ချစ်သူ ရှိတယ်ဆိုရင်ဘယ်အဆင့်မှာလဲ…? ချစ်သူတိုင်းဖတ်ကြည့်သင့်တဲ့စာလေးပါ။
ချစ်သူတွေ ကျော်ဖြတ်ရတဲ့အဆင့် ၇ဆင့် ဖတ်မိတာတော်တော်သဘောကျလို့ သူငယ်ချင်းလည်းဖတ်ရအောင်ဝေမျှတယ်တိုက်ကြည့်ရအောင်နော်…
အဆင့် ၁။ အရူးအမူးဖြစ်ကြတဲ့ အဆင့်….
ဒါကတော့ ချစ်သူတိုင်းကြုံတွေ့ရတဲ့ ပထမဦးဆုံး အဆင့်ပါ။ဒီအဆင့်မှာ ချစ်သူတွေဟာ တစ်ယောက်ကို တစ်ယောက် အရမ်းဆွဲဆောင်ကြပါတယ်။
တစ်ယောက်နဲ့ တစ်ယောက်အပြစ်မမြင်ကြဘဲ ကိုယ့်ချစ်သူရဲ့ကောင်းကွက်တွေပဲ ကွက်မြင်ကြတဲ့ အဆင့်ပေါ့။
အဆင့် ၂။ နားလည်မှုရလာတဲ့ အဆင့်….
ဒီအဆင့်မှာတော့ တစ်ယောက်အကြောင်း တစ်ယောက်ပိုသိလာကြပြီ။ ညဘက်တွေဆို ချစ်သူနဲ့ ဖုန်းတွေအကြာကြီးပြောမယ်။
မိသားစုအကြောင်းတွေ၊ ရည်းစားဟောင်းအကြောင်းတွေ၊ လျို့ဝှက်ချက်တွေ အကုန်ပြောမယ်။
ပြီးရင် ချစ်သူဆီကလာတဲ့ မက်ဆေ့ချ်တိုင်းက ကိုယ့်အတွက် ချိုမြိန်နေမယ်။ ပျော်ရွင်စရာအချိန်လေးတွေပေါ့။
အဆင့် ၃။ အနှောင့်အယှက်ဝင်တဲ့ အဆင့်….
ဒီအဆင့်ရောက်တဲ့အခါမှာတော့ ပြသနာလေးတွေ နည်းနည်းစလာပြီ။
ကိုယ့်ချစ်သူနဲ့ ပထမဦးဆုံး ရန်စဖြစ်ကြတဲ့အချိန်လေးတို့၊ စကားများပြီး စိတ်ကောက်ကြတဲ့အချိန်လေးတို့ကို ပြန်မြင်ယောင်ကြည့်ပေါ့။
ဒါပေမယ့် အဲ့အနှောင့်အယှက်လေးတွေက လွယ်လွယ်နဲ့ ပြီးသွားတာလေးတွေပါပ ဲ။
အဆင့် ၄။ ပုံသွင်းတဲ့ အဆင့်….
ဒီအဆင့်မှာက တစ်ယောက်နဲ့တစ်ယောက် အကျင့်စရိုက်လေးတွေကို ဟိုဟာလေးပြင်သင့်တယ်၊ ဒီဟာတော့ မလုပ်ရဘူးလို့ပြောလာပြီ။
ချုပ်ချယ်တာတွေ၊ ဆုံးမတာလေးတွေ လုပ်လာပြီပေါ့။ အဲ့လိုဖြစ်လာပြီဆိုရင် ကိုယ့်ချစ်သူက စိတ်ညစ်လာတာပဲဖြစ်ဖြစ်၊
နှစ်ယောက်ကြားကအချစ်က အရှိန်မြင့်လာတာ ပဲဖြစ်ဖြစ်၊ အကျိုးသက်ရောက်မှုလေးတော့ စရှိလာပြီ။
အဆင့် ၅။ ပြန်လည်ကြည်နူးခြင်းအဆင့်….
ဒီအဆင့်ရောက်ရင်တော့ အခြေအနေတော်တော်လေးကောင်းလာပြီ။ ပြီးတော့ တော်တော်များများကိုလည်း ဖြတ်ကျော်ပြီးသွားပြီဆိုတော့ ….
