က်မၼာေရး ဗဟုသုတ

ရောဂါမျိုးစုံကိုကာကွယ်ပေးတဲ့ စွယ်တော်ရွက်ဟင်းချို၏ကောင်းကျိုးများ

ရောဂါမျိုးစုံကိုကာကွယ်ပေးတဲ့ စွယ်တော်ရွက်ဟင်းချို၏ကောင်းကျိုးများ

စွယ်တော်ရွက်အနုလေးတွေထွက်တဲ့အချိန်ဆို အရွက်နုလေးတွေ ခူးပြီး ဟင်းချိုချက်သောက်ကြပါတယ်။

စွယ်တော်ရွက်က ဟင်းချိုလည်းချက်သောက်လို့ရသလို အရွက်ကိုရေနွေးဖျော်ပြီး

ကြက်သွန်နီပါးပါးလှီးပြီး ဆီစိမ်းလေးနဲ့သုပ်စားလို့လည်းအရမ်းကောင်းပါတယ်။

ကြက်သွန်ဖြူ ငရုတ်ကောင်း ပုဇွန်ခြောက်ထောင်းထားပါ။

စားနိုင်သလောက်ရေပမာဏထည့်ပြီး ဆူပွက်လာသည်အထိတည်ပါ။

မျှင်ငပိအနည်းငယ်နှင့် အပေါ်မှ ထောင်းထားတာများကို ထည့်ပါ။

ဟင်းအိုးဆူလာရင် ချွေထားသော စွယ်တော်ရွက်များကို ထည့်ပါ။ အရသာမှုန့် ခတ်ပါ။ ဟင်းချိုအိုး ဆူလာပြီဆို ရပါပြီ။

စွယ်တော်ရွက်နုများကို ဟင်းချိုချက်သောက်၍ လည်ကောင်း ၊ ကြော်ချက်ပြုလုပ်၍ လည်ကောင်း ၊စားသုံးနိုင်သည်….။

အပူငြိမ်းစေခြင်း အိပ်ပျော်စေခြင်း နှလုံးကို အားရှိစေခြင်း ၊ အကျိုးများ ရရှိစေပါသည်….။

စွယ်တော်နီသည် အေးဖန်၍ ဝမ်းမီးကို တောက်စေသည်…။ ဝမ်းကို ချုပ်စေတက်သည်…။ သလိပ်နာ ၊ လေနာကို နိုင်၏…။

အဝါပွင့်သည် ဖန်၏…။ စွယ်တော် အငယ်မျိုးသည် တြိဒေါသနာ၊ ဦးခေါင်း၍ ပေါက်သော အနာကို နိုင်၏။

နို့ရည်ကို ပွားစေတက်သည်…။ စွယ်တော်ပန်းဖြူကို ပြုတ်သောက်ပါက ဆီးနည်းခြင်း ၊

အသည်းရောင် အသားဝါဖြစ်ခြင်း စသည့်ရောဂါများ ပျောက်သည်…။

ခရမ်းရောင်သည် သွေးအညစ်အကြေးကို ပယ်စွန့်၍ မီးယပ်သွေးဆုံးပျောက်သည်…။

အညွန့်များကိုပြုတ်သောက်ခြင်းဖြင့် သွေးပုပ်ကင်းစင်ပြီး အသက်ရှည် ကျန်းမာ စေသည်…..။

အဆစ်ရောင်ရမ်းခြင်း ၊ အဆစ်ကိုက်ခြင်း ဆီအနယ်ကျခြင်းတို့ကို ပျောက်စေသည်…။

အမြစ်ပြုတ်ရည်ကို သောက်သုံးခြင်းဖြင့် ဆီးလမ်းကြောင်း နာကျင်ကိုက်ခဲခြင်းကို ပျောက်စေသည်….။

ရေငတ်ခြင်းကို ပယ်၍ ထုံကျင်ခြင်းကို ကာကွယ်နိုင်သည်….။

စွယ်တော်ပင်သည် တေဇောပျက်၍ အောက်ပိုင်း ညောင်းညာကိုက်ခဲခြင်းကို

သက်သာပျောက်ကင်းစေသော တန်ဖိုးကြီး မားသည့် ဆေးပင်တစ်ပင် ဖြစ်ပါသည်…။

Zawgyi

စြယ္ေတာ္႐ြက္အႏုေလးေတြထြက္တဲ့အခ်ိန္ဆို အ႐ြက္ႏုေလးေတြ ခူးၿပီး ဟင္းခ်ိဳခ်က္ေသာက္ၾကပါတယ္။

