FA ဖြစ်နိုင်ခြေ များသော လက္ခဏာ (၈) ရပ်
လူတော်တော်များများကတော့ တစ်သက်လုံး FA ဘဝ နဲ့ နေသွားရမှာကို စိုးရိမ်လေ့ ရှိကြပါတယ်။ Singleဘဝကို ပျော်တဲ့ လို့ ပြောတဲ့သူတွေ ရှိပေမယ့် များသောအားဖြင့်တော့ အတွဲတွေမြင်ရင် မသိစိတ်ထဲကနေ အားကျ တတ်ကြပါတယ်။
လူဆိုတာလည်း ရှုပ်ထွေးပွေလီ ဒုက္ခများတဲ့ ဘဝကို မသိစိတ်က ကြိုက်တတ်တဲ့ အမျိုးပါ။ တစ်ချို့ တကယ်ကို Single ဘဝနဲ့ပဲ ပျော်တတ်တဲ့ သူတွေလည်း ရှိပါတယ်။
သင်ရော တစ်သက်လုံး Single အဖြစ်နဲ့ နေသွား မှာလား? အောက်ပါ လက္ခာဏာရပ်တွေ သင့်မှာ ရှိနေရင်တော့ သင်တစ်သက်လုံး Singleအဖြစ် နေထိုင်သွားရဖို့များပါတယ်။
(၁) သင်ဟာ သင့်ဘဝထဲကို လူအသစ်တွေ သိပ်ပေး ဝင်လေ့ မရှိဘူး။
သင့်အနေနဲ့ အသစ် တစ်ယောက်ယောက်နဲ့ အရမ်း ရင်းနှီးမှာကို လိုလားလေ့ မရှိပါဘူး။ သူစိမ်းတစ်ယောက် ယောက်က ပြုံးပြရင်တောင် သင်ဟာ ရှက်သလိုလို၊ ကြောက်သလိုလိုနဲ့ ပြန်ပြုံးမပြပဲ ရှောင်လွှဲ ထွက်သွားပါလိမ့်မယ်။
(၂) သင်ဟာ လက်တွဲဖော်နဲ့ ပက်သက်ပြီး အရမ်းကို မျှော်မှန်း ထားတယ်။
တကယ်တော့ လက်တွဲဖော် နဲ့ ပက်သက်ပြီး စိတ်ထဲ မှာ မျှော်မှန်းချက်လေးတွေ ရှိတာ ကောင်းပါတယ်။ ဒါပေမယ့် ဘယ်သူ့မှာမှ မရှိနိုင်တဲ့ အရည်အချင်းမျိုးနဲ့ လက်တွဲဖော် သို့မဟုတ်၊ လူတစ်သန်းမှာ တစ်ယောက်လောက်ပဲရှိနိုင်တဲ့ အရည်အချင်းမျိုးနဲ့ လက်တွဲဖော်ကို သင်မျှော်လင့်နေ ရင်တော့ ဒီတစ်သက် Single ဖြစ်ဖို့ များပါတယ်။
(၃) သင်ဟာ နေရာသစ်တွေ ကို သွားလေ့မရှိသလို အသစ်သစ်သော အရာတွေကို လည်း လုပ်လေ့မရှိဘူး။
သင့်ရဲ့အားလပ်ချိန်တွေမှာ အိပ်ရာထဲ လှဲပြီး ရုပ်ရှင်တစ်နေကုန် ထိုင်ကြည့်မယ်။ အပြင် ကို မသွားပဲ အိမ်ထဲမှာပဲ အချိန်ပြည့် အောင်းနေလေ့ရှိပြီး သူငယ်ချင်းတွေက တစ်နေရာရာ သွားဖို့ခေါ်ရင်လည်း သင် ငြင်းပါလိမ့်မယ်။
(၄) သင်ပိုင်ဆိုင်တဲ့ အရာတွေကို မျှဝေရမှာ တွန့် တိုလေ့ ရှိတယ်။
သင်ပိုင်တဲ့ အိပ်ရာပေါ်မှာလည်း ဘယ်သူ့ကိုမှ ပေး မအိပ်စေချင်ဘူး။ သင့်ရဲ့ကမ္ဘာလေး ထဲက ဘယ်လိုအရာကိုမှ သူများနဲ့ မျှဝေ ခံစားချင်လေ့ မရှိဘူး။