ကိုယ့်ချစ်သူနဲ့ တော်တော် အဆင်ပြေသွားပြီ။ဘယ်တော့မှ မခွဲတော့ဘူးတို့ ဘာတို့ စပြောတဲ့အချိန်ပေါ့။
အဆင့် ၆။ ဂြိုလ်ဆိုးဝင်တဲ့ အဆင့်….
ဒီအချိန်မှာတော့ သံသယတွေ၊ ပြသနာပေါင်းစုံေ တွစလာပြီ။ နည်းနည်းလေးမတွေ့ရလိုက်တာနဲ့ ဘေးလူတွေကပြောတဲ့ ….
ကိုယ့်ချစ်သူရဲ့ မဟုတ်တဲ့အကြောင်းတွေကြားပြီး ရန်တွေအကြီးအကျယ်ဖြစ်ပြီ။ ဒီအဆင့်မှာ တတိယလူဝင်လာတာတွေရော၊
မိဘရဲ့ နှောင့်ယှက်မှုတွေရော၊သူငယ်ချင်းတွေက အမြင်မကြည်ခံရတာတွေရော၊ အကုန်ပါလာပြီ။အခန့်မသင့်တာနဲ့ လမ်းခွဲရနိုင်တဲ့အဆင့်ပေါ့။
အဆင့် ၇။ တည်ငြိမ် ရင့်ကျက်သွားတဲ့ အဆင့်….
ဒါကတော့ ချစ်သူတို့အတွက် အကောင်းဆုံးအဆင့် ရောက်သွားပြီလို့ပြောရမလားပဲ။ ဒီအဆင့်ရောက်လာပြီဆိုရင် တော်တော်လည်း ….
နှစ်ယောက်စလုံးရဲ့အချစ်က တည်ငြိမ်သွားပြီ၊ ပြသနာတွေဝင်လာရင်လည်း တစ်ယောက်ယောက်က တောင်းပန်လိုက်တာနဲ့ ချက်ချင်းအဆင်ပြေသွားကြပြီ။
ဘာအခက်အခဲတွေလာလာ ရင်ဆိုင်နိုင်သွားကြပြီပေါ့။ ဒီအချိန်မှာတော့ ချစ်သူနှစ်ဦးဟာ လွယ်လွယ်နဲ့မပြတ်ကြတော့ပါဘူး။
ကဲ ….အဲ့ဒီအဆင့်လေးတွေကိုဖတ်ပြီးရင် ကိုယ့်ကိုယ်ကို အခုဘယ်အဆင့်မှာ ရောက်နေလဲဆိုတာကို သတိထားပြီးချစ်သူနဲ့ အတူတူလက်တွဲကျော်ဖြတ်နိုင်အောင် ကြိုးစားပေါ့။
ပြီးတော့ ဒီအဆင့်လေးတွေကို လှေကားထစ်လေးတွေလို့ သဘောထားပြီး ချစ်သူတိုင်း မျှော်လင့်တဲ့ ပျော်ရွင်ကြည်နူးဖွယ်ရာ အချစ်ဘဝလေးကို ရောက်အောင်သွားနိုင်ကြပါစေ။
ပြဿနာတွေတော့ရှိမှာပဲ၊ အဖုအထစ်လေးတွေတွေ့မှာပဲ။ဒါပေမယ့် ကိုယ့်ချစ်သူနဲ့အတူတူအချစ်သစ်ပင်လေးကို စိမ်းလန်းစိုပြေအောင်ထားနိုင်သရွေ့တော့ ….
အရာအားလုံးအဆင်ပြေ ချောမွေ့နေမှာပါ။မိန်းကလေးတိုင်း တောင့်တပြီး ယောက်ကျ်ားလေးတိုင်း အားကျစေဖို့ ……။
Shwe Eain Si
Zawgyi
ခ်စ္သူ ရွိတယ္ဆိုရင္ဘယ္အဆင့္မွာလဲ…? ခ်စ္သူတိုင္းဖတ္ၾကည့္သင့္တဲ့စာေလးပါ။
ခ်စ္သူေတြ ေက်ာ္ျဖတ္ရတဲ့အဆင့္ ၇ဆင့္ ဖတ္မိတာေတာ္ေတာ္သေဘာက်လို႔ သူငယ္ခ်င္းလည္းဖတ္ရေအာင္ေဝမွ်တယ္တိုက္ၾကည့္ရေအာင္ေနာ္…
အဆင့္ ၁။ အ႐ူးအမူးျဖစ္ၾကတဲ့ အဆင့္….
