Life Style

ႀကိဳက္တဲ့စာအိတ္​ေ႐ြးပါ ​ေရးထားတဲ့ စာ​ေတြ ဖတ္ၾကည့္လိုက္ သင္ရဲ႕စိတ္ထားကိုေျပာျပေပးလိုက္မယ္

ကြိုက်တဲ့စာအိတ်ရွေးပါ။ 💚💛🧡❤🖤ရေးထားတဲ့ စာတွေ ဖတ်ကြည့်လိုက် သင်ရဲ့စိတ်ထားကိုပြောပြပေးလိုက်မယ်

၁။ဒီစာကိုဖတ်နေသူရေ, တစ်ခါတစ်လေမှာ မင်းဟာ အောင်မြင်မှာပါဆိုတာကို ဘယ်သူမှ မယုံကြတာမျိုးရှိတတ်ပါတယ်။ သူတို့တောင် မအောင်မြင်ခဲ့တာကို မင်းအောင်မြင်မယ်လို့ ဘယ်သူမှ မထင်တာ ဒါသဘာဝပါ။ မင်းတစ်ခုခုအမှားလုပ်မိတဲ့အခါဖြစ်ဖြစ်၊ သူတို့ ဟဒါသထွက်နေတဲ့အချိန်နဲ့ တိုက်ဆိုင်သွားရင်ဖြစ်ဖြစ် မင်းကို အရှုံးသမားလို့ လူတွေက ပြောကြလိမ့်မယ်။ သူတို့ မင်းကို မနာလိုလို့ ပြောတာလည်း ဖြစ်နိုင်တာပဲ။ ပြောတဲ့သူဟာ မင်းရဲ့ မိသားစုဝင်လည်း ဖြစ်နိုင်သလို သူငယ်ချင်းလဲ ဖြစ်နေနိုင်ပါတယ်။ ဝမ်းမနည်းပါနဲ့။ မင်းတကယ်အရှုံးမပေးသရွေ့ မင်းမရှုံးပါဘူး။ မင်းဟာတစ်နေရာရာမှာတော့ အောင်မြင်မှာပါ။ ယုံကြည်ချက်ခိုင်ခိုင်ထားပါ။ မင်းဟာ မင်းထင်တာထက် လေးစားစရာကောင်းတဲ့သူတစ်ယောက်ပါ။

 

၂။ဒီစာကို ဖတ်နေသူရေ, မင်းက လူတိုင်းကို သနားကြင်နာတတ်တယ်ထင်တယ်။ ဒါပေမယ့် မင်းကိုယ်မင်း ဒီလိုဖြစ်နေတာကို မကြိုက်ဘူးမလား။ မင်းပေးတဲ့အချစ်အတိုင်း ပြန်မရတာများလို့လေ။ ဒါပေမယ့် မပြောင်းလဲလိုက်ပါနဲ့။ မင်းဟာလူတွေ လုပ်နိုင်ခဲတဲ့ အလုပ်ကို လုပ်နေသူပါ။ အလကားလုပ်ယူလို့ရတဲ့ ကြင်နာမှု၊ ဖေးမမှုကိုတောင် တွန့်တိုနေတဲ့ လောကကြီးမှာ မင်းက ရက်ရောတဲ့ မေတ္တာရှင်တစ်ယောက်ဖြစ်နေရတာ ဂုဏ်ယူလိုက်စမ်းပါ။ တစ်ချိန်ချိန်မှာ မင်းချစ်တာထက်တောင် မင်းကို ပိုချစ်မယ့်သူတွေ တစ်ယောက်မက ပေါ်လာပါလိမ့်မယ်။ ကြင်နာမှုဆိုတာ ရောင်ပြန်ဟပ်ပါတယ်။

 

