အလွပေရးရာ

ေခၽြးေပါက္က်ယ္ေနလို႔အလွပ်က္ေနတယ္ဆိုတဲ့ နတ္သမီးေလးမ်ားအတြက္ ေခြၽးေပါက္က်ဥ္းေစဖို႔ အလြယ္ကူဆုံးနည္း

ေခၽြးေပါက္က်ယ္ေနလို႔အလွပ်က္ေနတယ္ဆိုတဲ့ နတ္သမီးေလးမ်ားအတြက္ ေခြၽးေပါက္က်ဥ္းေစဖို႔ အလြယ္ကူဆုံးနည္း

ေခြၽးေပါက္ က်ယ္လို႔စိတ္ညစ္ေန ပါသလား။ လုံးဝမညစ္ပါနဲ႔။ အခုေျပာမယ့္ နည္းက ေခြၽးေပါက္က်ယ္သူေတြကို အေကာင္းဆုံး ျပဳျပင္ေပး မယ့္နည္းတခု ျဖစ္လို ႔ပါ ……။

ၾကက္ဥအကာကို သုံး႐ုံပါပဲ။ ေျပာစရာတခုရွိတာက နည္းနည္းလက္ဝင္တာပါ။ ၾကက္ဥအကာကို ခရင္မ္ပုံစံျဖစ္တဲ့အထိ အဆက္မျပတ္ေတာ့ ေခါက္ေပးဖို႔ လိုပါတယ္ …။

လိုအပ္တဲ့ ပစၥည္းေတြက ၾကက္ဥအကာ – (၁) လုံး သၾကား – ထမင္းစား ဇြန္း (၁) ဇြန္း ျဖစ္ပါတယ္ …။

၁။ လတ္လတ္ဆတ္ဆတ္ ၾကက္ဥ တလုံးကို ေဖာက္ၿပီး အကာကို ပန္းကန္လုံး တစ္ခုထဲ ထည့္ပါ။ အဝါႏွစ္ လုံးဝ မပါေစရပါ …။(အဝါႏွစ္ ပါရင္ ဆက္ လုပ္လို႔ မရေတာ့ပါဘူး)

၂။ ပန္းကန္ထဲကို သၾကား ထမင္းစားဇြန္း (၁)ဇြန္း ထပ္ထည့္ပါ။ ၾကက္ဥအကာ နဲ႔ သၾကား ကို ေရာေမႊၿပီး ခေလာက္ေပးပါ …။

၃။ ေမႊတဲ့အခါ ခေလာက္တံ တစ္ခုခုသုံး ရပါမယ္။ ၾကက္ဥ အကာကိုအရည္ ကေန ခရင္မ္ပုံစံျဖစ္တဲ့အထိ စိတ္ရွည္လက္ရွည္ ေခါက္ေပၚရပါမယ္ …။

လုပ္တဲ့ အခါ ၾကက္ဥအကာထဲ သၾကားမထည့္လည္း ရပါတယ္။ ဒါေပမယ္႔ သၾကားထည့္ေပးတာက ေခါက္ရလြယ္ကူသလို အရည္လည္း ပိုပ်စ္လြယ္ပါတယ္ ……။

၄။ ေခါက္ခါစမွာ အျမႇဳပ္ထလာလိမ့္မယ္။ မရပ္ပါနဲ႔။ ဆက္ေခါက္ပါ။ အျမႇဳပ္ကေန ခရင္မ္ပုံစံရာက္တဲ့အထိ အဆက္မျပတ္ေခါက္ရမွာ ျဖစ္တယ္။ ပုံမွန္အားျဖင့္ ငါးမိနစ္ခန႔္ ေခါက္ရတယ္ …။

၅။ ရလာတဲ့ ခရင္မ္ပုံစံ(ၾကက္ဥအကာ)ကို မ်က္ႏွာေပၚ လိမ္းၿပီး ၁၅မိနစ္ခန႔္ ထားပါ။ ၿပီးရင္ ေရနဲ႔ မ်က္ႏွာျပန္သစ္ပါ။ ဒီေခြၽးေပါက္ က်ဥ္းတဲ့နည္းကိုညအိပ္ခါနီးတိုင္း
ျပဳလုပ္သင့္ပါတယ္။ ေန႔စဥ္ျပဳလုပ္ေပး႐ုံနဲ႔ တစ္ပတ္အတြင္း ေခြၽးေပါက္က်ယ္ျခင္းကို သိသိသာသာ သက္သာေစမွာပဲ ျဖစ္ပါတယ္ေနာ္ …။ ။