ဒါကေတာ့ ခ်စ္သူတိုင္းႀကဳံေတြ႕ရတဲ့ ပထမဦးဆုံး အဆင့္ပါ။ဒီအဆင့္မွာ ခ်စ္သူေတြဟာ တစ္ေယာက္ကို တစ္ေယာက္ အရမ္းဆြဲေဆာင္ၾကပါတယ္။
တစ္ေယာက္နဲ႔ တစ္ေယာက္အျပစ္မျမင္ၾကဘဲ ကိုယ့္ခ်စ္သူရဲ႕ေကာင္းကြက္ေတြပဲ ကြက္ျမင္ၾကတဲ့ အဆင့္ေပါ့။
အဆင့္ ၂။ နားလည္မႈရလာတဲ့ အဆင့္….
ဒီအဆင့္မွာေတာ့ တစ္ေယာက္အေၾကာင္း တစ္ေယာက္ပိုသိလာၾကၿပီ။ ညဘက္ေတြဆို ခ်စ္သူနဲ႔ ဖုန္းေတြအၾကာႀကီးေျပာမယ္။
မိသားစုအေၾကာင္းေတြ၊ ရည္းစားေဟာင္းအေၾကာင္းေတြ၊ လ်ိဳ႕ဝွက္ခ်က္ေတြ အကုန္ေျပာမယ္။
ၿပီးရင္ ခ်စ္သူဆီကလာတဲ့ မက္ေဆ့ခ်္တိုင္းက ကိုယ့္အတြက္ ခ်ိဳၿမိန္ေနမယ္။ ေပ်ာ္႐ြင္စရာအခ်ိန္ေလးေတြေပါ့။
အဆင့္ ၃။ အေႏွာင့္အယွက္ဝင္တဲ့ အဆင့္….
ဒီအဆင့္ေရာက္တဲ့အခါမွာေတာ့ ျပသနာေလးေတြ နည္းနည္းစလာၿပီ။
ကိုယ့္ခ်စ္သူနဲ႔ ပထမဦးဆုံး ရန္စျဖစ္ၾကတဲ့အခ်ိန္ေလးတို႔၊ စကားမ်ားၿပီး စိတ္ေကာက္ၾကတဲ့အခ်ိန္ေလးတို႔ကို ျပန္ျမင္ေယာင္ၾကည့္ေပါ့။
ဒါေပမယ့္ အဲ့အေႏွာင့္အယွက္ေလးေတြက လြယ္လြယ္နဲ႔ ၿပီးသြားတာေလးေတြပါပ ဲ။
အဆင့္ ၄။ ပုံသြင္းတဲ့ အဆင့္….
ဒီအဆင့္မွာက တစ္ေယာက္နဲ႔တစ္ေယာက္ အက်င့္စ႐ိုက္ေလးေတြကို ဟိုဟာေလးျပင္သင့္တယ္၊ ဒီဟာေတာ့ မလုပ္ရဘူးလို႔ေျပာလာၿပီ။
ခ်ဳပ္ခ်ယ္တာေတြ၊ ဆုံးမတာေလးေတြ လုပ္လာၿပီေပါ့။ အဲ့လိုျဖစ္လာၿပီဆိုရင္ ကိုယ့္ခ်စ္သူက စိတ္ညစ္လာတာပဲျဖစ္ျဖစ္၊
ႏွစ္ေယာက္ၾကားကအခ်စ္က အရွိန္ျမင့္လာတာ ပဲျဖစ္ျဖစ္၊ အက်ိဳးသက္ေရာက္မႈေလးေတာ့ စရွိလာၿပီ။
အဆင့္ ၅။ ျပန္လည္ၾကည္ႏူးျခင္းအဆင့္….
ဒီအဆင့္ေရာက္ရင္ေတာ့ အေျခအေနေတာ္ေတာ္ေလးေကာင္းလာၿပီ။ ၿပီးေတာ့ ေတာ္ေတာ္မ်ားမ်ားကိုလည္း ျဖတ္ေက်ာ္ၿပီးသြားၿပီဆိုေတာ့ ….