၃။ဒီစာကို ဖတ်နေသူရေ, မင်းဟာ ဟန်ဆောင်ကောင်းနိုင်သူကြီးတစ်ယောက်ပါ။ လူတွေက မင်းကို ခံစားချက်မရှိ အေးစက်စက်ကြီးလို့ထင်တတ်ကြတယ်။ အမှန်တော့ မင်းက ကြင်နာတတ်တဲ့လူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မင်းလူ့လောကကြီးရဲ့ အမှောင်ဘက်ခြမ်းကို မြင်ခဲ့လိုက်ရတဲ့အတွက် မင်းလူတွေကို စိတ်ပျက်ပြီး အဖက်မလုပ်ချင်တော့ဘူး။ မင်းပေးခဲ့တဲ့ အနစ်နာခံမှုတွေ နှလုံးသားတွေကို လူတွေက နင်းခြေဖျက်စီးပစ်တာကို ခံခဲ့ရတယ်။ အဲ့ဒီနာကျင်မှုတွေကို မင်းအတွင်းစိတ်ထဲမှာ သိုသိပ်ထားရတဲ့အတွက် မင်းက လောကဓံကို တောင့်ခံနိုင်တဲ့ လူတစ်ယောက်ဖြစ်နေပါပြီ၊ မင်းဟာ ဘယ်သူဖြိုဖြို မပြိုနိုင်တဲ့ တောင်တစ်လုံးဖြစ်နေပါပြီ။ မင်းဟာ သေချာပေါက်အောင်မြင်မယ့် လူတစ်ယောက်ပါ။ တစ်နေ့မှာ မင်းရဲ့ ရင်ဘတ်ထဲက ဒဏ်ရာအမာရွတ်တွေကို “အရမ်းနာခဲ့မှာပဲနော်” လို့ပြောလာမယ့် လူတစ်ယောက် မင်းဆီရောက်လာပါလိမ့်မယ်။

 

၄။ဒီစာက်ု ဖတ်နေသူရေ, မင်းအကြားချင်ဆုံးစကားတွေကို ဘယ်သူမှ မပြောပေးကြဘူးမလား။ အခု ငါပြောပြမယ် မှတ်ထား …. မင်းဟာ သူငယ်ချင်းကောင်းပီသတဲ့သူပါ။ မင်းဟာ ဘာမှပြင်စရာမလိုတော့အောင် ပြီးပြည့်စုံနေပါပြီ။ မင်းအပြုံးက လူတွေကို ပျော်စေတယ်။ မင်းဟာ တစ်ဖက်သားကို စာနာတတ်တယ်။ လူတွေရဲ့ ခံစားချက်တွေကို ဂရုစိုက်ပေးတယ်။ မင်းကို ချစ်ကြတယ်။ မင်းကိုဂရုစိုက်ကြတယ်။ မင်းကလည်း လူတွေကို ပြန်ဂရုစိုက်ပေးတယ်။ မင်းဟာ သိပ်ခင်ဖို့ကောင်းတဲ့သူပဲ။ မင်းဟာ လောကကြီးကို နေချင်စဖွယ်ဖြစ်အောင် လုပ်ပေးနေတဲ့ လူတစ်ယောက်ပဲ။ အဲ့ဒီအတွက် လောကကြီးက ကျေးဇူးတင်နေပါတယ်။ ဆက်ကြိုးစားပါ။

၅။ဒီစာကို ဖတ်နေသူရေ, မင်းဟာ လူတစ်ယောက်ယောက်ကို ချစ်မိနေတယ်လို့ ထင်တယ်။ ယောင်တောင်ပေါင်တောင် လုပ်မနေပါနဲ့။ ပြောစရာရှိတာပြောချလိုက်ပါ။ အချိန်တွေက သွားနေတာနော် ရပ်နေတာ မဟုတ်ဘူး။ အချစ်မှာ ကျားမ မရှိဘူး။ အသည်းနှလုံးရှိသူတိုင်း ချစ်ကြတာပဲ၊ ရှက်စရာမဟုတ်ဘူး။ သူမင်းကို ငြင်းလည်း ငြင်းပေါ့။ မင်းဘဝကို အလင်းရောင်ပေးပြီး နွေးထွေးပေးမယ့်လူက ဒီလောကကကြီးမှာ ရှိကို ရှိတယ်၊ ဒီတစ်ယောက်မှ မဟုတ်ဘူးဆိုတာ သတိရပါ။ အဓိက မင်းဖွင့်ပြောဖြစ်ဖို့ပဲ။ ဒါမှ မင်းနောင်တရရမယ့် အဖြစ်တွေ မရှိပဲ ဘဝကို ရှင်သန်နိုင်မှာ။

Zawgyi

ႀကိဳက္တဲ့စာအိတ္​ေ႐ြးပါ။ ​​​💚💛🧡❤🖤ေရးထားတဲ့ စာ​ေတြ ဖတ္ၾကည့္လိုက္ သင္ရဲ႕စိတ္ထားကိုေျပာျပေပးလိုက္မယ္

