်ယောက်ဟာ ဝါသနာ၊ စိတ်ကူး၊ စိတ်ဝင်စားမှု စတာတွေဟာလည်း အခုအချိန်မှာတော့ အံလွဲနေပြီဖြစ်တဲ့ ဇစ်-တစ်ခုလိုဘယ်လိုပဲ စွဲပါစေ တော်တည့်မှန်ကန်တဲ့ ပေါင်းစပ်မှု မဟုတ်တော့ပါ

7. တစ်ယောက်ကိုတစ်ယောက် စွပ်စွဲမယ်၊ စီရင်မယ်

ဘယ်လို ကိစ္စမျိုးပဲဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက် တစ်ဖက်သက် စွပ်စွဲချက်တွေနဲ့ ကျိုးကြောင်းခိုင်လုံတဲ့ ဖြေရှင်းမှုတွေကိုဂရုမစိုက်တော့ဘဲ ကိုယ့်ဘာသာ တစ်ဖက်သက် အပြစ်ရှိတယ်လို့ စီရင်ချက် ချတာမျိုးတွေ ကြုံလာတဲ့အခါ သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ သေချာသလောက်ကို ပြိုကွဲတော့မယ်ဆိုတာပါဘဲ

8. မတွေ့ချင်တော့

ချစ်သူဘဝဆိုတာ နေ့စဉ်နဲ့အမျှ တွေ့လိုကြတာ သဘာဝကျပါတယ်။ အဲဒီ သဘာဝနဲ့ ဆန့်ကျင်ပြီး တစ်ယောက်နဲ့တစ်ယောက်

မျက်နှာချင်းမဆိုင်ချင်လောက်အောင် ဖြစ်ပြီဆိုရင်တော့ … အင်း … နှစ်ဦးသဘောတူ လမ်းခွဲခြင်း ခေါင်းစဉ်နဲ့ ဘဝကို တစ်ခါပြန်စကြရတော့မှာပေါ့နော်

နတ်စည်တော် (Myanmar Online Media)