(၅) သင့်ကို သူငယ်ချင်းတွေက ပျော်ပွဲ ရွှင်ပွဲ ပါတီတွေ မဖိတ်တော့ဘူး။
သူတို့က သင့်ကိုမခင်လို့တော့ မဟုတ်ပါဘူး။ သင်ဟာ လူတွေ အများကြီး နဲ့ ကသိကအောက် ဖြစ်တတ်မှန်း သိတာက တစ်ကြောင်း၊ ပါတီဆိုတဲ့ အရာနဲ့ ရုပ်တည်ကြီးနဲ့ အေးတိအေးစက် မျက်နှာ အမူအရာမျိုးနဲ့ မလိုက်ဖက်တာက တစ်ကြောင်း မဖိတ်တာပါ။
(၆) သင်ဟာ သင့်ရဲ့အဆက်ဟောင်း ကို မမေ့နိုင်ဘူး။
သင်ဟာ သင့်ရဲ့အဆက်ဟောင်းကို မမေ့နိုင်ရုံ တင်မကပဲ နေ့တိုင်းလည်း သူ့ရဲ့အကောင့်ကို ဝင်ကြည့်တာမျိုး အရင်တုန်းက Message တွေ ပြန်ဖတ်တာမျိုး တစ်နွေ့နွေ့တစ်အုံအုံ နေ့တိုင်း ခံစားနေတတ်ပါတယ်။
နောက်ပြီး သင်ဟာ သူမပါပဲ လည်း ပျော်ရွှင်နေကြောင်း ဟန်ဆောင်ပန်ဆောင် Status တွေ ခဏခဏ တင်နေပါလိမ့်မယ်။
ရည်ရွယ်ချက်ကတော့ သူဝင်ကြည့်ရင် တွေ့အောင်ဆိုပြီးပါ။ ဒါပေမယ့်လည်း သူကဝင်ကြည့်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါ။
(၇) အသစ်တစ်ယောက်က သင့်ကို ချဉ်းကပ်လာတိုင်း အရင် တစ်ယေက်နဲ့ နှိုင်းယှဉ်လေ့ ရှိတယ်။
အရင်တစ်ယောက်ကို စံထားပြီး ချဉ်းကပ်လာတဲ့သူတွေကို အမြဲ တိုင်းတာနေ ပါလိမ့်မယ်။ သင့်ရဲ့အရင်တစ်ယောက် ပေးသွားတဲ့ ဒဏ်ရာကိုတော့ မသိသလို ဟန်ဆောင်ပြီး အမြဲ အဲ့ဒိတစ်ယောက်နဲ့ပဲ တိုင်းတာ နေပါလိမ့်မယ်။
(၈) သင်ဟာ လှဖို့ ပဖို့ အပြင်းကြီးတယ်။
သင်ဟာ ရည်းစားတစ်ယောက်ရဖို့ မိမိကိုယ်ကို ဂရုမစိုက်ချင်တဲ့ သူမျိုးပါ။ သင်ဟာ အဲ့ဒိလို အလှအပတွေပြင်မယ့် အစား အိပ်မယ်၊ စားမယ်၊ သို့မဟုတ် အလုပ်ပဲ လုပ်မယ်ဆိုတဲ့ လူစားမျိုးပါ။ တစ်နေ့နေ့ သင့်ရဲ့ အရှိအတိုင်းကို ချစ်နိုင်မယ့်သူ ပေါ်လာကောင်း ပေါ်လာမှာပဲ ဆိုပြီး စောင့်နေ ပါလိမ့်မယ်။
အထက်ပါအချက်တွေ သင့်မှာရှိနေပြီလား? မစိုးရိမ် ပါနဲ့။ သင်သေချာ ပြန်စဉ်းစားပါ။ သင်ဟာ တစ်ယောက်ထဲ နေရတာ ပျော်တာ သေချာရင် လွတ်လွတ်လပ်လပ်သာ နေပါ။
ဒါပေမယ့် သင့်တစ်ဘဝလုံးကို တစ်ယောက်ထဲ ဖြတ်သန်း ရဖို့ ကြောက်နေတယ်ဆိုရင် (မညာပါနဲ့။ မသိစိတ်ကို ပြန်မေးကြည့်ပါအုံး) တော့ အထက်ပါ အချက်တွေကို ပြင်ဆင် သင့်ပါတယ်။
