အဆီဖု၊ တင်းတိပ်နှင့် အမဲစက်များအတွက်
အဆီဖု၊ တင်းတိပ်နှင့် အမဲစက်များအတွက် အိမ်တွင်းနည်းလမ်းကောင်း
ဒီခေါင်းစဉ်က မေးတဲ့သူအရမ်းအရမ်းများပေမယ့် Irene တင်မယ့်အလှည့်ကိုမရောက်နိုင်လို့ ဒီနေ့တော့ ဖြစ်အောင် တင်ပါပြီရှင်
ဒါကတော့ ထောပတ်စေ့သွေးလိမ်းနည်းပဲ ဖြစ်ပါတယ်၊ ဆောင်းရာသီဆိုတော့ ထောပတ်သီးပေါ်ချိန်လည်းရောက်ပြီလေ
ပါဝင်ပစ္စည်း
ထောပတ်စေ့ ပြုလုပ်ပုံ / အသုံးပြုပုံ
ထောပတ်သီးရဲ့ အစေ့ကို နေပူပူတွင် ၃-၄ ရက်လောက် အခြောက်လှန်းပါ
အညိုရင့်ရောင်ဖြစ်လာတဲ့အထိ လှမ်းထားပါ
အခွံခြောက်များကို ခွာပါ
ရေဖြင့် သန့်စင်အောင်ဆေးပါ
သနပ်ခါးကျောက်ပျဉ်ပေါ်တွင် ရေအနည်းငယ်ဖြင့် သွေးပါ
တစ်ရက်တစ်ကြိမ် မျက်နှာသန့်စင်ပြီးတိုင်း မထူမပါးလိမ်းပေးနိုင်ပါတယ်
တစ်ချို့ကတော့ ညဘက်လိမ်းအိပ်ကြတဲ့အထိ တော်တော်လေးအဆင်ပြေကြပါတယ်။
တစ်ယောက်နဲ့တစ်ယောက် အသားအရေချင်းမတူကြတော့
အားလုံးအတွက် ခြုံပြီး အကြံပေးရရင် လိမ်းပြီး ၁၅ မိနစ်အကြာ ရေနဲ့မျက်နှာပြန်သစ်ပေးစေချင်ပါတယ်။ ဓာတ်မတည့်ခြင်း ဖြစ်ပေါ်လာပါက လိမ်းတာကို ရပ်လိုက်ပါ။
ဒီနည်းလမ်းလေးက ရိုးရှင်းပေမယ့် အကုန်အကျသက်သာပြီး ထိရောက်တဲ့နည်းလမ်းဖြစ်လို့ အားလုံးသဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Sharing is caring မို့လို့ မသိသေးတဲ့သူများအတွက် share လေး တစ်ချက်နဲ့ ကူညီပေးလိုက်ကြရအောင်နော်…
ချစ်သော Irene Pretty
အဆီဖု၊ တင္းတိပ္ႏွင့္ အမဲစက္မ်ားအတြက္
အဆီဖု၊ တင္းတိပ္ႏွင့္ အမဲစက္မ်ားအတြက္ အိမ္တြင္းနည္းလမ္းေကာင္း
ဒီေခါင္းစဥ္က ေမးတဲ့သူအရမ္းအရမ္းမ်ားေပမယ့္ Irene တင္မယ့္အလွည့္ကိုမေရာက္နိုင္လို႔ ဒီေန႔ေတာ့ ျဖစ္ေအာင္ တင္ပါၿပီရွင္
ဒါကေတာ့ ေထာပတ္ေစ့ေသြးလိမ္းနည္းပဲ ျဖစ္ပါတယ္၊ ေဆာင္းရာသီဆိုေတာ့ ေထာပတ္သီးေပၚခ်ိန္လည္းေရာက္ၿပီေလ
ပါဝင္ပစၥည္း
ေထာပတ္ေစ့ ျပဳလုပ္ပုံ / အသုံးျပဳပုံ
ေထာပတ္သီးရဲ့ အေစ့ကို ေနပူပူတြင္ ၃-၄ ရက္ေလာက္ အေျခာက္လွန္းပါ
အညိဳရင့္ေရာင္ျဖစ္လာတဲ့အထိ လွမ္းထားပါ
အခြံေျခာက္မ်ားကို ခြာပါ
ေရျဖင့္ သန႔္စင္ေအာင္ေဆးပါ
သနပ္ခါးေက်ာက္ပ်ဥ္ေပၚတြင္ ေရအနည္းငယ္ျဖင့္ ေသြးပါ
တစ္ရက္တစ္ႀကိမ္ မ်က္ႏွာသန႔္စင္ၿပီးတိုင္း မထူမပါးလိမ္းေပးနိုင္ပါတယ္
တစ္ခ်ိဳ႕ကေတာ့ ညဘက္လိမ္းအိပ္ၾကတဲ့အထိ ေတာ္ေတာ္ေလးအဆင္ေျပၾကပါတယ္။
တစ္ေယာက္နဲ႔တစ္ေယာက္ အသားအေရခ်င္းမတူၾကေတာ့
အားလုံးအတြက္ ျခဳံၿပီး အႀကံေပးရရင္ လိမ္းၿပီး ၁၅ မိနစ္အၾကာ ေရနဲ႔မ်က္ႏွာျပန္သစ္ေပးေစခ်င္ပါတယ္။ ဓာတ္မတည့္ျခင္း ျဖစ္ေပၚလာပါက လိမ္းတာကို ရပ္လိုက္ပါ။
ဒီနည္းလမ္းေလးက ရိုးရွင္းေပမယ့္ အကုန္အက်သက္သာၿပီး ထိေရာက္တဲ့နည္းလမ္းျဖစ္လို႔ အားလုံးသေဘာက်လိမ့္မယ္လို႔ ေမၽွာ္လင့္ပါတယ္။
Sharing is caring မို႔လို႔ မသိေသးတဲ့သူမ်ားအတြက္ share ေလး တစ္ခ်က္နဲ႔ ကူညီေပးလိုက္ၾကရေအာင္ေနာ္…
ခ်စ္ေသာ Irene Pretty