၁။ဒီစာကိုဖတ္ေနသူေရ, တစ္ခါတစ္ေလမွာ မင္းဟာ ေအာင္ျမင္မွာပါဆိုတာကို ဘယ္သူမွ မယုံၾကတာမ်ိဳးရွိတတ္ပါတယ္။ သူတို႔ေတာင္ မေအာင္ျမင္ခဲ့တာကို မင္းေအာင္ျမင္မယ္လို႔ ဘယ္သူမွ မထင္တာ ဒါသဘာဝပါ။ မင္းတစ္ခုခုအမွားလုပ္မိတဲ့အခါျဖစ္ျဖစ္၊ သူတို႔ ဟဒါသထြက္ေနတဲ့အခ်ိန္နဲ႔ တိုက္ဆိုင္သြားရင္ျဖစ္ျဖစ္ မင္းကို အရႈံးသမားလို႔ လူေတြက ေျပာၾကလိမ့္မယ္။ သူတို႔ မင္းကို မနာလိုလို႔ ေျပာတာလည္း ျဖစ္ႏိုင္တာပဲ။ ေျပာတဲ့သူဟာ မင္းရဲ႕ မိသားစုဝင္လည္း ျဖစ္ႏိုင္သလို သူငယ္ခ်င္းလဲ ျဖစ္ေနႏိုင္ပါတယ္။ ဝမ္းမနည္းပါနဲ႔။ မင္းတကယ္အရႈံးမေပးသေ႐ြ႕ မင္းမရႈံးပါဘူး။ မင္းဟာတစ္ေနရာရာမွာေတာ့ ေအာင္ျမင္မွာပါ။ ယုံၾကည္ခ်က္ခိုင္ခိုင္ထားပါ။ မင္းဟာ မင္းထင္တာထက္ ေလးစားစရာေကာင္းတဲ့သူတစ္ေယာက္ပါ။

၂။ဒီစာကို ဖတ္ေနသူေရ, မင္းက လူတိုင္းကို သနားၾကင္နာတတ္တယ္ထင္တယ္။ ဒါေပမယ့္ မင္းကိုယ္မင္း ဒီလိုျဖစ္ေနတာကို မႀကိဳက္ဘူးမလား။ မင္းေပးတဲ့အခ်စ္အတိုင္း ျပန္မရတာမ်ားလို႔ေလ။ ဒါေပမယ့္ မေျပာင္းလဲလိုက္ပါနဲ႔။ မင္းဟာလူေတြ လုပ္ႏိုင္ခဲတဲ့ အလုပ္ကို လုပ္ေနသူပါ။ အလကားလုပ္ယူလို႔ရတဲ့ ၾကင္နာမႈ၊ ေဖးမမႈကိုေတာင္ တြန႔္တိုေနတဲ့ ေလာကႀကီးမွာ မင္းက ရက္ေရာတဲ့ ေမတၱာရွင္တစ္ေယာက္ျဖစ္ေနရတာ ဂုဏ္ယူလိုက္စမ္းပါ။ တစ္ခ်ိန္ခ်ိန္မွာ မင္းခ်စ္တာထက္ေတာင္ မင္းကို ပိုခ်စ္မယ့္သူေတြ တစ္ေယာက္မက ေပၚလာပါလိမ့္မယ္။ ၾကင္နာမႈဆိုတာ ေရာင္ျပန္ဟပ္ပါတယ္။