Zawgyi
FA ျဖစ္ႏိုင္ေျခ မ်ားေသာ လကၡဏာ (၈) ရပ္
လူေတာ္ေတာ္မ်ားမ်ားကေတာ့ တစ္သက္လုံး FA ဘဝ နဲ႔ ေနသြားရမွာကို စိုးရိမ္ေလ့ ရွိၾကပါတယ္။ Singleဘဝကို ေပ်ာ္တဲ့ လို႔ ေျပာတဲ့သူေတြ ရွိေပမယ့္ မ်ားေသာအားျဖင့္ေတာ့ အတြဲေတြျမင္ရင္ မသိစိတ္ထဲကေန အားက် တတ္ၾကပါတယ္။
လူဆိုတာလည္း ရႈပ္ေထြးေပြလီ ဒုကၡမ်ားတဲ့ ဘဝကို မသိစိတ္က ႀကိဳက္တတ္တဲ့ အမ်ိဳးပါ။ တစ္ခ်ိဳ႕ တကယ္ကို Single ဘဝနဲ႔ပဲ ေပ်ာ္တတ္တဲ့ သူေတြလည္း ရွိပါတယ္။
သင္ေရာ တစ္သက္လုံး Single အျဖစ္နဲ႔ ေနသြား မွာလား? ေအာက္ပါ လကၡာဏာရပ္ေတြ သင့္မွာ ရွိေနရင္ေတာ့ သင္တစ္သက္လုံး Singleအျဖစ္ ေနထိုင္သြားရဖို႔မ်ားပါတယ္။
(၁) သင္ဟာ သင့္ဘဝထဲကို လူအသစ္ေတြ သိပ္ေပး ဝင္ေလ့ မရွိဘူး။
သင့္အေနနဲ႔ အသစ္ တစ္ေယာက္ေယာက္နဲ႔ အရမ္း ရင္းႏွီးမွာကို လိုလားေလ့ မရွိပါဘူး။ သူစိမ္းတစ္ေယာက္ ေယာက္က ၿပဳံးျပရင္ေတာင္ သင္ဟာ ရွက္သလိုလို၊ ေၾကာက္သလိုလိုနဲ႔ ျပန္ၿပဳံးမျပပဲ ေရွာင္လႊဲ ထြက္သြားပါလိမ့္မယ္။
(၂) သင္ဟာ လက္တြဲေဖာ္နဲ႔ ပက္သက္ၿပီး အရမ္းကို ေမွ်ာ္မွန္း ထားတယ္။
တကယ္ေတာ့ လက္တြဲေဖာ္ နဲ႔ ပက္သက္ၿပီး စိတ္ထဲ မွာ ေမွ်ာ္မွန္းခ်က္ေလးေတြ ရွိတာ ေကာင္းပါတယ္။ ဒါေပမယ့္ ဘယ္သူ႔မွာမွ မရွိႏိုင္တဲ့ အရည္အခ်င္းမ်ိဳးနဲ႔ လက္တြဲေဖာ္ သို႔မဟုတ္၊ လူတစ္သန္းမွာ တစ္ေယာက္ေလာက္ပဲရွိႏိုင္တဲ့ အရည္အခ်င္းမ်ိဳးနဲ႔ လက္တြဲေဖာ္ကို သင္ေမွ်ာ္လင့္ေန ရင္ေတာ့ ဒီတစ္သက္ Single ျဖစ္ဖို႔ မ်ားပါတယ္။
(၃) သင္ဟာ ေနရာသစ္ေတြ ကို သြားေလ့မရွိသလို အသစ္သစ္ေသာ အရာေတြကို လည္း လုပ္ေလ့မရွိဘူး။
သင့္ရဲ႕အားလပ္ခ်ိန္ေတြမွာ အိပ္ရာထဲ လွဲၿပီး ႐ုပ္ရွင္တစ္ေနကုန္ ထိုင္ၾကည့္မယ္။ အျပင္ ကို မသြားပဲ အိမ္ထဲမွာပဲ အခ်ိန္ျပည့္ ေအာင္းေနေလ့ရွိၿပီး သူငယ္ခ်င္းေတြက တစ္ေနရာရာ သြားဖို႔ေခၚရင္လည္း သင္ ျငင္းပါလိမ့္မယ္။
(၄) သင္ပိုင္ဆိုင္တဲ့ အရာေတြကို မွ်ေဝရမွာ တြန႔္ တိုေလ့ ရွိတယ္။
သင္ပိုင္တဲ့ အိပ္ရာေပၚမွာလည္း ဘယ္သူ႔ကိုမွ ေပး မအိပ္ေစခ်င္ဘူး။ သင့္ရဲ႕ကမာၻေလး ထဲက ဘယ္လိုအရာကိုမွ သူမ်ားနဲ႔ မွ်ေဝ ခံစားခ်င္ေလ့ မရွိဘူး။