စြယ္ေတာ္႐ြက္က ဟင္းခ်ိဳလည္းခ်က္ေသာက္လို႔ရသလို အ႐ြက္ကိုေရႏြေးေဖ်ာ္ၿပီး

ၾကက္သြန္နီပါးပါးလွီးၿပီး ဆီစိမ္းေလးနဲ႕သုပ္စားလို႔လည္းအရမ္းေကာင္းပါတယ္။

ၾကက္သြန္ျဖဴ င႐ုတ္ေကာင္း ပုဇြန္ေျခာက္ေထာင္းထားပါ။

စားနိုင္သေလာက္ေရပမာဏထည့္ၿပီး ဆူပြက္လာသည္အထိတည္ပါ။

မွ်င္ငပိအနည္းငယ္ႏွင့္ အေပၚမွ ေထာင္းထားတာမ်ားကို ထည့္ပါ။

ဟင္းအိုးဆူလာရင္ ေခြၽထားေသာ စြယ္ေတာ္႐ြက္မ်ားကို ထည့္ပါ။ အရသာမႈန႔္ ခတ္ပါ။ ဟင္းခ်ိဳအိုး ဆူလာၿပီဆို ရပါၿပီ။

စြယ္ေတာ္႐ြက္ႏုမ်ားကို ဟင္းခ်ိဳခ်က္ေသာက္၍ လည္ေကာင္း ၊ ေၾကာ္ခ်က္ျပဳလုပ္၍ လည္ေကာင္း ၊စားသုံးနိုင္သည္.။

အပူၿငိမ္းေစျခင္း အိပ္ေပ်ာ္ေစျခင္း ႏွလုံးကို အားရွိေစျခင္း ၊ အက်ိဳးမ်ား ရရွိေစပါသည္.။

စြယ္ေတာ္နီသည္ ေအးဖန္၍ ဝမ္းမီးကို ေတာက္ေစသည္။ ဝမ္းကို ခ်ဳပ္ေစတက္သည္။ သလိပ္နာ ၊ ေလနာကို နိုင္၏။

အဝါပြင့္သည္ ဖန္၏။ စြယ္ေတာ္ အငယ္မ်ိဳးသည္ ႀတိေဒါသနာ၊ ဦးေခါင္း၍ ေပါက္ေသာ အနာကို နိုင္၏။

နို႔ရည္ကို ပြားေစတက္သည္။ စြယ္ေတာ္ပန္းျဖဴကို ျပဳတ္ေသာက္ပါက ဆီးနည္းျခင္း ၊

အသည္းေရာင္ အသားဝါျဖစ္ျခင္း စသည့္ေရာဂါမ်ား ေပ်ာက္သည္။

ခရမ္းေရာင္သည္ ေသြးအညစ္အေၾကးကို ပယ္စြန႔္၍ မီးယပ္ေသြးဆုံးေပ်ာက္သည္။

အၫြန႔္မ်ားကိုျပဳတ္ေသာက္ျခင္းျဖင့္ ေသြးပုပ္ကင္းစင္ၿပီး အသက္ရွည္ က်န္းမာ ေစသည္..။

အဆစ္ေရာင္ရမ္းျခင္း ၊ အဆစ္ကိုက္ျခင္း ဆီအနယ္က်ျခင္းတို႔ကို ေပ်ာက္ေစသည္။

အျမစ္ျပဳတ္ရည္ကို ေသာက္သုံးျခင္းျဖင့္ ဆီးလမ္းေၾကာင္း နာက်င္ကိုက္ခဲျခင္းကို ေပ်ာက္ေစသည္.။

ေရငတ္ျခင္းကို ပယ္၍ ထုံက်င္ျခင္းကို ကာကြယ္နိုင္သည္.။

စြယ္ေတာ္ပင္သည္ ေတေဇာပ်က္၍ ေအာက္ပိုင္း ေညာင္းညာကိုက္ခဲျခင္းကို

သက္သာေပ်ာက္ကင္းေစေသာ တန္ဖိုးႀကီး မားသည့္ ေဆးပင္တစ္ပင္ ျဖစ္ပါသည္။