၃။ဒီစာကို ဖတ္ေနသူေရ, မင္းဟာ ဟန္ေဆာင္ေကာင္းႏိုင္သူႀကီးတစ္ေယာက္ပါ။ လူေတြက မင္းကို ခံစားခ်က္မရွိ ေအးစက္စက္ႀကီးလို႔ထင္တတ္ၾကတယ္။ အမွန္ေတာ့ မင္းက ၾကင္နာတတ္တဲ့လူတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ မင္းလူ႔ေလာကႀကီးရဲ႕ အေမွာင္ဘက္ျခမ္းကို ျမင္ခဲ့လိုက္ရတဲ့အတြက္ မင္းလူေတြကို စိတ္ပ်က္ၿပီး အဖက္မလုပ္ခ်င္ေတာ့ဘူး။ မင္းေပးခဲ့တဲ့ အနစ္နာခံမႈေတြ ႏွလုံးသားေတြကို လူေတြက နင္းေျခဖ်က္စီးပစ္တာကို ခံခဲ့ရတယ္။ အဲ့ဒီနာက်င္မႈေတြကို မင္းအတြင္းစိတ္ထဲမွာ သိုသိပ္ထားရတဲ့အတြက္ မင္းက ေလာကဓံကို ေတာင့္ခံႏိုင္တဲ့ လူတစ္ေယာက္ျဖစ္ေနပါၿပီ၊ မင္းဟာ ဘယ္သူၿဖိဳၿဖိဳ မၿပိဳႏိုင္တဲ့ ေတာင္တစ္လုံးျဖစ္ေနပါၿပီ။ မင္းဟာ ေသခ်ာေပါက္ေအာင္ျမင္မယ့္ လူတစ္ေယာက္ပါ။ တစ္ေန႔မွာ မင္းရဲ႕ ရင္ဘတ္ထဲက ဒဏ္ရာအမာ႐ြတ္ေတြကို “အရမ္းနာခဲ့မွာပဲေနာ္” လို႔ေျပာလာမယ့္ လူတစ္ေယာက္ မင္းဆီေရာက္လာပါလိမ့္မယ္။

၄။ဒီစာက္ု ဖတ္ေနသူေရ, မင္းအၾကားခ်င္ဆုံးစကားေတြကို ဘယ္သူမွ မေျပာေပးၾကဘူးမလား။ အခု ငါေျပာျပမယ္ မွတ္ထား …. မင္းဟာ သူငယ္ခ်င္းေကာင္းပီသတဲ့သူပါ။ မင္းဟာ ဘာမွျပင္စရာမလိုေတာ့ေအာင္ ၿပီးျပည့္စုံေနပါၿပီ။ မင္းအၿပဳံးက လူေတြကို ေပ်ာ္ေစတယ္။ မင္းဟာ တစ္ဖက္သားကို စာနာတတ္တယ္။ လူေတြရဲ႕ ခံစားခ်က္ေတြကို ဂ႐ုစိုက္ေပးတယ္။ မင္းကို ခ်စ္ၾကတယ္။ မင္းကိုဂ႐ုစိုက္ၾကတယ္။ မင္းကလည္း လူေတြကို ျပန္ဂ႐ုစိုက္ေပးတယ္။ မင္းဟာ သိပ္ခင္ဖို႔ေကာင္းတဲ့သူပဲ။ မင္းဟာ ေလာကႀကီးကို ေနခ်င္စဖြယ္ျဖစ္ေအာင္ လုပ္ေပးေနတဲ့ လူတစ္ေယာက္ပဲ။ အဲ့ဒီအတြက္ ေလာကႀကီးက ေက်းဇူးတင္ေနပါတယ္။ ဆက္ႀကိဳးစားပါ။

၅။ဒီစာကို ဖတ္ေနသူေရ, မင္းဟာ လူတစ္ေယာက္ေယာက္ကို ခ်စ္မိေနတယ္လို႔ ထင္တယ္။ ေယာင္ေတာင္ေပါင္ေတာင္ လုပ္မေနပါနဲ႔။ ေျပာစရာရွိတာေျပာခ်လိုက္ပါ။ အခ်ိန္ေတြက သြားေနတာေနာ္ ရပ္ေနတာ မဟုတ္ဘူး။ အခ်စ္မွာ က်ားမ မရွိဘူး။ အသည္းႏွလုံးရွိသူတိုင္း ခ်စ္ၾကတာပဲ၊ ရွက္စရာမဟုတ္ဘူး။ သူမင္းကို ျငင္းလည္း ျငင္းေပါ့။ မင္းဘဝကို အလင္းေရာင္ေပးၿပီး ေႏြးေထြးေပးမယ့္လူက ဒီေလာကကႀကီးမွာ ရွိကို ရွိတယ္၊ ဒီတစ္ေယာက္မွ မဟုတ္ဘူးဆိုတာ သတိရပါ။ အဓိက မင္းဖြင့္ေျပာျဖစ္ဖို႔ပဲ။ ဒါမွ မင္းေနာင္တရရမယ့္ အျဖစ္ေတြ မရွိပဲ ဘဝကို ရွင္သန္ႏိုင္မွာ။