ကိုယ့္ခ်စ္သူနဲ႔ ေတာ္ေတာ္ အဆင္ေျပသြားၿပီ။ဘယ္ေတာ့မွ မခြဲေတာ့ဘူးတို႔ ဘာတို႔ စေျပာတဲ့အခ်ိန္ေပါ့။
အဆင့္ ၆။ ၿဂိဳလ္ဆိုးဝင္တဲ့ အဆင့္….
ဒီအခ်ိန္မွာေတာ့ သံသယေတြ၊ ျပသနာေပါင္းစုံေ တြစလာၿပီ။ နည္းနည္းေလးမေတြ႕ရလိုက္တာနဲ႔ ေဘးလူေတြကေျပာတဲ့ ….
ကိုယ့္ခ်စ္သူရဲ႕ မဟုတ္တဲ့အေၾကာင္းေတြၾကားၿပီး ရန္ေတြအႀကီးအက်ယ္ျဖစ္ၿပီ။ ဒီအဆင့္မွာ တတိယလူဝင္လာတာေတြေရာ၊
မိဘရဲ႕ ေႏွာင့္ယွက္မႈေတြေရာ၊သူငယ္ခ်င္းေတြက အျမင္မၾကည္ခံရတာေတြေရာ၊ အကုန္ပါလာၿပီ။အခန႔္မသင့္တာနဲ႔ လမ္းခြဲရႏိုင္တဲ့အဆင့္ေပါ့။
အဆင့္ ၇။ တည္ၿငိမ္ ရင့္က်က္သြားတဲ့ အဆင့္….
ဒါကေတာ့ ခ်စ္သူတို႔အတြက္ အေကာင္းဆုံးအဆင့္ ေရာက္သြားၿပီလို႔ေျပာရမလားပဲ။ ဒီအဆင့္ေရာက္လာၿပီဆိုရင္ ေတာ္ေတာ္လည္း ….
ႏွစ္ေယာက္စလုံးရဲ႕အခ်စ္က တည္ၿငိမ္သြားၿပီ၊ ျပသနာေတြဝင္လာရင္လည္း တစ္ေယာက္ေယာက္က ေတာင္းပန္လိုက္တာနဲ႔ ခ်က္ခ်င္းအဆင္ေျပသြားၾကၿပီ။
ဘာအခက္အခဲေတြလာလာ ရင္ဆိုင္ႏိုင္သြားၾကၿပီေပါ့။ ဒီအခ်ိန္မွာေတာ့ ခ်စ္သူႏွစ္ဦးဟာ လြယ္လြယ္နဲ႔မျပတ္ၾကေတာ့ပါဘူး။
ကဲ ….အဲ့ဒီအဆင့္ေလးေတြကိုဖတ္ၿပီးရင္ ကိုယ့္ကိုယ္ကို အခုဘယ္အဆင့္မွာ ေရာက္ေနလဲဆိုတာကို သတိထားၿပီးခ်စ္သူနဲ႔ အတူတူလက္တြဲေက်ာ္ျဖတ္ႏိုင္ေအာင္ ႀကိဳးစားေပါ့။
ၿပီးေတာ့ ဒီအဆင့္ေလးေတြကို ေလွကားထစ္ေလးေတြလို႔ သေဘာထားၿပီး ခ်စ္သူတိုင္း ေမွ်ာ္လင့္တဲ့ ေပ်ာ္႐ြင္ၾကည္ႏူးဖြယ္ရာ အခ်စ္ဘဝေလးကို ေရာက္ေအာင္သြားႏိုင္ၾကပါေစ။
ျပႆနာေတြေတာ့ရွိမွာပဲ၊ အဖုအထစ္ေလးေတြေတြ႕မွာပဲ။ဒါေပမယ့္ ကိုယ့္ခ်စ္သူနဲ႔အတူတူအခ်စ္သစ္ပင္ေလးကို စိမ္းလန္းစိုေျပေအာင္ထားႏိုင္သေ႐ြ႕ေတာ့ ….
အရာအားလုံးအဆင္ေျပ ေခ်ာေမြ႕ေနမွာပါ။မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာက္က်္ားေလးတိုင္း အားက်ေစဖို႔ ……။
Shwe Eain Si