(၅) သင့္ကို သူငယ္ခ်င္းေတြက ေပ်ာ္ပြဲ ႐ႊင္ပြဲ ပါတီေတြ မဖိတ္ေတာ့ဘူး။
သူတို႔က သင့္ကိုမခင္လို႔ေတာ့ မဟုတ္ပါဘူး။ သင္ဟာ လူေတြ အမ်ားႀကီး နဲ႔ ကသိကေအာက္ ျဖစ္တတ္မွန္း သိတာက တစ္ေၾကာင္း၊ ပါတီဆိုတဲ့ အရာနဲ႔ ႐ုပ္တည္ႀကီးနဲ႔ ေအးတိေအးစက္ မ်က္ႏွာ အမူအရာမ်ိဳးနဲ႔ မလိုက္ဖက္တာက တစ္ေၾကာင္း မဖိတ္တာပါ။
(၆) သင္ဟာ သင့္ရဲ႕အဆက္ေဟာင္း ကို မေမ့ႏိုင္ဘူး။
သင္ဟာ သင့္ရဲ႕အဆက္ေဟာင္းကို မေမ့ႏိုင္႐ုံ တင္မကပဲ ေန႔တိုင္းလည္း သူ႔ရဲ႕အေကာင့္ကို ဝင္ၾကည့္တာမ်ိဳး အရင္တုန္းက Message ေတြ ျပန္ဖတ္တာမ်ိဳး တစ္ေႏြ႕ေႏြ႕တစ္အုံအုံ ေန႔တိုင္း ခံစားေနတတ္ပါတယ္။
ေနာက္ၿပီး သင္ဟာ သူမပါပဲ လည္း ေပ်ာ္႐ႊင္ေနေၾကာင္း ဟန္ေဆာင္ပန္ေဆာင္ Status ေတြ ခဏခဏ တင္ေနပါလိမ့္မယ္။ ရည္႐ြယ္ခ်က္ကေတာ့ သူဝင္ၾကည့္ရင္ ေတြ႕ေအာင္ဆိုၿပီးပါ။ ဒါေပမယ့္လည္း သူကဝင္ၾကည့္ဖို႔ ဆိုတာ မျဖစ္ႏိုင္သေလာက္ပါ။
(၇) အသစ္တစ္ေယာက္က သင့္ကို ခ်ဥ္းကပ္လာတိုင္း အရင္ တစ္ေယက္နဲ႔ ႏႈိင္းယွဥ္ေလ့ ရွိတယ္။
အရင္တစ္ေယာက္ကို စံထားၿပီး ခ်ဥ္းကပ္လာတဲ့သူေတြကို အၿမဲ တိုင္းတာေန ပါလိမ့္မယ္။ သင့္ရဲ႕အရင္တစ္ေယာက္ ေပးသြားတဲ့ ဒဏ္ရာကိုေတာ့ မသိသလို ဟန္ေဆာင္ၿပီး အၿမဲ အဲ့ဒိတစ္ေယာက္နဲ႔ပဲ တိုင္းတာ ေနပါလိမ့္မယ္။
(၈) သင္ဟာ လွဖို႔ ပဖို႔ အျပင္းႀကီးတယ္။
သင္ဟာ ရည္းစားတစ္ေယာက္ရဖို႔ မိမိကိုယ္ကို ဂ႐ုမစိုက္ခ်င္တဲ့ သူမ်ိဳးပါ။ သင္ဟာ အဲ့ဒိလို အလွအပေတြျပင္မယ့္ အစား အိပ္မယ္၊ စားမယ္၊ သို႔မဟုတ္ အလုပ္ပဲ လုပ္မယ္ဆိုတဲ့ လူစားမ်ိဳးပါ။
တစ္ေန႔ေန႔ သင့္ရဲ႕ အရွိအတိုင္းကို ခ်စ္ႏိုင္မယ့္သူ ေပၚလာေကာင္း ေပၚလာမွာပဲ ဆိုၿပီး ေစာင့္ေန ပါလိမ့္မယ္။
အထက္ပါအခ်က္ေတြ သင့္မွာရွိေနၿပီလား? မစိုးရိမ္ ပါနဲ႔။ သင္ေသခ်ာ ျပန္စဥ္းစားပါ။ သင္ဟာ တစ္ေယာက္ထဲ ေနရတာ ေပ်ာ္တာ ေသခ်ာရင္ လြတ္လြတ္လပ္လပ္သာ ေနပါ။
ဒါေပမယ့္ သင့္တစ္ဘဝလုံးကို တစ္ေယာက္ထဲ ျဖတ္သန္း ရဖို႔ ေၾကာက္ေနတယ္ဆိုရင္ (မညာပါနဲ႔။ မသိစိတ္ကို ျပန္ေမးၾကည့္ပါအုံး) ေတာ့ အထက္ပါ အခ်က္ေတြကို ျပင္ဆင္ သင့္ပါတယ္။
Crd;