Credit

unicode

ချွေးပေါက်ကျယ်နေလို့အလှပျက်နေတယ်ဆိုတဲ့ နတ်သမီးလေးများအတွက် ချွေးပေါက်ကျဉ်းစေဖို့ အလွယ်ကူဆုံးနည်း

ချွေးပေါက် ကျယ်လို့စိတ်ညစ်နေ ပါသလား။ လုံးဝမညစ်ပါနဲ့။ အခုပြောမယ့် နည်းက ချွေးပေါက်ကျယ်သူတွေကို အကောင်းဆုံး ပြုပြင်ပေး မယ့်နည်းတခု ဖြစ်လို ့ပါ ……။

ကြက်ဥအကာကို သုံးရုံပါပဲ။ ပြောစရာတခုရှိတာက နည်းနည်းလက်ဝင်တာပါ။ ကြက်ဥအကာကို ခရင်မ်ပုံစံဖြစ်တဲ့အထိ အဆက်မပြတ်တော့ ခေါက်ပေးဖို့ လိုပါတယ် …။

လိုအပ်တဲ့ ပစ္စည်းတွေက ကြက်ဥအကာ – (၁) လုံး သကြား – ထမင်းစား ဇွန်း (၁) ဇွန်း ဖြစ်ပါတယ် …။

၁။ လတ်လတ်ဆတ်ဆတ် ကြက်ဥ တလုံးကို ဖောက်ပြီး အကာကို ပန်းကန်လုံး တစ်ခုထဲ ထည့်ပါ။ အဝါနှစ် လုံးဝ မပါစေရပါ …။(အဝါနှစ် ပါရင် ဆက် လုပ်လို့ မရတော့ပါဘူး)

၂။ ပန်းကန်ထဲကို သကြား ထမင်းစားဇွန်း (၁)ဇွန်း ထပ်ထည့်ပါ။ ကြက်ဥအကာ နဲ့ သကြား ကို ရောမွှေပြီး ခလောက်ပေးပါ …။

၃။ မွှေတဲ့အခါ ခလောက်တံ တစ်ခုခုသုံး ရပါမယ်။ ကြက်ဥ အကာကိုအရည် ကနေ ခရင်မ်ပုံစံဖြစ်တဲ့အထိ စိတ်ရှည်လက်ရှည် ခေါက်ပေါ်ရပါမယ် …။

လုပ်တဲ့ အခါ ကြက်ဥအကာထဲ သကြားမထည့်လည်း ရပါတယ်။ ဒါပေမယ့် သကြားထည့်ပေးတာက ခေါက်ရလွယ်ကူသလို အရည်လည်း ပိုပျစ်လွယ်ပါတယ် ……။

၄။ ခေါက်ခါစမှာ အမြှုပ်ထလာလိမ့်မယ်။ မရပ်ပါနဲ့။ ဆက်ခေါက်ပါ။ အမြှုပ်ကနေ ခရင်မ်ပုံစံရာက်တဲ့အထိ အဆက်မပြတ်ခေါက်ရမှာ ဖြစ်တယ်။ ပုံမှန်အားဖြင့် ငါးမိနစ်ခန့် ခေါက်ရတယ် …။

၅။ ရလာတဲ့ ခရင်မ်ပုံစံ(ကြက်ဥအကာ)ကို မျက်နှာပေါ် လိမ်းပြီး ၁၅မိနစ်ခန့် ထားပါ။ ပြီးရင် ရေနဲ့ မျက်နှာပြန်သစ်ပါ။ ဒီချွေးပေါက် ကျဉ်းတဲ့နည်းကိုညအိပ်ခါနီးတိုင်း
ပြုလုပ်သင့်ပါတယ်။ နေ့စဉ်ပြုလုပ်ပေးရုံနဲ့ တစ်ပတ်အတွင်း ချွေးပေါက်ကျယ်ခြင်းကို သိသိသာသာ သက်သာစေမှာပဲ ဖြစ်ပါတယ်နော် …။ ။

Credit