ကိုယ်ထားတဲ့စိတ်ဓာတ်အပေါ်မူတည်ပြီး ဘဝက ကံတူအကျိုးပေးတတ်တယ်
စိတ်အစဉ်အတိုင်း ရုပ်မှာလာပြီးထင်တတ်ပါတယ်
နာမည်ကြီး BRAND တွေ ဘယ်လောက်ပဲ ဝတ်ထားဝတ်ထား စိတ်ဓာတ်မကောင်းတဲ့လူကတော့ အရောင်ထွက်လာမှမဟုတ်ဘူး
ပဲရစ်က ရေမွှေးပဲဖြစ်ဖြစ် စိတ်ယုတ်စိတ်ပုတ်တွေကို အနံအသတ်ပျောက်အောင် မစွမ်းနိုင်ပါဘူး
ရုပ်မလှလို့ စိတ်ဓာတ်မကျနဲ့ စိတ်နှလုံးလေးကို လှလှလေးထား ဘဝက ဆိုးလွန်းနေလို့လဲ စာရိတ္တတွေကို အရောင်လိုက်မဆိုးနဲ့
ဘဝဆိုတာ ကံတူအကျိုးပေးတတ်တယ် ကိုယ့်ထားတဲ့ စိတ်ဓာတ်အပေါ်မူတည်ပြီး ဘဝက အကျိုးပေးတတ်ပါတယ်
မကောင်းတာလုပ်ပြီး ချမ်းသာနေတဲ့လူကို အားမကျနဲ့ အဲ့ဒီ မကောင်းတဲ့အရာတွေနဲ့ ရလာတဲ့ငွေဟာ
ကိုယ်ရဲ့ ရိုးရိုးသားသားရှာထားတဲ့ ချွေးနဲစားလေးတွေလောက် မအေးချမ်းဘူး
ငွေပုံပေါ်ထိုင်ပြီး စိတ်ညစ်နေရတာထက်စာရင် ကိုယ့်လိပ်ပြာကိုယ်သန့်နေရတာ ပိုကောင်းပါတယ်
မွေ့ယာထက်မှာ အိပ်ပျက်ရတာတွေထက်စာရင် ဖျာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ရတာ
ပိုသာတဲ့ အိပ်စက်ခြင်းမျိုးပါ အိပ်မက်လှလှတွေတောင် မက်နိုင်တယ်
အသားဟင်းတစ်ခွက်ပါမှ ထမင်းက စားလို့မြိန်တာမဟုတ်ဘူး
ကိုယ်စားတဲ့ ထမင်းဝိုင်းမှာ သူတစ်ပါး မျက်ရည်စက်တွေမပါတဲ့ ထမင်းနဲ့ဟင်းကမှ တကယ့်အာဟာရကို ဖြစ်စေတာပါ
အသားဟင်း ဘယ်နှစ်မျိုးပဲပါပါ တန်ဖိုးကြီးတဲ့ ဟင်းလျာတွေဘယ်လောက်များများ
သူတစ်ပါးမျက်ရည်စက်တွေရောနေတဲ့ ဟင်းခွက်တိုင်းဟာ မီးကျီးခဲတွေ သံရည်ပူတွေပါပဲ
သံသရာအတွက်ပဲ ကြည့်ကြည့် လက်ရှိဘဝကိုပဲ ကြည့်ကြည့် စရာတွေချည်းပဲလေ ဘဝဆိုတာ ကိုယ့်စိတ်နဲ့ တန်သလောက်ပဲ အကျိုးပေးတတ်တာပါ
စိတ်ကောင်းထားရင် ထားသလို စိတ်ထားယုတ်ညံ့ရင် ယုတ်ညံ့သလိုပေါ့ တချို့ဆို မချမ်းသာဘူး
ဒါပေမယ့် ဘဝမှာ ပျော်ပျော်ရွှင်နေနေကြတယ် ပျော်ရွှင်မှုဆိုတာ ငွေကြေးချမ်းသာမှုနဲ့ တိုက်ရိုက်အချိုးမကျတတ်ဘူးလေ
တချို့ကိုသေချာကြည့် ကြည့်ပါ ဘယ်လောက်ကောင်းပေ့ဆိုတဲ့
အဝတ်အစားတွေ ဝတ်ထားဝတ်ထား ဈေးကြီးပေးရတဲ့ အသုံးအဆောင်တွေ ဘယ်လောက်ပဲ သုံးသုံး
စိတ်ဓာတ်မကောင်းတော့ အရောင်မထွက်ဘူးလေ ဒါကြောင့် စိတ်ကောင်းနှလုံးကောင်းထားပါ
ဘဝမှာ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပါ ရိုးသားပါ ကံအကျိုးမပေးလို့ ငွေကြေးမချမ်းသာခဲ့ရင်တောင် စိတ်ချမ်းသာရပါတယ် ။
မိန်းမသားတို့အတွက်
သျှင်ယွန်း
Unicode