အခ်စ္နွင့္ဘဝ

ဖြေရခက်မှာစိုးလို့ ချစ်လားဆိုတဲ့ မေးခွန်းတွေတောင် မမေးဖြစ်တော့ဘူး

ဖြေရခက်မှာစိုးလို့ ချစ်လားဆိုတဲ့ မေးခွန်းတွေတောင် မမေးဖြစ်တော့ဘူး

ချစ်လားလို့အရင်က သိပ်ကို မေးခဲ့ဖူးတာပေါ့ အလိုက်မသိခဲ့တဲ့အချိန်တွေလေ ချစ်တယ်လို့

ဖြေလိုက်တဲ့အချိန် ကိုယ်ကြည်နူးခဲ့ရတာကိုပဲသိခဲ့တဲ့ ကလေးတစ်ယောက်ပေါ့

ဖြေချင်မှန်းမသိ မဖြေချင်မှန်းမသိ ပြီးတော့ စိတ်ထဲက ပါမှန်းမသိ မပါမှန်းမသိခဲ့ပါပဲ မေးနေခဲ့မိတာ

အဲ့ဒီအဖြစ်တွေကို တွေးမိရင် တကယ်ကို အားနာမိပါတယ် သူမဖြေချင်ခဲ့မှန်း ကိုယ်တကယ် မသိခဲ့တာကို

ဝန်ခံပါတယ် ကိုယ်က ချစ်တယ်ပြောဖို့ ဝန်မလေးခဲ့သလောက်

သူ့ဆီက ချစ်တယ်ပြောဖို့က အရမ်းကို ရှားပါးလွန်းခဲ့တာကို ခုမှသတိထားခဲ့မိတယ်

ကိုယ်ချစ်နေရုံနဲ့ အရာရာပြီးပြည့်စုံခဲ့ပြီလို့ ထင်မှတ်နေခဲ့တဲ့ ကိုယ်လဲ ရူးတယ် တကယ်ဆို အချစ်ဆိုတာ

သူကောချစ်နေမှ ကိုယ်ကော ချစ်နေမှ ပျော်စရာကောင်းတာလေ တစ်ယောက်တည်းချစ်နေရရင်

အဲ့တာဟာ ဝဋ်ကြွေးတဲ့ အဲ့ဒီဝဋ်ကြွေးတွေကို ချိုမြိန်နေခဲ့တာ ကိုယ့်အမှားပေါ့

ခုဆို ဖြေရခက်မှာစိုးလို့ ချစ်လားဆိုတဲ့ မေးခွန်းတွေကို မမေးဖြစ်တော့ဘူး ပြီးတော့ ကိုယ်ကဘယ်နေရာ

လဲဆိုတဲ့ မေးခွန်းတွေကို မမေးဖြစ်တော့ဘူး ပြီးတော့ လွမ်းလို့ပါဆိုတဲ့ အကြောင်းအရာလေးကြောင့်နဲ့

ဖုန်းတွေမဆက်ဖြစ်တော့ဘူး အလိုက်သိပေးတတ်ခဲ့ပါပြီ

ဝတ်ကျေတမ်းကျေ ဖြေမယ့်စကားတွေထက်မုန်းတယ်ပြောသွားတာက ပိုပြီးနေသာပါလိမ့်မယ်ဆိုပြီး

ခုမှတွေးလာမိတယ် တကယ်ပါ ချစ်လားလို့မမေးဖြစ်တော့တာ အတော့်ကို ကြာနေပြီဖြစ်သလို သူကလဲ

ချစ်တယ်လို့မပြောခဲ့တာ အတော်ကိုလဲ ကြာပါပြီ

ကိုယ်မေးမှ ဖြေတာတွေလဲ မလိုချင်တော့သလို

ဝတ်ကျေတမ်းကျေ ဖြေလာမှာတွေကိုလဲ မလိုချင်တော့ဘူးလေ အဆင်ပြေပါတယ်

Credit